Channel Myanmar

1080p HEVC

[18+] Silip (1985) Daughters of Eve 6.1
[18+] Silip (1985) Daughters of Eve ဒီကားကတော့ ဂန္တဝင်ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်....လူသားတို့ရဲ့ရမ္မက်နဲ့လိုအင်လောဘ ကြမ်းကြုတ်ရက်စက်တဲ့သဘောသဘာဝတွေကို ကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ကူးထားပြီး အသက်ဝင်လွန်းတာကြောင့်ရယ် သရုပ်ဆောင်တွေကြောင့်ရယ် ဘာဆင်ဆာမှာမဖြတ်ထားတာကြောင့်ရယ် နာမည်ကြီးခဲ့ပါတယ်။အီလိုကိုစ်ပြည်နယ်အစွန်အဖျားက ရွာလေးတစ်ရွာမှာရွာသူရွာသားတွေဟာလိင်မှုကိစ္စမှာပွင့်လင်းစွာ ဖြစ်ချင်တိုင်းဖြစ်နေကြပါတယ်။ အဲ့ဒီထဲမှာမှ အများသူငါလို ရမ္မက်စိတ်တွေကိုမျိုသိပ်ပြီး ရွာကကလေးတွေကိုဓမ္မပုစ္ဆာတွေ သင်ပေးနေတဲ့ တွန်ညာဆိုတဲ့မိန်းမလှလေးရှိပါတယ်။ အများလက်မခံနိုင်တဲ့အယူအဆတွေကိုသင်ကြားနေတဲ့ သူ့အပေါ်လိုသူတွေရှိသလို သူ့အလှအပကြောင့်မလိုသူတွေလဲရှိပါတယ်။တစ်နေ့တော့ရွာကနေထွက်ခွာသွားတာကြာပြီဖြစ်တဲ့ သူ့သူငယ်ချင်းဟောင်းအလှပဂေးတစ်ဦးလဲဖြစ်တဲ့ ဆယ်လ်ဒါဟာ အမေရိကန်သားချစ်သူတစ်ယောက်နဲ့အတူပြန်ရောက်လာချိန်မှာ ဒဏ်ရာဟောင်းတွေ အတိတ်ဇာတ်လမ်းဟောင်းတွေနဲ့အတူ ငြိမ်သက်နေတဲ့ တွန်ညာရဲ့ဘဝအပြင် သူတို့နှစ်ဦးရဲ့ အတိတ်ဇာတ်လမ်းထဲက အမျိုးသားတစ်ဦးဖြစ်တဲ့ ဆိုင်မွန်တို့ရဲ့ ဘဝတွေပါ လှုပ်ခတ်ဖို့ဖြစ်လာပါတော့တယ်။ ဆယ်လ်ဒါကတော့ တွန်ညာရဲ့စရိုက်နဲ့ဆန့်ကျင်စွာပွင့်လင်းမြင်သာရှိလွန်းလို့ပါပဲ။Silip: Daughters of Eve ဟာအဲ့ဒီခေတ်အခါမှာခေတ်စားနေတဲ့ လိင်အသားပေး Sexploitation films တွေထဲကအထင်ရှားဆုံးဥပမာ တစ်ခုဖြစ်ပြီး၊ ၁၉၈၂ ဖိလစ်ပိုင်ကိုယ်စားပြု Miss Universe ပြိုင်ပွဲဝင် Maria Isabel Lopez,နာမည်ကျော်အချိုရည်ကြေငြာအလှမယ် Sarsi Emmanuelle တို့အကြမ်းပတမ်းခေါင်းဆောင်ပါဝင်ထားပါတယ်။ရုပ်ရှင်ကားကြီးတစ်ကားလို့ မထင်နိုင်စရာပွင့်လင်းလွန်းတဲ့ လိင်ဆက်ဆံခန်းတွေ၊ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့မဖွယ်မရာ စကားပြော၊ အပြ၊ အပြုအမူတွေအပြင် သွေးထွက်သံယို သတ်ခန်းဖြတ်ခန်းတွေ ကြမ်းကြမ်းတမ်းတမ်းပါဝင်ပါတယ်။ 2007 dvd အနေနဲ့ထွက်ရှိအပြီး ကာလသားတွေကြားနာမည်ကြီးခဲ့တဲ့ဇာတ်ကားဖြစ်လို့ တစ်ချို့အခန်းတွေမှတ်မိတဲ့သူတွေမှတ်မိကြပါလိမ့်မယ်။ဖိလစ်ပိုင်ရဲ့ခေတ်ဟောင်းရုပ်ရှင်ကားဆိုပေမယ့် ...
movie

[18+] Silip (1985) Daughters of Eve

1080p HEVC
Rudhramadevi (2015) Rudramadevi 5.8
Rudhramadevi (2015) Rudramadevi အိန္ဒိယတောင်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရူဒမာဒေဗီဟာဆိုရင် အိန္ဒိယ သမိုင်းမှာ အုပ်ချုပ်ခဲ့တဲ့ အနည်းငယ်မျှသော ဘုရင်မတွေထဲကမှ ရူဒမာဒေဝီ ဘုရင်မ ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ငယ်ဘဝထဲက အခက်အခဲ အကြမ်းတမ်းစွာ ယောကျာ်းလေးဟန်ဆောင်ပြီး ဖြတ်သန်းခဲ့ရတဲ့ ရူဒမာဒေဝီ ၊ ငယ်ရွယ်စဉ်ဘဝထဲက မိန်းကလေး တန်မဲ့ မင်းသားတို့ တတ်အပ်တဲ့ အဌာရသ ၁၈ရပ်ကို ပင်ပန်းခက်ခဲ့စွာ သင်ကြားခဲ့ရတဲ့ ရူဒမာဒေဝီ အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာတော့ ပြိုင်ဘက် တိုင်းပြည်တွေကို ဘယ်လို ဖြိုခွင်းပြီး အခက်အခဲတွေကြားထဲက တိုင်းပြည်ကို ဘယ်လို ကာကွယ် စောင့်ရှောက်မလဲဆိုတာ.........။မင်းသမီး Anushka Shetty က ရူဒမာဒေဗီဘုရင်မအဖြစ် ပါဝင်ထားပြီး တောင်ပိုင်းရဲ့ Stylish Star မင်းသားအာလူးအာဂျွန်းကိုလဲ စတိုင်အပြည့်နဲ့ တွေ့မြင်ရမှာပါ။Action,Fantasy သဘောတင်ဆက်ထားတာမို့ ချခန်းဖိုက်ခန်းတွေကြိုက်ရင် မိုက်မှာပါ။ File size…(3.5 GB) / (1.6 GB) Quality…WEB-DL HEVC 1080p/720p Format…mkv/mp4 Duration….02:30:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Rudhramadevi (2015) Rudramadevi

1080p HEVC
Baazigar (1993) 7.8
Baazigar (1993) ရှရွတ်ခန်းကို ပေါက်သွားစေခဲ့တဲ့ ဒီဇာတ်ကားက မင်းသမီးကာဂျိုးနဲ့ရှရွတ်ခန်းတို့ ပထမဆုံးတွဲရိုက်ထားတဲ့ရုပ်ရှင်ကားပါ...နောက်မင်းသမီးတစ်လက်ဖြစ်တဲ့ Shilpa Shetty အတွက်လဲ ပထမဆုံးဇာတ်ကားဖြစ်ခဲ့ပြီး သူ့ကို Baazigar မင်းသမီးလို့ ပြောစမှတ်တွင်ရလောက်အောင် ဒီရုပ်ရှင်ကားနဲ့ ပေါက်ခဲ့ပါတယ်။ရုပ်ရှင်ကား ပုံစံလေးကတော့...ရှာရွတ်ခန်း ဟာ ငယ်စဉ်ကတည်းက နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်နေရတဲ့အချိန်ကနေ စပါတယ်...သူ့ဘဝဟာ ဆိုးလွန်းပါတယ်...ငယ်ငယ်ရွယ်ရွယ်နဲ့ သူများအိမ်မှာ တောက်တိုမယ်ရ အလုပ်တွေလုပ်...မိခင်ကြီးကို ဆေးဝယ်တိုက်စားစရာတွေ ဝယ်ကျွေးပြီး သူကျတော့ အငတ်ခံနေတတ်တဲ့ ကလေး တစ်ယောက်ပါ...သူတို့ မိသားစု ဘဝကိုပြန်တွေးကြည့်ရင် ရင်နာစရာ အတိပါပဲ..ရှရွတ်ခန်းတို့မိသားစုဟာ အရင်တုန်းက ပြီးပြည့်စုံ ချမ်းသာတဲ့ မိသားစုလေးပါ..ရှရွတ်ခန်း အဖေ နဲ့ အမေ ဟာ ကြင်နာသနားတတ်သူ သူတစ်ပါးကို ယုံပေးတတ်သူတွေဖြစ်တာကြောင့် အလုပ်သမား တစ်ဦးရဲ့ကောက်ကျစ်မှုနဲ့ ဖခင်ဖြစ်သူလဲ သေဆုံးခဲ့သလို ပိုင်ဆိုင်သမျှ အကုန်လုံးလဲ ပေးအပ်လိုက်ရပြီး လမ်းဘေးကို ရောက်ရှိခဲ့ရပါတော့တယ်..အမေဖြစ်သူခမျာမှာလဲ ယောင်္ကျားဖြစ်သူ သေဆုံးသွားတဲ့ စိတ်နဲ့ပဲ အိပ်ရာထဲ ...
movie

Baazigar (1993)

1993
1080p HEVC
Cleopatra (1963) 7.0
Cleopatra (1963) CLEOPATRA (1963)Cleopatra ဆိုတဲ့နာမည်ကို အထူးတလည်မိတ်ဆက်ပေးနေစရာမလိုပါဘူး။ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ လူတကာငေးရတဲ့အလှပိုင်ရှင်အဖြစ်၊ အီဂျစ်ဘုရင်မာယာရှင်အဖြစ် Cleopatra ကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။ Cleopatra ပါဝင်ကပြတဲ့ ကမ္ဘာ့သမိုင်းဇာတ်ကွက်က ကြီးကျယ်ခမ်းနားခဲ့သလို အဲဒီအကြောင်းကို ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဟာလည်း ရုပ်ရှင်သမိုင်းမှာဆိုစမှတ်ပြုရလောက်အောင် ကြီးကျယ်ခမ်းနားခဲ့ပါတယ်။Roman emperor ရဲ့အထင်ကရ စစ်သူကြီး Julius Caesar ဟာ ရန်သူတော် Pompey ကို တိုက်ခိုက်အနိုင်ယူလိုက်တဲ့ Battle of Pharsalus အပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Rome ရဲ့ အဓိကကုန်ဝင်ရာ နိုင်ငံဖြစ်တဲ့ Egypt မှာ Cleopatra ဘုရင်မနဲ့ မောင်ဖြစ်သူ Ptolemy တို့ထီးနန်းအတွက် တင်းမာနေတဲ့အခြေအနေကို Caesar ကဖြေရှင်းပေးဖို့ Egypt ကိုရောက်လာခဲ့ပါတယ်။ အချုပ်ပြောရရင် Cleopatra ကိုလုပ်ကြံရန်ကြိုးစားမှုနဲ့ Ptolemy နယ်နှင်ဒဏ်ပေးခံရပြီး Cleopatra က အီဂျစ်ရဲ့ဘုရင်မဖြစ်လာခဲ့တဲ့အပြင် Caesar နဲ့ Cleopatra ...
movie

Cleopatra (1963)

1963
1080p HEVC
[18+] Obsessed (2014) 6.2
[18+] Obsessed (2014) ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မျိုးတော့ ထူးခြားပါတယ်...မင်းသမီး Lim Ji-yeon ကလဲ အေးတိအေးစက် မထုံတတ်သေးနဲ့ Erotic ဆန်တဲ့ ဇာတ်ရုပ်ကို ချပြရာမှာသူ့ရဲ့ ပထမဆုံး Leading Role ဇာတ်ကားဖြစ်ခဲ့ပေမယ့် ပေါ်ပေါ်ထင်ထင်ပဲ ရိုက်ကူးထားပါတယ်...ထူးခြားတဲ့ တွဲဆက်မှုတွေနဲ့ ဒီကိုရီးယားဇာတ်ကားက ဖောက်ပြားတတ်တဲ့လူ့သဘောကိုအချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။(ယခင်တင်ဆက်ဖူးပေမယ့် ဘာသာပြန်စာတန်းထိုး လိုအပ်ချက်တွေရှိခဲ့လို့အခုအသစ်တစ်ဖန် ဘာသာပြန်တင်ဆက်လိုက်တာပါ။) File size…(1.6 GB)/(1.3 GB)/(650 MB) Quality….BluRay 1080p HEVC/ 1080p / 720p Format…mkv/mp4 Duration….02:13:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

[18+] Obsessed (2014)

1080p HEVC
Antim: The Final Truth (2021) 7.6
Antim: The Final Truth (2021) ဒီနေ့ပဲ ထွက်ရှိလာတဲ့ Bollywood ရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်...မင်းသား Salman Khan နဲ့ သူ့ယောက်ဖ Aayush Sharma တို့ အပြိုင်ကြဲထားတဲ့ Action,Crime,Drama ဇာတ်ကားလေးဖြစ်ပြီး IMDb Rating (7.6) ထိ ရရှိထားသလို ရုံတင်တုန်းကလဲ နာမည်ကြီးလူကြိုက်များခဲ့တဲ့ဇာတ်ကားပါ။လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေးတစ်ကွက်ရယ်ပါ။ ခြေမအထိ စီးကျနေတဲ့ ချွေးကို သုတ်ဖို့မအား၊ မြေကြီးထဲကပြူထွက်လာတဲ့ ကောက်ပဲသီးနှံလေးတွေက သူ့ခွန်အားပါ။ ဒါပေမယ့် သူဆုံးရှုံးလိုက်ရတဲ့ သူ့လယ်မြေပေါ်မှာပဲ အလုပ်ပြန်လုပ်ရတဲ့ သူ့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်စား ဝင်ခံစားကြည့်ရအောင်လား။ပုလ္လင်ပေါ်က မဆင်းခဲ့တဲ့ နပန်းချန်ပီယံကြီး၊ သမီးမိုက်တစ်ယောက်နဲ့ သား မလိမ္မာတစ်ယောက်ကို အရင်းတည်ပြီး အရင်းရှင်တစ်ယောက် ‌ခြေအောက်မှာ ပြားပြားဝပ်ခဲ့ရ။ ဘဝက ထိချက်နာလိုက်ပုံများ။လူငယ်ပီပီ ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်။ သူ့အဖေ နပန်းသမား ဘဝဆုံးနေသူကြီးနဲ့ မိသားစုကိုကယ်တင်ဖို့၊ ...
movie

Antim: The Final Truth (2021)

1080p HEVC
Bhajarangi 2 (2021) 8.0
Bhajarangi 2 (2021) စုန်းကဝေနဲ့ အိန္ဒိယရှေးဟောင်းကားကြိုက်သူတွေအတွက် ဘာခ်ျရမ်းဂီ ရဲ့ ဒုတိယမြောက်ကား ထွက်လာခဲ့ပြန်ပါပြီ။ ပထမကားကြည့်ဖူးတဲ့သူတွေ ရန်သူကို ဟာနုမာန် တူနဲ့ တိုက်ခိုက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်း ဒီအပိုင်း၂ မှာတော့ အရမ်းစိတ်နှလုံးကောင်းရှိတဲ့ အန်ဂျီဟာ မိန်းမယူဖို့ သူ့အမေရဲ့စေလွှတ်မှုကြောင့် အမရှိရာ ရွာကိုပြန်ပြီး ဖူးစာရှင်ရှာဖွေရင်း ဘယ်လိုဖူးစာရှင်နဲ့ကြုံတွေ့မှာလဲ။ အချစ်ခရီးလမ်းကဖြောင့်ဖြူးမှာလား ဆိုတာဆက်လက်ကြည့်ရပါဦးမယ်။ အိုဗာ တွေပါတယ်ဆိုပေမယ့် ဒိုင်ယာလော့တွေကောင်းတာမို့ စုန်းကဝေအက်ရှင်ကြိုက်သူတွေအတွက် စိတ်၀င်စားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေဦးမှာပါပဲ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung ဖြစ်ပါတယ်။) File size…(1.9 GB)/(1.1 GB) Quality….HDRip HEVC 1080p / 720p Format…mkv/mp4 Duration….02:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Lwin Htoo Aung
movie

Bhajarangi 2 (2021)

1080p HEVC
Satyameva Jayate 2 (2021) 5.5
Satyameva Jayate 2 (2021) Satyameva Jayate 22018 က ထွက်ရှိထားတဲ့ Satyameva Jayate ရုပ်ရှင် Remake သဘောမျိုးထွက်ရှိလာတဲ့ဇာတ်ကားပါ။Gabbar is back ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုလည်း Gabbar နောက်တစ်ယောက် ပေါ်ထွက်လာခဲ့ပါပြီ။ လောကကြီးရဲ့ မတရားမှုတွေက ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ။ ယှဉ်ပြိုင်တိုက်ခိုက်ချင်တဲ့ ကိုယ်တွေက အောက်ခြေ‌မှာ။ မကောင်းဆိုးရွား လူ့ရေပေါ်ဆီ အတ္တသမားတွေက ဟိုးအမြင့်မှာ။လူတွေလေးစားယုံကြည်တဲ့ တရားဥပဒေကရော သူတို့ကို အပြစ်ပေးနိုင်မှာတဲ့လား။ သူတို့ ပရောဂနဲ့ သေဆုံးသွားရတဲ့ အပြစ်မဲ့လူသားတွေရဲ့ သွေးတွေထဲက တချွင်ချွင်ကျလာတဲ့ ငွေသားတွေကိုသုံး၊ အသားတွေထဲကထွက်လာတဲ့ ဆီဦးထောပက်တွေစား၊ အရေခွံကနေထွက်လာတဲ့ ကတ္တီပါမွေ့ယာပေါ်ကျောခင်းလို့ သူတို့ပျော်နေကြပြီ။ ရပ်ကြည့်နေတဲ့ ခင်ဗျားက မခံချင်ဒေါသနဲ့ ဆတ်ဆတ်ခါနေတုန်းမှာ တရားဥပဒေက မြောင်းကြားထဲမှာ ရေပုတ်တွေအောက် စုံးစုံးမြုပ်ပြီး နင်းပြားရဲ့ လည်ပင်းကို တက်နင်းဖို့ အိပ်မက်မက်နေလေရဲ့။ဒါဆို ခင်ဗျားဘာလုပ်မလဲ။ လောကကြီးကို တိုင်တည်ပြီး ငိုကြွေးနေမလား။ ...
movie

Satyameva Jayate 2 (2021)

1080p HEVC
Marakkar: Lion of the Arabian Sea (2021) 6.8
Marakkar: Lion of the Arabian Sea (2021) ဒီတစ်ခေါက်မှာတော့ အိန္ဒိယနိုင်ငံရဲ့ဒဏ္ဏရီလာသူရဲကောင်းKunjali Marakkar IV ရဲ့ အိန္ဒိယနဲ့ပေါ်တူဂီကြား စစ်ပွဲ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်IMDB Rating 6.8 နဲ့ Facebook Rating 4.6/5 တောင်ရထားပြီးတော့ကုဋေပေါင်း 80-100ထိ အကုန်ကျခံရိုက်ကူးထားတဲ့အပြင် ရုံတင်ပြီး၁၀ရက်အတွင်းကို ကုဋေ ၅၀ လောက်ထိ ပြန်ရထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းပေါ်တူဂီနယ်ချဲ့တွေကို မျိုးရိုးစဥ်ဆက်လိုက်ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့တဲ့ Kunjali Marakkar မိသားစုဟာအနိုင်ရရှိမှုနောက်ကွယ်မှာ သားဖြစ်သူကို စတေးခဲ့ရတာတွေရှိပါတယ်သားဖြစ်သူရဲ့သွေးအိုင်ကို မျက်မြင်တွေ့လိုက်ရပြီးနောက်မှာ သာမန်ကုန်သည်ဘဝအဖြစ်သာနေထိုင်ကြပေမယ့်လည်း ပေါ်တူဂီဆိုရင်ဘယ်လောက်ပေးပေးပစ္စည်းမရောင်း အခြားနိုင်ငံကိုသာစိုက်ပျိုးတဲ့ပစ္စည်းရောင်းချတဲ့အထိ စိတ်ဓာတ်ခိုင်မာတဲ့မာရတ်ကာမိသားစု မနာလိုသူတွေမနှစ်သက်သူတွေနဲ့တွေ့ချိန်မှာဘာတွေဆက်ဖြစ်မှာလဲကျူးကျော်သူတွေကိုရော တိုက်ထုတ်နိုင်မှာလား ဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါ။ တော်လှန်ရေးအတွက် မိုတီဗိတ်လုပ်တဲ့စကားတွေက တကယ်ကိုပြောင်မြောက်လွန်းလှပါတယ်။ဇာတ်အိမ်နဲ့ခေတ်ဟောင်းကားကြိုက်တဲ့သူတွေကျေနပ်ရမှာအမှန်ပါပဲအညွှန်းကိုတော့ Lwin Htoo Aung ရေးသားထားပြီးတော့Lwin htoo aung, honeyey,Shwe Pyae နှင့် Thet Hnin Hsu တို့မှဘာသာပြန်ဆိုထားပါတယ် File size…748MB  / 1.37GB / 3.3GB Quality…720p HEVC ...
movie

Marakkar: Lion of the Arabian Sea (2021)

2021
1080p HEVC
Rumble (2021) 7.4
Rumble (2021) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကာတွန်းကားလေးကတော့"Rumble"ပဲဖြစ်ပါတယ် rumbleရဲ့ဇာတ်လမ်းအကျဉ်းကတော့နပန်းသတ်စူပါစတားချန်ပီယံတစ်ယောက်ဖြစ်တဲ့ တန်တက်ကူလာကပိုပြီးထင်ပေါ်ကျော်ကြားချင်တဲ့အတွက် သူရဲ့မွေးရပ်မြေကိုစွန့်ပစ်ခဲ့တယ်မြို့ရဲ့ကြယ်ပွင့်မရှိဘဲပရိတ်သတ်ကို ဆွဲဆောင်ဖို့မဖြစ်နိုင်တာကြောင့်မြို့တော်ဝန်က ယခင်ကကျော်ကြားခဲ့တဲ့ နပန်းနည်းပြတစ်ယောက်နာမည်ပေးထားတဲ့မြို့အားကစားရုံကိုဖျက်ပစ်ဖို့ ကြေငြာခဲ့ပါတယ် အဲ့ဒီအချိန်မှာ ယခင်နည်းပြဟောင်းရဲ့သမီးဖြစ်သူဝန်နီက အားကစားရုံ၊ သူတို့ရဲ့မြို့တော်နဲ့ အားကစားရုံမှာရှိနေတဲ့သူမအဖေရဲ့အမွေအနှစ်တွေကို ကယ်တင်ဖို့ စတီဗင်ဆိုတဲ့ အကကိုကြိုက်နှစ်သက်တဲ့မွန်းစတားတစ်ကောင်ရဲ့အကူအညီကိုရယူကာ ဘယ်လိုကကွက်ဆန်းတွေသုံးပြီးနပန်းသတ်ခိုင်းမလဲ ဒီအားကစားရုံကိုရော မြို့တော်ဝန်လက်ထဲကသူမပြန်ရမှာလား အကနဲ့နပန်းသတ်ချင်တဲ့စတိဗ့်တစ်ကောင်ရောဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်သွားရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီကာတွန်းက Monster on the Hill ကိုအခြေခံရိုက်ကူးထားပြီးအားကစားကြယ်ပွင့်များဖြစ်သည့် Charles Barkley, Stephen A, Smith ,Chris Eubanks,Roman Reigns တို့နဲ့ Becky Lynch တို့က အသံဖြင့်ပါဝင် သရုပ်ဆောင်ထားကြပါတယ်  File size…950MB /  1.91GB Quality…720p /  1080p HEVC AAC 5.1CH Format…Mp4 Duration….1h 44mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Amelia ~ Honeyey
movie

Rumble (2021)

2021
1080p HEVC
Bob Biswas (2021) 7.0
Bob Biswas (2021) Bob Biswas (2021)============================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Bob Biswas လို့အမည်ရတဲ့ crime thriller ရုပ်ရှင်အမျိုးအစားလေးကို တင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးကတော့ 2012 ခုနစ်မှာ ရိုက်ကူးခဲ့တဲ့ Kahaani အမည်ရတဲ့မှုခင်းရုပ်ရှင်ရဲ့ Spin-off အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ကမှ ပူပူနွေးနွေး ထွက်ရှိထားတာ ဖြစ်ပါတယ်ဒါ့အပြင် ရုပ်ရှင်နာမည်က Bob Biswas ဆိုတဲ့အတိုင်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘော့နေရာမှာသရုပ်ဆောင်ထားသူကတော့ အားလုံးချစ်ကြတဲ့ နာမည်ကျော်မင်းသား အမီတာဘချန်းရဲ့ သားဖြစ်သူအာဘီရှက်ခ်ဘချန်းက သရုပ်ဆောင်ထားမလို့ တစ်မူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေးကို မတိုမရှည်နဲ့ စလိုက်ကြရအောင်ယခင် 2012 က ထွက်ရှိထားတဲ့ Kahanni ရုပ်ရှင်ထဲမှာ ကားတိုက်ခံလိုက်ရတဲ့ ဘော့တစ်ယောက်ယခုထွက်ရှိလာတဲ့ Bob Biswas ရုပ်ရှင်ထဲမှာတော့ ၈ နှစ်ကြာ ကိုမာဝင်နေရာကနေ ပြန်လည်နိုးထလာခဲ့ပါပြီကိုမာကနေ ပြန်လည်နိုးထလာခဲ့ပေမဲ့ ဘော့ဟာ ...
movie

Bob Biswas (2021)

2021
1080p HEVC
Patiala House (2011) 5.6
Patiala House (2011) ဆို့ဆို့နင့်နင့်နဲ့ ဖော်ကျူးထားပေမဲ့ မေတ္တာတရားနဲ့ အနစ်နာခံမှုတို့ကို ကြည်နူးဖွယ်ဖော်ပြပေးသွားနိုင်တဲ့ ဇာတ်ကားမျိုးဆိုလျှင် သင် မကြည့်ချင်ဘူးလားမိတ်ဆွေ။ (ဇာတ်လမ်းအကျဉ်း) အိန္ဒိယနိုင်ငံရဲ့ တောင်ပိုင်းဒေသလေးမှာ ဂတ်တူ ဟာ ကုန်စုံဆိုင်ပိုင်ရှင်အဖြစ် လူသိများခဲ့ပါတယ်။ လူသိမများတာကတော့ သူဟာ နာမည်ကျော် ခရစ်ကတ်ကစားသမား ဖြစ်ခဲ့ခြင်းကိုပါ။ ခရစ်ကတ်ကစားခြင်းဟာ ဂတ်တူအတွက် ရွှေရောင်လင်းလက်တဲ့အိပ်မက်ငယ်လေးပါ။ ဂတ်တူဟာ မိသားစုရေးရာမှာလည်း အဖေချစ်သားအဖြစ်နဲ့ အဖေ့စကား မပယ်ရှားဝံ့တဲ့သားလိမ္မာအဖြစ် ချီးကျုးခံရခဲ့တယ်။ အတိတ်မှာဖြင့် ဂတ်တူရဲ့ဦးလေးဟာ ဗြိတိသျှတွေရဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ရင်း အသတ်ခံခဲ့ရပါတယ်။ အဲဒီ့နောက် ဂတ်တူအဖေဟာ ဗြိတိသျှတွေနဲ့ ပတ်သက်သူမှန်သမျှကို မျက်မုန်းကျိုးခဲ့ရင်း အရိုးစွဲမူဝါဒအဖြစ် စွဲကပ်ကျန်နေခဲ့ပါတော့တယ်။ ထို့နောက် ဂတ်တူကိုလည်း ခရစ်ကတ်ကစားခွင့်ကို ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်။ ဒါဟာ လောင်းရိပ်မိနေတဲ့ဂတ်ဒူအတွက် အဆိပ်ရည်လောင်းပစ်သလိုပါပဲ။ အဖေကို ချစ်လွန်းပြီး အဖေ့အတွက် သားလိမ္မာဖြစ်နေသော ဂတ်တူအတွက်တော့ အိပ်မက်ကိုသာလျှင် ရေစုန်မျောလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ဂတ်တူဟာ မောင်နှမတွေရဲ့ငြိုငြင်မှုကိုခံခဲ့ရတယ်။ ဂတ်တူဟာ အဖေရဲ့ဥပမာပေး သားဖြစ်သလို မောင်နှမတွေရဲ့ စိတ်ဆန္ဒတားဆီးသူလို့ အပြစ်တင်ခံနေရသူပါ။ တစ်နေ့မှာတော့ သတင်းစဉ် တစ်ခုမှာ အင်္ဂလန်အသင်း ခရစ်ကတ်ကစားသမား တစ်ယောက်အလိုရှိနေခြင်းကို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဂတ်တူ အတွက်တော့ ပန်းခြံလေးမှာခိုးပစ်ကစားနေခြင်းထက် မထူးဆန်းလှတော့ပါဘူး။ တကယ်တော့ ပျက်သုန်းနေတဲ့အိပ်မက်ကို သူ့အဖေ ရှူးဖိနပ်အောက်မှာပဲထားချင်ခဲ့သူပါ။ သို့ရာတွင် ---- မပြီးဆုံးသေးတဲ့ အိပ်မက်အပိုင်းအစကို ဆက်ပေးချင်တဲ့လူနှစ်ဦး ပေါ်ပေါက်လာခဲ့ပါတယ်။ ဇီးနဲ့ ဆိုင်ရမ် တို့မောင်နှမနှစ်ဦးပါ။ ဇီး ကလည်း ခရစ်ကတ်ကစားသမား ဖြစ်ချင်လွန်းသူတစ်ယောက်ပါ။ ဇီးက ဂတ်တူရဲ့နောက်ကြောင်းကိုသိရှိပြီး အင်္ဂလန်ကစားသမားအဖြစ် ခရစ်ကတ်ပြန်ကစားရန် တိုက်တွန်းခဲ့သည်။ ဆိုင်ရမ် မိန်းမချောလေးကလည်း ဂတ်တူရဲ့အိပ်မက်အား ပြန်လည်ထူမတ်ပေးရန် ကြိုးစားခဲ့သည်။ သို့သော် ----????? ဒီဇာတ်ကားလေးမှာဖြင့် ဂတ်တူ ရဲ့ဒွိဟစိတ်တွေနဲ့ သူရဲ့ဘဝရဲ့ကြမ္မာကို ဘယ်လိုများ အဆုံးသတ်စေခဲ့မှာလဲ။ အိပ်မက်တွေကိုပဲ အဆုံးသတ်စေခဲ့မှာလား။ ပြန်လည်ရှင်သန်စေခဲ့မလား။ ထို့ပြင် အဖေကို ချစ်လွန်းအားကြီးလှသော သားတစ်ယောက်အနေနဲ့ မိသားစုရေးဆိုင်ရာတွေက မည်သို့ဖြစ်စေခဲ့မည်နည်း။ အဖေ့အတွက် ဂတ်တူဟာ မည်သို့သော အင်အားမျိုးနှင့် မြင်တွေ့ရမည်နည်း။ ခရစ်ကတ်နဲ့ အဖေ / အဖေနဲ့ ခရစ်ကတ် ကြားမှာ ဆုံးဖြတ်ရခက်ခဲ့တဲ့သားတစ်ယောက်၊ နှလုံးသားအပိုင်းပိုင်းအစစနဲ့ အဖေချစ်သားတစ်ယောက်အတွက် ကံကြမ္မာ ကဘယ်လိုများအဆုံးသတ်ပေးခဲ့မလဲဆိုတာ ရင်မောဖွယ် ကြည့်ရဦးမှာပါ။ ဒီဇာတ်ကားလေးဟာဖြင့် စိတ်ဓာတ်တို့ လွန်ဆွဲမှုဆန်ပြီး မေတ္တာတရားနဲ့ အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကြိုးစားအားထုတ်မှု၊ မြတ်နိုးတန်ဖိုးထားတတ်မှုတို့ ရောပြွမ်းနေတဲ့ ကြည်နူးဖွယ် ဇာတ်ကားကောင်းလေးပါ။ လူမျိုးရေးခွဲခြားမှုနဲ့ အရည်အချင်း တို့အားပြိုင်မှုတို့ကိုလည်း တစ်စိတ်တဒေသ ...
movie

Patiala House (2011)

1080p HEVC
Pariyerum Perumal (2018) 8.8
Pariyerum Perumal (2018) Pariyerum Perumal(2019)Tamil အချစ်ကားကောင်းကောင်းလေး စောင့်မျှော်နေတဲ့သူတွေအတွက်IMdb Rating 8.8 နဲ့ Rotten Tomatoes မှာAudience Score 87% ရထားတဲ့ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယနိုင်ငံရဲ့ အဓိကပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ဇာတ်နိမ့်ဇာတ်မြင့်ကွာခြားမှုကြားက ပေါ်ပေါက်လာတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါပုံမှန်ကျွန်တော်တို့ကြည့်ဖူးနေကျ ဒီလိုအချစ်ဇာတ်လမ်းတွေနဲ့မတူတာဘာလဲဆိုတော့ ဗြုန်းစားကြီး ဇာတ်တွေနာ ချစ်ကြိုက်ခွဲခွာ အဲ့လိုပုံစံမျိုးမဟုတ်ဘဲသူတို့နိုင်ငံမှာ အရမ်း Sensitive ဖြစ်တဲ့ ဒီလိုပြဿနာတစ်ခုကိုသိမ်သိမ်မွေ့မွေ့ချည်းကပ်ပြီး ရိုက်ပြသွားနိုင်တာပါKarnan ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Mari Selvaraj ရဲ့လက်ချိုးရေလို့ရတဲ့ ဇာတ်ကားတွေထဲက တစ်ကားပါပဲသူ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ထားတယ်လို့လည်း သိရပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ပြောရရင်တော့ တောရွာကရိုးသားတဲ့ကောင်လေးတစ်ယောက်ဥပဒေကောလိပ်သွားတက်ပြီး ကောင်မလေးတစ်ယောက်နဲ့ချစ်မိသွားတဲ့ ဇာတ်လမ်းမျိုးပါသုံးထားတဲ့သီချင်းတွေလည်း တော်တော်ကောင်းပါတယ်ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တစ်ကားလုံးသာပြီးသွားတယ်ချစ်တယ်ဆိုတဲ့စကားကိုတော့ တစ်ခွန်းမှပြောမသွားကြပါဘူးဂုဏ်သိက္ခာရှိတယ်ဆိုတဲ့ စကားလုံးရဲ့ တကယ့်အဓိပ္ပါယ်ကိုဖော်ကျူးရိုက်ပြသွားတယ်လို့ ကျွန်တော်တော့ခံစားရတယ်သို့ပေမဲ့လည်း လစ်ဟာချက်တွေလည်း အနည်းငယ် ရှိနေတာမလို့၁၀၀ % ကောင်းတယ်လို့မှတ်ချက်ပြုလို့မရပေမဲ့ဆုများစွာ ရရှိထားတဲ့ကားဆိုတော့ ကြည့်ရှုသင့်တဲ့ထဲပါတယ်လို့ အကြံပြုချင်ပါတယ်(အညွန်းနဲ့ဘာသာပြန်ကတော့ Amelia ပါ)  File size…2.47GB ...
movie

Pariyerum Perumal (2018)

2018
1080p HEVC
Dhamaka (2021) 9
Dhamaka (2021) Dhamaka (2021)Bollywood ရဲ့ နောက်ထပ် remake တစ်ကားလာပါပြီ။The Terror Live ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာပါ။ဒီတစ်ခါတော့ နယ်ကျော်ပြီး ကိုရီးယားရဲ့ 2013 ခုနှစ်ထွက် The Terror Live ကိုလှမ်း remake လုပ်ထားတာပါ။ ဒါပေမယ့် ကြည့်ရတဲ့ရသကတော့ တူမယ်မထင်ပါဘူး။ ဇာတ်ကားတစ်ကားကို မင်းသားမင်းသမီးကွဲရင်တောင် ခံစားရတဲ့ရသ ကွဲသေးတာမို့ နိုင်ငံခြားပါပြီဆိုမှတော့ အကုန်ကွဲပဲမဟုတ်လား။ဒီတော့ ဘာတွေကွဲလည်းသိရအောင် ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်တော့ ..။အစီအစဉ်တင်ဆက်သူအနေနဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ Arjun .. ဘယ်လောက်တောင်နာမည်ကြီးခဲ့လဲဆိုရင် “သူပြောသမျှကအမှန်” ဆိုပြီးတော့တောင် အဆိုရှိတယ်။ ဒီလိုနာမည်ကြီးသူတစ်ယောက် တစ်ရက်မှာ TV အစီအစဉ်တင်ဆက်သူအဖြစ်ကနေ အသံလွှင့်အစီအစဉ်ကိုရာထူးချခံရ၊ ချစ်ရတဲ့ သတင်းထောက်မလေးနဲ့ကလည်း အဆင်မပြေ .. ဂြိုလ်ဆိုးများအပေါင်းအဖော်နဲ့ဝင်တယ်ဆိုသလိုပဲ ဒီလိုအဆင်မပြေတာတွေဖြစ်နေရတဲ့အထဲ တစ်နေ့မှာ ပက်လယ်ကူးတံတားဖောက်ခွဲခံလိုက်ရပြီး အကြမ်းဖက်သမားက Arjun တို့စတူဒီယိုကိုဖုန်းဆက်ပါလေရော ..အစိုးရအပေါ် ...
movie

Dhamaka (2021)

2021
1080p HEVC
Aranmanai 3 (2021) 4.3
Aranmanai 3 (2021) Aranmanai 3 (2021)Aranmanai ဇာတ်ကားတွေဟာ sequel အနေနဲ့ထွက်လာတာဟာဆိုရင် အခုဆို ၃ ကားမြောက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ တမီးလ်လူထုရဲ့လူကြိုက်များသဘောကျတဲ့သရဲကားကောင်းဖြစ်တာနဲ့အညီ တစ်ကားပြီးတစ်ကားရိုက်ထုတ်ရတဲ့ ကားကောင်းလေးဖြစ်တာနဲ့အညီ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ်ဟာ သိပ်ပြောစရာမရှိတဲ့ကားလေးဖြစ်ပါတယ်။တမီးလ်ရုပ်ရှင်လောကရဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားသလို တမီးလ်သရဲကားတိုင်းရဲ့ဇာတ်လိုက်ကျော် ကိုဘရိတ်ကီးပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုညွှန်းရမယ်ဆိုရင်ဖြင့် သရဲခြောက်တဲ့ဟော်နန်းကြီးတစ်ဆောင်နဲ့ ဘယ်လိုခြောက်လို့ ဘာကြောင့်ခြောက်မှန်းမသိရတဲ့ပုစ္ဆာတစ်ခု၊ ဟော်နန်းကြီးမှာသရဲခြောက်တယ်ပြောလို့ငယ်စဉ်ကတည်းက ဟော်နန်းပိုင်ရှင်ဖခင်ဖြစ်သူရဲ့ဖယ်ကြည်ခြင်းကိုခံရတဲ့ကောင်မလေးတစ်ယောက်၊ ထိုကောင်မလေးလိုကိစ္စရပ်မျိုး ထိုဟောနန်းကြီးမှာနောက်ထပ်မွေးဖွားလာတဲ့ကလေးမငယ်‌လေးမှာလည်းကြုံတွေ့လာရတဲ့အခါ ဟော်နန်ကြီးကို သရဲခြောက်တယ်ပြောပြီးရောင်းစားဖို့ကြံနေတဲ့ဦးလေးဖြစ်သူနဲ့ မည်သို့မည်ပုံစခန်းဆက်ရမယ်၊ သရဲဘာလို့ခြောက်ရတယ်၊ ဇာတ်ရှုပ်‌တွေအကုန်ဘယ်လိုဇာတ်ထုတ်ပြေသွားမယ်ကိုတော့ ၂၀၂၁ ခုနှစ်မှာထွက်ရှိလာတဲ့ Aranmanai ဇာတ်ကားကောင်းလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်ကားကို အညွှန်းရေးပေးထားသူကတော့ San Thu Aung ဖြစ်ပြီး ဘာသာပြန်ဆိုရေးသားပေးထားသူကတော့ Alias နဲ့ San thu Aung ပဲ ဖြစ်ပါတယ်)Size -  2.3 GB, 1.3GB Quality - 1080p HEVC, 720p IMDb Rating - 4.3/10 Format - mp4 Duration ...
movie

Aranmanai 3 (2021)

1080p HEVC