Channel Myanmar

Report error

Plan A (2021)

===========

ဇာတ်လမ်းအစမှာတည်းက မေးထားတာလေးက ကိုယ့်မိသားစုဝင်တွေအကြောင်းပြချက်မရှိ
အသတ်ခံလိုက်ရတာမျိုးနဲ့ ကြုံလာရတဲ့အခါမှာ ဘာလုပ်မှာလဲတဲ့။ ဘယ်လိုလုပ်မယ်လို့စိတ်ကူး
ထားကြလဲ? ဒီမေးခွန်းလေးကိုကိုယ့်ကိုယ်ကိုအရင်မေးကြည့်ပြီးမှ ဇာတ်ကားလေးကိုဆက်ကြည့်ပါ။

ဇာတ်လမ်းလေးက နာဇီတွေရဲ့ရက်ရက်စက်စက်သတ်ဖြတ်မှုကနေလွတ်မြောက်လာကြတဲ့ ဂျူးတွေ…
ကိုယ့်မိသားစုဝင်တွေ ချစ်ရတဲ့သူတွေက ကိုယ့်အရှေ့မှာရက်ရက်စက်စက်သတ်တာကို ကြုံခဲ့ရတဲ့
သူတို့တွေ..ဒုတိယကမ္ဘာစစ်မီးကြီးကပြီးသွားပေမယ့် သူတို့ရဲ့ရင်ထဲကမီးတောက်ကတော့မပြီးသေးပါဘူး။
သူတို့မိသားစုဝင်တွေကိုသတ်ခဲ့တဲ့ဂျာမာန်တွေကိုလက်စားချေမယ်ဆိုပြီး သူတို့တွေကြံစည်ကြပါတော့တယ်။
သူတို့အကြံအစည်က ဘာကိုဦးတည်မလဲဆိုတာကိုတော့ ပရိသတ်ကြီးရိပ်ခြည်ဖမ်းမိနိုင်လောက်မှာပါ။
ဒါပေမယ့် ဒီအကြံအစည်ကဘာလဲဆိုတာရယ်..အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ သူတို့
ဘယ်လိုတွေလုပ်ပြီး သူတို့ရဲ့အဲ့ဒီအကြံအစည်ကရောဖြစ်မြောက်သွားမှာလား.. အစကပရိသတ်
ကြီးစိတ်ကူးထဲမှာဖြေထားတဲ့အဖြေနဲ့ သူတို့နဲ့တူပါရဲ့လားဆိုတာကိုစောင့်ကြည့်သွားရမယ့် Drama/Thriller
ဇာတ်ကားကောင်းလေးတစ်ကားပါ။

(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့
Chit Tee, Thiha Yan Naing တို့ဖြစ်ပါတယ်။)

File Size – (1.8 GB) / (975 MB) / (500 MB)
Quality – WebDL – (1080p) / (720p) / (480p)
Duration – 1hr 49min
Subtitle – Myanmar Hardsub
Format – MP4
Genre : Drama, Thriller
Translator – Chit Tee, Thiha Yan Naing
Encoder – San Win Maung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Plan A (2021)
Plan A (2021)
Plan A (2021)


No downloads available

Genres



Related movies