Exit print mode Print Data A+ A- Undo all

Premonition (2007)

Reality is only a nightmare away
Premonition (2007)Premonition (2007)

Synopsis:

လင်ဒါဟန်ဆင်ဟာ သမီးနှစ်ယောက်မိခင် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းကတော့ အလုပ်ကိစ္စနဲ့ တစ်ညအိပ်ခရီးတိုတစ်ခုသွားနေခဲ့ပါတယ်။ ပုံမှန်မနက်ခင်းမှာ ပုံမှန်အတိုင်းပဲ နိုးထခဲ့ပြီး ကလေးတွေကိုကျောင်းပို့အိမ်ကိစ္စတွေလုပ်နေရင်းသူ့ဘဝကိုပြောင်းပြန်လှန်နိုင်တဲ့အပြောင်းအလဲတစ်ခုဟာ အိမ်ရှေ့ဘဲလ်ကို တီးပြီး ရောက်လာခဲ့တယ်။ တံခါးသွားဖွင့်ကြည့်လိုက်တော့ ရဲတစ်ယောက်ကို တွေ့ရပြီးအဲ့ဒီရဲကပဲ ဒီသတင်းဆိုးကို ပြောခဲ့တာပါ။ ‘ ခင်ဗျားယောက်ျား ကားမတော်တဆမှုဖြစ်ပြီး နေရာမှာတင် ဆုံးသွားပါတယ်” တဲ့။

သူတို့နှစ်ယောက်ဟာ ချစ်ခြင်းတရားကို အခြေပြုတည်ဆောက်ထားတဲ့ အိမ်ထောင်ဖြစ်တဲ့အတွက် သတင်းကြားကြားချင်း လင်ဒါ စိတ်လွတ်သွားတယ်။ပတ်ဝန်းကျင်နဲ့ကင်းကွာသွားတဲ့အထိ။ အဲ့ဒီညမှာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင် ဓာတ်ပုံလေးကို ဖက်ပြီး ဆိုဖာပေါ်မှာအိပ်ပျော်သွားခဲ့တယ်။

 

နောက်တစ်နေ့မနက်သူနိုးလာခဲ့တာကတော့သူတို့နှစ်ယောက်ရဲ့အိပ်ခန်းမှာတစ်ယောက်တည်းဖြစ်ပါတယ်။သမီးနှစ်ယောက်ကိုအော်ခေါ်တယ်။မီးဖိုချောင်ထဲကိုရောက်တော့တီဗွီကြည့်ပြီးမနက်စာစားနေတဲ့ယောက်ျားတစ်ယောက်ကိုမြင်တယ်။ မျက်နှာကိုပါတွေ့ရတော့မှ မနေ့က သေသွားပြီလို့သူသိထားတဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်းဖြစ်နေခဲ့တယ်။ ကြောင်တောင်တောင် မျက်နှာထားဖြစ်နေတဲ့ သူ့ကို သူ့ခင်ပွန်းက နူတ်ဆက်တယ်။ “ဘာတွေဖြစ်နေတာလဲအချစ်တဲ့”။

သူတို့ သမီးလေးနှစ်ယောက်ဆင်းလာတယ်။ သူတို့အဖေကို နူတ်ဆက်တယ်။ အားလုံးကပုံမှန်အတိုင်းပဲ၊ သူတစ်ယောက်တည်းရူးကြောင်ကြောင်ဖြစ်နေသလိုမျိုး..။အဲ့ဒီနေ့လေးဟာဟိုးအရင်ကလိုပုံမှန်လည်ပတ်သွားတယ်။ ညအိပ်ယာဝင်တယ်။နောက်ထပ် တစ်နေ့ သူနိုးလာတယ်။ ဘယ်သူ့ကိုမှ ရှာမတွေ့တော့ အိမ်အောက်ထပ်ကိုဆင်းတယ်။အိမ်အောက်ထပ်မှာ ဝတ်စုံနက်နဲ့ ဧည့်သည်တွေ အများကြီး။

သူ့အမေလည်း ရောက်နေတယ်။ သူတို့ အိမ်ဟာ ပီပီပြင်ပြင် အသုဘအိမ်တစ်ခုဖြစ်နေပြန်တယ်။ သူ့ယောက်ျား တကယ်မသေဘူးလို့ သူရုန်းကန်အော်ဟစ်နေတဲ့အချိန်မှာ သူ့အမေ သူငယ်ချင်းက အစ အရမ်းကို ရှော့ခ်ရနေတဲ့ လင်သေ မုဆိုးမတစ်ယောက် စိတ်လွတ်နေတယ်ပဲထင်ကြတယ်။ တကယ်တမ်းတော့သူဟာ timeline နှစ်ခုမှာတစ်ရက်ခြားတစ်ခါ ရှင်သန်နေခဲ့ပြီ။ ဒီနေ့မနက်သူယောက်ျားသေနေတယ်။ နောက်တစ်နေ့မနက်ကျရှင်နေသေးတယ်။အဲဒီနှစ်ခုမှာတစ်ခုဟာ စောနေခဲ့တာဖြစ်တဲ့အတွက် သူဟာ ဒါတွေကိုကြိုသိသလိုဖြစ်နေခဲ့တာပါ။ဒီထူးဆန်းတဲ့အဖြစ်ဟာ ဘယ်သူ့ကိုမှပြောပြလို့မရယုံလည်းယုံကြမှာမဟုတ်တဲ့အတွက်လင်ဒါအနေနဲ့ငြိမ်မနေပဲအဖြေရှာဖို့ကြိုးစားရပါတယ်။အဲ့ဒီလိုကြိုးစားရင်းနဲ့ပဲသူ့ခင်ပွန်းနဲ့ပတ်သက်ပြီးသူဘယ်လိုမှထင်မထားတဲ့လျှို့ဝှက်ချက်တွကိုသိရှိလာရတဲ့နောက်မှာတော့..သူတစ်ခုခုကိုဆုံးဖြတ်ဖို့ဖြစ်လာပါတော့တယ်။

 

File size…(1.5 GB)/(725 MB)

Quality….Webrip 1080p / 720p
Format…mp4
Duration….01:36:00
Genre…Thriller, Drama, Mystery
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $20 000 000,00
Revenue
USD $84 297 309,00
Popularity
12.145
Status
Released
ID IMDb.com
9963
IMDB Rating
5.9
ID Themoviedb.org
9963
TMDb Rating
6.272
TMDb votes
1404