Channel Myanmar

Report error

[Unicode]

ရှိမ လို့ခေါ်တဲ့အထက်တန်းကျောင်းသူလေးတစ်ယောက်က သူ့အမေနဲ့အတူ တိုကျိုမြို့မှာနေထိုင်ပါတယ်

သူအဖေနဲ့အမေကကွာရှင်းထားကြတာဖြစ်ပြီး သူ့အမေကတော့လက်ရှိမှာ ၄ဆက်မြောက်အိမ်ထောင်နဲ့ပေါ့…

ပထွေးလည်းရှိတာကြောင့် အိမ်မှာနေရတာလည်းအဆင်မပြေတဲ့အပြင်
ကျောင်းမှာလည်းသူငယ်ချင်းမရှိတဲ့ရှိမတစ်ယောက်
တစ်ယောက်တည်းအထီးကျန်ပိတ်မိလာခဲ့ပါတယ်…

အဲဒါကြောင့်သူမအဖေရှိတဲ့ ဟိုကိုင်းဒိုးကိုပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်
ဟိုကိုင်းဒိုးမှာရှိတဲ့အထက်တန်းကျောင်းမှာတော့ “ဝါ့အို” “ဂန်” နဲ့ “ဟာရုက” လို့ခေါ်တဲ့ သူငယ်ချင်း၃ယောက် သူ့ဘဝထဲကိုစတင်ရောက်ရှိလာပါတယ် ။

အပေါင်းအသင်းကံမကောင်းခဲ့တဲ့ ရှိမတစ်ယောက်
သူတို့၃ယောက်နဲ့ဆက်ဆံရေးကို တည်မြဲအောင် နေထိုင်ဖို့ကြိုးစားရင်း ခံစားချက်တွေကိုဖုံးကွယ်ထားတဲ့အခါ ဖြစ်လာတဲ့ဇာတ်လမ်းလေးတွေအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ် ။

အထက်တန်းကျောင်းနဲ့ပတ်သက်တဲ့အငွေ့အသက်တွေရယ်…
အိမ်ထောင်ရေးနဲ့ အချစ်ရေးမှာပွင့်လင်းကြတဲ့မိသားစုပုံစံတွေကိုကြည့်ရှုရမှာပါ…

သူငယ်ချင်းကောင်းစားဖို့ ကိုယ့်ဘာသာကိုယ်တွေးပြီး အနစ်နာခံလိုက်တာထက်
ကျွန်မတို့တွေရဲ့ ခံစားချက်အစစ်အမှန်ကိုထုတ်ပြခြင်းက ပိုပြီးတော့ သူငယ်ချင်းတွေကိုကူညီရာရောက်ပါတယ်
သူငယ်ချင်းအစစ်အမှန်တွေမှာ နားလည်မှုကအရေးကြီးဆုံးပဲမလား …

( အညွှန်းနဲ့ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )

[Zawgyi]









 


File size__( 999 MB ) and ( 400 MB)
Quality__720p
IMDb Rating__6.0/10
Format__mp4
Duration__01:52:10
Type__Comedy , Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Naing Aung Latt


Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Principal: Am I In a Love Story? (2018)


No downloads available

Genres



Related movies