Channel Myanmar

Report error

Peel(2019)

IMDb…..6.0

ဒီတစ်ခါတော့ ဒရမ်မာကား ကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 2019 မှာ အသစ်စက်စက်
ထွက်ထားတဲ့ Peel ဆိုတဲ့ ဇာတ်ကားလေးပါ …..

ဒီထဲမှာတော့ ပီးလ်ဆိုတဲ့ ကောင်လေးရဲ့ ဘဝအကြောင်းလေးကို
ရိုက်ပြထားတာပါ….. ပီးလ် ငယ်ငယ်က သူ့အဖေနဲ့ အမေ အဆင်မပြေကြရာက ကွဲသွားကြပါတယ်…….
ပီးလ်မှာ အစ်ကို ၂ ယောက် ရှိပါတယ် ……သူ့အဖေက သူ့အစ်ကို ၂ ယောက်ကို ခေါ်သွားပြီး သူကတော့ အမေဖြစ်သူနဲ့
နေခဲ့ရပါတယ်…..

အမေဖြစ်သူရဲ့ သားတွေကို ပြုစုပျိုးထောင်ပုံကို သဘောမကျလို့ စကားများရာကနေ
အိမ်က ထွက်သွားတဲ့ထိ ဖြစ်ခဲ့ရတာပါ …..

အမေဖြစ်သူက သားတွေကို ကလေးတွေလိုပဲ အမြဲ ကာကွယ်ပေးနေတယ်
ကိုယ့်အားကို ကိုးတတ်လာအောင် သင်မပေးဘဲ ကလေးတွေလိုပဲ ပျိုးထောင်နေတာပါ ……

အဖေ ခေါ်သွားတဲ့ အစ်ကို ၂ ယောက်ကတော့
ဘယ်လို ကြီးပြင်းလာလဲ မသိရပေမဲ့ ပီးလ်ကတော့ သူ့အမေရဲ့ ပြုစုပျိုးထောင်နည်းတွေနဲ့ အမေနားမှာပဲ
အမေချစ်သားအဖြစ်နဲ့ လောကကြီးအကြောင်း ဘာမှ မသိနားမလည်ဘဲ ကြီးပြင်းလာခဲ့ပါတယ်……….

ယောက်ျားတစ်ယောက်မှာ
ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းမျိုး ရှိမလာ ကလေးတစ်ယောက်လိုပဲ ဖြစ်နေခဲ့ပါတယ် တစ်နေ့ သူ့အမေ ဆုံးသွားတဲ့အခါ
သူ့မှာ ငွေကြေးအခက်အခဲ ကြုံလာပါတော့တယ်……………

ဒီအခါ သူ့အိမ်က လွတ်နေတဲ့ အခန်းတွေကို ငှားပြီး
ငွေရဖို့ လုပ်ရပါတော့တယ် အခန်းဖော်ရလာတဲ့အခါ သူဘာတွေ ပြောင်းလဲလာမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ
နောက်ပြီး သူ့အမေသေကတည်းက သူ့အစ်ကို ၂ ယောက်ကို ရှာဖို့ အသည်းအသန်ကြိုးစားနေတဲ့ ပီးလ်တစ်ယောက်
သူ့အစ်ကိုတွေကို ရှာတွေ့ပါ့မလား…..

တွေ့တဲ့အချိန်မှာရော သူမျှော်လင့်ထားသလို ငယ်ငယ်က သူချစ်ခဲ့ရတဲ့
အစ်ကိုတွေ အဖြစ်နဲ့ပဲ ရှိနေသေးရဲ့လားဆိုတာတော့ ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်………….
စိတ်ဝင်စားဖို့ ကောင်းတဲ့ ဒရမ်မာကားကောင်းလေး တစ်ကားဖြစ်လို့ လက်မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးချင်ပါတယ်….

ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်….

File Size : (850MB) and (350 MB)
Quality : WEB-DL 720p,
Format…mp4
Duration…01:41:00
Genre :  Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by May Tharaphi Lwin
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Peel(2019)


No downloads available

Genres



Related movies