Channel Myanmar

4K HEVC

Oblivion (2013) 7.0
Oblivion (2013) Oblivion (2013) IMDb - 7.0/10_____Rotten - 53%၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့....။ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။ File size…(3.8 GB)/(1.3 GB) /(830 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:04:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Oblivion (2013)

2013
4K HEVC
Atomic Blonde (2017) 6.7
Atomic Blonde (2017) Atomic Blonde (2017) IMDb - (6.7) /RottenTomatoes - 79%အကယ်ဒမီဆုရှင် မင်းသမီးချော Charlize Theron သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းကားပါ။ လျှို့ဝှက်အေးဂျင့်တစ်ယောက် ထူးဆန်းစွာ အသတ်ခံလိုက်ရတဲ့အတွက် အစိုးရအနေနဲ့ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ MI6 အဆင့်ရှိ အေးဂျင့်တစ်ယောက်ကိုရွေးချယ်လိုက်တယ် သူကတော့ Charlize Theron...... သူမဟာ အမှုစုံစမ်းဖို့ ဘာလင်ကိုရောက်ရှိလာခဲ့တယ်.... တကယ်တော့ အေးဂျင့်သတ်ခံရမှုဟာ သူမ ထင်ထားတာထက် လျှို့ဝှက်နက်နဲနေပါတယ်... သူမ ရင်ဆိုင်ရတဲ့အဖွဲ့အစည်းက အင်အားကြီးသလို မထင်ထားတဲ့သူတွေလည်း ပါဝင်ပတ်သက်နေလေတော့ သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ .... အခက်အခဲတွေကြားက ရုန်းထွက်နိုင်မလားဆိုတာကိုတော့..... Charlize ရဲ့ အလန်းစားဖိုက်တင်ခန်းတွေပါကြည့်ရမဲ့အပြင် Professor X အဖြစ် လူသိများတဲ့ James McAvoy ရဲ့ သရုပ်ဆောင်ချက်တွေကိုပါ ကြည့်ရှူရမှာပါ။R Rated ဇာတ်ကားဖြစ်လို့ အကြမ်းအရမ်းခန်းများများနဲ့ ကလေးသူငယ်တွေတော့ မကြည့်သင့်ပါဘူး။ File size…(4.8 GB)/(1.6 GB) /(930 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:54:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

Atomic Blonde (2017)

2017
4K HEVC
Gemini Man (2019) 5.7
Gemini Man (2019) ဝယ်လ်စမစ်ရဲ့ Action,Adventure,Sci-Fi အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။အက်ရှင်အသားပေးနဲ့ သိပ္ပံစိတ်ကူးယဉ် နည်းနည်းဆန်ပါတယ်။ဟင်နရီဟာ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အတော်ဆုံး လုပ်ကြံရေးသမားပါ။သူအသက်ရလာလို့ အငြိမ်းစားယူဖို့ ဆုံးဖြတ်တဲ့အခါသူထင်သလို တကယ်အနားမယူနိုင်ပါဘူး။သူ့ရဲ့ နောက်ဆုံး စစ်ဆင်ရေးက ထင်တာထက် ပိုရှုပ်ထွေးနေခဲ့ပါတယ်။သူ့နောက်ကို လုပ်ကြံရေးသမားတွေ ပြန်လိုက်လာပြီးလိုက်သတ်ဖို့ကြိုးစားလာကြတယ်။ဒီတော့ သူ ဒါတွေကိုအလွတ်ရုန်းရင်းနဲ့ ဒီပြသနာတွေရဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာတော့....။ File size…(7.6 GB)/(1.9 GB) /(999 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:57:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie

Gemini Man (2019)

2019
4K HEVC
Varisu(2023) 6.5
Varisu(2023) Varisu (2023) Action, Drama IMDb 6.5/10 (30K)ခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့ မင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ရုံဝင်ငွေ ကုဋေ၃၀ ဝန်းကျင်အမြတ်ရခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်။ဖခင်နဲ့ ပြဿနာတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ ထွက်လာတဲ့ ဗီဂျေးဟာ ၇နှစ်အကြာမှာ မိသားစုထဲကို ပြန်ဝင်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်နဲ့အစ်ကိုနှစ်ယောက်က အစိုးရတင်ဒါကိစ္စအတွက် ပြိုင်ဘက်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်နေရပါတယ်။ဒါပေမဲ့ သူ့မိသားစုဟာ အလုံးစုံအန္တရယ်တွေနဲ့ ရင်ဆိုင်ရတော့မှာကို မသိရှိကြပါဘူး။ ဒီတော့ ဖြစ်လာမယ့်ဘေးဒုက္ခက ဘာတွေဖြစ်လာမလဲ။ သူကရော ဘာကြောင့် ၇နှစ်ကြာပြီးမှ အိမ်ကို ပြန်လာခဲ့တာလဲ။ လှည့်ကွက်တွေ မြှုပ်ကွက်တွေနဲ့ ကြည့်ရဦးမှာမို့ ရှုစားပေးကြပါဦးနော် File size…3.27GB / 1.4GB Quality…4k HEVC AMZ WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL~ Yunni ~ Khin Khin ~ ...
movie

Varisu(2023)

2023
4K HEVC
The Mummy (2017) 5.7
The Mummy (2017) အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ ...
movie

The Mummy (2017)

2017
4K HEVC
Battleship (2012) 5.8
Battleship (2012) Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ... သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့....စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ ... တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး...ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ...
movie

Battleship (2012)

2012
4K HEVC
Infinity Pool (2023) 6.7
Infinity Pool (2023) ဂျိမ်းစ်နဲ့ ဂက်ဘီတို့ လင်မယားဟာ စာရေးဆရာ ဂျိမ်းစ် .. သူ့ရဲ့နောက်ထွက်မယ့် စာအုပ်အတွက် ပြည်ပနိုင်ငံကကျွန်းတစ်ကျွန်းကို အလည်အပတ် ထွက်လာခဲ့ကြတယ်အဲဒီမှာ ဂျိမ်းစ်တစ်ယောက် သူ့ရဲ့ စာဖတ်ပရိသတ်လင်မယား နှစ်ယောက်နဲ့ဆုံမိခဲ့ရာကညစာတွေအတူစားရင်း ခင်မင်သွားတယ်..တစ်ခုရှိတာက သူတို့သွားတဲ့ နိုင်ငံဟာ တိုးတက်မှုမရှိ ယဉ်ကျေးမှု မရှိတဲ့နေရာဖြစ်လို့ ရာဇဝတ်မှုတွေ မကြာခဏဆိုသလို ဖြစ်သလို ..ခရီးသည်သဘောမကျတဲ့ နယ်ခံတွေကခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့ အရပ်ဒေသလည်းဖြစ်တယ် ...ဒါကို မဆင်မခြင်နဲ့ စုံတွဲနှစ်တွဲ ကားတစ်စီးငှားသောက်စားမူးရူးပြီး အပြန်လမ်းမှာနယ်ခံတစ်ယောက်ကို ကားနဲ့တိုက်ပြီးပြေးတယ် ...ဒါပေမဲ့ ဟိုလင်မယား ချောက်ချမှုကြောင့်စာရေးဆရာလင်မယား ဒုက္ခလှလှတွေ့သွားတယ်နိုင်ငံရဲ့ ဥပဒေအရ .. လူသတ်မှုကျူးလွန်ရင် တရားခံကိုသေတဲ့သူရဲ့ သားဖြစ်သူက သတ်ခွင့်ရှိပြီး သားမရှိရင် နိုင်ငံတော်က ကွပ်မျက်ပေးတယ် ..ဒီတော့ လူပေါင်းမှားတဲ့ ဂျိမ်းတစ်ယောက် ကူညီရာမဲ့ဖြစ်နေချိန်မှာသရက်ရှ်ဆိုတဲ့ စုံထောက်ဟာ ကမ်းလှမ်းချက်တစ်ခု လုပ်လာတယ် ..ဒါကတော့ သူတို့မှာသာ ငွေအလုံအလောက်ရှိရင်သူတို့ သေတာကို သူတို့ကိုယ်တိုင် ပြန်ကြည့်ခွင့်ရှိမယ်ဆိုတဲ့ စကားပါ ...
movie

Infinity Pool (2023)

2023
4K HEVC
Plane (2023)
Plane (2023) မင်းသားကြီး Gerard Butler ရဲ့ နောက်ဆုံးထွက် အက်ရှင်ရုပ်ရှင်သစ် လာပါပြီ။ ဒီကားကတော့ rating လည်းကောင်းသလို ပရိသတ်တွေလည်းအတော်ကြိုက်ကြပါတယ်။ တောရန့်ဆိုတဲ့ လေယာဉ်မှူးဟာ တော်ဝင်လေတပ်ထွက် စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး ပုဂ္ဂလိကခရီးသည်တင်လေကြောင်းလိုင်းမှာ ပိုင်းလော့လုပ်နေခဲ့တာပါ။ နှစ်သစ်ကူးအညမှာတော့ သူ့သမီးဆီကို မပြန်ခင် လေယာဉ်တစ်ခေါက် တိုကျိုကို ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုကျိုအသွားလမ်းမှာ မုန်တိုင်းကြောင့် ကျွန်းတစ်ခုပေါ် ထိုးဆင်းလိုက်ရပြီး လက်နက်ကိုင်ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ....File size…(1.9 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson 
movie

Plane (2023)

4K HEVC
Sakra (2023) 6.7
Sakra (2023) Sakra (Tin lung baat bou) (2023) ======================== IMDb Rating - 6.7/10ဒီနေ့မှာတော့ အသစ်စက်စက် ထွက်ရှိထားတဲ့ Donnie Yan ရဲ့ သိုင်းကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ။ မင်းသမီးလေးကလဲ ချန်ယွီချီ (yukee chen) ဖြစ်တာမို့ သရုပ်ဆောင်တွေနဲ့တင် ကြည့် ရတာ တကယ်တန်နေစေမှာပါ ။ဇာတ်လမ်းအကျဥ်း -မြောက်ပိုင်း စုန့်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူ ချောင်ဖုန်းဟာ သူရဲကောင်းတစ်ယောက်အဖြစ် သိုင်း လောကမှာ ကျော်ကြားခဲ့ပါတယ် ။ ဒါပေမဲ့ တစ်နေမှာတော့ ရုတ်တရက် ဆိုသလို ချီတန်း(မြောက်ပိုင်းတရုတ်နိုင်ငံရဲ့ လူမျိုးစုတစ်ခု) အဖြစ်စွပ်စွဲခြင်း ခံရတဲ့အပြင် သစ္စာဖောက်အဖြစ် သိုင်းလောက လူတိုင်းက သတ်မှတ်ခဲ့ ပါတော့တယ် ။ အမှန်တရားကို ရှာဖွေဖို့ သူတောင်းစားဂိုဏ်းကနေ ထွက် လာခဲ့ပြီး ခရီးလမ်းတစ်လျှောက်မှာ အညှိုးအတေးများကို ချောင်ဖုန်းတစ် ယောက် လက်စားချေခဲ့ပါတော့တယ် ။ အဲ့ဒီခရီးလမ်းမှာပဲ မုရုံအိမ်တော်မှ မိန်းမလှလေး အားကျူးနဲ့ မေတ္တာမျှကာ အတူတူ သိုင်းလောကမှာ ကျဥ် လည်ခဲ့ပါတယ် ...
movie

Sakra (2023)

2023
4K HEVC
Laththi Charge (2022) 7.7
Laththi Charge (2022) Laththi 2022 7.7 / 10 IMDb ဒီတစ်ခါမှာတော့ တောင်ပိုင်းအက်ရှင်ဇာတ်ကားကောင်းတွေဖြစ်တဲ့ Veeramae Vaagai Soodum, Enemy, Irumbu Thirai, Chakra, Action, Poojai အစရှိတဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲကိုထိုးဖောက်ခဲ့တဲ့ မင်းသားကြီးဗီရှယ် ( Vishal Krishna Reddy) ရဲ့ဇာတ်ကားကောင်းလေး လာပါပြီဇာတ်လမ်းအကျဉ်းလေးကတော့ မူရူဂါဟာ ဇနီးသည်ကာဗီသာနဲ့အတူ ဆယ်နှစ်အရွယ်သားလေးတစ်ယောက်ရှိတဲ့ ရဲတစ်ယောက်ပါ.. တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ကိုလိုက်နှောင့်ယှက်ခဲ့တဲ့သူတစ်ယောက်ကို မုဒိန်းကောင်အဖြစ်နဲ့မှားဖမ်းပြီး ညှင်းပန်းနှိပ်စက်မိခဲ့တာကြောင့် ရာထူးတစ်နှစ်ဆိုင်းငံ့ခံခဲ့ရပါတယ်...ခြောက်လကြာပြီးတဲ့နောက်မှာတော့ ဆရာဖြစ်ခဲ့ဖူးသူ ရန်ဂနန်သမ်ရဲ့အကူအညီနဲ့ တာဝန်ပြန်ထမ်းဆောင်ခဲ့ရာမှ အလားတူအဖြစ်မျိုးကြုံခဲ့ရပြန်ပါတယ်.... DIG ကာမလ်ရဲ့သမီးဖြစ်သူကိုအရှက်ရအောင်လုပ်ခဲ့တဲ့ တရားခံကိုညှင်းပန်းနှိပ်စက်ခဲ့ရာမှ အဲ့ဒီသံသယတရားခံက မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ ဗယ်လိုင်ဖြစ်နေတဲ့အခါ... သူတို့ကြားကရန်မီးက ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာမလဲ... မိသားစုကိုချစ်တဲ့ မူရူဂါ ( Vishal) ကရော မာဖီးယားဂိုဏ်းကို ဘယ်လိုတွေနေထူးနိုင်သွားမလဲဆိုတာ ရသစုံအောင်ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး.... File size…2.39GB / 1.13GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by Thet Ko ~BpL ~ Cherry ~ ...
movie

Laththi Charge (2022)

2022
4K HEVC
Puss in Boots: The Last Wish (2022)
Puss in Boots: The Last Wish (2022) 2011 တုန်းက လူတိုင်းကြိုက်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Puss in Boots ရဲ့အဆက် လာပါပြီ။ ဒါရိုက်တာကတော့ အရင်ဒါရိုက်တာ မဟုတ်တော့ဘဲ Joel Crawford ဖြစ်သွားပေမဲ့ အသံသရုပ်ဆောင်ကတော့ Antonio Banderas ပါပဲ။ Black Widow အသစ်လေးဖြစ်တဲ့ Florence Pugh ကတော့ ဂိုဒီ့နေရာမှာ အသံသရုပ်ဆောင်ထားပြီး၊ ဝက်ဝံအမေကြီးနေရမှာလည်း Olivia Colman ပါဝင်ထားပါသေးတယ်။ rating 7.8 အထိ ရနေပြီး တကယ်လည်း ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ ပုံဆွဲစတိုင်ကတော့ အရင်ရုပ်ရှင်နဲ့အတူတော့ဘဲ Spiderman into the spider-verse လိုလို bad guys လိုလိုဒီဇိုင်းတစ်မျိုးလေး ပြောင်းဆွဲထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လူဆိုးပေါင်းစုံဟာ မှော်ဝင်တောအုပ်ကြီးတစ်ခုထဲက ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့ ကြယ်တစ်လုံးကို လိုက်ရှာဖို့ ကြိုးစားနေကြပါတယ်။ဘွတ်ဖိနပ်ကြောင်ကြီးဟာ ကြောင်ပီပီအသက် ၉ ချောင်းရှိပေမဲ့ စောင်တလွဲတွေလုပ်ရင်း သေတာများတော့ ...
movie

Puss in Boots: The Last Wish (2022)

4K HEVC
Possession (1981) 7.3
Possession (1981) IMDb Rating (7.3) / Rotten Tomatoes (84%)တစ်ချိန်က UK မှာ အ ban ခံရတဲ့ Horror movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ စပိုင်တစ်ယောက် ဖြစ်တဲ့ မာ့ခ်ဟာ သူ့မစ်ရှင်အပြီး မိန်းမဖြစ်သူ အန်နာနဲ့ သားလေး ဘော့ဘ် ရှိရာဆီပြန်လာခဲ့ပေမယ့် မိန်းမရဲ့ ကွာရှင်းခွင့်တောင်းခြင်းကို ခံရပါတယ် ဘာကြောင့်ကွာရှင်းချင်ရလဲဆိုတဲ့အကြောင်းရင်းကို မေးမြန်းရာမှာတော့ တခြားတစ်ယောက်ရှိလို့မဟုတ်ဘူးဆိုပြီး တွင်တွင်ငြင်းခဲ့ပေမယ့် တကယ်တော့ ရှိနေပါတယ် ကဲ ကွာမယ် အိမ်နဲ့ကလေးကိုပေးလိုက်တော့ အန်နာဟာ ကလေးကို အိမ်ထဲမှာ ရက်သတ္တပတ်အတော်ကြာ တစ်ယောက်တည်း ပစ်ထားတယ် သူ့ဖာသာသူ အပြင်တွေဘယ်သွားမှန်းမသိသွားရင်း ရွာလည်နေတယ် မာ့ခ်ကလည်း စိတ်ညစ် အရက်သောက်ပြီး အရက်ကြောင်တဲ့အဆင့်ထိဖြစ်လာခဲ့တယ် မာ့ခ်က သားလေးရဲ့အခြေအနေကိုမြင်လိုက်ရချိန်မှာ အိမ်ပေါ်ပြန်တက်နေဖို့ ဆုံးဖြတ်ခဲ့တယ် အန်နာကို အိမ်ပြန်မလာတော့ဖို့ပြောပေမယ့် ကလေးဗန်းပြပြီး သူလာချင်တဲ့အချိန်လာတယ် ကြောင်တောင်တောင်တွေလုပ်ပြီး ပြန်ပြန်သွားတယ် လင်ငယ်ဆီ သွားနေနေလားဆိုပြီး စုံစမ်းပြန်တော့လည်း မဟုတ် မဟုတ်နဲ့ အမှန်တရားကို မြင်လိုက်ရချိန်မှာတော့....။IMDb 7.3အထိရရှိခဲ့ပေမယ့် အမေရိကမှာလည်း ပြသခွင့် ၂နှစ် ...
movie

Possession (1981)

4K HEVC
xXx: Return of Xander Cage (2017) 5.6
xXx: Return of Xander Cage (2017) XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ....2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားဖြစ်ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ xXx: Return of Xander Cage (2017) ဇာတ်ကားမှာတော့ နာမည်ကြီး အာရှမင်းသားမင်းသမီးတွေပါ ထည့်သွင်းပြီး Fun ဖြစ်အောင်ရိုက်ကူးခဲ့ပါတယ်...Vin Diesel,Donnie Yen,Deepika Padukone, Kris Wu ,Ruby Rose ,Tony Jaa,Samuel L. Jackson , Neymar Jr စသည်ဖြင့် နယ်ပယ်စုံက သရုပ်ဆောင်တွေပါ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမျိုးမျိုးသောအန္တရာယ်တွေ၊ သေစေနိုင်လောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန် အမျိုးမျိုးသောလူစွမ်းကောင်းတွေကို ကမ္ဘာကြီးက လိုအပ်နေချိန်ဖြစ်ပါတယ်... Anarchy ...
movie

xXx: Return of Xander Cage (2017)

2017
4K HEVC
Yashoda(2022) 8.4
Yashoda(2022) Yashoda (2022)IMDb-8.3/10ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအစမှာ -‌‌ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ် -အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ် ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ် လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ် သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ် အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း-တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ် ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ် ဗိုက်ထဲက ကလေးအတွက် အမည်မသိနေရာတစ်ခုမှာ အသုံးအဆောင်အပြည့်အစုံနှင့် နေရာတစ်ခုမှာ ပိတ်ခံထားရတယ် အဲဒီနေရာကလည်း ဆရာဝန်တွေ ကြီးကြပ်သူတွေ အစောင့်တွေနဲ့ မဝင်ရဇုန်တွေ လျှို့ဝှက်ချက်တွေနဲ့ နေရာကြီးဖြစ်နေတယ်ဒီဖြစ်ရပ်တွေအားလုံး အချိန်နေရာ‌ဒေသအသီးသီးမှာဖြစ်တည်ခဲ့ပေမယ့် ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲဇာတ်လမ်းအစတည်းက ဆွဲဆောင်သွားမယ့်ကားကောင်းတစ်ကားအတွက် အညွန်းထက်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ် File size…3.8GB / 1.8GB ...
movie

Yashoda(2022)

2022
4K HEVC
Monster (2022) 5.1
Monster (2022) အိန္ဒိယ Malayalam ဘက်မှာ မသိသူမရှိတဲ့ မင်းသားကြီး Mohanlal ရဲ့ လှည့်ကွက်များစွာနဲ့ စိတ်ဝင်စားဖွယ် မှုခင်းဇာတ်ကားကောင်းတစ်ပုဒ် ထွက်ရှိလို့ လာခဲ့ပါပြီဇာတ်ကားထဲမှာ သူဟာ လပ်ကီးဆင်းဆိုတဲ့ အမည်ရှိပြီး နိုင်ငံခြားကနေ အိန္ဒိယကို တိုက်ခန်းအရောင်းအဝယ်ကိစ္စနဲ့ ပြန်လာရာကနေ ဇာတ်လမ်းကို စထားပါတယ်ဇာတ်လိုက်မင်းသမီးဖြစ်သူ ဘာမီနီက တက္ကစီဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး သူ့ကို လေဆိပ်မှာ သွားကြိုရမယ့်သူပဲဖြစ်ပါတယ်ခရီးတစ်လျှောက်လုံး သူဟာ ပျော်ပျော်နေတတ်တဲ့သူလို ပြုမူပြီး စကားတွေလည်း အများကြီးပြောပါတယ် ဘာမီနီကိုလည်း ချစ်ခင်နှစ်သက်ပုံပြပြီး စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လို့ပဲ ထင်ရပါတယ်အဲဒီလိုနဲ့ ဘာမီနီတို့လင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို မရမက အတင်းလာမယ်လုပ်ပြီး ရောက်လာတဲ့အချိန်မှာတော့..သူဟာ ဘယ်လိုမှ မထင်မှတ်ထားစရာလုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတော့တယ်သူလုပ်တဲ့လုပ်ရပ်က ဘာဖြစ်မလဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအကြံအစည်တွေနဲ့ ဘာမီနီကို သူချဉ်းကပ်ခဲ့တာလဲဆိုတာကို ဟောဒီ့ Monster ဆိုတဲ့ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ရှင် File size…4.34GB / 2.13GB / 980MB Quality…4K HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora~ BpL ~ Yunni
movie

Monster (2022)

2022
4K HEVC
Kantara(2022) 9.0
Kantara(2022) Kantara (2022)IMDb-9/10‌ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ မင်းသားကြီး ရီရှက်ဘ်ရှက်တီကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားတဲ့ ရုံတင်ငွေအမြတ်များစွာရရှိထားတဲ့ Thriller ကားကောင်းလေး တစ်ကားဖြစ်ပါတယ်ရဂျီးနီးကိုယ်တိုင်လည်း သူ့ဆီသွားရောက် ချီးကျူးဂုဏ်ပြုခဲ့ပါသေးတယ်၁၆ ကု‌ဋေသုံးပြီးရိုက်ကူးခဲ့တဲ့ ဒီကားဟာ ရုံတင်ငွေကုဋေ ၄၀၀ ရရှိခဲ့သည်ထိ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါဇာတ်လမ်းအညွှန်းဘုရင်ခေတ်က ဘုရင်တစ်ပါးဟာ အရာရာပြီးပြည့်စုံနေပေမယ့် သူ့စိတ်နှလုံးဟာအေးချမ်းမှုမရခဲ့ဘူး ‌ စိတ်ငြိမ်းချမ်းမှုကို လိုက်ရှာရင်းရှာရင်း တမန်တော်ပန်ဂျူရီနဲ့ တွေ့ခဲ့တယ်သို့ပေမယ့် တမန်တော်ပန်ဂျူရီဟာ ရွာတစ်ရွာကိုစောင့်ရှောက်ပြီးသားသူဖြစ်တာမို့ ဘုရင်ဟာသူ့ကို လိုချင်ရင် သူ့ရဲ့ အသံတစ်ဆုံးထိ ရွာအတွက် ‌ သတ်မှတ်ချီးမြှင့်ပေးရမယ်ဆိုပြီး အပေးအယူညှိခဲ့ကြတယ်ဒီလိုနဲ့ ဘုရင်ကြီးဟာလည်း စိတ်အေးချမ်းမှုရရှိသွားသလို ရွာလေးဟာလည်း ကျယ်ပြောတဲ့ သစ်တောတစ်ဆုံး တမန်တော်ရဲ့စောင့်ရှောက်မှုနဲ့ အေးချမ်းခဲ့တာပေါ့1970 ခုနှစ်မှာ လူတစ်ယောက်က ဒီရွာလေးကို သူ့ဘိုးဘွားပိုင်မြေမို့ ပြန်ပေးပါဆိုပြီးတမန်တော်ကို ရင့်ရင့်သီးသီးပြောဆိုပြီး ပြန်တောင်းခဲ့တယ် အဲ့ဒီနောက်တစ်ရက်မှာပဲ ထိုလူဟာ တရားရုံးလှေကားမှာ သွေးအန်ပြီးသေနေတာတွေ့ခဲ့ကြရတယ်1990 ဇာတ်လမ်းဖြစ်တည်ရာကာလမှာလည်း နိုင်ငံတောအစိုးရပိုင် သစ်တောကြိုးဝိုင်းဆိုပြီး ဒီတောထဲက အရာတွေအတွက် အစိုးရဆီခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အမိန့်တွေထုတ်ပြန်ခဲ့တယ်ဇာတ်ဆောင်မင်းသားကြီးရီရှက်ဘ်ရှက်တီကတော့ တော၀က်အမဲလိုက်တတ်တဲ့ အဲဒီရွာကရှီဗာရွာသားတစ်ယောက် သူ့အမေက တော၀က်တွေကို အမဲလိုက်တာမကြိုက်တာကြောင့် တားပေမယ့် ရှီဗာကတော့ ...
movie

Kantara(2022)

2022
4K HEVC
The Guardians of the Galaxy Holiday Special (2022) 7.9
The Guardians of the Galaxy Holiday Special (2022) The Guardians of the Galaxy Holiday Special (2022) ===================================== IMDb Rating - 7.9/10Marvel ရဲ့ Gotg 3 မလာခင်မှာ ခရစ်စမတ် အထူး အပိုင်းတစ်ခုအနေနဲ့  Holiday Special ထွက်လာပါတယ်။ Gotg အဖွဲ့သားတွေအားလုံးကိုမြင်တွေ့ရမှာဖြစ်ပြီး၊ ပီတာကွေး (စတားလော့ဒ်) ရဲ့ ဂါမိုရာကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းမှာ ပူဆွေးဝမ်းနည်းနေမှုကို နှစ်သိမ့်ပေးဖို့အတွက် Gotg အဖွဲ့သားတွေ ကမ္ဘာမြေက ခရစ်စမတ်ပွဲတော်ကို အလည်လာကြတဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။Gotg ရဲ့ထုံးစံအတိုင်း ရယ်စရာဟာသတွေနဲ့အတူ ခရစ်စမတ်ရဲ့ အငွေ့ အသက်တွေကိုပါ ခံစားရနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naingမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(3.16 GB) / (1.21 GB) / (400 MB) Quality............WEB-DL 4K HEVC, 1080p, 720p Duration.........46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Comedy Translator.......CM Team Encoder..........SWM
movie

The Guardians of the Galaxy Holiday Special (2022)

2022
4K HEVC
6 Underground (2019) 6.3
6 Underground (2019) deadpool မင်းသား ryan reynolds ရဲ့ Action ဇာတ်ကြမ်းရုပ်ရှင်လာပါပြီ။ဒါရိုက်တာကလဲ Transformers ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Michael Bay ဆိုတော့ အရောင်တောက်တောက် အက်ရှင်ကြမ်းကြမ်းတွေကို တပြုံကြီး ကြည့်ရှုရမှာပါ။ဇာတ်လမ်းကတော့...ကမ္ဘာကြီးရဲ့အရှုပ်တွေကိုရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးထားတာပါတာကစ္စတန်ကိုအုပ်ချုပ်နေတဲ့သူသေသွားတော့သူ့သားနှစ်ယောက်ထဲကမကောင်းတာတွေကိုလုပ်တဲ့လူကသူ့ညီကိုဖမ်းထားပြီးတော့နိုင်ငံကိုသိမ်းယူထားပါတယ်နိုင်ငံတွင်းမှာလည်းဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါလုပ်တဲ့သူတစ်ယောက်ပေါ့အဲဒါကိုမြင်ပြီးကယ်တင်ချင်တဲ့ryan reynoldsတစ်ယောက်လူတွေလိုက်စုပြီးဖမ်းခံထားရတဲ့ညီကိုကယ်တင်ဖို့လုပ်ပါတော့တယ်သူတို့အဖွဲ့ထဲမှာစည်းမျဥ်းတစ်ခုရှိပါတယ်ကိုယ်ဘယ်သူဘယ်ဝါဆိုတာအချင်းချင်းတောင်မသိကြတာပါနာမည်ကအစဘာဆိုဘာမှမသိကြတဲ့လူတွေစုပြီးတော့ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ….actionကြီးပဲမဟုတ်ဘဲ ဟာသလေးတွေပါနှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(7.6 GB) / (2.5 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:08:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie

6 Underground (2019)

2019
4K HEVC
Gone Girl (2014) 8.1
Gone Girl (2014) IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie

Gone Girl (2014)

4K HEVC