Channel Myanmar

1080p Bluray 5.1H

The Pirates (2014) 6.6
The Pirates (2014) IMDb Rating (6.6)ဒီဇာတ်ကားက ဂိုယိုမင်းဆက် နှင့် ဂျိုဆွန်းမင်းဆက် ကူးပြောင်းချိန်ကာလလေးကို အခြေခံရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၃၈၈ ခုနှစ် စစ်သူကြီးရီဆွန်းဂျဲတို့ တရုတ်ကိုစစ်တိုက်ဖို့ဝီဟာကျွန်းထိစစ်ချီလာခဲ့တယ် ဒါပေမယ့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်စစ်သူကြီးရီဆွန်းဂျဲက  တရုတ်ကိုမတိုက်တော့ဘဲ တရုတ်သြဇာခံပြီးဘုရင်ကိုပြန်ပုန်ကန်ဖို့နဲ့ ဂိုယိုမင်းဆက်ကို ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..ဒီဆုံးဖြတ်ချက်ကြောင့် စစ်သူကြီးတွေ အချင်းချင်း သဘောမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ပြီးသတ်ဖြတ်ကာ ကွဲကုန်ပါတယ်စစ်သူကြီးအများစုက ဘုရင်ကိုပုန်ကန်ဖို့ဆုံးဖြတ်ကြတာကြောင့်ဘုရင်ကိုမပုန်ကန်ချင်တဲ့စစ်သူကြီးကတော့ တောပုန်းဓားပြဖြစ်သွားရရှာပါတယ်။မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှ မဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။The Classic 2003 ဇာတ်ကားထဲက မင်းသမီးဆွန်ရင်ဂျီကို ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ..တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်...ရီဆွန်းဂျဲက ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ်အသုံးပြုဖို့ တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ်...အပျိုတော် ၅၀၀ နှစ်စဉ်ဆက်သဖို့လဲ မောက်မာလိုက်ပါသေးတယ်..တော်ဝင်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်းဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်းအလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးက မြိုသွားပါတယ်....တော်ဝင်တံဆိပ်တုံးပြန်ရဖို့အတွက် ဘုရင်တပ်ဖွဲ့တွေရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ်ဝေလငါးလိုက်ရှာရင်း ...
movie

The Pirates (2014)

1080p Bluray 5.1H
Horton Hears a Who! (2008) 7.8
Horton Hears a Who! (2008) IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး...ကျွန်တော်တို့လို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး...ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်...ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်.. ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကိုအမှတ်မထင်တွေ့သွားပါတယ်...မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့..... ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး... တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ...ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်းအတွေးပွားစေလိုပါတယ်... ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီးကြည့်ရှုခံစားလိုကိကြပါဦး...(သေးသေးလေးတွေတော့ ထပ်သွားတယ် )(ဇာတ်ကားအတွက် ...
movie

Horton Hears a Who! (2008)

2008
1080p Bluray 5.1H
Meet Joe Black (1998) 7.2
Meet Joe Black (1998)   ဒီတစ်လော မင်းသားကြီး Brad Pitt ရဲ့ ရုပ်ရှင်ကားတွေပြန်ကြည့်ဖြစ်ရင်း Meet Joe Black ဆိုတဲ့ ကားကိုCM မှာ တင်ပေးဖို့ သတိထားမိသွားပါတယ်ဒီကားကို တိပ်ခွေခေတ်က ခဏ ခဏ ကြည့်ဖူးပါတယ်DVD ခွေတွေ ထွက်တဲ့အခါလဲ BluRay အခွေဝယ်သိမ်းတဲ့ အထိ ကြိုက်ခဲ့မိပါတယ်...ဒီရုပ်ရှင်ကားမှာ မင်းသားကြီး Brad Pitt သရုပ်ဆောင်တဲ့အချိန်က ၁၉၉၈ ခုနှစ်ဖြစ်ပြီး Brad Pitt ရဲ့ အသက်က၂၁ နှစ်ပဲ ရှိပါသေးတယ်...နာမည်ကျော်မင်းသားကြီး ရဲ့ ငယ်ရွယ်နုပျိုချောမောနေမှုကပျိုတိုင်း ယိုင်လဲလောက်ပါတယ်...အပြုံး အကြည့် ခပ်ပေပေ ပုံစံလေးတွေက အစဆွဲဆောင်မှု ရှိနေတာမျိုးပေါ့...ဒီရုပ်ရှင်ကားကလဲ မိသားစုလိုက်ကိုကြည့်သင့်တဲ့ ကားမျိုးဗျ မိသားစု မေတ္တာကိုပိုအသားပေး ထားတာမျိုးပဲဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော်စပွိုင်လာ ဖြစ်ချင်လဲ ဖြစ်နိုင်တာမို့ ကြည့်ဖို့ ရည်ရွယ်ထားရင်ဆက်မဖတ်နဲ့တော့....ဆက်သွယ်ရေးလုပ်ငန်းကြီး တစ်ခု ရဲ့ ဥက္ကဌ ဖြစ်သူ ဘေးလ် ဟာတစ်ညသော ...
movie

Meet Joe Black (1998)

1998
1080p Bluray 5.1H
The Emoji Movie (2017) 5.7
The Emoji Movie (2017) လူတိုင်း အသုံးပြုနေတဲ့ Emoji လေးတွေ အကြောင်းလေ့လာ စမ်းစစ် ဖူးပါသလား...ဥပမာ တစ်နေ့ကို Emoji ဘယ်နှစ်ခုသုံးတယ်ဘယ် Emoji ကို အသုံးများနေတယ် ဆိုတာကိုပေါ့ဒီ The Emoji Movie မှာတော့ လူတိုင်းရဲ့ ဖုန်းတစ်လုံးဆီမှာEmoji လေးတွေ ရဲ့ ကမ္ဘာရှိပါတယ်ဒစ်ဂျစ်တယ် ကမ္ဘာပေါ့အဲ့ဒီ ဒစ်ဂျစ်တယ် ကမ္ဘာလေးတွေထဲက Emoji တွေဟာလူတစ်ယောက်စီ တိုင်းအတွက် အလုပ်လုပ်ပေးရပါတယ်Emoji ဌာန တွေ ရှိပြီး စနစ်တကျ စည်းမျဉ်းအတိုင်းသွားရပါတယ်အကယ်၍များ သင် ဖုန်းကနေ တစ်ယောက်ယောက်ကိုEmoji မှားပို့လိုက်တာ ဆိုရင် Digital World ထဲက Emojiတစ်ကောင်က အမှားလုပ်မိလိုက်တာ ဖြစ်ပြီး သူ့နေရာအစားထိုးခံရပြီး အလုပ်ပြုတ်သွားနိုင်ပါတယ် :Pကဲ Emoji လေးတွေ ဘယ်လို အလုပ်လဲ ကြည့်ဖို့အသင့်ပဲလားဒီရုပ်ရှင်ကားကို Aye Mon Kyaw က ဘာသာပြန်ပေးထားပြီးThit San ...
movie

The Emoji Movie (2017)

2017
1080p Bluray 5.1H
So Young 2: Never Gone (2016) 6.2
So Young 2: Never Gone (2016)  Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ဂူဂူးလို့မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်အလွမ်းအဆွေးဇာတ်ကားလေးပါ။Kris ကကျေးလက်သူလေးတစ်ယောက်ကိုချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးသားလေးချောင်ဇောင်းအဖြစ်လည်းကောင်း….(ဂူဂူး)က ချစ်သူကိုချစ်လွန်းလို့ အရာရာကိုချစ်သူအလိုကျ မျက်နှာတစ်ချက်မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင်အဖြစ်လည်းကောင်းပုံဖော်ထားပါတယ်။အချစ်စစ်တို့သဘောအတိုင်းမဖြောင့်ဖြူးနိုင်တဲ့သဘောရှိတာမို့သူတို့ရဲ့အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ….။ဘယ်လိုကံကြမ္မာတွေပဲဖြစ်ဖြစ် ...အနားမှာရှိရှိ..မရှိရှိ..အချစ်ဆိုတာ ရင်ထဲမှာ ထာဝရကိန်းအောင်းနေမယ့် အမြဲမွှေးပျံ့နေမယ့် ပန်းလေးတစ်ပွင့်ပဲမဟုတ်ပါလား။ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အခန်းတိုင်းလိုလိုမှာ အလှအပ အရိုတွေချည်းပဲမို့Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..။  File size…(2 GB)and (1.3 GB) Quality…BluRay 1080p and 720p 5.1 CH Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe Myint Lwin
movie

So Young 2: Never Gone (2016)

1080p Bluray 5.1H
Thugs of Hindostan (2018) 4.1
Thugs of Hindostan (2018) ၂၀၁၈ က ရုံတင်ခဲ့တဲ့ အာမာခန်း နှင့် အမီတာဘာချမ်း တို့ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားတဲ့ Thugs Of Hindostan ကိုCM Fan တွေ အတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေကကျွန်အရောင်းအဝယ် ကုန်သွယ်မှုတွေ အပြင် တစ်ဖြေးဖြေး စီးနင်းလာတဲ့အခါမျိုးချစ်စိတ် ရှိတဲ့ ဘုရင့်အမျိုးအနွယ်တွေက ပုန်ကန်ဖို့ လုပ်ကြပါတယ်ဒါပေမဲ့ အရမ်းလည်လွန်းတဲ့ လူဖြူ အရာရှိ ကလိုက်ဖ် က အတော်များများကိုသတ်ပစ်ခဲ့ပါတယ်...အဲ့ဒီထဲကမှ ဘုရင်ကြီး တစ်ပါးရဲ့ သမီးဖြစ်သူ ဇာဖီရာ ဟာလူယုံတော်ကြီး အာဇတ် နဲ့ အတူ လွတ်မြောက်သွားခဲ့ပါတယ်..နှစ်ပေါင်းအတော်ကြာတဲ့ အခါ ပင်လယ်ဓါးမြကြီး ပုန်ကန်သူ အာဇတ် နဲ့အဖွဲ့ဖြစ်ပေါ်လာပြီး အင်္ဂလိပ်အစိုးရကို သွေးလန့်စေခဲ့ပါတော့တယ်...အင်္ဂလိပ်အစိုးရကလဲ သူတို့ အချုပ်အခြာ အာဏာ တည်မြဲရေးအတွက်အာဇတ် ကို ဖမ်းမိရဖို့အတွက် အတော်ဆုံးလူ လိုက်ရှာတဲ့အခါမှာတော့ပိုက်ဆံကလွဲပြီး ဘာမှ မသိ ...
movie

Thugs of Hindostan (2018)

2018
1080p Bluray 5.1H
The Tricky Master (1999) 6.0

The Tricky Master (1999)

1080p Bluray 5.1H
Justice, My Foot! (1992) 7.0
Justice, My Foot! (1992) Justice, My Foot ဇာတ်ကားဟာ ၁၉၉၂ ခုနှစ်ကထွက်ရှိထားတဲ့နှစ်ချို့ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။IMDb rating 7/10 ထိရရှိထားပြီး ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ ဟာသမင်းသားကြီး စတီဖင်ချောင်နဲ့Anita Mui တို့ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... Sung ဟာဘယ်လိုနည်းနဲ့ဖြစ်ဖြစ်အမှုအနိုင်ရအောင်လုပ်တက်တဲ့ကွမ်တုန်းနယ်က နာမည်ကြီးရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လဲ သူ့သားသမီးတွေဟာ ဘေးရန်ကျရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ အသက်ဆုံးရှုံးရရှာပါတယ်။၁၃ယောက်မြောက်ကလေးသေဆုံးပြီးနောက်တော့ စိတ်ပျက်ပြီး အလုပ်မှနားကာ ရေနွေးကြမ်းဆိုင်ဖွင့်လိုက်ပါတော့တယ်။ဒါပေမယ့် မစွန့်လွှတ်နိုင်တဲ့ဝါသနာအရ မိန်းမတစ်ဦးရဲ့ခင်ပွန်းအသတ်ခံရတဲ့အမှုတစ်ခုကိုပါဝင်ပက်သက်မိရာက........နောက်ကွယ်ကနေ အမှုမှန်ဖုံးကွယ်ဖို့ကြိုးစားနေတဲ့အရာရှိတွေနဲ့ ထိပ်တိုက်တွေ့လာသောအခါ...။ဇာတ်လမ်းစဆုံး စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် comedy,drama ဇာတ်ကားကောင်းလေးပါ။++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.org/category/stephen-chow/ မှာကြည့်လို့ရပါတယ်။  File size…(2.2 GB) and (1 GB) Quality….BluRay 1080p 5.1CH and 720p Format…mkv / mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ei Pyae  
movie

Justice, My Foot! (1992)

1992
1080p Bluray 5.1H
[18+] The Concubine (2012) 6.1
[18+] The Concubine (2012) ငယ်စဉ်ကအတူကြီးပြင်းလာခဲ့တဲ့ချစ်သူနဲ့ ကိုယ်ဝန်ရခဲ့သော်လည်း ဖခင်အမတ်ကြီး အသတ်ခံရမှာစိုးတဲ့အတွက် မိဖုရားဖြစ်လာခဲ့သူ ဟွယွန်ဟွယွန်ကို ငယ်စဉ်ကတည်းက စိတ်ဝင်စားသော်လည်း လက်လွတ်ခဲ့ရပြီး ဘုရင်ဖြစ်လာမှ မရမကယူချင်နေတဲ့ ဆောင်ဝမ်အမတ်ကြီးသမီးနဲ့ချစ်မိလို့ ယောက်ကျားစစ်စစ်ဘဝဆုံးရှုံးလိုက်ရပြီး လက်စားချေဖို့အတွက် နန်းတွင်းထဲကို ကုန်းကုန်းအဖြစ် ဝင်ရောက်လာသူ ကွမ်ယိုအာဏာမက်မောလွန်းတဲ့အတွက် လက်ရှိဘုရင်ကိုသတ်ပြီး သားဖြစ်သူ ဆောင်ဝမ်ကို ရုပ်သေးဘုရင်အဖြစ် အသုံချပြီး နန်းတော်ကိုချယ်ခြယ်နေတဲ့ မယ်တော်ကြီးအဲဒီ ဇာတ်ကောင်တွေဦးဆောင်တဲ့ဒီဇာတ်ကားဟာ အာဏာ၊ တဏှာ၊ အချစ်၊ မိခင်မေတ္တာနဲ့ လက်စားချေမှုတို့ကို ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အာဏာဟာ လူတွေကို ဘယ်လောက်စေစားနိုင်လဲ၊ လူတွေကို ဘယ်လိုရူးသွပ်သွားစေနိုင်လဲဆိုတာ တွေ့ရမှာပါ။ ဒါ့အပြင် မိန်းမတွေရဲ့စိတ်ဓါတ်ဟာ ဘယ်လိုရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ မင်းသမီး Jo Yeo-jeong ကတော့ တီဗွီက ဇာတ်လမ်းတွဲတွေထဲမှာ မြင်ဖူးကြမှပါ။ဒီကားမတိုင်ခင်က Servant(2010) မှာကတည်းက လူတွေစိတ်ဝင်စားခဲ့တဲ့ Jo Yeo-jeong ဟာ ဒီ The Concubine(2012) ထွက်အပြီးမှာတော့ ...
movie

[18+] The Concubine (2012)

1080p Bluray 5.1H
CJ 7 (2008) 6.5
CJ 7 (2008)  Cj7 (2008) 🤖 Imdb_6.5အထိရရှိထားပြီး ချောင် ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ၊သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးကားတစ်ကားပဲဖြစ်ပါတယ်။ 2008 ခုနှစ် Janauary 31 ရက်နေ့ မှာ ဟောင်ကောင်၌ ထွက်ရှိခဲ့ပြီး စိတ်ကူးယဉ်ဆန်တဲ့ ပညာပေး၊ရသပေး ဇာတ်ကားလေးပါ။ဇာတ်ညွှန်းရေးသူက ချောင် အပါအဝင် ၆ ယောက်နီးပါးရှိပါတယ်။ အမေရိကန် အခြေစိုက် Columbia Pictures မှ ထုတ်လုပ်ဖြန့်ဝေခဲ့ ပြီး ဇာတ်ကားဘက်ဂျက် USD $20 မီလံယံ ခန့် ကုန်ကျသော်လည်း Box Office မှာ USD $47 မီလံယံ (၂ဆကျော်) နီးပါး ပြန်ရခဲ့ပါတယ်။ ××××××××× Plot,, Single Father ဖြစ်တဲ့ Chow ဟာ တစ်ဦးတည်းသော သူ့ရဲ့သားလေး (ရှောင် တီ) ကို ပညာ တတ် ဖြစ်စေချင်လို့ သူဌေးသားတွေတက်တဲ့ International Private School မှာ ထားပါတယ်။ ချောင် ရဲ့ ...
movie

CJ 7 (2008)

2008
1080p Bluray 5.1H
Mulan (2020) 8.0
Mulan (2020) မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မူလန် ထွက်လာခဲ့ပါပြီ ရုံတွေ ပိတ်ထားလို့ Disney+ မှာပဲ တင်ခဲ့ပြီး လောလောဆယ် 720P Version ပဲ ရရှိအုံးမှာပါ မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) က အကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်... Mulan ဇတ်ကောင် အနေနဲ့ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို ခနခန Reversion Live Action တွေ ပြန်ရိုက်လဲ ပရိတ်သက်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇတ်ကောင်တစ်ခုပါ တရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေ ယောင်္ကျားသားတွေ ကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့ အခါ မကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် က ယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီး စစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်.. ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ ...
movie

Mulan (2020)

2020
1080p Bluray 5.1H
Tangled 2010 7.7
Tangled 2010 ဟိုးရှေးရှေးတုန်းက နေ‌ရောင်ခြည်လေးတစ်စက်ဟာ ကောင်းကင်ပေါ်ကနေ လူ့ပြည်ကိုကျလာခဲ့ဖူးသတဲ့ အဲ့ဒီနေစက်လေးကနေ မှော်ဝင်ရွှေရောင်ပန်းလေးတစ်ပွင့်ဖူးပွင့်ခဲ့ပြီ သူ့မှာ ဖျားနာ ဒဏ်ရာ နာကျင်မူတွေကိုကုသပေးနိုင်စွမ်းရှိလေသတဲ့ .... ပြူတင်းပေါက်လေးနေ ဟိုးအဝေးကိုလှမ်းမျှော်ကြည့်ခဲ့ရတဲ့နေ့ရက်တွေ... ဘယ်ဆီကိုမှန်မသိ မှန်းမျှော်ခဲ့ရတဲ့အချိန်တွေ.. အခုတော့ ရည်ရွယ်ရာဆီရောက်ခဲ့ပြီ.. မြူမှုန်တွေ ပင့်တင်လိုက်သလို.. အလင်းရောင်ကိုငါတွေ့ခဲ့ရပြီလေ...   ကောင်မလေးက- အမ်မက်တစ်ခုကို လိုလားတောင့်တခဲ့ပြီး အဲ့ဒီတစ်ခုအတွက်ကြိုးစားလျှောက်လှမ်းရင်း တစ်နေ့အဲ့ဒီပန်းတိုင်ကိုရောက်တဲ့အခါမှာကော ပျော်ရွှင်ရပါ့မလား မျှော်မှန်းထားသလိုကော ဖြစ်လာပါ့မလား ဖြစ်လာခဲ့ရင်ကော အဲ့ဒါပြီးရင် ဘာဆက်လုပ်ရမှာလဲ လို့မေးတဲ့အခါ ကောင်လေးက- အဲ့ဒီအတွက် ကောင်းကွက်ကတော့ မင်းနောက်အိမ်မက်တစ်ခုကိုမက်လို့ရပြီပေါ့... ငါ့ရဲ့အိမ်မက်အသစ်ကတော့ မင်းပါပဲ... အိုကေ Tangled ဆိုတာ 2010 တည်းကထွက်ခဲ့တဲ့ Animation Movie တစ်ခုပါ။ ဆံပင်ရှည်ကောင်မလေး နဲ့သူခိုးလေးတစ်ယောက်တို့ရဲ့ ဇတ်လမ်းလေးပေါ့ ဇတ်ကွက် အလှည့်အပြောင်းလေးတွေကတော့အားလုံး အလွတ်တောင်ရနေလောက်ပါပြီ။ ဒီဇတ်ကားလေးကို ဖန်များအကြည်ပြန်သိမ်းနိုင်ဖို့နဲ့ နောက်တစ်ကြိမ်ဟိုးတစ်ချိန်က ဆံပင်ရှည်နဲ့ကောင်မ‌လေးဇတ်ကားကို ပြန်ခံစားနိုင်ဖို့ ချန်နယ်မြန်မာကနေ တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇတ်ကားက Musical Animation တစ်ခုဖြစ်တာကြောင့် ဇတ်ကားထဲကသီချင်းများကိုလဲ အတတ်နိုင်ဆုံး မူရင်းအရသာမပျက်အောင် ဘာသာပြန်ထားပေးပါတယ်ခင်ဗျ။ "I See the Light" သီချင်းနဲ့ 54th Grammy Awards နဲ့ Best Song Awards ဆုတို့ရရှိခဲ့ပါတယ်။ Nominated များစွာဝင်ခဲ့ပြီး ဇတ်လမ်းတို Tangled Ever After ကို 2012 မှာထပ်ထွက်ခဲ့ပါသေးတယ်။ တကယ်တော့ ...
movie

Tangled 2010

2010
1080p Bluray 5.1H