Exit print mode Print Data A+ A- Undo all

Pulimada(2023)

Pulimada(2023)Pulimada(2023)

Synopsis:

Pulimada (2023) “နွားသိုးကြိုးပြတ်”
IMDb – 7.2/10

ငယ်ရွယ်စဥ်အခါက အမေဖြစ်တဲ့သူကို တခြားလူတွေက အရူးမကြီးဆိုပြီးတော့ သံကြိုးတွေနဲ့ခတ်ထားပြီး သေဆုံးသွားတာတောင်မှ
သံကြိုးတန်းလန်းနဲ့ သေဆုံးသွားခဲ့တာကို မြင်ခဲ့ရတဲ့ သားဖြစ်သူ ဗင်းဆင့်ဟာ သူ့အမေလိုမျိုး သူလည်း မျိုးရိုးလိုက်ပြီး ရူးသွားမှာကို
ကြောက်တာနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မပြုဘဲ နေခဲ့တဲ့သူပေါ့။

စီစဥ်ထားတဲ့ မင်္ဂလာပွဲတွေအကုန်လုံးကို လက်မခံဘဲနေရင်းကနေမှ သူသဘောကျတဲ့ကောင်မလေးကို တွေ့သွားပြီး လက်ထပ်ဖို့အတွက်
သူ့ရဲ့ စိတ်အခြေအနေ အဆင်ပြေရဲ့လားဆိုတာကို စိတ်ရောဂါကုဆရာဝန်နဲ့ သွားရောက်ဆွေးနွေးရင်း ဆရာဝန်ရဲ့ အားပေးမှုတွေနဲ့အတူ
သူသဘောကျတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။

ဗင်းဆင့်ဟာ သူသဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေရင်းနဲ့ဘဲ နှစ်ယောက်သား ညှိနှိုင်းမှုတွေလုပ်ရင်း အဆင်မပြေတာလေးတွေလည်း ရှိခဲ့ပါတယ်။
ဒီလိုနဲ့ပဲ မင်္ဂလာဆောင်ရမယ့်ရက်လေးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ လူပျိုသိုးကြီးကိုဗင်းဆင့်ကတော့
သဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ရတော့မှာဖြစ်တဲ့အတွက် အပျော်ကြီးပျော်နေတော့တာပေါ့။

ဒီလိုနဲ့ပဲ သတို့သမီးကို သွားပြီးတော့ ခေါ်တဲ့အချိန်မှာတော့ သတို့သမီးဟာ အိမ်မှာမရှိဘဲ ပျောက်ဆုံးလို့နေပါတော့တယ်။
လူပျိုသိုးကြီးဗင်းဆင့်ဟာလည်း အရှက်ကြီးရှက်ပြီးတော့ ဒေါသထွက်ထွက်နဲ့ မင်္ဂလာပွဲကို ဖျက်ပစ်ခဲ့တော့တာပေါ့။
အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တောထဲမှာ လူသားစားတဲ့ကျားက သောင်းကျမ်းနေပြီး တောထဲကို ဝင်လာသမျှသူတွေရဲ့
အသက်အန္တရာယ်အတွက် စိုးရိမ်နေရပြီး လူတွေ ထိတ်လန့်လို့နေနေရပါတယ်။

မင်္ဂလာပွဲပျက်သွားတဲ့ ဗင်းဆင့်ဟာ ဒေါသတွေ အရှက်တရားတွေနဲ့အတူတူ အန္တရာယ်ရှိတဲ့ ခရီးတစ်ခုအဖြစ်နဲ့
ကျားကြီးသောင်းကျန်းနေတဲ့ရွာကို သွားဖို့ လုပ်ရင်းနဲ့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Alex~V~BpL~Aditi တို့ပဲ ဖြစ်ပါတယ်)

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

File size….1.86GB / 800MB
Quality…1080p WEB DL /720p
Format…mp4
Duration….1h 50m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by ToMo~Alex~V~BpL~Aditi



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
N/A
Director
A.K. Sajan
Stars
Abu Salim, Aishwarya Rajesh, Balachandra Menon, Chemban Vinod Jose, Dileesh Nair, Jaffer Idukki, Jeo Baby, Johny Antony, Joju George, Krishna Prabha, Lijomol Jose
Release Date
October 26, 2023
Rated
Not Rated
Runtime
1h 50m
Country
India
Popularity
11.511
Status
Released
ID IMDb.com
tt28337918
IMDB Rating
5.8
IMDB votes
284
ID Themoviedb.org
923368
TMDb Rating
7
TMDb votes
1