Channel Myanmar

720P Web-DL

The Least of These(2019) 6.6
The Least of These(2019) The Least of These(2019) IMDb.....6.6 ကျွန်တော်တို့အာရှနိုင်ငံတော်တော်များများဟာ အနာကြီးရောဂါသည်တွေကို ရွံစရာလူတွေအဖြစ် သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကနေ ကျဉ်ထားလေ့ရှိပါတယ်..... အဲဒီထဲမှာ အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်ပြီး ဒီဇာတ်ကားအခြေခံထားတဲ့ ၁၉၉၀ ပြည့်လွန်နှစ်လို အခြေအနေမှာဆို ကုသပျောက်ကင်းပြီးတာတောင် စက်ဆုတ်စရာလူတန်းစားလို့ သတ်မှတ်ထားကြပုံရပါတယ်... ပြီးတော့ အိန္ဒိယဟာ ရှေးရိုးစွဲနိုင်ငံတနိုင်ငံလည်းဖြစ်တာနဲ့အညီ ဒီနိုင်ငံမှာ ခရစ်ယန်သာသနာလာပြုဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့အနေအထားပါ ဒီလို အခြေအနေမှာ ဩစတေးလျနိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဂရေဟမ်းစတိန်းဆိုတဲ့ အမျိုးသားဟာ အိန္ဒိယမှာရှိတဲ့ ရောဂါသည်တွေကို လာပြုစုကုသပေးနေတာ ၃၅ နှစ်ကြာခဲ့ပါပြီ အဲဒီအချိန်မှာ News Orrisa သတင်းစာတိုက်က သတင်းထောက် မန်နေ့ ဟာ စားဝတ်နေရေးအတွက် သတင်းတပုဒ်ရဖို့ သတင်းစုဆောင်းရတဲ့အခါ ဂရေဟမ်စတိန်းဟာ ဒီသတင်းစာတိုက်ရဲ့ သားကောင်ဖြစ်လာပါတော့တယ် အဲဒီနောက်မှာတော့ သတင်းမုဆိုးရဲ့သားကောင်ဖြစ်လာတဲ့ ဂရေဟမ်စတိန်းနဲ့ သတင်းထောက် မန်နေ့တို့ရဲ့ ဆက်နွယ်မှုတွေ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ ဒီ The least of these မှာ ကြည့်ရှုခံစားပေးကြပါခင်ဗျာ ဒီဇာတ်ကားကို ဒါရိုက်တာ Aneesh Daniel က ရိုက်ကူးထားပြီး ယခုနှစ်မှ ထွက်ရှိထားတဲ့ ကားတကားဖြစ်ပါတယ် အဓိက ...
6.6
IMDB: 6.6/10 561 votes
movie

The Least of These(2019)

2019
720P Web-DL
Svaha: The Sixth Finger (2019) N/A
Svaha: The Sixth Finger (2019) Svaha the sixth finger ဒီရုပ်ရှင်ကတော့ နက်ဖလစ် ရဲ့ ကိုရီးယား ဇာတ်ကားအသစ်ပါပဲ။ Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ။ ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်။ သူလိုက်နေတဲ့အမှုတစ်ခုဟာ လူသတ်မှုတွေနဲ့ ပတ်သတ်လာခဲ့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာပြန်သူကိုယ်တိုင်လည်း အပြည့်အဝနားမလည်ပါဘူး။ နားလည်နိုင်မှုကတော့ ကြည့်တဲ့သူတွေရဲ့ အတွေးနဲ့ သိထားတဲ့ ဗဟုသုတတွေအပေါ် နည်းနည်းတော့ အခြေခံမှာပါ။ ကြည့်ကြည့်လိုက်ကြပါ။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်။
N/A
IMDB: N/A/10 N/A votes
movie

Svaha: The Sixth Finger (2019)

2019
720P Web-DL