Exit print mode Print Data A+ A- Undo all

Purple Sunset (2001)

Purple Sunset (2001)Purple Sunset (2001)

Synopsis:

ဒီဇတ်လမ်းကို ကြည့်ဖူးတဲ့သူတွေကတော့ ကြည့်ဖူးတယ်

သေချာသလောက်ကတော့ အဲ့ဒီလူတွေ အသက် ၃၀ လောက် ရှိလောက်ပြီ

ရုပ်ရှင်ကားကို ဒုတိယ ကမ္ဘာစစ် လောက်မှာ အခြေတည်ထားပြီး

အဓိက ဇတ်ကောင် ၃ ယောက် နဲ့ ရင်သက်ရှုမောဖွယ်ဖြစ်အောင်

ရိုက်ပြသွားနိုင်တဲ့ ရုပ်ရှင်ကားပါ…

ဂျပန်တွေဟာ တရုတ်ပြည်တွင်းမှာ အခြေတည်နေတဲ့ အချိန်

တရုတ်လူမျိုးတွေကို နှိပ်စက် ၊ သားမယားပြုကျင့် ၊ သက်ဖြတ်သလို

ဂျပန်လူမျိုးတွေကိုပါ ခေါ်လာပြီး ရွာတည်နေခဲ့ပါတယ်…

အဲ့ဒီလိုအချိန်မှာပဲ ရုရှားစစ်တပ် ကလဲ ဂျပန်တွေကို ၀င်တိုက်ပါတယ်

တရုတ်ရွာသားလေး တစ်ယောက်ဟာ စစ်သုံ့ပန်းအဖြစ်

အဖမ်းခံရပြီး သတ်ခံရ စဲစဲ မှာပဲ ရုရှားတပ်တွေ ၀င်ကယ်လို့

ရုရှားတွေ နဲ့ အတူ ခရီးဆက်တဲ့ အထဲ ပါသွားပါတယ်…

နယ်မြေ မကျွမ်းတဲ့ ရုရှားတွေကလဲ ယောင်တောင်တောင် နဲ့

တရုတ်နယ်မြေထဲ ရွာတည်ထားတဲ့ ဂျပန်တွေဆီကို

ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်သွားတာပါပဲ

ပစ်ကြခတ်ကြ သေကြ ရင်း တစ်ရွာလုံး ထွက်ပြေးကြတယ်

အဲ့ဒီရွာမှာပဲ ဂျပန်ကျောင်းသူလေး ၁ ယောက်အသက်ရှင်

ကျန်ခဲ့သလို ရုရှားအဖွဲ့လဲ လူတွေ ကွဲသွားပြီး

တရုတ်ကောင်လေး နဲ့ ရုရှားဗိုလ်အမျိုးသမီး က

ဂျပန်မလေးကို ဖမ်းပြီး အိမ်ပြန်လမ်းကို ပြခိုင်းတော့တာပါပဲ

လူမျိုး မတူ ဘာသာမတူ စကားနားမလည်တဲ့ ၃ ယောက်

တောထဲမှာ ခရီးတူတူ ဆက်ကြတာဟာ

ကြည့်ရှုသူကို ရသမျိုးစုံ ခံစားရစေပါတယ်

ဒီကားကို Sane Khet က ဘာသာပြန်ပေးထားပြီး

Shwe Sin Nan Eain မှ အညွှန်းရေး တင်ဆက်ထားပါတယ်

(တိပ်ခွေခေတ်က ရုပ်ထွက်ဖြစ်တဲ့အတွက်

Quality DVDrip ခန့်သာ ရှိလို့ ဖုန်းနှင့်သာ ကြည့်ရှုကြပါရန်)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Purple Sunset
Director
Feng Xiaoning
Stars
Anna Dzenilalova
Release Date
N/A
Rated
N/A
Runtime
106 min
Awards
5 wins.
Country
China
Popularity
0.6
Status
Released
ID IMDb.com
tt0303260
IMDB Rating
7.1
IMDB votes
354
ID Themoviedb.org
151804
TMDb Rating
7.3
TMDb votes
3