Channel Myanmar
Blu-Ray 1080p
Mama (2013) 6.2
Mama (2013) Director: Andres Muschiettiရိုက်ကူးတင်ဆက်ထားပြီးJanuary 18, 2013 (USA) တွင်ရုံတင်ပြသခဲ့သော ထိတ်လန့်ချောက်ခြားဖွယ်ရာရုပ်ရှင်ဇတ်ကား တစ်ခုဖြစ်ပါတယ်...ဇတ်လမ်း ပုံစံကတော့...စိတ်ကျရောဂါ စွဲကပ်နေတဲ့ ရုံးဝန်ထမ်း အမျိုးသားဟာ သူ့ရုံးက ဝန်ထမ်း အားလုံး ကိုသတ်ဖြတ်ပစ်ခဲ့ပြီး အိမ်သို့ပြန်လာက ကလေးတွေကို တံခါးပိတ်ထားပြီး မိန်းမကိုထပ်ပြီး သတ်ပစ်လိုက်ပါတယ်...ထို့နောက်တွင်သော ငယ်ရွယ်သေးသော သမီးငယ် နှစ်ဦးကို ကားပေါ်တင်ပြီးထွက်ပြေးရာတွင် ချောက်ကမ်းပါး တစ်ခုအရောက်ကားဘရိတ်ချော်ပြီး ချောက်တွင်းသို့ပြုတ်ကျသွားပါတော့တယ် သူကိုယ်တိုင် ဒဏ်ရာအနည်းငယ်သာ ရပြီးသမီး နှစ်ဦးကို လက်ဆွဲခေါ်ကာ တောတွင်းသို့ ဝင်ရောက်လာရင်းထူးဆန်းသော အိမ်တစ်အိမ်ကို တွေ့ရှိရာ ဝင်ရောက်နားခိုခဲ့ပါတယ်..ထို့နောက် ကလေးငယ် နှစ်ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန်ပြုလုပ်တဲ့ အချိန်မှာပဲ မမြင်နိုင်သော အရာတစ်ခုက ကလေးငယ် နှစ်ဦးရဲ့ဖခင်ကို သတ်ဖြတ်ပြီးနောက် ထိုကလေးငယ် နှစ်ဦးကို စောင့်ရှောက်ကျွေးမွေးနေပါတော့တယ်...နှစ် အနည်းငယ် ကြာပြီးနောက် ဖခင် ဖြစ်သူ ရဲ့ ညီ ကလေးတွေ ...
movie
Mama (2013)
2013
Blu-Ray 1080p
The Tower (2012) 6.6
The Tower (2012) The Tower (2012)_______IMDb - 6.6/10၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...  File Size - 929 MB File Format - mp4 IMDb rating - 6.6/10 Quality - Blu-ray1080p Running Time - 2h 1min Translated by Amara Encoded by sithu
movie
The Tower (2012)
2012
Blu-Ray 1080p
Unbreakable (2000) 7.3
Unbreakable (2000) Unbreakable (2000) IMDb - 7.3/10_____Rotten - 70%    Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျ မကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့် Glassကိုသွားကြည့်ရင်အဆင်ပြေလှမှာမဟုတ်ပါဘူး Mr.glassဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့ အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီး သူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါ ခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ် သူအဲဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူး ကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ် သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ် အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ် ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်...    Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ် အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစားDunnဟာ အဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲ လူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ် အဲ့လူကတော့ Mr.glassဖြစ်ပြီး Dunnရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့ သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်ဗျ   Translated by Lin Kyaw Swar Aung Encoded by Thanhtike Zaw    File Size - 1.8 GB and 900 MB File Type - Mp4 Quality - Blu-ray 1080p and 720p Duration - 01:46:00 Translator - Lin Kyaw Swar aung Encoder - Thanhtike Zaw
movie
Unbreakable (2000)
2000
Blu-Ray 1080p
The House with a Clock in Its Walls (2018) 6.0
The House with a Clock in Its Walls (2018)
2018
Blu-Ray 1080p
Finding Nemo (2003) 8.1
movie
Finding Nemo (2003)
2003
Blu-Ray 1080p
Finding Dory (2016) 7.3
Finding Dory (2016) Finding Dory (2016) IMDb - 7.3/10_______Rotten - 94%မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie
Finding Dory (2016)
2016
Blu-Ray 1080p
Batman: Bad Blood (2016) 6.8
Batman: Bad Blood (2016) ကာတွန်းကားလို့တောင်ပြောဖို့မတန်တဲ့DCရဲ့ကားကောင်းတစ်ခုဖြစ်ပြီးဇာတ်လမ်းအတက်အကျကြမ်းလွန်းတဲ့batmanရဲ့ကားကောင်းတစ်ခုဖြစ်ပါတယ်။Batwomanနဲ့Electrocutioner, Blockbuster, Firefly,Killer Mothတို့လိုvillainအကြမ်းစားတွေချနေတာနဲ့ဇာတ်လမ်းကိုစဖွင့်ထားပြီးBatmanကဝင်ကူပေးတဲ့အခန်းမို့သူ့ရဲ့hero introကိုကောင်းကောင်းခံစားကြရမှာပါ။Hereticလို့ခေါ်တဲ့villainရောက်လာကာအဆောက်အဦးကိုပေါက်ကွဲစေခဲ့ပါတယ်။BatmanဟာBatwomanကိုကယ်ပြီးလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ရက်သတ္တပတ်တွေကြာပြီးတဲ့အခါမှာတော့AlfredဟာNightwingကိုအချက်ပြမှုတွေပေးပို့ခဲ့ပါတယ်။Damian Wayneဟာလည်းသူပျောက်သွားတာကိုသတင်းကနေကြည့်ရပြီးတော့Gothamကိုပြန်လာဖို့လုပ်နေပါပြီ။ဒါပေမယ့် သူဘာလို့ပျောက်သွားခဲ့တာလဲ...NightwingကBatman suitဝတ်ထားတာကိုရောDamian Wayneလေးကအမြင်ကြည်ပါ့မလား...Hereticကရော ဘာတွေကြံနေတာလဲဆိုတာကိုတော့...Translated by Tariq L Walker and encoded by sithu<3
movie
Batman: Bad Blood (2016)
2016
Blu-Ray 1080p
Astro Boy (2009) 6.3
Astro Boy (2009) ဒီနေ့တော့ CM ပရိတ်သတ်တွေအတွက် IMDb Rate မှာ 6.4 ရရှိထားတဲ့ Astro Boy လို့ခေါ်တဲ့ Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်... ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့် တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။ Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာ Dr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့ စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာ ထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ ...
movie
Astro Boy (2009)
2009
Blu-Ray 1080p
The Island (2018) 6.4
The Island (2018) ဒီဇာတ်ကားအကြောင်းကိုပြောရမယ်ဆို ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမယ်လို့တွေးမိပါတယ် ဘာလို့များလဲ ကျွန်တော်လဲလူသားတစ်ယောက်ပဲကိုး.. ကျွန်တော်တို့လူသားတွေက ဂုဏ်တွေ ပညာတွေနဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေနဲ့ဒီလောကကြီးထဲမှာနေထိုင်နေရတာမဟုတ်လား လူတိုင်းမှာ မကောငး်စိတ်ဆိုတာရှိစမြဲပဲလေ အဲ့လိုမကောငး်တဲ့စိတ်ကိုပဲ အသိပညာနဲ့ စည်းမျဉ်းတွေကထိန်းချုပ်ထားတာမဟုတ်လား လူတွေရဲ့မကောင်းတဲ့စိတ်ဆိုတာဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ အတ္တ မာနနဲ့ အကောက်ကြံမှုတွေကဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ ရှင်းပါတယ် စိတ်ကွယ်ရာအရပ် သို့မဟုတ် ဥပဒေကင်းလွတ်တဲ့အရပ်မှာဘွင်းဘွင်းကြီးထွက်ပေါ်လာတတ်တယ်မဟုတ်လား ဒီဇာတ်ကားကလဲဒီသဘာဝကို အထင်းသားမြင်ရအောင်ရိုက်ပြထားပါတယ် .. ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကိုနှစ်ပတ်လည်အနေနဲ့ ပင်လယ်ကမ်းခြေကိုအလည်အပတ်ပို့ပေးပါတယ် ကမ္ဘာ့အပြင်ဘက်ကဥက္ကာခဲအန္တရာယ်ကိုလျစ်လျူရှုပြီး ပင်လယ်ထဲအလည်အပတ်ထွက်လာတဲ့သူတို့ဟာ ဥက္ကာခဲကြောင့်ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ်သောင်တင်ခဲ့ပါတော့တယ် သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်ကပါဝင်ခဲ့ပြီးပရော်ဖက်ဆာရဲ့တွက်ချက်မှုက လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့်ပျက်သုဉ်းသွားပြီး ရှင်ကျန်သူဆိုလို့သူတို့သာကျန်တော့ကြောင်းအဖြေထွက်လာပါတော့တယ် ဒီတော့.. စည်းလုံးမှုတွေလဲပြိုကွဲ နောက်ဆုံးကျန်ခဲ့တဲ့လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကိုလဲလိုချင်တပ်မက်လာတဲ့အခါ.. မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရဲ့ပကတိမျက်နှာဟာ ထိုကျွန်းပေါ်မှာပေါ်ပေါက်လာပါတော့တယ်.. အတ္တတွေ တပ်မက်မှုတွေနဲ့ လူတစ်စုကျွန်းပေါ်မှာဘယ် လိုအသက်ရှင်သွားမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ.. ဒီဇတ်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကို လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
The Island (2018)
2018
Blu-Ray 1080p
The Thinning: New World Order (2018) 3.8
The Thinning: New World Order (2018) The Thinning: New World Order (2018)_____IMDb - 3.8/10   The Thinning New World Order (2018) The Thinning (2016) ရဲ့အဆက်ပါ Directed by Michael J. Gallag'her ပါပဲ စစ်ဆေးမှုမအောင်မြင်တဲ့ ကျောင်းသားတွေကို သတ်ပစ်တယ်လို့သိထားကြတဲ့ အမေရိကမှာ ကျောင်းသားတွေတကယ် အသတ်ခံရတာမဟုတ်ဘဲ လျို့ဝှက်မြေအောက်အလုပ်ခွင်ထဲ အပို့ခံရတဲ့အခါမှာ ဘလိတ်ခ်နဲ့အယ်လီတို့ဟာ ပြန်လည်ဆုံတွေ့သွား ကြပါတယ် တဖက်မှာလည်း လီနာက မြို့တော်ဝန်ရတ်ဒင်းန်ရဲ့ အလုပ်ဖိတ်ကြားချက်ကိုရရှိပြီး မဲဆွယ်ပေးသူတစ်ယောက်အနေနဲ့ လုပ်ကိုင်နေခဲ့ပါတယ် ကယ်လန်ကတော့ သူလိုချင်တဲ့သတင်းထောက်အလုပ်မှာ ဂျူနီယာအဖြစ်လုပ်ကိုင်ရင်း မြေအောက်အဖွဲ့အစည်းအကြောင်းကိုသိရှိသွားမလား မြို့တော်ဝန်ကိုယ်တိုင်ကရော ဒီကိစ္စနောက်ကွယ်မှာ ပါဝင်ပက်သက်နေမလား ဘယ်သူက တကယ်တမ်းကြိုးကိုင်နေတာလဲ ဆိုတာတော့ဆက်ကြည့်ကြပါနော်Thit Nyein Han ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
The Thinning: New World Order (2018)
2018
Blu-Ray 1080p
The Thinning (2016) 5.5
The Thinning (2016) The Thinning (2016)_____IMDb - 5.5/10   The Thinning (2016) ဇာတ်ကားကတော့ Action/Drama/Horror အမျိုးအစားပါ Directed by Michael J. Gallag'her ဖြစ်ပါတယ် IMDb 5.5/10 ဖြစ်ပြီး Rotten Tomatoes ရဲ့ Audience Score မှာလည်း 62% ရရှိထားပါတယ် ကိုယ်လည်းစကြည့်တုန်းက အစပိုင်း၁၀မိနစ်လောက်ထိ ဘာလဲပေါ့ဆိုပြီး ကြည့်ခဲ့တာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းအဆုံးထိဘာဖြစ်မလဲသိချင်အောင် ဆွဲခေါ်သွားခဲ့တယ် သမားရိုးကျဇာတ်လမ်းတွေကနေ ခွဲထွက်ထားတော့ ပိုကောင်းတာပေါ့ (စာကျက်ပျင်းတဲ့သူတွေပိုကြည့်သင့်ပါတယ်နော် ) 2038 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံးလူဦးရေသိပ်သည်းမှုကြောင့် နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူဦးရေထူထပ်လာမှုကို လျှော့ချကြပါတယ် နှစ်တိုင်းမှာ လူဦးရေရဲ့ငါးရာခိုင်နှုန်းကို လျှော့ချကြတာပါ ကလေးတစ်ယောက်ပဲ မွေးရမယ်တို့ ဘာတို့ ဒါပေမယ့် အမေရိကမှာတော့ ကျောင်းသားကျောင်းသူ တွေကို စစ်ဆေးမှုပြုလုပ်ပါတယ် စာမေးပွဲပေါ့ စစ်ဆေးမှုရဲ့ အဆင့်အနိမ့်ဆုံး အမှတ်အနည်းဆုံး ကျောင်းသားကျောင်းသူတွေကို thinning လုပ်လိုက်တယ် သတ်ပစ်လိုက်တာပေါ့   Michaels (Peyton List) တက္ကဆက်ပြည်နယ် ဗစ်စတာပွိုင့်အထက်တန်းကျောင်းရဲ့ အတော်ဆုံးကျောင်းသူတစ်ဦး မိခင်ရဲ့ကျန်းမာရေးကြောင့် ဆေးဖိုးဝါးခရှာရင်း ကျူရှင်လဲသင် စာမရတဲ့ကျောင်းသားတွေကို ခိုးချလို့ရတဲ့ မျက်ကပ်မှန်လေးတွေရောင်းရင်း ကော်ရင်းနဲ့ဂျိုဝီဆိုတဲ့ ညီမလေးနဲ့မောင်လေးကိုလည်း ပြုစုစောင့်ရှောက်နေတဲ့ မမတစ်ယောက် စစ်ဆေးမှုမှာ အမြဲ90%ကျော်နေခဲ့ပြီး ဘာလို့ စစ်ဆေးမှုကျရှုံးသွားရတာလဲBlake Redding ...
movie
The Thinning (2016)
2016
Blu-Ray 1080p
From Hell (2001) 6.8
From Hell (2001) CM Fan တွေ အတွက် မင်းသားကြီး Johnny Depp ငယ်စဉ်က သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ From Hell ဆိုတဲ့ သည်းထိတ်ရင်ဖို စုံထောက် ရုပ်ရှင်ကားဖြစ်ပါတယ် IMDb Rating 6.8 ထိ ရရှိထားပါတယ် Johnny Depp နဲ့ အတူ မင်းသမီး Heather Graham ပါ သရုပ်ဆောင်ထားပါတယ် ဇတ်လမ်းပုံစံကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြို့တစ်ခုမှာ ရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့ အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့ စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ် သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အားကိုးရာလဲဖြစ်ပါတယ် ပုံစံ အရ ပြောရရင် မင်းသိင်္ခ ၀တ္တုထဲက ဆားပုလင်း နှင်းမောင် လိုပေါ့... တစ်ရက်မှာတော့ အဲ့ဒီ မြို့သေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်း တစ်ခုဖြစ်ခဲ့ပါတယ်... အဲ့ဒါကတော့ ပြည့်တန်ဆာ တွေကို လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက် ...
movie
From Hell (2001)
2001
Blu-Ray 1080p
Mile 22 (2018) 6.1
Mile 22 (2018)   ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie
Mile 22 (2018)
2018
Blu-Ray 1080p
The Meg (2018) 6.1
The Meg (2018)  2018 ထဲက ရှားရှားပါးပါး ရုံတင်ထားတဲ့ ငါးမန်းရုပ်ရှင်The Meg ကို CM ကနေ BluRay အဆင့် နဲ့ တင်ဆက်ပေးလိုက်ပါပြီဒီရုပ်ရှင်ကားဟာ မကြာသေးခင် လ ကမှ ရုံချခဲ့တာ ဖြစ်ပြီးအခု BluRay Update ကို တင်ဆက်ပေးလိုက်ပါတယ်The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဟာရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်လူတိုင်းချစ်ကြတဲ့ အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီးတရုတ်မင်းသမီးချောလေး Bingbing Li လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇတ်လမ်း ပုံစံကတော့ မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာရေအောက် အနက်ဆုံးကြမ်းပြင်သို့ လေ့လာရေး အဖွဲ့ကို စေလွှတ်ပြီးမျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါtalဒါပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ဆုံးရေအောက်ကြမ်းပြင်မှာနှစ်ချို့ သတ္တဝါကြီးတွေ ကျတ်စားရာ ဒေသ ဖြစ်ပြီး အမျိုးအမည်မသိသတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကို ခံရပြီး ရေငုတ်ယဉ်ငယ် ဟာလေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်ဒီနောက်မှာတော့ အားလုံးကို အဆက်ဖြတ်ပြီးထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူဂျိုးနက်စ် ကို ...
movie
The Meg (2018)
2018
Blu-Ray 1080p
Superman/Batman: Apocalypse 7.2
Superman/Batman: Apocalypse Superman Batman: Apocalypse 2010 ကမို့ ကြာခဲ့ပါပြီ... သို့သော် Superman နဲ့ Supergirl ရဲ့ Super Action တွေဟာ ခုအချိန်ထိ မဟောင်းသေးပါဘူး။ Sir Bat က Action နည်းတယ်လို့ပြောလို့ရပေမယ့် သူ့လုပ်ကွက်တွေကလဲ ခုချိန်ထိ အရမ်းကို Batman ဆန်နေဆဲပါ။ Batman ဆန်နေမှတော့ ကြည့်လို့ကောင်းပြီရယ်ပေါ့။ အကောင်းဆုံး ဇာတ်ကားတစ်ကားလို့မပြောပေမယ့် အစကနေ ပြီး အဆုံးထိ ပေါ့ပေါ့ပါးပါးလေး သူခေါ်သွားပါလိမ့်မယ်။ DC Trinity ရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို Supergirl ရဲ့ အပြစ်ကင်းစစ် ချစ်စရာကောင်းမှု နဲ့ အတူ ကြည့်ရမှာပါ။ BatFan တွေ ကြိုက်ကြသလို Superman Fan တွေလဲ အားရကြပါတယ်... DC ဟာ Animation မှာ နာမည်ရှိပါတယ်.... အဲ့လိုဖြစ်စေတဲ့ Animations များစွာထဲမှာ ဒီ Animation လေး အပါအဝင်ပါပဲ... ဒီ Animation Movie လေးကို ဘာသာပြန်ပေးထားတာကတော့ Han Minn ဖြစ်ပြီး Review ကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။   Thit ...
movie
2010
Blu-Ray 1080p
Hollow Man (2000) 5.8
Hollow Man (2000) Hollow Man (2000)_____IMDb - 5.8/10    ဒီကားလေးက အတော်တော့ ဟောင်းခဲ့ပြီ 2000 ခုနှစ်လောက်က အခွေဆိုင်တွေမှာ ကိုယ်ပျောက်လူသား ဆိုပြီး အငှားရဆုံး အခွေဖြစ်ခဲ့ဖူးတယ် အခွေဆိုင်တွေက ကော်ပီခွေ အနည်းဆုံး ၃၀ လောက် ကူးထားရတဲ့ ရုပ်ရှင်ကား အခု ပြန်လွမ်းတဲ့ ပြန်ကြည့်ချင်တဲ့ 90 ဖွားတွေ အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.... ဇတ်လမ်းအကျဉ်းကတော့ သိပ္ပံပညာရှင် ဆဘတ်ရှန် ဦးဆောင်တဲ့ အဖွဲ့ဟာ ကိုယ်ပျောက်ဆေးကို တိရိစ္ဆာန်တွေ နဲ့ စမ်းသပ်ကာ သုတေသန လုပ်နေခဲ့တာ အတော်ကြာပါပြီ သူတို့ အသေးဆုံး ကြွက်ကနေ လူနဲ့ အနီးစပ်ဆုံး မျောက်အထိ စမ်းသပ်အောင်မြင်နေပါပြီ ဒီလုပ်ငန်းစဉ်သာ အောင်မြင်ခဲ့ရင် နိုင်ငံအတွက် အများကြီး အကျိုးဖြစ်ထွန်းစေမှာပဲ ဖြစ်ပါတယ်    ဆဘတ်ရှန် ဟာ အဖွဲ့ထဲမှာ သူအတော်ဆုံးလို့ မှတ်ယူထားပြီး အားလုံးရဲ့ အမြင်ကပ်မှု ကို ခံယူထားသူလဲ ဖြစ်ပြီး တကယ်လဲ တော်တဲ့သူဖြစ်ပါတယ် သူတို့ နောက်ဆုံး ကိုယ်ပျောက်ဆေး ကို တီထွင်နိုင်ခဲ့ပေမဲ့ ပျောက်နေတဲ့ သက်ရှိကို ပြန်ဖော်နိုင်ဖို့ကိုတော့ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသေးပါ ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့နောက် မှာတော့ မျောက်ဝံ တစ်ကောင်ကို စမ်းသပ်အောင်မြင်ပြီး Project အောင်မြင်ခဲ့ပါတယ်... ဆဘတ်ရှန် က ဒီလောက်နဲ့ ရပ်တန့်မသွားပဲ သူကိုယ်တိုင် သတ္တိရှိရှိ စမ်းဖို့ လူသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်က အောင်မြင်မှု ရှိမရှိ စမ်းသပ်ခံခဲ့တဲ့ နောက်မှာတော့....     ဒီရုပ်ရှင်ကားကို May Thu က ...
movie
Hollow Man (2000)
2000
Blu-Ray 1080p
Land of Mine (2015) 7.8
Land of Mine (2015)  မိုင်းဆိုတာ စစ်မြေပြင်မှာ ဗျူဟာမြောက်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်... သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကြောင်းတစ်ခုကို ရပ်တန့်နှောင့်နှေးစေချင်လို့ပါ..ဥပမာ မိုင်းကွဲတယ် ခြေထောက်ပြတ်တယ် ဒီအခါမှာ သူ့ကို သယ်ဖို့ စစ်သည် (၂)ယောက် လိုမယ်... ဗျူဟာမြောက်သုံးကြတယ်...သေဆုံးနိုင်ခြေနည်းတယ်ဆိုပေမယ့် တစ်သက်လုံးလူဖြစ်ရှုံးသွား နိုင်ပါတယ်.. မိုင်းဖော်တဲ့သူအတွက်လည်းအရမ်းကို အန္တရယ်များပါတယ်.. ဒီတွေဘာကြောင့်ပြောပြနေလဲဆိုတော့ ဒီကားထဲမှာ ဂျာမန်တွေဟာဒိန်းမတ်ကိုသိမ်းထားတုန်းမှာ မိုင်းအလုံး (၂) သန်းကျော်ကိုထောင်ထားခဲ့တယ်... ဂျာမန်တွေစစ်ရှုံးသွားလို့ ဒိန်းမတ်မြေက ဆုတ်ခွာ သွားပေမယ့် မိုင်းအလုံးရေ (၂)သန်းကျော်ရှိတဲ့ကွင်းကြီးတော့ကျန်ခဲ့ပါတယ်... ဒီမိုင်းကွင်းကြီးကိုရှင်းဖို့တာဝန်ကြတဲ့သူက ဒိန်းမတ်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး... ဒီမိုင်းတွေကိုရှင်းဖို့ဆိုပြီ ဂျာမန်စစ်သုံပန်း(၁၄)ယောက်တိတိကို တပ်ကြပ်ကြီးဆီပို့ပေးကြတယ်... မိုင်းရှင်းတုန်း သေသွားလည်း နှမြောစရာမရှိတဲ့သူမျိုးတွေပေါ့.. ဂျာမန်တွေသိမ်းပိုက်စဉ်တုန်းက ဒိန်းမိတ်တွေကို ရက်စက်စွာသတ်ဖြတ် မိန်းမတွေဆိုလည်းမုဒိန်းကျင့် ဆိုးယုတ်မှုမှန်သမျှ ဒိန်းမတ်တွေခံစားခဲ့ရတယ်... ခုမိုင်းဖော်ရမယ့်အချိန်မှာ ဂျာမန်ကလေးတွေနဲ့ဖော်ရမယ်ဆိုတော့ဒိန်းမတ်တပ်ကြပ်ကြီးအတွက် နာကျဉ်းသမျှတွေ ပုံချပါတော့တယ်.. ကလေးတွေလို့မမြင်ဘူး .. ဒိန်းမတ်တွေအပေါ်ရက်စက် ခဲ့တဲ့ ဂျာမန်တွေလို့ပဲမြင်တယ်...အသက်ငယ်ရွယ်သေးတဲ့ လူငယ်လေးတွေကို ရက်ရက်စက်စက် ...
movie
Land of Mine (2015)
2015
Blu-Ray 1080p
The Lure 6.4
The Lure  ယုံတမ်းပုံပြင်တွေတော့ အများကြီးရှိခဲ့ပါတယ်ရေသူမလေးဟာ မင်းသားလေးကို ချစ်လို့ရေထဲကနေ ကုန်းပေါ်တက်လာ မနာလိုသူတွေကရေနဲ့ ၀ိုင်းဖြန်းလို့ အမှီးထွက်လာပြီး လူတွေသိလို့မင်းသားလေးနဲ့ ဝေးသွား ဘလာ ဘလာအချစ်ဇတ်လမ်းလေးတွေ နတ်သမီးပုံပြင်တွေပေါ့တကယ်တမ်း ရေသူမတွေဆိုတာ အသားစားသတ္တဝါတွေဖြစ်ပြီး ဆန့်ကျင်ဘက်လိင် ကိုသီချင်းဆိုပြပြီး စွဲဆောင်ကာ သတ်ဖြတ်စားသောက်သူပါကဲ မကြောက်ကြဘူးလား ?ဒီဇတ်လမ်းလေးက နည်းနည်းထူးဆန်းတယ်ဗျဂိုးလ်ဒန်း နဲ့ ဆေးလ်ဗား (ရွှေနဲ့ငွေ) ဆိုတဲ့ရေသူမ ညီအစ်မ ၂ ယောက်ဟာတစ်ရက်မှာတော့ ကမ်းခြေမှာ သီချင်းတိုက်နေတဲ့နိုက်ကလပ် တစ်ခုက အဆိုတော် အဖွဲ့ကိုတွေ့မြင်ချောင်းကြည့်ခဲ့ပါတယ်...ပြီးနောက် လူတွေနောက် လိုက်ချင်လို့စွဲဆောင်ပြီး ကုန်းပေါ်တက် ပါသွားပါတယ်ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူးသူတို့ ညီအစ်မ ကို စင်တင်မှာ သီချင်းဆိုတဲ့အဖွားကြီးက ဖော်ချွတ် ကလပ် တစ်ခုမှာအလုပ်သွင်းပေးလိုက်ပါတော့တယ်...ဖော်ရချွတ်ရ ယောကျင်္ားတွေကို စွဲဆောင်ရတာ၀ါသနာပါတဲ့ ရေသူမ ညီအစ်မ ၂ ယောက်နဲ့ရေသူမတွေ အကြောင်း သေချာ မသိတဲ့သူတွေ ကြားမှာ ဘယ်လို ထိတ်လန့်စရာတွေဖြစ်ပျက်လာမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ပါအုံးဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Shain Htet Naing ဖြစ်ပြီး Thit San Khant မှတင်ဆက်ပေးထားပါတယ်
movie
The Lure
2015
Blu-Ray 1080p