Exit print mode Print Data A+ A- Undo all

Piggy (2022)

Adolescence can be brutal
Piggy (2022)Piggy (2022)

Synopsis:

Piggy (2022)

ဆိုက်ကို သည်းထိတ်ရင်ဖို ဇာတ်ကားကြမ်းကြမ်းလေးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ Piggy ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။

နွေရာသီ ကျောင်းပိတ်ရက်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေး ဆာရာဟာ မိဘတွေရဲ့ အသားဆိုင်မှာပဲ နေပြီး အိမ်တွင်းပုန်းနေခဲ့တယ်။ အကြောင်းအရင်းကတော့ ဆာရာဟာ အင်မတန် ဝလွန်းတဲ့ ကောင်မလေးဖြစ်တာကြောင့် အပေါင်းအသင်းတွေကြား အလှောင်ခံ အနိုင်ကျင့်ခံရလို့ပါ။ အမေ ဖြစ်သူဆီကပါ မှိုချိုးမျှစ်ချိုး ပြောခံရတဲ့ ကလေးမလေးပါပဲ။

ဒီလိုနဲ့ တစ်နေ့ မြို့ထဲက ရေကန်လေးတစ်ခုမှာ ဆာရာတစ်ယောက် ရေကူးနေချိန် ရိုစီ မာကာနဲ့ ကလောင်းဒီးရားဆိုတဲ့ ကောင်မလေး ၃ ဦးက ဆာရာ့ကို ပိုက်ကွန်နဲ့ ရေနစ်မလို ဖြစ်တဲ့အထိ အနိုင်ကျင့်ပြီး ဆာရာရဲ့ အဝတ်အစားအိတ်တွေ တဘက်တွေကို ယူသွားခဲ့တယ်။ ဆာရာတစ်ယောက် ဘီကီနီနဲ့ပဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတယ်။

ဆာရာနဲ့ ရေကန်မှာ အတူတူရှိခဲ့ ယောက်ျားတစ်ဦးက ဆာရာကို အနိုင်ကျင့်ခဲ့တဲ့ မာကာကို ကားထဲထည့်ပြီး သွေးသံတရဲရဲနဲ့ ခေါ်သွားခဲ့တယ်။ ဆာရာကိုယ်တိုင်လည်း တွေ့ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကို အနိုင်ကျင့်ပြီး ရွံစရာလို ဆက်ဆံတဲ့သူကို ဘာလို့ ကယ်တင်ပေးရမှာလဲလို့ ဆာရာ တွေးကြောက်ပြီး ရေငုံနှုတ်ပိတ် နေခဲ့တယ်။

ဒီလိုနဲ့ အလောင်းတွေ ပေါ်လာတဲ့အချိန် ရဲတွေလည်း ပါဝင်ပတ်သက်လာတဲ့အချိန်မှာတော့ ဆာရာတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ?
အပြစ်လွတ်မှာလား?
လူသတ်သမားနဲ့ ပူးပေါင်းမှာလား?
လူတစ်ယောက်ရဲ့ ပိန်တာ ဝတာကို အလွန်အကျွံ နှိမ်ချ အနိုင်ကျင့်သူတွေရဲ့ နိဂုံးက ဘာဖြစ်မလဲ?
အနိုင်ကျင့်ခံရသူရဲ့ အတွင်းစိတ်ဟာ ဘယ်လောက်ထိ အန္တရာယ်များနိုင်မလဲ?

စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။)

File Size          : 1.5GB, 1GB, 412MB
Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p
Format            : mp4
Duration         : 1hr & 30mins
Genre              : Drama, Horror, Thriller
Translated by Kit
Encoded by Kinnov



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Cerdita
Director
Carlota Pereda
Stars
Carmen Machi, Claudia Salas, Laura Galán
Release Date
October 14, 2022
Runtime
1h 30m
Awards
၆ nominations
Country
Spain
Budget
USD $2 400 000,00
Popularity
46.361
Status
Released
ID IMDb.com
tt10399608
IMDB Rating
6.5
IMDB votes
626
ID Themoviedb.org
848058
TMDb Rating
7.4
TMDb votes
5