Channel Myanmar

Portrait of a Beauty {2008}

Portrait of a Beauty    

N/A 108 min AdultDramaRomance

6.6
IMDB: 6.6/10 481 votes

, , , ,

1 win & 6 nominations.

South Korea

169018

Report error

spree

 

DarkSide ဆိုတဲ့ အမှောင်ဘက်ခြမ်းကို တစ်ခေါက် အလည် ပြန်ခေါ်ပါရစေ

Adult Movie တွေဆိုရင် တစ်ခါလာလဲ အိပ်ရာပေါ် ၀ုန်းလိုက် တစ်ခါလာလဲ ကားပါကင်မှာဝုန်းလိုက်တွေ

ကြည့်နေရတာဆိုရင် သင့်အတွက် Porn Movie တွေကို ကြည့်နေရတာထက်

ဘာမှ ပိုထူးခြားလာမှာ မဟုတ်ပါဘူး Admin T အနေနဲ့ ဇတ်လမ်းပေါင်းများစွာကို

ကြည့်ရှုပြီးနောက် Adult Movie တွေထဲမှာ မှ ဇတ်လမ်း ဇတ်ကွက် နဲ့

အနှစ်သာရ ရှိတဲ့ ရုပ်ရှင်မျိုးတွေကိုသာ တင်ပေးချင်တဲ့ စိတ်ကူးလေး ရှိလာတာရယ်

DarkSide ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်စွာ အမှောင်ဖက် ကိုလဲ သက်ရောက်မယ့်

ရုပ်ရှင်ကားတစ်ကားကို CM Translator ဖြစ်သူ နတ်သျှင်ထောင် နဲ့ အတူ


mmbus

ပူးပေါင်း တင်ဆက်ပေးလိုက်ပါတယ်….

PornHub တို့ YouPorn တို့လောက် ကြည့်ပြီး သာယာနေတဲ့ သင့်သူငယ်ချင်းတွေကိုလဲ ခေါ်ပြလိုက်ပါ

ဘ၀ မှာ တစ်ခါတစ်လေတော့ အနှစ်သာရ ရှိတဲ့ ၁၈ နှစ်အထက် ဆန်ဆန် ရုပ်ရှင်တွေကို ကြည့်ဖူးသင့်ပါတယ်

ဒီရုပ်ရှင်ကား ပုံစံကတော့ နန်းတွင်း ပန်းချီဆရာတွေ နဲ့ ကဗျာဆရာတွေကို နှစ်သက်တဲ့ ဘုရင်ဖြစ်သူဟာ

အနုပညာကို တန်ဖိုးထားပြီး ပညာရှင်တွေကို မြတ်နိုးတယ်…

အပါးတော်မှာပဲ ခစားပြီး မျက်နှာကောင်းပေးလေ့ ရှိတဲ့ ခေတ်ကို အခြေတည်ထားတယ်

 

ကင်ဟုန်ဒို ကတော့ လက်ရှိမှာ ဘုရင် အနှစ်သက်ဆုံး ပန်းချီပညာရှင်ဖြစ်ပြီး

မှူးမတ် တော်တော်များများ ရဲ့ မနာလိုမှု ယှဉ်ပြိုင်မှုကိုလဲ ခံရတဲ့သူဖြစ်တယ်

ဘုရင်ဖြစ်သူကလဲ ကင်ဟုန်ဒို ကို ရိုးသားမှု နဲ့ သစ္စာရှိမှုကြောင့်

မင်းတိုင်ပင် အဆင့်ထိ အားကိုးတဲ့သူ ဖြစ်တယ်..

ဒီအချိန်မှာပဲ ရှင်ယွန်ဘွတ် ဆိုတဲ့ သားမွေးထားတဲ့ အမတ်တစ်ဦးဟာ

သူ့သားမှာ ပန်းချီ ပါရမီ ရှိကြောင်းသိရှိခဲ့ပြီး ကင်ဟုန်ဒို ကို တိုက်ခိုက်ဖို့

ဖိအားပေးခဲ့တယ်…

တကယ်တမ်းတော့ ရှင်ယွန်ဘွတ်က ပန်းချီ ဆွဲတော်တာ မဟုတ်ပဲ

ရှင်ယွန်ဘွတ် ရဲ့ ညီမလေး ဖြစ်သူကသာ နောက်ကွယ်ကနေ ဆွဲပေးနေခဲ့တာ

ဖြစ်ပါတယ် …

ဒီလိုနဲ့ ရှင်ယွန်ဘွတ် ဟာ ဖခင်ရဲ့ ဖိစီးမှုတွေကို မခံနိုင်ပဲ

သက်သေသွားတဲ့ အခါကျမှ သူ့သမီး လက်ချက်ဆိုတာ

ဖခင်က သိခဲ့ရတယ် ဒါပေမဲ့ အကြံမလျှော့ပဲ

ကင်ဟုန်ဒို ကို တိုက်ခိုက်ဖို့ အတွက် ကင်ဟုန်ဒို ဆီမှာပဲ

တပည့်ခံဖို့ သမီးဖြစ်သူကို သေသွားတဲ့ သားနာမည်နဲ့

အစားထိုး ယောင်္ကျားလေး အသွင်အပြင်နဲ့ စေလွှတ်ခဲ့ပါတယ်….

မိန်းကလေး တစ်ယောက် ဟာ ယောင်္ကျားလေး တစ်ယောက်အသွင်အပြင်နဲ့

အထီးကျန်စွာ အရွယ်ရောက်ရင်း အပျိုပေါက်အရွယ် ဖြစ်လာတဲ့ အခါမှာတော့….

သတိပေးချက် – DarkSide က တင်ဆက်တဲ့ ရုပ်ရှင်တွေဟာ မိသားစု နှင့် အတူကြည့်ရှုရန် မသင့်လျော်ပါ ။

Portrait of a Beauty {2008}
Portrait of a Beauty {2008}
Portrait of a Beauty {2008}
Portrait of a Beauty {2008}
Portrait of a Beauty {2008}
Portrait of a Beauty {2008}
Portrait of a Beauty {2008}
Portrait of a Beauty {2008}
Portrait of a Beauty {2008}
Portrait of a Beauty {2008}


No downloads available

Genres

Related movies