Channel Myanmar

Pihu (2016)

BollywoodDramaThriller

6.7
IMDB: 6.7/10 votes

287331

Report error

Pihu (2016)
=========

IMDb 6.7 ရရှိထားပြီး မိဘတိုင်း မဖြစ်မနေကြည့်ရှုသင့်တဲ့ ပညာ​ပေးကားလေးတစ်ကားနဲ့ မိတ်ဆက်​ပေးပါရ​စေ….

မိဘတိုင်းရဲ့ အဆိုးရွားဆုံး အိမ်မက်ကို ပုံ​ဖော်ရိုက်ကူးထားပြီး ၂၀၁၈တုန်းက ထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင် “Pihu”
ဖြစ်ရပ်မှန်​ပေါ် အ​ခြေခံထားပြီး အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကား​ကောင်းဖြစ်ပါတယ်…

အဓိက ဇာတ်​ဆောင်က​တော့ ၂နှစ်အရွယ် က​လေးငယ် Pihu ပါ ကလေးတွေရဲ့ ထုံးစံအတိုင်း စပ်စပ်ဆော့ဆော့နေရာက ဘေးအန္တရာယ်မျိုးစုံ ကျရောက်ရမယ့်အဖြစ်​တွေ…
မိခင်ဖြစ်သူအဆုံးစီရင်သွားတာကို မသိ၊ သေဆုံးခြင်းကို နားမလည်​သေးတဲ့ ကလေးငယ်လေး တိုက်ခန်းထဲမှာ သူတစ်​ယောက်ထဲ ဘယ်လို​နေထိုင်​နေမလဲ…

ဒီကားလေးမှာ မိဘဖြစ်သူတွေဟာ အိမ်အတွင်း ကလေးငယ်တွေ ဘေးအန္တရာယ်မကြုံရအောင် ဘယ်လိုတွေ ပြင်ဆင် ကာကွယ်သင့်တယ်ဆိုတာကို သင်ခန်းစာယူနိုင်မယ့်အပြင် မိဘ ၂ ဦးကြားက ပြဿနာ​တွေက အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ဘဝကို ထိခိုက်စေနိုင်တယ်ဆိုတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်…

ကလေးငယ်လေးဟာ ဘေးအန္တရာယ်ကြီးကြီးမားမားကြုံတွေ့ရမလား၊ မိခင်ဖြစ်သူဟာ ဘာကြောင့် အဆုံးစီရင်ရတာလဲ၊ ကလေးငယ်လေးရဲ့စူးစမ်းဆင်ခြင်စိတ်တွေဟာ ဘယ်အတိုင်းအတာအထိ ရောက်နိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းကြည့်ရှုရင်း ခံစားသင်ခန်းစာယူကြပါ မျက်ရည်မခိုင်သူများလည်း tissue ​လေးကြို​ဆောင်ထားဖို့ အကြံ​ပေးပါရ​​စေ…။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားတာပါ။)

File size…(1.4 GB) / (700 MB)
Quality….WEB-DL 1080p / 720p
Format…mp4
Duration….01:29:48
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Mugiwara Ya



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Pihu (2016)
Pihu (2016)


No downloads available

Genres



Related movies