Channel Myanmar

1080p Blu-Ray

Enemy(2013) 6.9
Enemy(2013) Enemy(2013) ရုပ်ရှင်အညွှန်းတစ်ခါတစ်လေ ကျရင် ကိုယ့်ဘဝရဲ့ ရန်သူဆိုတာ ကိုယ်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်ဒီရုပ်ရှင်ကတော့ အချုပ်အနှောင်ကို မကြိုက်တဲ့ ယောက်ျား တစ်ယောက်၊ မိန်းမ တစ်ယောက်တည်းအပေါ် မှာပဲသစ္စာရှိရမှာ ကြောက်နေပြီး အဲ့လို ဘဝမျိုးမှာ လက်တွေ့ရှင်သန်နေထိုင်နေရတဲ့ အတွက် စိတ္တဇဝေဒနာ ကိုခံစားနေရတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါရုပ်ရှင်ရဲ့ အဓိကက မင်းသားရဲ့ စိတ်ရောဂါ အကြောင်းကို လုံးဝ ပရိတ်သတ်တွေ နှစ်ခါပြန်ကြည့်ပြီးစဥ်းစားရလောက်မယ့် ပုံစံမျိုးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ပထမတစ်ခေါက်ကြည့်ပြီးရင်တော့ wtf? ဘာကြီးလဲ လို့ တွေးမိသွားနိုင်ပေမယ့်ရုပ်ရှင် တစ်ခုရဲ့ symbolism,metaphors တွေကို စိတ်ဝင်စား နားလည်တဲ့ သူတွေအတွက်ကတော့ဒီရုပ်ရှင် ပဟေဠိ တစ်ခုလိုပါပဲ အဖြေကို သေချာ နားလည်သွားတဲ့ အခါကျရင်တော့ တကယ့် masterpiece တစ်ခုလို့ ခံစားရမှာ အသေအချာပါပဲမင်းသားကတော့ ကျွန်တော့်အနေနဲ့ nightcrawler,spiderman-far from home တို့မှာ တွေ့ခဲ့ရတဲ့ မင်းသား​ကြီးjake ...
6.9
IMDB: 6.9/10 177k votes
movie

Enemy(2013)

2013
1080p Blu-Ray
The Cabbie (2000) 7.0
The Cabbie (2000) IMDb Rating (7/10)ဖီးလ်ရတဲ့ ထိုင်ဝမ် အချစ်ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်...မင်းသားက Taxi မောင်းတဲ့ လူပျိုကြီး...မိန်းမ မယူတာက မရတာမဟုတ်ဘူး...သူချစ်ရတဲ့သူကိုပဲ လက်ထပ်မယ်စိတ်ကူးထားတာမို့ အိမ်ကစေ့စပ်သမျှကို အံတုလာတဲ့ အာဂလူပျိုကြီးအချစ်ဆိုတာ ပထမဆုံးအကြည့်တစ်ချက်မှာတင် ငြိတွယ်ရမယ်လို့ သူကလက်ခံထားတာ...ငြိမှငြိတွယ်သွားတော့လဲ Taxi သမားနဲ့ မလိုက်မဖက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ရဲမေမလေး...အကြည့်တစ်ချက်မှာတင် သူ့အိမ်သူသက်ထားပဲလို့ လူပျိုကြီးက သတ်မှတ်လိုက်ပြီးယာဉ်ထိန်းရဲမေလေးမျက်နှာကို မြင်ရဖို့အရေး ယာဉ်စည်းကမ်းတွေကို နေ့တိုင်းဖောက်ဖျက် ကျူးလွန်နေပါတော့တယ်...ယာဉ်စည်းကမ်းဖောက်လိုက် ချစ်ရသူရဲမေဆီက ခံဝန်ထိုး ဒဏ်ကြေးစာရွက်လေး ယူလိုက်နဲ့ သာယာနေပါတော့တယ်...ဆိုတော့ကာ ဇာတ်လမ်းက ဘယ်လိုဖီးလ်ရမလဲပေါ့နော်...ဆက်လက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ဒီဇာတ်ကားက ဒီလိုအကြောင်းချည်းသက်သက်တော့ မဟုတ်ပြန်ဘူး...မိသားစုတစ်ခုမှာ ရှိတတ်တဲ့ ဝိဝါဒတွေ...ရယ်စရာ မောစရာတွေနဲ့ ရောယှက်ထားတာမျိုး....ရိုက်ချက်အေးအေးကြီးတွေကြား ရင်ထဲ Deep ဖြစ်စေတဲ့ ခံစားချက်တွေ အုံလိုက်ဆင်းချလာမှာမျိုး။ File size…(1.1 GB) / (700 MB) / (300 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle ...
7.0
IMDB: 7.0/10 votes
movie

The Cabbie (2000)

1080p Blu-Ray
Chicken Run (2000) 7.0
Chicken Run (2000) Chicken Run(2000) IMDb - 7.0/10_____Rotten - 97%Chicken Run ဆိုတဲ့ ၂၀၀၀ ခုနှစ်က DreamWorks ရဲ့ Animation တစ်ကားကို တစ်​ခေါက်ပြန်ကြည့်မိတယ် ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ခံစားမှုလိုပဲ ပြန်ခံစားရတုန်းပဲ ဇတ်လမ်းပုံစံက တွီဒီလို့ ​ခေါ်တဲ့ ​မွေးမြူ​ရေး ကြက်ခြံက ငရဲခံ​နေရတဲ့ ဥ ဥ​ပေးရတဲ့ ကြက်မ​တွေ အ​ကြောင်း​ပေါ့ အဲ့ဒီကြက်ခြံက​နေ ထွက်​ပြေးဖို့ အမြဲကြံ​နေတာက ဂျင်ဂျာ ဆိုတဲ့ ကြက််မနဲ့ သူ့ရဲ့ သူငယ်ချင်း တစ်စု​ပေါ့ ဂျင်ဂျာက​တော့ လွတ်​​​မြောက်နယ်​မြေရှိမယ်လို့ အမြဲယုံကြည်​နေသူ တစ်ဦး​ပေါ့ သူ့စိတ်ကူးကို သူငယ်ချင်း​တွေက အမြဲ အ​​ကောင်အထည်​ဖော်​ပေးရတယ် ထွက်​ပြေးဖို့နည်းလမ်း​တွေ ဆွဲကြတယ် ​ပြေးတိုင်းလဲ ပြန်မိတယ် အဖမ်းခံရတယ် ပိုင်ရှင် လင်မယားဟာ ကြက်​တွေကို မ​ဝရေစာ ​​ကျွေး​မွေးပြီး ဥ ဥတဲ့ နှုန်းထားကိုလဲ အမြင့်ဆုံး လိုချင်ကြပါ​သေးတယ် အပတ်တိုင်း ကြက်ခြံကို ဝင်စစ်​လေ့ ရှိပြီး တစ်ပတ်တာ အတွင်း ဥ တာ နည်းတဲ့ ကြက်မ အတွက်​တော့ နားရက်ရသွားတာပါပဲ နားရက်ရတယ်ဆိုတာ ကြက်စွပ်ပြုတ် ဖြစ်သွားတာမျိုး​ပေါ့ ​နောက်ဆုံး ပလန်​တွေ အလုပ်မဖြစ်လို့ လက်​လျှော့ အရှူံး​​ပေး​တော့မယ် စဥ်းစား​နေတဲ့ ဂျင်ဂျာ အတွက် ​မျှော်လင့်ချက် ​အလင်း​ရောင်က တစ်ညမှာ တွီဒီ ကြက်ခြံထဲကို ကြက်ဖ ...
7.0
IMDB: 7.0/10 173,276 votes
movie

Chicken Run (2000)

2000
1080p Blu-Ray
[21+] Q Desire (2011) 5.5
[21+] Q Desire (2011) စိတ်လွတ်ကိုယ်လွတ် လွင့်မျောချင်ရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ.. ဇာတ်ကောင်တွေဟာ သူတို့ကိုယ်တိုင်နားမလည်မှုများနဲ့ မျောချင်ရာမျောနေတာမျိုး... သူတို့ရဲ့အမူအကျင့်တွေဟာ အမှောင်ခြမ်းတစ်ခုစီကို ကိုယ်စားပြုနေတာမျိုး... လိုက်ကြည့်ရင်း မှောင်ကြတာပေါ့...ဒီဇာတ်ကားထဲက အဖော်အချွတ်အားလုံးက Graphic Nudity မဟုတ်ပါဘူး.... ဘာ Graphic မှ မသုံးထားပါဘူး...အကုန်အစစ်တွေချည်းပါပဲ....:3 ဒါရိုက်တာက ပြောချင်ရာပြောဖို့မှာ ဘာကိုမှ မညှာတာဘဲ အကုန်ပလိန်းကြီး အရှိအတိုင်းချပြထားပါတယ်...ဇာတ်ကားက နှစ်နာရီဝန်းကျင်ပဲရှိပေမယ့်...ကြည့်လိုက်ရင် ၄ နာရီနီးပါးကြာကြာတတ်ပါတယ်... ဘာလို့ဆို ခဏခဏ Pause လုပ်လိုက် ..နောက်ပြန်ရစ်ကြည့်လိုက် လုပ်နေရလို့ပါ... ပြီးရင် သတိရတိုင်းလဲ ပြန်ပြန်ကြည့်ကြည့်ဖြစ်ပါမယ်... သေချာတာတစ်ခုကတော့ လူသူတိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်ထဲအေးဆေးကြည့်မှ အဆင်ပြေမှာပါ။ဒီဇာတ်ကားကြည့်ပြီးရင် မင်းသမီး Déborah Révy နဲ့ Hélène Zimmer တို့အကြောင်းကို ပိုပိုရှာကြည့်မိပါမယ်... ပြင်သစ်မင်းသမီးတွေဖြစ်ပြီး ဆွဲဆောင်မှုအပြည့်ရှိကြောင်း ထောက်ခံပါတယ်...Uncut Version ဖြစ်တာနဲ့အညီ ဘာဆင်ဆာမှ မပါတာကြောင့် 21+ အရွယ်တွေ ကြည့်ဖို့သာ တိုက်တွန်းလိုက်ပါတယ်။ဘာသာပြန်အသစ် Quality Update လေးမို့ ကြည့်ဖူးရင်တောင် ပြန်သိမ်းထားဖို့ တိုက်တွန်းပါတယ်။ပြင်သစ် Taste လေးကို ကြိုက်ကြတယ်ဆိုရင်ဖြင့် ...
5.5
IMDB: 5.5/10 votes
movie

[21+] Q Desire (2011)

1080p Blu-Ray
Breaking Surface (2020) 6.1
Breaking Surface (2020) Breaking Surface (2020)==================IMDb Rating - 6.1/10 သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေပါတဲ့ဇာတ်ကားကိုမှကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက်၂၀၂၀ခုနှစ်ထွက်ဇာတ်ကားလေးလာပါပြီ။ တူဗာနဲ့အီဒါဆိုတဲ့အမေတူအဖေကွဲညီအစ်မနှစ်ယောက်က သူတို့အမေနဲ့အတူ ပင်လယ်ကြမ်းပြင်အောက် ရေငုပ်ကြမယ်ဆိုပြီးစီစဉ်ထားရာကနေ မိခင်ဖြစ်သူကနေမကောင်းဖြစ်နေတော့ ညီအစ်မနှစ်ယောက်တည်း ရေငုပ်ဖို့ဖြစ်လာတာပေါ့။ ဒီဇင်ဘာအချိန်အခါချမ်းအေးလှတဲ့ရာသီမှာ ကိုယ်တွေလိုအိမ်မှာပဲ စောင်ခြုံပြီးအိပ်မနေပဲရေငုပ်ဖို့လုပ်ကြတဲ့ ညီအစ်မနှစ်ယောက်ဟာ ကံဆိုးစွာနဲ့လန့်စရာအဖြစ်ဆိုးကို ငယ်ဘဝကတည်းကကြုံခဲ့တယ်ပေါ့။ဒီလိုနဲ့အသက်တွေကြီးလာတဲ့အခါလည်း ရေငုတ်တဲ့ဘဝကနေ စွန့်စားခန်းတွေ . အသက်အန္တရာယ်နဲ့များလွန်းတဲ့ အလုပ်တွေမှာ သူတို့ဟာ ပျော်နေဆဲပါ။ဒီကားထဲမှာ မြင်တွေ့ရမှာကတော့ ညီအမတွေရဲ့ သံယောဇဥ◌်၊ အန္တရာယ်ကြားကနေ အရှုံးမပေးဘဲ ရဲရင့်တဲ့စိတ်ဓါတ်၊ပြတ်သားတဲ့ဆုံးဖြတ်မှု၊ ဖြစ်နေတဲ့အခြေအနေမှာ အကောင်းဆုံးလမ်းကြောင်း ရွေးချယ်လုပ်ကိုင်မှုတွေကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p BluRay 5.1CHDuration - 1h 22minSubtitle – Myanmar HardsubFormat – Mp4Genre : DramaSource : 1080p.BluRayTranslator – Chit ...
6.1
IMDB: 6.1/10 1838 votes
movie

Breaking Surface (2020)

2020
1080p Blu-Ray
5 Centimeters Per Second (2007) 7.6
5 Centimeters Per Second (2007) 5 Centimeters Per Second (2007)**********************************(1080p Blueray Update) " ငါတို့တွေဟာ အကြိမ်ပေါင်းထောင်ချီအောင် စာတွေအပြန်လှန်ရေးပို့နေကြလဲနှလုံးသားတွေကတော့ တစ် စင်တီမီတာတောင် နီးစပ်မလာခဲ့ကြပါဘူး..."                                                                                      တိုနို-တာကကီ (5 Centimeters Per Second)  ချယ်ရီပွင့်ဖတ်လေးတွေ အပင်ပေါ်ကနေမြေပြင်အထိ ကြွေကျတဲ့အရှိန်က တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်း ရှိတယ်တဲ့...မြေပြင်ကနေလွတ်တင်လိုက်တဲ့ အာကာသယာဥ်တစ်စီးကတော့ တစ်နာရီကို မိုင်ပေါင်း တစ်သောင်းရှစ်ထောင်နှုန်းနဲ့ ကမ္ဘာမြေက တဖြည်းဖြည်း ဝေးကွာသွားတယ်ဦးတည်ချက်ရှိတဲ့ လားရာတွေကဘယ်လောက်အချိန်တွေကြာပါစေ တစ်ချိန်ချိန်မှာ လိုရာခရီးကို ရောက်နိုင်ဦးမှာပဲမဟုတ်လား...ဒါပေမယ့်တစ်ချို့ ဦးတည်ချက်မရေရာပဲ မျှော်လင့်ချက်တစ်ခုတည်းနဲ့ လွတ်တင်မိခဲ့တဲ့ ယာဥ်တွေကတော့ ဘယ်အချိန်မှာ ဘယ်ကိုရောက်နိုင်မလဲ...Massage တွေ ထောင်ချီ အပြန်အလှန်ပို့နေခဲ့ပေမယ့် နှလုံးသားတွေ တစ်စင်တီမီတာလောက်တောင် နီးမလာတဲ့အခါ...အချိန်တွေအကြာကြီးစောင့်ဆိုင်းခဲ့ရပေမယ့် မျှော်လင့်တဲ့သူပြန်မလာတဲ့အခါ...အများကြီးကြိုးစားခဲ့ပေမယ့် ကြိုးစားမှုတွေ အရာမထင်ခဲ့တဲ့အခါတွေမှာရော...ငါတို့... လားရာမရှိတဲ့ မျှော်လင့်ချက်ယာဥ်တွေကိုလွတ်တင်နေမိသလိုပဲမဟုတ်ဘူးလား..တစ်ခါတစ်လေကျရင် လူတွေကကိုယ့်ရဲ့အဝေးကိုမျှော်နေရင်း ဘေးကကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေအရာတွေကို သတိမထားမိတတ်ကြဘူးလေတစ်ဖက်ကပြန်တွေးကြည့်ရင်တော့ ချယ်ရီပွင့်ဖတ်လေးတွေက မြေပြင်ကိုပဲ ဦးတည်ပြီးတော့သွားနေတာလားဒါမှမဟုတ် မိခင်အပင်အကိုင်းအခတ်တွေဆီကပဲ တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်းဝေးကွာခဲ့ကြတာပဲလားဘယ်သူသိနိုင်မလဲ....#5cm_per_second #Makoto_Shinkai  Review : Han Htoo Zaw File Size – 674 MB Quality ...
7.6
IMDB: 7.6/10 50,876 votes
movie

5 Centimeters Per Second (2007)

2007
1080p Blu-Ray