Menu
Movies
Series
VIP Plan
How To Download
DMCA
Search
Movies
Series
VIP Plan
How To Download
DMCA
Search
Years
Movies
Series
VIP Plan
How To Download
DMCA
Blu-Ray 1080p
6.1
Men in Black II (2002)
ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဥာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ... MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်... အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ...
movie
Men in Black II (2002)
2002
Blu-Ray 1080p
7.3
Men in Black (1997)
CM Fan တွေ အတွက် Men In Black ရဲ့ပထမ အစ ကားကို ပြန်တင်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ကားမှာဆိုရင် လူသားတွေ နဲ့အတူမသိမသာ နေထိုင်နေတဲ့ ဂြိုလ်သားတွေကိုစည်းကမ်းထိန်းသိမ်းပြီး စောင့်ကြည့်နေတဲ့ MIB အဖွဲ့ အကြောင်း ပါဂျေ ဟာ နယူးရော့ခ် ရဲဌာနက သာမန် အရာရှိတစ်ယောက်ပါတစ်ရက်မှာတော့ ရာဇဝတ်သား တစ်ဦးကို မရမက လိုက်ဖမ်းရင်းရာဇဝတ်သားက သတ်သေသွားပါတယ် ဂျေ လဲ ဒီကိစ္စကို လိုက်လံစုံစမ်းရင်းMIB က အေးဂျင့် ကေ နဲ့ စသိပါတယ်...ပုံမှန်အနေနဲ့ကတော့ ကေ ဟာ အမှုကိစ္စတွေ လက်စသတ်ပြီးရင်လူတွေရဲ့ မှတ်ဉာဏ်ကို ဖျောက်ပြီး ဘာမှမဖြစ်ခဲ့သလို ပုံစံဖန်တီးတက်ပေမဲ့ဂျေ ကိုတော့ MIB ကို လာပြီး အလုပ်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်...အဲဒီအချိန်မှာပဲ ကမ္ဘာကို ဖျက်ဆီးချင်တဲ့ ပိုးဟပ်ဂြိုလ်သား တစ်ကောင်ကလဲကမ္ဘာပေါ်ကို ရောက်လာခဲ့သော အခါမှာတော့...အေးဂျင့် ကေ ...
movie
Men in Black (1997)
1997
Blu-Ray 1080p
6.5
Slither (2006)
CM Fan တွေ တောင်းဆိုထားတဲ့ လူသားစားမျှော့ ကား တင်ပေးလိုက်ပါတယ် ဒီ ရုပ်ရှင်ကား ကတော့ တစ်ခြား ဂြိုလ်က ဥက္ကာခဲ တစ်ခု ကျလာပြီး အဲ့ဒီဥက္ကာခဲ ထဲမှာ လူသားစားမျှော့ အမျိုးအနွယ် တစ်ကောင်ပါလာပြီး လူတွေ ရဲ့ ခန္ဓာကိုယ်ထဲ တွယ်ကပ်ပြီး ရှင်သန်ကာ ဥပေါက်ဖွားကြတာ ဖြစ်ပါတယ်... Alien ရုပ်ရှင် နဲ့ ခပ်ဆင်ဆင် ပါပဲ... ရုပ်ရှင်ကား ဟာ သွေးထွက်သံယို ခန်းတွေ ပါဝင်တဲ့တွက် ကလေးသူငယ်များ နှလုံးရောဂါ အခံရှိသူများ ရွံ့စရာ မြင်ရင် ဓါတ်မတည့်သူများ ကြည့်ရှုရန် မသင့်တော်ပါ... ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ Dolly Dolly ဖြစ်ပါတယ်
movie
Slither (2006)
2006
Blu-Ray 1080p
6.6
Hellboy Animated: Sword of Storms (2006)
A folklore professor becomes unwittingly possessed by the ancient Japanese demons of Thunder and Lightning. But when The Bureau of Paranormal Research & Defense dispatches a team of agents to investigate, a cursed samurai sword sends Hellboy to a supernatural dimension of ghosts, monsters, and feudal mayhem. Now while pyrokinetic Liz Sherman and fishboy Abe Sapien battle one very pissed-off ...
movie
Hellboy Animated: Sword of Storms (2006)
2006
Blu-Ray 1080p
6.8
Hellboy Animated: Blood and Iron (2007)
When Hellboy, Liz Sherman, and Abe Sapien are assigned to investigate the ghost-infested mansion of a publicity-hound billionaire, they uncover a plot to resurrect a beautiful yet monstrous vampire from Professor Bruttenholm’s past. But before they can stop her bloodbath, Hellboy will have to battle harpies, hellhounds, a giant werewolf, and even the ferocious goddess Hecate herself.
movie
Hellboy Animated: Blood and Iron (2007)
2007
Blu-Ray 1080p
7.3
Us (2019)
UsAdelaide ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဇာတ်လမ်းစပါတယ်။ သူငယ်ငယ်က မိဘတွေနဲ့ Santa Cruz ကမ်းခြေမှာ အပန်းဖြေထွက်ရင်တစ်ယောက်ထဲ လျှောက်သွားရာက လမ်းပျောက်သွားတယ်။ Hall of Mirrors ထဲရောက်သွားပြီး အထဲမှာ သူနဲ့ တစ်ထေရာထဲတူတဲ့ ကလေးမလေးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။အဲအတွက် Adelaide ဟာ စိတ်ဒဏ်ရာတွေရပြီး တော်တော်ကြာစကားမပြောတတ်တော့ပါဘူး။ မိဘတွေက ဆရာဝန်တွေနဲ့ပြပြီး သူ့စိတ်ပုံမှန်ပြန်ဖြစ်အောင် ဝိုင်းကြိုးစားခဲ့ရတယ်။အခုလက်ရှိအချိန်ရောက်လာတော့ လင်နဲ့ သားနဲ့ဖြစ်နေပါပြီ။ကလေး ၂ ယောက်ရနေတဲ့အထိ Adelaide က traumatic ဖြစ်နေတုန်းပါ။သားဖြစ်သူ Jason က ကမ်းခြေသွားချင်တယ်ဆိုလို့မသွားချင်သွားချင်နဲ့ လိုက်သွားခဲ့တယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာကြောက်နေတုန်း။ညကျတော့ သူ့ယောကျင်္ားကိုသူငယ်ငယ်ကအကြောင်း ပြောပြတယ်။ အဲဒီ သူနဲ့တစ်ပုံတည်းဖြစ်နေတဲ့ ကောင်မလေးက သူ့ကိုဒုက္ခပေးဖို့ ရောက်လာတော့မယ်လို့ ခံစားနေရတယ်ဆိုပြီး။မကြာပါဘူး သူတို့မိသားစုနဲ့ တစ်ပုံထဲတူတဲ့ လူတစ်အုပ်ရောက်လာ ခဲ့သောအခါမှာတော့.... (ရုပ်ရှင်အညွှန်းအား DatShin Page မှ ကူးယူဖော်ပြပါသည်။ )(စပွိုင်လာဖြစ်မှာစိုး၍ ...
movie
Us (2019)
2019
Blu-Ray 1080p
6.8
I Am a Hero (2015)
ဟီဒဲအို ဟာ အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး မအောင်မြင်သေးတဲ့ ကာတွန်းဆရာ တစ်ယောက်ဖြစ်ပါတယ်... အတူနေ ချစ်သူ ရှိပြီး ကာတွန်းဆွဲတဲ့အလုပ်ကို ဇောက်ချ လုပ်နေပေမဲ့ အရံ ကာတွန်းဆရာဘ၀ကနေ တိုးတက်မလာပါ အကြွေးတွေလဲတင် ချစ်သူကလဲ ငြိုငြင်လာ ဟီဒဲအို ဘ၀ မှာ စိတ်ညစ်စရာတွေပဲ များနေခဲ့ပါတယ်... တစ်ရက်မှာတော့ ဟီဒဲအို တို့ မြို့မှာပဲ ခွေးကိုက်ခံရာကနေ ကူးစက်တက်တဲ့ ရောဂါတစ်မျိုး ပျံ့နှံ့ လာပြီး ဟီဒဲအို ၏ အနီးဆုံး သူများကို ကူးစက်ခဲ့သော်အခါ.... ဒီရုပ်ရှင်ကားဟာ မကြာသေးခင်က Facebook မှာ Video Clip အတိုလေး ပြန့်ပြီး လူတိုင်းကြည့်ချင်နေတဲ့ ဂျပန် ဇွန်ဘီ အက်ရှင်ကား တစ်ကား ဖြစ်ပါယတ် IMDb Rating လဲ မနည်းသလို ဇတ်လမ်းကလဲ မဆိုးတဲ့ ရုပ်ရှင်ကားပါပဲ သွေးထွက်သံယိုတွေ ကိုက်ဖြတ်တာတွေ မကြည့်ချင်တဲ့ သူတွေကတော့ ဒီလိုကားမျိုးကို ရှောင်သင့်ပါတယ်... ဒီရုပ်ရှင်ကားကို Kira Rodriguesz က ဘာသာပြန်ပေးထားပြီး Thit San Khant မှ အညွှန်းရေးပေးထားပါတယ်
movie
I Am a Hero (2015)
2015
Blu-Ray 1080p
6.3
The Angry Birds (2016)
ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် ..Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး ..ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကိုအစပျိုး မိတ်ဆက်ပေးထားပါတယ်ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲဆိုတဲ့အကြောင်းကို သိရမှာပါ ..ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်းကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်..ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့်တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေသဘောကျ စိတ်ကျေနပ်စေမှာပါ ...ရုပ်ရှင်ကပေးတဲ့ message တွေကလည်းကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် ..အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာသဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်းအများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့်ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။အားပေးကြည့်ရှုခံစားကြပါဦး(ေဩာ် မေ့တော့မလို့ စာတန်းထိုးပြီးတဲ့အထိကြည့်ကြပါလို့ )(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Ye Kyaw Htet ပဲ ဖြစ်ပါတယ်)
movie
The Angry Birds (2016)
2016
Blu-Ray 1080p
6.7
The Pool (2018)
The Pool ရုပ်ရှင်ကား ဟာ ၂၀၁၈ ခုနှစ်က မြန်မာပြည်မှာ ရုံတင်ခဲ့ပြီး လူကြိုက်အရမ်းများခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် ထိုင်း ရုပ်ရှင်ကားဖြစ်ပြီး တစ်ကားလုံးကို လူအနည်းငယ်ဖြင့်သာ သရုပ်ဆောင် ရိုက်ကူးထားပြီး ထိုင်ရာက မထစတမ်း ကြည့်ရှုစေနိုင်တဲ့ တစ်ခုထဲသော အာရှရုပ်ရှင်ကား တစ်ကားဖြစ်ပါတယ် လူသူ ဝေးတဲ့ မြို့အစွန်က ရေကူးကန် အဟောင်းတစ်ခုအား ရုပ်ရှင်ရိုက်ကူးရန် ငှားခဲ့ပြီးနောက် ထို ရေကူးကန်ထဲ မှာ အစောင့်တစ်ယောက် ဘောကွင်းလေးနဲ့ အိပ်ပျော်နေခဲ့တယ် ပြီးတော့ လူတွေ မသိသေးတဲ့ အကောင်ကြီးတစ်ကောင် ကလည်း အသင့် အဲ့အောက်မှာ စောင့်နေခဲ့တယ်... ပြန်သွားတဲ့သူတွေက မေ့ပြီး ရေတွေ သွန်တဲ့ ခလုပ်ကို နှိပ်သွားပြီး အစောင့် ပြန်နိုးလာတဲ့အချိန်မှာ ရေတွေ ကုန်လုနီးပါးဖြစ်ပြီး ရေကန်ပေါ်သို့ ပြန်မတက်နိုင်ခဲ့သော အခါမှာတော့ ... ထိတ်လန့်သည်းဖို ဆိုတဲ့ အနှစ်အရသာ နဲ့ ပြည့်စုံတဲ့ The Pool ဆိုတဲ့ ထိုင်းရုပ်ရှင်ကားကို အရမ်းတွေ စပွိုင်လာ မလုပ်တော့ပါဘူး CM Fan တွေ ဆက်လက်ကြည့်ရှုလိုက်ပါအုံး ဒီရုပ်ရှင်ကားကို Little Neo ...
movie
The Pool (2018)
2018
Blu-Ray 1080p
7.4
The Conjuring 2 (2016)
ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့ Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။ သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့်မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။အ ကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက် ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန်အသံသွင်းတိပ်ခွေကို ဘာသာပြန်ထားတာလေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်းပြောပြရင်း တင်ပေးလိုက်ပါပြီ......ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။
movie
The Conjuring 2 (2016)
2016
Blu-Ray 1080p
7.5
The Conjuring (2013)
သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာCarolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လိုကြုံတွေရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဉာဏ်ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာ သွားလာပြုမူနေတာကို ရှုစားရမှာပါ။ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ ...
movie
The Conjuring (2013)
2013
Blu-Ray 1080p
5.4
Annabelle (2014)
2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ 2014 မှာဒီဇာတ်ကားထွက်လာပါတယ်.. သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူးCM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်.. မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ.အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီး သရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေ အတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ...ကြောက်တတ်သူများ.. နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ.. တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါဒီရုပ်ရှင်ကားကို Hein Thet Naing မှ ဘာသာပြန်ပေးထားပါတယ်
movie
Annabelle (2014)
2014
Blu-Ray 1080p
6.9
Annabelle: Creation (2017)
၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်းအန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက်မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့်ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလို လှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ ဂျန်နစ္စက ယာတောအိမ်ကြီးကပိတ်ထားတဲ့အခန်းတစ်ခန်းကို ...
movie
Annabelle: Creation (2017)
2017
Blu-Ray 1080p
5.6
The Nun (2018)
ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲ ဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ် Rating အနေနဲ့ကတော့IMDb 5.7 ဖြစ်ပြီး Rotten Tomatoes မှာ 26% ရထားပါတယ် ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein Thet Naing ဖြစ်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
The Nun (2018)
2018
Blu-Ray 1080p
8.7
Default (2018)
ဒီရုပ်ရှင်ကား ဟာ ကိုရီးယား နိုင်ငံရဲ့ စီးပွားရေးပျက်ကပ် ကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ် ကိုရီးယား နိုင်ငံဟာ အာရှမှာ ဦးမော့ထားတဲ့အချိန်တွေ ရှိခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ နဲ့ နိုင်ငံဟာ အဆမတန် တိုးတက်ခဲ့ပါတယ် ဒါပေမဲ့ အစိုးရပိုင်း ရဲ့ အသုံးမကျမှုကြောင့် နိုင်ငံတကာ အဖွဲ့တွေက တစ်ဖြေးဖြေး နိုင်ငံတွင်းကနေ ထွက်ခွာခဲ့သလို နိုင်ငံအတွင်း က စီးပွားရေး လုပ်ငန်းငယ်လေးတွေဟာ နိုင်ငံတော် ဗဟိုဘဏ်က ချေးငွေကို အားကိုးနေရတဲ့အချိန် စွန့်ဦးတီထွင်သူတို့ရဲ့ လုပ်ငန်းတွေ စတင်နေချိန်လဲ ဖြစ်ခဲ့တယ်... ဒါပေမဲ့ ဗဟိုဘဏ် ရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်တွေကြောင့် ငွေကြေးကြပ်တည်းမှုတွေ များပြားလာပြီး နိုင်ငံတော် အဆင့် ဒေ၀ါလီ ခံရမယ့် ကိစ္စတွေ ဖြစ်ပေါ်လာခဲ့သော အခါ... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Myo Nyunt ဖြစ်ပါတယ် (စီးပွားရေးအသုံးအနှုန်းများကို ဆီလျော်အောင် ဘာသာပြန်ပေးထားပြီး မှားယွင်းမှုရှိပါက ဘာသာပြန် အခက်အခဲကို နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတင်တောင်းပန်ပါရစေ)
movie
Default (2018)
2018
Blu-Ray 1080p
7.2
Shadow (2018)
တရုတ်နန်းတွင်း သိုင်းကားလေးတစ်ခု တင်ပေးထားပါတယ်။ ရှေးခေတ်တုန်းက အမတ်တွေ ဘုရင်တွေဟာ လုပ်ကြံခံရမှာကြောက်လို့ လူစားတွေလဲထားတတ်ကြပါတယ်။ ဒီကားမှာတော့ အဲဒီလို လူစားကို အရိပ်လို့ ခေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ပေနိုင်ငံရဲ့ ကျင်းမြို့ဟာ ရန်သူတွေသိမ်းပိုက်ခံထားရပြီးတော့ ယန်မျိုးနွယ်စစ်သူကြီးက ကာကွယ်ထားတဲ့အတွက် ဘယ်သူမှ ပြန်မသိမ်းနိုင်တဲ့အခြေအနေပါ။ ပေနိုင်ငံရဲ့ စစ်သူကြီးဟာ ဒီမြို့ကိုပြန်ယူဖို့ ယန်စစ်သူကြီးနဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဘုရင်ရဲ့ ပရိယာယ်၊ စစ်သူကြီးရဲ့ အကြံအစည်တွေကြားမှာ ညပ်နေတဲ့ အရိပ်အကြောင်းကို ကြည့်လိုက်ရအောင်။ File Format - mp4 IMDB rating - 7.2/10 Quality - BluRay 1080P Running Time - 1h 56min Translated by Littleneo and Hein Thet Naing Encoded by Thit San Khant
movie
Shadow (2018)
2018
Blu-Ray 1080p
6.4
The Lorax (2012)
The Lorax (2012) IMDb - 6.4/10_____Rotten Tomatoes - 53% ဒီကားလေးက အပင်လေးတွေကိုချစ်တတ်တဲ့သူတွေ အထူးကြည့်သင့်တဲ့ကားကောင်းလေးပါ ဆုကြီးလေးဆုနဲ့အခြားဆုပေါင်းများစွာရရှိထားပြီး အတွေးသစ်အမြင်သစ်အချို့ကိုပေးစွမ်းနိုင်ပါလိမ့်မယ် အသက်၁၂နှစ်ပဲရှိတဲ့ တက်ဒ်လေးက တနီးဗေးလ်ဆိုတဲ့ မြို့မှာနေပါတယ် မြို့ဟာသဘာဝတရားလုံးဝပျောက်နေပြီး လေကအစသစ်ပင်အဆုံး man-madeတွေဖြစ်နေပါပြီ အသက်ရှင်ဖို့မဖြစ်မနေလိုအပ်တဲ့လေကိုတော့ အရင်းရှင်ငပုကောင်အိုဟဲကနေကြိုးကိုင်ထားပြီး ဈေးကိုသူလိုသလိုကစားကာတစ်မြို့လုံးကိုဂုတ်သွေးစုပ်နေပါတော့တယ် ကျွန်တော်တို့အားလုံးနီးပါးမုန်းလို့မရတဲ့မမဆိုတဲ့လူတန်းစားဟာ ဒီကားရဲ့အသက်ပါပဲ တဒ်ဟာသူ့ရဲ့မမကိုပိုးပန်းဖို့သစ်ပင်အစစ်ကို မဖြစ်မနေရှာရမယ့်အခြေအနေထဲရောက်သွားပြီး လုံးဝမမျှော်လင့်ထားတဲ့သစ်ပင်တွေမျိုးတုံးသွားစေတဲ့နောက်ကွယ်က အကြောင်းတရားအချိုု့ကိုရှာတွေ့သွားတဲ့အခါမှာတော့ အသံနောက်ခံတွေကတော့ တက်ဒ်နေရာမှာ မင်းသားချော Zac Efron နဲ့ မင်းသမီးနေရာမှာတော့ ပုရိသတို့ အသဲစွဲ Taylor Swift လေးပါ Translated by Dolly Encoded by sithu
movie
The Lorax (2012)
2012
Blu-Ray 1080p
5.6
The Nutcracker and the Four Realms (2018)
ခရစ္စမတ်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ကလေးလေးအရွယ်ကတည်းက အသိ သညာတွေရှိခဲ့ဖူးတယ် အမှတ်တရတွေမှ လဲ အများကြီးပဲ ခရစ္စမတ်ကာရိုးသီချင်း လေးတွေနားထောင်ပြီး ကြက်ဆင်သားနဲ့ ပူတင်းပူပူလေးတွေ စားသောက်ကြတဲ့ ပျော်ပွဲရွှင်ပွဲတွေအကြောင်းဖတ်ဖူးကြမှာပါ ဒီ The Nutcracker and the four realms ဆိုတဲ့ကားလေးမှာ လဲ ခရစ္စမတ်ရဲ့ မရိုးအီနိုင် တဲ့ခံစားမှုအငွေ့အသက်လေးတွေတွေ့မြင် ခံစားရဦးမှာပါ ဘာလို့ဆို ဇာတ်လမ်းကို ခရစ္စမတ်အကြိုညလေးနဲ့စတည်ထားတာကိုး plot အပိုင်းပြောရမယ်ဆိုရင် ကလာရာဆိုတဲ့ ကောင်မလေးမှာ သူ့အမေဆီကအမွေရထား တဲ့ တီထွင်ညာဏ်ရည်ထူးချွန်တဲ့အရည်ချင်း ပါလာတယ် မွေးချင်းသုံးယောက်ရှိတဲ့ မိသားစုလေးကို ချစ်ကြင်သူဇနီးမရှိပဲ ထိန်းကျောင်းလာခဲ့ရတဲ့ ကလာရာတို့အဖေ ကတော့ နှစ်တိုင်းခရစ္စမတ်ရောက်တာနဲ့ အတိတ်ဟောင်းတွေတူးဆွပြီး လွမ်းမော တသဖြစ်နေတတ်တယ် သူမှမဟုတ်ပါဘူး ကျန်တဲ့မွေးချင်းတွေနဲ့ လုံးဝမတူကွဲထွက် နေတဲ့ ကလာရာလေးလဲထပ်တူထပ်မျှပါပဲ ဒီလိုနဲ့ အမေ့ဆီကလက်ဆောင်တွေဆိုပြီး ခရစ္စမတ်အကြိုညမှာ ပင်ချောင်းသော့ ခလောက်လေးပါတဲ့ ဥလေးတစ်လုံး ကလာရာ ရလိုက်ခဲ့တယ် ဒါပေမယ့် လက်ဆောင်ဘူးထဲမှာ ဖွင့်ဖို့သော့ပါမလာ ခဲ့ဘူး အဲ့သော့ရဲ့အဖြေကို သူတို့ ခေါင်းကိုင်အဖေကြီး ဒရော်ဆယ်မာယာ ဆီကရပြီး အခြားကမ္ဘာတစ်ခုရောက်ဖို့ အ ကြောင်းဖန်လာတဲ့ အခါ ဒီ movie လေးရဲ့ genre ကတော့ fantasy အမျိုးစားဆိုတဲ့အတိုင်း visual effect ...
movie
2018
Blu-Ray 1080p
6.0
Exodus: Gods and Kings (2014)_____IMDb - 6.0/10 ဒီကားလေးကတော့မင်းသား Christian Baleခေါင်းဆောင်ပါဝင်ထားတဲ့ကားလေးပါ ဒီကားလေးက ကျွန်တော်တို့ငယ်ငယ်တုန်းက animationဇတ်ကားတစ်ကားထွက်ခဲ့ဖူးပါသေးတယ် တော်တော်များများလဲ ကြိုက်ကြတဲ့ကားလေးတစ်ကားပါ အီဂျစ် အကြောင်းစိတ်ဝင်စားတဲ့လူတွေဆိုပိုသိမှာပါ အရမ်းကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားလို့ပြောလဲမမှားပါဘူး ဇတ်လမ်းအကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ ဟောစာတမ်းတစ်ခုကနေစရတော့မှာပါ အဲတုန်းကဟီဘရူးလူမျိူးတွေကို အီဂျစ်ဘုရင်က ကျွန်အဖြစ်သိမ်းသွင်းထားတဲ့အချိန်ဖြစ်ပါတယ် ဟောစာတမ်းအရ နန်းလုခံရမှာစ်ုးလို့အီဂျစ်ဘုရင်က ဟီဘရူးကလေးငယ်တွေအကုန်လုံးကို သတ်ခိုင်းခဲ့ပါတယ် ဒါပေမယ့် ကလေးငယ်တစ်ယောက်တော့လွတ်မြောက်သွားခဲ့ပြီး ဟီဘရူးလူမျိုးတွေကို ဘယ်လိုကျွန်အဖြစ်ကနေလွတ်မြောက်အောင် လုပ်ဆောင်သွားပေးမလဲဆိုတာကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဒါမပြင် နိုင်ငံတစ်ခုလုံး ကပ်ဘေးကြရောက်တဲ့ကခြေအနေတွေကိုလဲ မြင်တွေ့ရမှာပါ ဘုရင်တစ်ယောက်ရဲ့တိုင်းပြည်အပေါ် အာဏာရှိမှုနဲ့ အီဂျစ် အလေ့အထ သဘောသဘာဝကိုပါ စိတ်ဝင်တစားမြင်တွေ့ရမှာပါ ... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kaung Myat Thu ပဲဖြစ်ပါတယ်) File Size : (1.5 GB) Quality : .1080p.BluRay Running Time : 2h 30min Format : Mp4 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Kaung ...
movie
Exodus: Gods and Kings (2014)
2014
Blu-Ray 1080p
7.9
Bonnie and Clyde (1967)
ဖြစ်ရပ်မှန်ဇာတ်လမ်းအများစုထဲကမှအစောပိုင်းမှာအအောင်မြင်ဆုံးလို့ပြောလို့ရတဲ့1930လောက်ကလမ်းဓားပြစုံတွဲBonnie Parkerနဲ့Clyde Barrowတို့ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်၂ဝဝဝခုနှစ်ဖွားအများစုသာမသိလောက်မယ့်ဇာတ်လမ်းဖြစ်ပြီးကျန်တဲ့သူတွေအတွက်တော့အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးဗျာClydeဟာမွေးကတည်းကမကောင်းခဲ့သလိုထောင်ကျပြီးပြန်ထွက်လာတဲ့အချိန်မှာလည်းမကောင်းခဲ့ပါဘူးအဲ့လိုဖြစ်နေတာတောင်သူ့အတွက်The right oneဖြစ်လာမယ့်Bonnieကိုတွေ့အောင်ရှာနိုင်ခဲ့ပါတယ်ရှာတွေ့ရုံနဲ့လည်းသူမရပ်ခဲ့ပါဘူးသူ့ဘက်ကသဘောထားနဲ့သူ့ကိုဘာလို့လက်ခံသင့်လဲဆိုတာကိုပါတစ်ခါတည်းရှင်းပြပါတော့တယ်သေမထူးနေမထူး ဘယ်အချိန်မှာမဆိုသေသွားနိုင်တဲ့သူ့အရောင်မဲ့ဘဝထဲကိုBonnieဆိုတဲ့အရောင်စုံမိန်းကလေးတစ်ယောက်နဲ့ပြီးပြည့်စုံစေခဲ့ပါတယ်ပုံမှန်အသက်ရှင်ရတဲ့နေ့ရက်တွေကိုငြီးငွေ့နေတဲ့လူတွေဖြစ်နေတဲ့အလျောက်ကိုယ့်ကိုကိုယ်ဂရုမစိုက်ပဲကိုယ်ချစ်ရတဲ့လူကိုပဲစုံလုံးကန်းကာကွယ်ပေးနေမှုတွေဟာဇာတ်လမ်းကိုမအီသွားစေတဲ့အပြင်ရှိတ်စပီးယားရဲ့ပြဇာတ်ကိုကျော်လွန်သွားစေတဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်စားပွဲထိုးမလေးBonnieဟာတစ်နေ့တာလုပ်စရာရယ်လို့မယ်မယ်ရရမရှိတဲ့ဘဝမှာမမျှော်လင့်ပဲရောက်လာတဲ့Clydeကသူ့ရဲ့နေမင်းကြီးဖြစ်ခဲ့ပါတယ်လူစိမး်ကောင်ရယ်လို့မယုံခဲ့ပေမယ့်သူ့အတွက်The right oneဖြစ်နေမှန်းသိတာနဲ့Bonnieဟာမျက်စိမှိတ်ပြီးအချစ်ခေါ်ရာနောက်လိုက်မိပါတော့တယ်အချစ်ဇာတ်လမ်းရယ်တော့မဟုတ်ပါဘူးနှစ်ယောက်ပေါင်းပြီးကျန်တဲ့သူတို့အဖွဲ့ဝင်တွေဘဏ်ဓားပြတိုက်ကြမယ့်ခပ်ညစ်ညစ်မှုခင်းကားပဲဖြစ်ပါတယ်ဇာတ်လမ်းဟာNew Hollywoodရဲ့aestheticဖြစ်နေတဲ့ကာလမှာရိုက်ထားတာကြောင့်ကြည့်ရတဲ့လူတွေအတွက်အဘက်ဘက်ပြည့်စုံနေစေပါတယ်တကယ့်ကျွန်တော်တို့လက်တွေ့ဘဝမှာလည်းကိုယ့်ရဲ့the right oneနဲ့တွေ့ရင်လက်မနှေးကြပါနဲ့:3အော်စကာနှစ်ဆုရထားတဲ့အကောင်းတကာ့အကောင်းတွေထဲကကားကောင်းတစ်ကားဖြစ်တာကြောင့်အချိန်ပေးပြီးကြည့်လိုက်ပါ အချိန်ကုန်ရကျိုးနပ်စေမယ့်အပြင်ဘဝနဲ့ပတ်သတ်တဲ့သင်ခန်းစာတချို့ကိုပါရကောင်းရနိုင်ပါလိမ့်မယ်Translated by Aye ChansuEncoded by sithu
movie
Bonnie and Clyde (1967)
1967
Blu-Ray 1080p
1
2
3
4
5
Previous
Next