Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
1080p 5.1 CH
7.5
Anek (2022)
ခုတစ်ခါထွက်ရှိလာတဲ့ မင်းသားချော အရွရ်ှမန်းရဲ့ဇာတ်ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတတွေလည်း အများကြီးရပါတယ်နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့အကြမ်းဖက်မှုတွေ ဒေသခံပြည်သူတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ကြား မြေစာပင်ဖြစ်ရမှုတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ မှတ်သားလောက်ပါပေတယ်..ထောက်လှမ်းရေးအရာရှိလေး အမန်းက အငြင်းပွားဖွယ်ဖြစ်နေတဲ့ နယ်စပ်ဒေသတစ်ခုရဲ့ အကြမ်းဖက်မှုတွေ ပြေငြိမ်းဖို့ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုတဲ့ နေရာမှာ ကူညီပေးဖို့ တာဝန်ကျလာတယ်...သူ အဲ့ဒီဒေသကို ရောက်သွားတဲ့အခါ ဒေသခံတွေ ညှင်းပန်းနှိပ်စက်ခံရမှုတွေ မစွမ်းသာတဲ့အဆုံး လူငယ်လေးတွေ ကြမ္မာနွံထဲ နစ်ခဲ့ရပုံတွေကို မြင်တွေ့ခဲ့ရပါတယ်...တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကို လူတိုင်းက မလိုလားကြပါဘူး... တချို့လူတွေက သူတို့ကိုယ်ကျိုးအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်သယောင်နဲ့ အကြမ်းဖက်နေတာတွေကို မြင်တွေ့လာရတဲ့အခါ...မှန်တယ်ထင်တာကို လုပ်မယ့် ဒီအရာရှိလေးရဲ့ စစ်ဆင်ရေးခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာတော့...။အစိုးရတစ်ရပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြား တကယ်တမ်း အေးချမ်းမှုလိုအပ်နေသူနဲ့ ပြေလည်မှုလိုလားသူကြား ကွာဟချက်ကိုလည်း ဒီဇာတ်ကားမှာ ကောင်းကောင်းကြီး မြင်တွေ့ရမှာဖြစ်လို့ ရှုစားပေးကြပါဦးရှင့်... File size…3.05GB / 1.38GB Quality…720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R
movie
Anek (2022)
2022
1080p 5.1 CH
7.6
Don (2022)
Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးကတော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie
Don (2022)
2022
1080p 5.1 CH
6.3
Sarkaru Vaari Paata (2022)
ကဲ ဝန်ကြီးချုပ်မင်းသားလို့ လူသိများကြတဲ့ မင်းသားချော Mahesh Babu ပါဝင်ရိုက်ကူးပုံဖော်ထားတဲ့ ၂၀၂၂ မေလ ထွက် အသစ်စက်စက်ဇာတ်ကားလေး လာပြီနော် .... တလဲဂူး ကားဖြစ်တဲ့အတွက် အလန်းစား ဖိုက်တင်ခန်းတွင်ပါဝင်ပြီး ဇာတ်အိမ်လေးကလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်မဟီ လို့အမည်ရတဲ့ ကောင်လေးကတော့ ငွေချေးလုပ်ငန်းအေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင် ငွေချေးလုပ်ငန်း ကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ ငယ်ငယ်က ကြုံခဲ့ရတဲ့ အတိတ်ဆိုးတွေကြောင့် သူရစရာရှိတဲ့ အကြွေးမရအောင် မိုးဆုံးမြေဆုံးထိ လိုက်တောင်းတတ်တယ့် စီးပွားရေးသမားတစ်ယောက် ... အဲဒီလိုနဲ့ သူ့ရဲ့ ငွေချေးလုပ်ငန်းကို ကာလာဗာသီဆိုတဲ့ ကောင်မလေးတစ်ယောက်က ပညာသင်ဖို့အတွက် ဒေါ်လာ ၁၀၀၀၀ လာချေးပါတော့တယ်အဲဒီလိုနဲ့ မဟီက ကာလာဗာသီကို သဘောကျသွားရာကနေ သိပ်မကြာခင်မှာပဲ ကာလာဗာသီရဲ့ သရုပ်မှန်ကို သိလိုက်ရတဲ့အချိန် .... အကြွေးဆို တစ်ရူပီးကအစ မရရအောင် တောင်းတတ်တဲ့ မဟီတစ်ယောက် သူ့အကြွေး ဒေါ်လာ ၁၀၀၀၀ ကို ဘယ်ထိတောင် လိုက်တောင်းမှာလဲ ဘယ်လိုတွေ တောင်းသွားမလဲ ဒေါ်လာ ၁၀၀၀၀ က အစပြုလို့ ဘယ်လို ဇာတ်လမ်းတွေ ...
movie
Sarkaru Vaari Paata (2022)
2022
1080p 5.1 CH
4.2
Acharya (2022)
Acharya (2022)၂၀၂၂ မှာ အသစ်စက်စက် ထွက်ရှိထားပြီး နာမည်ကြီး မင်းသားချော ဘိုင်ရာဘာ ပါဝင် သရုပ်ဆောင်ထားတဲ့ Acharya ဆိုတဲ့ တလဲဂူး action drama ရုပ်ရှင်ဇာတ်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ဒီဇာတ်ကားလေးဟာ ၂၀၁၉ ထဲက ထွက်ရှိဖို့ ကြေငြာထားခဲ့ပေမယ့် ကိုဗစ်ရောဂါကြောင့်မလို့ ၂၀၂၂ ဧပရယ်လမှ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် ။လွန်ခဲ့သော နှစ်ပေါင်း၈၀၀ ဝန်းကျင်ထဲက ဓမ္မစသာလီနဲ့ ပမ်မာဂတ်တမ် တို့ဟာ ဂျီဟာဗာရာရဲ့ မြစ်တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေပြီး ဆစ်ဟာဗာနမ် တောအုပ်ကြီး ဝိုင်းရံထားတဲ့ ဘာသာရေးကိုင်းရှိုင်းပြီး ဓမ္မကို လက်ကိုင်ထားထားတဲ့ မြို့တွေ ဖြစ်ခဲ့ကြတယ်။သူတို့ဟာ မယ်တော် ဂတ်တာမာကို အရမ်း ယုံကြည်သက်ဝင် ကိုးကွယ်ကြတဲ့ သူတွေပါ ။ ဒီလိုမျိုး ဓမ္မတရားကိုသာ စွဲကိုင်ပြီး အေးချမ်းစွာ တည်ရှိနေကြတဲ့မြို့လေးကို စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဘာဆာဗာ ရောက်လာပြီး ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ်ကို မိုင်းတွင်းတွေ တူးဖော်ချင်နေတဲ့ ရာသော့လက်ထဲကို ထည့်ဖို့ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ဘာဆာဗာ ...
movie
Acharya (2022)
2022
1080p 5.1 CH
7.2
Jhund (2022)
Jhund (2022)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ မင်းသားကြီး အမီတာဘချမ်းရဲ့ကားသစ်လေး ထွက်ရှိလာခဲ့ပါပြီ။၉၀ ခုနှစ်တွေကတည်းက အိန္ဒိယရုပ်ရှင်ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်လာတဲ့မင်းသားကြီး အမီတာဘချမ်းကတော့ အသက် ၇၉ နှစ်ရှိပြီဆိုပေမဲ့ ငယ်တုန်းကလို လန်းမြဲလန်းဆဲပါပဲ။လက်ရှိအထိ အိန္ဒိယရုံတင်ကားတွေရဲ့သမိုင်းမှာ လွှမ်းမိုးမှုအရှိဆုံးသူတွေထဲကတစ်ယောက်လို့သတ်မှတ်ခံထားရတာပါ။ ဒီကားထဲမှာတော့ သူ့ရဲ့ရင့်ကျက်တဲ့သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီကားလေးကတော့ NGO slum soccer ကို တည်ထောင်ခဲ့သူဖြစ်တဲ့ Vijay Barse ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ ငွေကြေးမတတ်နိုင်တဲ့အလျောက် ပညာရေးကလည်း နိမ့်ကျနေတတ်ပါတယ်။အိမ်တစ်အိမ်မှာရှိတဲ့ ကလေးတွေကပါ အလုပ်ထွက်လုပ်ရတော့ ပညာမသင်ရ၊ အားကစားလိုက်စားခွင့်မရတဲ့အပြင်ငွေကြေးကို အလွယ်ရဖို့ ခိုးဆိုးလုနှိုက်ပြီး ပြန်ရောင်းစားတာတွေအထိပါ လုပ်လာကြပါတယ်။အဲဒီကထက် တစ်ဆင့်တက်ပြီး ဈေးပေါတဲ့အရက်ဆေးလိပ်တွေနဲ့ မူးယစ်ဆေးစွဲတဲ့အထိ ဖြစ်လာကြပြန်ပါတယ်။ ဒီလိုနဲ့ အငြိမ်းစား အားကစားဆရာတစ်ယောက်က အဲဒီလို ဆင်းရဲနွမ်းပါးတဲ့အရပ်ထဲမှာရှိတဲ့စာမတတ်တဲ့ လူကြီးတွေကို စာသင်ပေးဖို့ ရောက်လာရင်းနဲ့ လူငယ်တွေ၊ကလေးတွေ ဖြစ်ပျက်နေတဲ့အခြေအနေကို မျက်မြင်ကြုံတွေ့လိုက်ရပါတော့တယ်။ကလေးတွေရဲ့အနာဂတ်ကို မပျက်စီးစေချင်တဲ့စေတနာ၊ မိမိကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရပ်နဲ့ဒီဆင်းရဲတွင်းထဲက ဒီကလေးတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ဆင်ခြင်ဉာဏ်တို့ ပေါင်းစပ်ပြီး ...
movie
Jhund (2022)
2022
1080p 5.1 CH
365 Days (2020)
365 Days (2020)အရင်ဆုံးပြောချင်တာက Rating ကိုကြည့်ပြီး ဆုံးဖြတ်လိုက်ရင်တော့ နောင်တတွေ တစ်သီကြီးရသွားပါလိမ့်မယ်။ဒီရုပ်ရှင်က Sex scenes ခပ်ကြမ်းကြမ်းတွေ တစ်ပြွတ်ကြီးကို Erotic ဆန်ဆန် ရိုက်ပြထားတဲ့ Italy/ Poland ရုပ်ရှင်ဖြစ်ပါတယ်။သုံးထားတဲ့ Soundtrack တွေလည်း အရမ်း မိုက်ပါတယ် ။ Fifty shades of grey လိုကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီရုပ်ရှင်ကလည်း သင့်အကြိုက်ဖြစ်စေမှာပါ။ 18+ အခန်းတွေပါတာကြောင့် 18 ယောက်စုပြီးမှ ကြည့်ဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း ---------------မာစီမို က အီတလီ အင်အားကြီး မာဖီးယားဂိုဏ်းမိသားစုတွေထဲက တစ်ခုရဲ့ သားဖြစ်ပါတယ် ။ ဖခင် သေနတ်ပစ်ခံရပြီးသေဆုံးမှုမှာ မာစီမိုဟာ မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့ရပါတယ် ။ မာစီမိုက မာဖီးယား ဂိုဏ်းရဲ့ ဆက်ခံသူဖြစ်လာခဲ့ပြီးသူတွေ့ခဲ့တဲ့ မိန်းကလေးကိုလည်း ၅ နှစ်တိတိလိုက်ရှာနေခဲ့ပါတယ် ။တစ်နေ့ သူရဲ့ မာဖီးယားဂိုဏ်းသားတွေ ဒုစရိုက်သမားတွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပွဲတစ်ခုက အပြန် လေဆိပ်မှာ သူ ...
movie
365 Days (2020)
2020
1080p 5.1 CH
9 Bullets (2022)
9 Bullets (2022) ရုပ်ရှင်အညွှန်း ======================= လူရယ်လို ဖြစ်လာရင် မိသားစုကောင်း၊ အိမ်နီးချင်းကောင်းရှိဖို လိုအပ်ပါတယ်။ဒါမှ အန္တရာယ်တစ်ခုခု ကြုံလာရတိုင်းမှာ ကိုယ့်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ အဖော်အချွတ် အကမယ်လေးက အိမ်နီးနားချင်းဖြစ်တဲ့၁၁ နှစ် အရွယ်ကောင်လေးကို ကယ်တင်ဖို့ အသက်လုပြေးရင် ကာကွယ်ရတဲ့Thriller ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာ ဆမ် ဆိုတဲ့ကောင်လေးရဲ့ မိဘတွေ အသတ်ခံရပြီး လူသတ်သမားတွေက ဆမ်ကိုပါ သတ်ဖို မြေလှန်ရှာတဲ့အခါမှာတော့...- ဘာအတွက်ကြောင့် ဆမ် ကို လိုချင်ကြတာလဲ...?- အိမ်နီးချင်း ဂျစ်ပစီဆိုတဲ့ ကောင်မလေးက ဘယ်လို ကယ်တင်သွားမလဲ...?- လွတ်မြောက်သွားနိုင်ပါ့မလား...?Game of Thrones မင်းသမီး Lena Headey အဓိက ပါဝင်သရုပ်ဆောင်ထားပြီးကလေးသရုပ်ဆောင် Dean Scott ရဲ့ acting တွေကလည်း မခေတာမိုThriller ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Hein ...
movie
9 Bullets (2022)
2022
1080p 5.1 CH
5.7
Ghani(2022)
၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင်ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက်ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့ပါတော့တယ်။ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…1.1GB /2.39Gb Quality…720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Eliza & Oeliu J
movie
Ghani(2022)
2022
1080p 5.1 CH
8.3
L.A. Confidential (1997)
L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie
L.A. Confidential (1997)
1080p 5.1 CH
7.3
Naradan (2022)
Naradan 2022 -------------------------------------- ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလိုအဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက်နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။ File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena
movie
Naradan (2022)
2022
1080p 5.1 CH
6.3
Hey! Sinamika (2022)
Hey Sinamika 2022မိန်းမတွေကစကားအရမ်းများတယ်လို့ အဆိုရှိကြတယ်မလား ဒါပေမယ့်ဒီဇာတ်ကားမှာတော့ရေပက်မဝင်အောင်ပြောတဲ့ယောကျာ်းကြောင့်ကွာရှင်းချင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ကြရမှာပဲဖြစ်ပါတယ်Netflix ကနေထုတ်လွှင့်ပေးထားပြီး IMDb 6.3ထိရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ မိုနာဆိုတာက ရာသီဥတုလေ့လာဆန်းစစ်သူပါတစ်နေ့မုန်တိုင်းကြားမှာ ဟိန္ဒိစကားသိပ်မပြောတတ်တဲ့ကောင်လေးတစ်ယောက်ကို စကားနည်းတယ်ဆိုပြီးမြင်မြင်ချင်းအချစ်နဲ့နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ် ဒါပေမယ့် လူဆိုတာကြာကြာပေါင်းမှအကြောင်းသိဆိုသလိုပဲဘာသာစကားလေ့လာတတ်ကျွမ်းသွားတဲ့ ရာလန်တစ်ယောက် တွေ့သမျှကိုမေးခွန်းထုတ်ပြီး ရေပက်မဝင်ပြောပါတော့တယ်"စကားပြောတာက အသက်ရှုနေရတာနဲ့အတူတူပဲ" ဒီစကားက ရာလန့်ကိုစကားပြောတာရပ်ခိုင်းရင်သူပြန်ပြောနေကျပါစကားပြောတာအပြင်ကိုအချက်အပြုတ်ပါ ဝါသနာပါတော့ တွေ့မြင်သမျှပေါက်ကရကအစ မိန်းမကိုကျွေးနေတော့သည်းမခံနိုင်တော့တဲ့တစ်နေ့ မိုနာ အလုပ်ကသူငယ်ချင်းတွေနဲ့ပေါင်းပြီး ကွာရှင်းဖို့နည်းလမ်းရှာပါတော့တယ်ရာလန်ကိုစိတ်ဆိုးအောင်လုပ်ပြီးကွာမယ်ဆိုတဲ့အစီအစဉ်က အောင်မြင်သွားမလား လွဲချော်ကုန်မှာလားဒါ့အပြင်မိုနာတို့ကုမ္ပဏီက တစ်နှစ်စာခရီးထွက်ဖို့ပရောဂျက်ကျလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲမျက်ရည်ထွက်အောင်ရယ်ရတဲ့ Netflix ရဲ့ Romance/Comedyဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.34GB / 3GB Quality…720p WEB DL / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Honeyey & Haruko
movie
Hey! Sinamika (2022)
2022
1080p 5.1 CH
7.9
The Classic (2003)
IMDb Rating (7.9/10) Rotten Tomatoes (93%)ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ...My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ...ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။ဇာတ်လမ်းလေးကတော့...ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကိုပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီးအမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ ...
movie
The Classic (2003)
1080p 5.1 CH
7.8
Bheemla Nayak (2022)
Bheemla Nayak (2022)ယခုတစ်ခေါက်မှာတော့ IMDb 7.8 ရရှိထားပြီး ရူပီး 70 ကုဋေအကုန်ကျခံရိုက်ကူးထားတဲ့တယ်လဂူအိန္ဒိယ အက်ရှင်ဒရမ်မာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ သူဌေးဒန်နီရယ်ရှီကာနဲ့ တပည့်ဖြစ်သူကားမောင်းသမားနှစ်ယောက်ဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာခဲ့ပါတယ်။စစ်ဆေးရေးဂိတ်စောင့်ရဲတွေ တွေ့တော့ ကားတားပြီးစစ်ဆေးရာမှာသတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ သယ်ဆောင်လာကိုမိသွားပါတယ်။အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ်ရောက်လာကာသူဌေးဒန်နီရယ်နဲ့ကားမောင်းသမားကို ဖမ်းသွားပါတယ်။ဒါပေမယ့် သူဌေးဒန်နီရယ်ဟာ ဘယ်သူမှမထိရဲဘဲကျောထောက်နောက်ခံကြီးမားတဲ့တပ်ကြပ်မှူးဟောင်းဖြစ်နေပါတယ်။ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်နဲ့အတ္တအငြိုးကြီးမားတဲ့ ဒန်နီရယ်ရှီကာတို့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာဘယ်လိုအရာများပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ဒီဇာတ်ကားဟာ 1876 ခုနှစ် ဒီဇင်ဘာ 29ရက်နေ့မှာကျဆုံးခဲ့တဲ့ အိန္ဒိယတော်လှန်ရေးသမားBheema Nayak ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး နာမည်ကြီး"Ayyappanum Koshiyum" ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…1.4GB / 2.8GB Quality…720p / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(hard sub) Encoder….YK Translated by Haruko & Poe & Shwe ...
movie
Bheemla Nayak (2022)
2022
1080p 5.1 CH
7.6
Khiladi (2022)
လောကမှာ ငွေသာလျှင် ဘုရားသခင် ငွေသာလျှင်သူ့ရဲ့ အောက်စီဂျင် ဆိုတဲ့ မိုဟန် ဂန်ဒီမိန်းမဖြစ်သူ ချီထရာ နဲ့ ယောက္ခမတွေ အသတ်ခံလိုက်ရတာကြောင့် အဖမ်းခံထားရတဲ့ မိုဟန်ဂန်ဒီတစ်ယောက်ပြစ်မှုလေ့လာရေး ကျောင်းသူလေး ပူဂျာနဲ့ တွေ့ဆုံလိုက်တဲ့အခါဂန်ဒီ့ရဲ့ ဇာတ်လမ်းလေးက ပူဂျာနှလုံးသားကို အရည်ပျော်သွားစေပြီး သူ့အဖေ အရာရှိကြီးရဲ့ အကူအညီကိုယူဂန်ဒီ့ကို ထောင်ထဲကနေ တရားမဝင်နည်းလမ်း သုံးပြီး အာမခံထုတ်ပေးလိုက်ပါတော့တယ်ဂန်ဒီ ထောင်ကနေလွတ်သွားပြီးမှ CBI အရာရှိ အာဂျွန် ရဲ့ ပြောပြချက်အရမိုဟန် ဂန်ဒီက အိန္ဒိယရဲတွေ အလိုရှိဆုံး ရာဇဝင်လူဆိုးဖြစ်နေတာကို ပူဂျာတစ်ယောက် သဘောပေါက်သွားခဲ့တယ်လူဆိုးဖြစ်ရုံတင်မကဘူး ဉာဏ်အရမ်းကောင်းတဲ့ ဂန်ဒီတစ်ယောက် ဘယ်သူ့ဇာတ်လမ်းကို အသုံးချပြီးပြောသွားတာလဲ အဲဒီဇာတ်လမ်း နောက်ကွယ်က အဖြေက ဘာဖြစ်မလဲ ဆိုတာကိုသူအရမ်းချစ်တဲ့ ငွေတွေကို ဂန်ဒီနဲ့ သူ့ရဲ့ ဘော်ဒါအဖွဲ့ ဘယ်လိုရအောင်ယူမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော် File size…1.3GB / 2.8GB Quality…720p WEB DL / ...
movie
Khiladi (2022)
2022
1080p 5.1 CH
7.9
Badhaai Do (2022)
Badhaai Do (2022) ================== ဒီတစ်ခါမှာတော့ IMDb 7.9 ထိရရှိထားပြီးတော့ ရုံဝင်ငွေ 28.03 ကုဋေထိရရှိထားတဲ့ဘောလိ၀ုဒ်ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှာဒူလ်ကလည်း ရဲအရာရှိတစ်ယောက်ဖြစ်သလို ဆူမန်ကလည်း ကာယဆရာမပါသူတိုနှစ်ယောက်လုံးရဲ့ တူညီတဲ့အချက်ကတော့ နှစ်ယောက်လုံးက အရွယ်ဟိုင်းနေပြီဖြစ်တဲ့လူပျိုသိုး အပျိုကြီးပဲဖြစ်ပါတယ် မိဘတွေက လက်ထပ်ပေးဖိုလုပ်နေတဲ့သူတွေကိုလည်းသဘောမကျ အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ရတဲ့အကြောင်းအရင်းရှိပါတယ် ဒါကတော့ရှာဒူလ်က ယောကျာ်းလေးချင်းသဘောကျသူဖြစ်ပြီးတော့ ဆူမန်က မိန်းကလေးချင်းသဘောကျတဲ့သူမိုလိုပါ ဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် သူတိုနှစ်ယောက်တွေ့ဆုံမိသွားတဲ့ချိန်မှာပဲမိဘတွေဆန္ဒလည်းပြည့်၀အောင် သူတိုလည်း အေးဆေးနေရအောင်ဆိုပြီး နှစ်ယောက်ဦးသဘောတူလက်ထပ်လိုက်ပါတော့တယ် အဲ့လိုနဲ့ပဲ မတူညီတဲ့စုံတွဲ ဆူမန်ရဲ့ကောင်မလေးက ဆူမန်ဘ၀ထဲပြန်ဝင်လာတဲ့ချိန်မှာပြဿနာတွေဖြစ်လာပါတော့တယ် သူတိုနှစ်ယောက်ရဲ့ဇာတ်လမ်းလေးကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲပုံမှန်ဇာတ်ကားတွေနဲ့မတူဘဲ မတူကွဲပြားတဲ့ဇာတ်အိမ်နဲ့ comedy/drama ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်........ File size…1.6GB / 2.1GB Quality…720p WEB DL Format…mp4 Duration….2h 27mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eliza & Poe & Shwe Pyae & Yunni
movie
Badhaai Do (2022)
2022
1080p 5.1 CH
8.4
Sila Nerangalil Sila Manidhargal (2022)
Sila Nerangalil Sila Manidhargal (2022)ယခုနှစ်မှထွက်ရှိထားတဲ့အိန္ဒိယတောင်ပိုင်းကားတစ်ကားဖြစ်ပါတယ်။ဇာတ်အိမ်တည်ထားပုံကတော့အထူးတလည် နက်နဲတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ကိုယ့်ဘဝကိုယ်စီလျှောက်လှမ်းနေကြတဲ့လူငယ်လေးယောက်ဟာတစ်နေ့မှာတော့ဆိုးဝါးလှတဲ့မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သက်မိကြပါတယ်။သာမန်ဇာတ်ကားတွေနဲ့မတူတာကတော့ ဒီဇာတ်ကားဟာ အဓိကဇာတ်ကောင်ရယ်လို့တိတိကျကျမပါဘဲ ဇာတ်ကောင် လေးယောက်လုံးကို ကြည့်နေရင်းမှာတင်ဒီဇာတ်ကောင်တွေရဲ့ဘဝထဲကို ကိုယ်တိုင်စီးမျောသွားစေနိုင်လောက်အောင်ဇာတ်ကောင်တစ်ခုချင်းကိုအသားပေးပုံဖော်ပြထားလို့ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင် လူတိုင်းဟာ အမှားတွေလုပ်တတ်ပြီးတော့ဘဝကြီးကလည်းအမြဲတမ်းအဲဒီအမှားတွေကိုပြန်ပြင်ဖို့အခွင့်အရေးပေးလေ့ရှိတယ်ဆိုတာကိုယုံကြည်ပြီးတော့ ကိုယ့်ဘက်ကပြင်ဆင်ချင်တဲ့စိတ်ပဲရှိဖို့လိုတယ်ဆိုတာကိုနားလည်လာစေမှာပါ။ဒီဇာတ်ကောင်လေးယောက်ကရော သူတို့အမှားတွေကို ပြန်မြင်နိုင်ပါ့မလား။ပြင်ဆင်ဖို့ရောသူတို့မှာအခြေအနေတွေပေးလာပါ့မလား။ အသိတရားဝင်တဲ့အချိန်မှာ ပြင်ဆင်ဖို့မှီပါဦးမလား။လမ်းပေါ်ကအက်ဆီးဒန့်တစ်ခုကနေစတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ နှစ်နာရီကျော်ကုန်သွားမှန်းမသိအောင်ကိုပရိသတ်တွေအတွက်ဖျော်ဖြေမှုရသကောင်းတွေပေးသွားမှာဖြစ်လို့တောင်ပိုင်းဒရာမာကားကောင်းတွေ ကို ကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲ ညွှန်းလိုက်ပါရစေ။ File size…1.8GB /900MB / 400MB Quality…720p WEB DL / 480p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Haruko
movie
Sila Nerangalil Sila Manidhargal (2022)
2022
1080p 5.1 CH
8.1
Texas Chainsaw Massacre (2022)
တက္ကဆက်ရဲ့ လွှစက်ကြီးနဲ့ လူအရေခွံမျက်နှာဖုံးနဲ့ လူသတ်သမားဟာဟော်ရာရုပ်ရှင်ကြိုက်သူတိုင်းရဲ့ အသည်းစွဲပါပဲ။ အတော်များများရဲ့အိပ်မက်ထဲကိုလည်းအလည်လာဖူးမှာပါ။ စုစုပေါင်း ရှစ်ကား ထွက်ရှိဖူးပြီး ဒါကတော့ ၉ ကားမြောက်ပါပဲ။ဟော်ရာပရိသတ်တွေအကြိုက်တွေ့တာမို့ rating လည်းအတော်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းတက္ကဆက်ရဲ့ လူမနေတော့သလောက်ဖြစ်နေတဲ့ ဟာလိုမြို့လေးကိုအင်တာနက်ပေါ်က နာမည်ကြီးလူငယ်တစ်သိုက်က ပရိုမိုးရှင်းဆင်းပြီးဆိုင်ခန်းတွေ အိမ်ခန်းတွေ ရောင်းချဖို့ ကြိုးစားလာပါတယ်။ အဲဒီမှာသူတို့ပထမဆုံး ဝယ်ထားတဲ့ အိမ်က အကြွေးမပေးနိုင်လို့ ဘဏ်က သိမ်းထားတဲ့အိမ်ဖြစ်နေပြီမူလအိမ်ပိုင်ရှင်အဘွားကြီးတစ်ယောက်နေထိုင်ပါတယ်။ အဘွားကြီးမှာတော့ထူးဆန်းတဲ့ သားတစ်ယောက် ရှိတာပေါ့။ လူငယ်အဖွဲ့ရောက်လာပြီးအဘွားကြီးကို နှင်ထုတ်ဖို့ ကြိုးစားရင်နဲ့ မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ... File size…571MB / 1,5GB Quality…720p AAC 2.0CH / 1080p AAC 5.1CH Format…mp4 Duration….1h 21min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie
Texas Chainsaw Massacre (2022)
2022
1080p 5.1 CH
6.9
Baadshah (1999)
Baadshah (1999)******************ရှာရွတ်ခန်းရဲ့Action/Comedyဇာတ်ကားတစ်ကားဖြစ်ပြီး IMDB rating 6.9 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းဘာဒေရှာကိုသူ့ရဲ့အမေကသူ့အဖေလိုမျိုး ရဲဝန်ထမ်းတစ်ယောက်ဖြစ်စေချင်ပေမယ့် သူကတော့ရဲဝန်ထမ်းအလုပ်ကိုလုံးဝစိတ်မဝင်စားဘဲ သူရဲ့သူငယ်ချင်းတစ်ဖွဲ့နဲ့ စုပြီးတော့ ဘာဒေရှာလျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီဆိုပြီးရုံးတစ်ရုံးဖွင့်ထားပါတယ်။လျှို့ဝှက်ထောက်လှမ်းရေးအနေနဲ့ သူ့ကိုအလုပ်အပ်ထားတဲ့ မဟင်ဒရာဆိုတဲ့သူရဲ့စိန်တွေကို ပြန်အရယူနိုင်ပေးခဲ့ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီမစ္စတာမဟင်ဒရာရဲ့သမီးလေး ကိုဂိုအာမြို့မှာ ပြန်ပေးဆွဲခံရတဲ့အတွက် သူ့သမီးကိုကယ်တင်ပေးဖို့ ဘာဒေရှာကို လှမ်းအကူအညီတောင်းပြန်ပါတယ်။ဘာဒေရှာက ဂိုအာထိသွားရမှာဖြစ်တဲ့အတွက်ကြောင့် သူ့ကို မဟင်ဒရာက လေယာဉ်လက်မှတ်ဖြတ်ပေးလိုက်ပြီး။ ဘာဒေရှာ ဂိုအာကိုသွားမယ့်နေ့မှာပဲ CBI အဖွဲ့ကလည်း ဘာဒေရှာဆိုတဲ့နာမည်နဲ့ တခြားစုံထောက်တစ်ယောက်ကို အမှုကိစ္စတစ်ခု ဖြေရှင်းဖို့အတွက် တာဝန်ပေးလိုက်ပါတယ်။ ဘာဒေရှာဆိုတဲ့ နာမည်နှစ်ခု တူနေကြတဲ့အတွက် ဘယ်လိုအရှုပ်အထွေးတွေနဲ့ကြုံ ကြမှာလဲ.... ကလေးကိုရောဘယ်လိုကယ်ကြမလဲ....ဘောလိဝုဒ်ဖန်တိုင်း လက်မလွှတ်သင့်တဲ့ ကားတစ်ကား ဖြစ်ပါကြောင်း.... ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size : (1.8 GB) / (560 MB) Quality : 720p-WebDL, 480-WebDL Format…mp4 Duration…2h 55min Genre : Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Baadshah (1999)
1999
1080p 5.1 CH
5.7
Wrath of the Titans (2012)
ဒါကတော့ Clash of The Titans (2010) ရဲ့ အဆက်အနေနဲ့ထွက်ရှိခဲ့တာပါ။ပထမဇာတ်ကားက ဇာတ်ကောင်တွေနဲ့ဇာတ်လမ်းတွေပါ ချိတ်ဆက်ထားတာမို့ ပထမဇာတ်ကားကို အရင်ကြည့်ထားဖို့လိုအပ်ပါတယ်။ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းကို အခြေခံထားတာမို့ အကောင်ဗလောင်တွေ တန်ခိုးပါဝါတွေနဲ့ Action/Fantasy ကြိုက်သူတွေအတွက် တကယ့်ဇာတ်လမ်းကောင်းတွေပါပဲ။ File size…(4.7 GB) and (1.3 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:39:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Wrath of the Titans (2012)
1080p 5.1 CH
5.8
Clash of the Titans (2010)
မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ...ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Clash of the Titans (2010)
1080p 5.1 CH
1
2
3
4
Next