Channel Myanmar

Blu-Ray 720p/1080p 5.1

The Wrestler(2008) 7.9
The Wrestler(2008) The Wrestler(2008) IMDb...7.9,,,,,Rotten....98% ခင်ဗျားတို့ ကျွန်တော်တို့အားလုံး WWE channel က ပြသတဲ့ smack down ပွဲတွေကို ကြည့်ဘူးကြမှာပါ.... ပြောရရင် ကြိုတင်ပြဆင်ထားတဲ့အစီအစဉ်တစ်ခုကို လာကြည့်တဲ့ပရိတ်သတွေကို ရသ အပြည့်အ၀ပေးနိုင်မယ့် သတ်ပုတ်မှုမျိုးတွေကို  ချပြရပါတယ်... ကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်ဆိုပေမယ့် ထိုးသတ်တဲ့နေရာမှာ ပရိတ်သတ်ထောင်ပေါင်းများစွာသော မျက်လုံးတွေ့ရှေ့မှောက်မှာတော့ တကယ့်ပျင်းထန်တဲ့ရိုက်ချက်တွေနဲ့ သတ်ပုတ်ပြရပါတယ်.. ဒါ့ကြောင့်လည်း ဒီပြိုင်ပွဲတွေဟာ အတုအယောင်လို့ဆိုရပေမယ့် ကမ္ဘာကျော်နေရတာပဲဖြစ်ပါတယ်.... ၂၀၀၈ ခုနှစ်မှာ ဒါရိုက်တာ Aronofsky ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင် နပမ်းသမား Randy the Ram (Mickey Rourke)အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီကားက သူ့ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျကို  ရိုက်ပြထားပြီး သူတို့ဘ၀ရဲ့ခက်ထန်ကြမ်းတမ်းပုံတွေကိုအကောင်းမွန်ဆုံးပုံဖော်ထားပါတယ်... ကြမ်းတမ်းခက်ထန်လွန်းတဲ့ လူ့ဘီးလူးကြီးတွေရဲ့ နောက်ကွယ်က နူးညံတဲ့နှလုံးသားကိုလည်းတွေ့နိုင်ပါလိမ့်မယ်... ဒါ့ကြောင့်လည်း ဒီကားဟာ ချီးကျူးမှုပေါင်းများစွာရရှိထားသလို အော်စကာဆန်ကာတင် (၂)ဆုနဲ့ အခြားဆုပေါင်း (၅၈)ဆု ရရှိထားပါတယ်.... ပြီးတော့ ဒီကားဟာ သတ်ပွဲပေါင်းများစွာပါသလို သွေးထွက်သံယိုခန်းတွေလည်းပါတာမို့ သတိထားကြည့်စေလိုပါတယ်.... ရုပ်ရှင်ရဲ့ Rating က R ဖြစ်တာကြောင့် အဖော်အချွတ်ခန်းတွေ ပါတဲ့အတွက် မိသားစုနဲ့ အတူကြည့်ဖို့မသင့်တဲ့ ကားတကားလို့ ပြောပါရစေ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Chan Myae Thu ...
7.9
IMDB: 7.9/10 276,306 votes
movie

The Wrestler(2008)

2008
Blu-Ray 720p/1080p 5.1
Fighting with My Family(2019) 7.5
Fighting with My Family(2019) Fighting with My Family(2019) IMDb....7.5,,,,,Rotten....92% ပေ့ဂ်ျ ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ  တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့  သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမ၀င်ချင်ဘဲ ၀င်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား  ပေ့ဂ်ျ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ...
7.5
IMDB: 7.5/10 11,720 votes
movie

Fighting with My Family(2019)

2019
Blu-Ray 720p/1080p 5.1
The Negotiator(1998) 7.3
The Negotiator(1998) The Negotiator(1998) IMDb....7.3,,,,,,, Rotten...75% ဒန်နီ ရိုမန် (Samuel L. Jackson) ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ ချီကာဂို ရဲဌာနမှာ Negotiator လုပ်ရတဲ့ ရဲတစ်ယောက်ပေါ့…. Negotiator ဆိုတာ မြန်မာလိုဆိုရင် စေ့စပ်ညှိနှိုင်းဆွေးနွေးသူပေါ့ ….သူ့ရဲ့ အဓိကတာဝန်ကတော့ ပြန်ပေးဆွဲအမှုတွေ ဓားစာခံအမှုတွေမှာ သူက ဓားစာခံတွေ မထိခိုက်အောင် အနာတရ အသေအပျောက်မရှိအောင် ပြန်ပေးသမားနဲ့ စကားပြောပေးရတဲ့သူပေါ့…  သူပြောတဲ့စကားတစ်ခွန်းဟာ ပြန်ပေးသမားရဲ့ စိတ်အခြေအနေကို အဆိုးဘက်ကိုအနည်းငယ်ရောက်စေရုံနဲ့ ဓားစာခံရဲ့ အသက်အချိန်မရွေးပျောက်သွားနိုင်သလို အခြားမလိုလားအပ်တဲ့ ပြသနာတွေလည်း ရှိနိုင်ပါတယ်.... ဒန်နီရိုမန်ကတော့ ပြန်ပေးသမားကို သိမ်းသွင်းပြီး ဖြေရှင်းတဲ့အပိုင်းမှာ အထူးကျွမ်းကျင်သလို ရုပ်မြင်သံကြားမှာလည်း မကြာခဏ ချီးကျူးဖော်ပြခံနေရတဲ့ သူပေါ့…... လုပ်ဖော်ကိုင်ဘက်တွေကလည်း သူ့အပေါ်လေးစားကြတယ်.... တစ်နေ့တော့ ရဲဌာနထဲမှာ ရံပုံငွေတွေကို ဒေါ်လာသန်းနဲ့ ချီပြီး အလွဲသုံးစားလုပ်တဲ့ အမှုတစ်ခု ဖြစ်လာခဲ့ပါတယ်…... ဒီကိစ္စကို ကံဆိုးချင်တော့ ဒီအမှုကို ဒန်နီရိုမန် လုပ်တယ်ဆိုပြီး ထောင်ချောက်ဆင်ခံလိုက်ရတယ်... ဒီထောင်ချောက်ဆင်မှုကြောင့် လုပ်ဖော်ကိုင်ဘက်တွေရဲ့ရွံ့မုန်းတဲအကြည့်တွေရခဲ့တဲ့အပြင် မီဒီယာတွေရဲ့ခေါင်းစဉ်တွေမှာလည်း အကျင့်ပျက်ခြစားတဲ့ရွံစရာအကောင်းဆုံး လူသားအဖြစ်အဖော်ပြခံလိုက်ရတယ်...ဒန်နီရိုမန်အတွက် တကယ့်ကို ကမ္ဘာပျက်တဲ့အခိုက်အတန့်ပါပဲ....ကိုင်း ဒီအမှုကြီးကို ကို ...
7.3
IMDB: 7.3/10 121,499 votes
movie

The Negotiator(1998)

1998
Blu-Ray 720p/1080p 5.1
T-34(2018) 6.2
T-34(2018) T-34(2018) ((ဒီကားရဲ့ အသက်ဟာ တင့်ထိုးစစ်ဆင်မှုတွေနဲ့ တင့်ကျည်ဆန်တွေ တစ်ဝုန်းဝုန်း ပစ်ခတ်ထိမှန်ချက်တွေဖြစ်လို့ Blu-Ray 1080p5.1 ch နှင့် 720p တို့ဖြင့် update ပေးထားပါသည်...)) စစ်ကားကောင်းတွေ မျှော်လင့်နေတဲ့ ပရိတ်သတ်တွေအတွက် မျှော်လင့်ရကျိုးနပ်တဲ့ကားတစ်ကားလာပါပြီဗျား.... ဒီကားက ဒုတိယ ကမ္ဘာစစ်အတွင်း ရုရှားနဲ့ ဂျာမန်စစ်ဖြစ်တဲ့အချိန် စီးချင်းထိုးခဲ့တဲ့ တင့်ကားတွေအကြောင်းကို အဓိက ထားရိုက်ကူးပြထားတာပါ.... ပြသချိန် ၂နာရီကျော်ရှိခဲ့ပေမယ့်  T-34 အမြောက်သံတစ်ဂျိန်းဂျိန်း ကျည်ဆံသံတစ်ဝီ၀ီနဲ့ အပြန်အလှန်တိုက်ခိုက်မှုကြားမှာ ခင်ဗျားဟာ စိတ်ဝင်စားလွန်းတော့ တောင့်တောင့်ကြီးကြည့်မိပြီး ၂နာရီကျော်ဆိုတာဆိုတာ ဘာမှန်းမသိဖြစ်သွားလိမ့်မယ်....ဇာတ်လမ်းအစမှ အဆုံးထိ ခပ်သွက်သွက် ခပ်ရှင်းရှင်းနဲ့ကို Tempo ချချိန်ဆိုတာတောင်မရှိသလောက်ပဲ.....ရိုက်ချက်တွေနဲ့ ခပ်ပါးပါးနောက်ခံတေးကလည်း တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိပဲ.... ရုရှားဘက်ကတိုက်ရည်ခိုက်ရည်ကောင်းတဲ့ တင့်ကွန်မန်ဒါတစ်ယောက်ဖြစ်တဲ့ Nikolay Ivushkinဟာ ဂျာမန်တင့်ကားခြောက်စီးကို သူ့ရဲ့ T-34တင့်ကားတစ်စီးတည်းနဲ့အကုန်အပြတ်ချေမှုန်းနိုင်ခဲ့တယ်.... ၆စီးကို တစ်စီးထဲနဲ့ချေမှုန်းသွားနိုင်တာကြည့်ရင် သူ့ရဲ့အရည်အချင်းကိုခန့်မှန်းမိနိုင်ကောင်းပါရဲ့... သို့ပေမယ့် နောက်ဆုံးတစ်စီးတစ်စီးကိုချေမှုန်းနိုင်ခဲ့ပေမယ့် သူအဖမ်းခံလိုက်ရတယ်... ဒီလိုနဲ့ ဂျာမန်စစ်သုံပန်းဘ၀ကိုရောကရှိသွားတယ်... ဒီအချိန်မှာ ဂျာမန်တွေအတွက်ရုရှားတွေရဲ့ တင့်စစ်ကစားဟန်က ထိတ်လန့်စရာအဖြစ်သိရှိခဲ့ပြီးတဲ့နောက်မှာ သူတို့အစီအစဉ်တစ်ခုဆွဲခဲ့တယ်... ဂျာမန်တွေဟာ နောက်ဖြစ်လာမယ့်ရုရှားတပ်နီနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ အထူးသဖြင့်ရုရှားတင့်တွေကိုဘယ်လိုအနိုင်ရမလဲဆိုတာကို ဂျာမန်မျိုးဆက်သစ်ဗိုလ်လောင်းတွေကို လက်တွေ့ကျကျလေ့လာနိုင်အောင်လို့ တစ်ကယ့်ရုရှားတင့်တစ်စီးနဲ့တိုက်ခိုက်ပေးဖို့စီစဉ်လိုက်တယ်.... အဲ့အချိန်မှာ Nikolay Ivushkinနဲ့တိုက်ခိုက်ဖူးတဲ့ဂျာမန်ခေါင်းဆောင်ဟာ Nikolay Ivushkin ရဲ့အရည်အချင်းကိုသိတဲ့အတွက် Ivushkin ကိုလူအချို့ပေးရွေးပြီးတော့ စုတ်ပြတ်သတ်နေတဲ့ရုရှားတင့်တစ်စီးကိုပေးလိုက်တယ်...အမြောက်ကျည်ဆန်မပါဘဲနဲ့ ဂျာမန်ဗိုလ်လောင်းတွေနဲ့တိုက်ခိုင်းတယ်... Ivushkinဟာအဲ့ဒီစုတ်ပြတ်သပ်နေတဲ့တင့်ကားအတွင်းပိုင်းကိုဝင်ကြည့်တဲ့အခါမှာ ပုပ်ပွနေတဲ့အလောင်းတွေအပြင် မထင်မှတ်ဘဲပြောင်လက်နေတဲ့အရာတစ်ခုခုကိုမြင်တွေ့လိုက်တဲ့အချိန်မှာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel ...
6.2
IMDB: 6.2/10 130000 votes
movie

T-34(2018)

2018
720p WEBRipBlu-Ray 720p/1080p 5.1
The Admiral: Roaring Currents(2014) 7.2
The Admiral: Roaring Currents(2014) The Admiral: Roaring Currents(2014) IMDb....7.2 လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့် တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshiရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။   ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။   ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။   ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။   လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် သင်္ဘောအနည်းငယ်နဲ့သာတိုက်ဖို့ရှိနေတဲ့အပြင် ရေတပ်သားတွေလည်း ထွက်ပြေးသူပြေး စည်းလုံးမှုတွေလည်း ...
7.2
IMDB: 7.2/10 8,713 votes
movie

The Admiral: Roaring Currents(2014)

2014
Blu-Ray 720p/1080p 5.1
Vice(2018) 7.2
Vice(2018) Vice(2018) IMDb....7.2,,,,Rotten....66% ((Blu-Ray 10805.1ch နဲ့ 720pတို့ဖြင့်ပြန်လည် Updateပေးထားပါသည်..)) ဒီဇာတ်ကားက  Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို   ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့ Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ၀င်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်... ၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်.... D ick Cheney ဟာ ငယ်ဘ၀က ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ... သို့ပေမယ့် အဲ့ဒီဘ၀ကနေ  အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်.. သူဘယ်လိုတွေကြိုးစားခဲ့လဲ? ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်... ဒါ့အပြင်  အမေရိကန်သမိုင်းကို   သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ… ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ… ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်… Dick Cheney အဖြစ် ...
7.2
IMDB: 7.2/10 41,254 votes
movie

Vice(2018)

2018
Blu-Ray 720p/1080p 5.1
Project Gutenberg ( 2018 ) 7.2
Project Gutenberg ( 2018 ) အရမ်းမိုက်တဲ့ကားလေး Bluray ထွက်လာလို့ 5.1ch နဲ့ ထပ်မံပြန်လည်တင်ဆက်ပေးလိုက်ရပါတယ် IMDb Rate 7.2  နဲ့အတူ နာမည်ကြီးမင်းသား ချောင်ယွမ်ဖတ်ကလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဂျင်းကားမဟုတ်တာတော့ 100 % ကျိန်းသေနေတာပါပဲ   ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့  နှစ်တွေက ချစ်သူ ၂ယောက် … အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ် ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့် ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ် ကံကြမ္မာလှည့်ကွက်တွေကြောင့် ၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့ ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ် ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြု ပန်းချီပညာရှင်တစ်ယောက်….ရဲစခန်းက ဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကို ကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲ ကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ် ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာ ဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေ အစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ် ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီး စောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့ ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်   ဘာသာပြန်သူကတော့ Phyo Zaw ဖြစ်ပါတယ် Translated By – Phyo Zaw Review And Encoded By – LK
7.2
IMDB: 7.2/10 1,226 votes
movie

Project Gutenberg ( 2018 )

2018
Blu-Ray 720p/1080p 5.1