Channel Myanmar
Blu-Ray 720p
Pirates of the Caribbean: Dead Men Tell No Tales (2017) 7.0
Pirates of the Caribbean: Dead Men Tell No Tales (2017) ဂျက်စ်ပဲရိုးဇာတ်ကားတွေရဲ့ ပဉ္စမမြောက်ဇာတ်လမ်းအဖြစ် ထွက်ရှိလာတာဖြစ်ပြီး ၂၀၁၅ မှာ ထွက်ဖို့ ရည်မှန်းထားပေမယ့် ကြန့်ကြာနေခဲ့ပြီး ဒီနှစ်မှပဲထွက် လာခဲ့တာပါ။ နောက်ဆုံးထွက်ခဲ့ တဲ့ဇာတ်လမ်းမှာ မပါခဲ့တဲ့ အော် လန်ဒိုဘလွန်းနဲ့ ကီရာနိုက်တလေ တို့လည်း အခုဇာတ်လမ်းမှာပြန် ပါလာမှာပါ။ဒီတစ်ခါဇာတ်လမ်းမှာတော့ ကပ္ပတိန်ဂျက်စ်ပဲရိုးတစ်ယောက် လွတ်အောင်ရှောင်ပြေးရမယ့်သူ ကတော့ ကပ္ပတိန်အာမန်ဒိုဆလာ ဇာပဲဖြစ်ပါတယ်။ ဆလာဇာဟာ စပိန်ရေတပ်က ပင်လယ်ဓားပြ ဖမ်းမုဆိုးဖြစ်ပြီး ဘယ်တော့မှမ သေတဲ့သူတစ်ယောက်ပါ။ဂျက်စ်ပဲရိုးနဲ့တော့ ကမ္ဘာ့ရန် သူဖြစ်ပြီး မရဏတြိဂံလို့ခေါ်တဲ့ ဘာမြူဒါတြိဂံဒေသမှာ ထောင် ချောက်မိနေသူဖြစ်ကာ အဲဒီအရပ်ကို လာသမျှပင်လယ်ဓားပြတွေကို သတ်ဖို့ ဆုံးဖြတ်ထားတာပါ။ ဆလာဇာနဲ့သူ့ရဲ့ သရဲသင်္ဘောသားတွေဟာ သူတို့ပိုင်နက်ထဲရောက်လာတဲ့ သင်္ဘောမှန်သမျှကို ဖျက်ဆီးပစ်ပြီး လက်စ ဖျောက်ရှင်းလင်းပါတော့တယ်။ဆလာဇာဟာ မရဏတြိဂံ ဒေသကနေ လွတ်မြောက်လာပြီး တဲ့နောက် ရန်သူတော်ဂျက်စ်ပဲရိုး ကို ရှင်းပစ်ဖို့ ကြိုးစားနေခဲ့ပါ တယ်။ ဂျက်စ်ပဲရိုးအဖို့ ဆလာဇာ ရဲ့ရန်က လွတ်မယ်ဆိုရင် ...
7.0
IMDB: 7.0/10 96,371 votes
movie
Pirates of the Caribbean: Dead Men Tell No Tales (2017)
2017
Blu-Ray 720p
Munich (2005) 7.5
Munich (2005) Munich (2005)IMDb - 7.5/10_____Rotten - 78%  ပါလက်စတိုင်းမြေကို ဂျူးတွေက သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။ နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။ သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။ ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။ လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။ အစ္စရေးအစိုးရဟာ ချက်ချင်းပဲ ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။ မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။ ဂျူးနဲ့ ...
7.5
IMDB: 7.5/10 207,995 votes
movie
Munich (2005)
2005
Blu-Ray 720p
Mamma Mia! (2008) 6.4
Mamma Mia! (2008) Mamma Mia! (2008) IMDb - 6.4/10_____Rotten - 54%  ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။"အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်" ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။နာမည်ကတော့ "Mamma Mia!" ဖြစ်ပါတယ်။Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 million သာဖြစ်ပြီး တကယ် ရုံတင်ပြသခဲ့တဲ့အခါ $609.8 ...
6.4
IMDB: 6.4/10 208,127 votes
movie
Mamma Mia! (2008)
2008
Blu-Ray 720p
Jagga Jasoos (2017) 6.7
Jagga Jasoos (2017) ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်ဗျာ့ ဟိုးရှေးရှေးတုန်းကပေါ့ မူဟီနာဂူရီလို့ ခေါ်တဲ့ မြို့လေးရဲ့ ဆေးရုံလေးတစ်ခုမှာ ကလေးငယ်တစ်ယောက် ဖွားမြင်လေခဲ့တယ်။ကလေးရဲ့ ကံဆိုးမှုလားပဲ သူ့ကို မွေးဖွားပြီး သိပ်မကြာခင်မှာပဲ အက်ဆီဒန့် တစ်ခုပြီး မိဘနှစ်ပါးလုံး သေဆုံးခဲ့ကြတယ်။သူ့ကို လာခေါ်မယ့်ဆွေမျိုးသားခြင်း ဘယ်သူမှ မရှိလေဘူ့း့ ဒီဆေးရုံလေးကပဲ သူ့ကမ္ဘာလေးဖြစ်ခဲ့ရတယ့့်နှစ်တွေအလီလီ ဆေးရုံမှာ ဖြတ်သန်းနေထိုင်ရင်းတနေ့မှာတော့ ရထားပေါ်က ခုန်ချလိုက်တဲ့ လူတစ်ယောက်ကို မြင်သွားပြီး အပြေးသွားကြည့်တဲ့အချိန်မှာ အဲ့ဒီလူကြီးက ဒဏ်ရာတွေ အများကြီးနဲ့ သတိလစ်မေ့မျောနေတယ်ဒီလူကြီးသတိရလာတော့ ဆေးရုံပေါ်ရောက်နေပြီ ဘေးနားမှာ ကောင်လေးတစ်ယောက် ဆေးပုလင်းလာချိတ်ပေးတယ် " မင်းနာမည် ဘယ်လိုခေါ်လဲ " ဘာမှ မဖြေပဲ ကောင်လေးပြန်ထွက်သွားတယ်နောက်နေ့ ဆေးပုလင်းထပ်လာချိတ်ပေးတယ် "မင်းနာမည် ဘယ်လို ခေါ်လဲ" ထပ်မေးတယ် ကောင်လေးလှည့်ပြန်သွားလိုက်တယ် ဘေးနားက ဆရာဝန်မကြီးက ပြောမှ သိရတယ် ကောင်လေးက စကားထစ်နေလို့ စကားမပြောဘူးတဲ့စကားထစ်နေတဲ့ ကောင်လေးဟာ ဆေးရုံပေါ်က လူကြီး အကူအညီနဲ့ စကားပြောနိုင်ခဲ့တယ် သူပြောတဲ့ ...
6.7
IMDB: 6.7/10 4994 votes
movie
Jagga Jasoos (2017)
2017
Blu-Ray 720p
Toilet – Ek Prem Katha (2017) 7.6
Toilet – Ek Prem Katha (2017) "Toilet"လို့​ပြောလိုက်​တာနဲ့ပရိသတ်​ကြီးပိုပြီးစိတ်​ဝင်​စားလာသလိုနည်းနည်းလည်း​ကြောင်​သွားမယ်​ထင်​တယ်​ဗျမြန်​မာလိုအဓိပ္ပာယ်​ပြန်​ရရင်​​တော့သန့်​စင်​ခန်း (သို့)​ရေအိမ်​​ပေါ့ဗျာအရပ်​အ​ခေါ်​တော့"အိမ်​သာ"​ပေါ့ဇာတ်​ကားနာမည်​ထက်​ပိုအံ့သြဖို့​ကောင်းတာက အိန္ဒိယနိုင်​ငံမှာသန့်​စင်​ခန်းတစ်​ခု​ကြောင့်​အစိုးရအထိဂယက်​ရိုက်​ခဲ့ရတယ်​ဆိုတာပါပဲဇာတ်​လမ်းအကျဉ်းက​တော့ မန်​ဂါဝန်​ဆိုတဲ့ရွာတစ်​ရှာမှာ ဓ​လေ့တစ်​ခုရှိပါတယ်​အဲ့ဒါကဘာလဲဆို​တော့ မနက်​အ​စောအာရုဏ်​မတက်​ခင်​ အမျိုးသမီး​တွေစုပြီးလိုတာပါတီလို့​ခေါ်တဲ့​ရွာနဲ့ခပ်​လှမ်းလှမ်းကို​ရေအိမ်​စု​ဝေးသွားကြတဲ့ဓ​လေ့ပါအမျိုးသား​တွေက​တော့ကြုံရာကျပန်း​ပေါ့ဗျာသူတို့ရဲ့အယူသည်းတဲ့ယဉ်​​ကျေးမှုရအိမ်​တိုင်းမှာသန့်​စင်​ခန်းဆိုတာမရှိကြပါဘူးသန့်​စင်​ခန်း​တွေကိုအိမ်​ထဲမှာ​ဆောက်​ရင်​ နိမိတ်​မရှိဘူး ညစ်​ပတ်​တယ်​ ရွံစရာ​ကောင်းတယ်​စသဖြင့်​အယူအစွဲ​တွေနဲ့သမုတ်​ထားကြတာပါရွာထဲက Akshay Kumar (Kesav)က​​တော့စက်​ဘီး​ရောင်းတဲ့သူပါတ​စ်​​နေ့စက်​ဘီးမှာတာသွားပို့ရင်း Jaya လို့​ခေါ်တဲ့BCA​ကျောင်းသူ(ကွန်​ပြူတာ​ကောလိပ်​​ကျောင်းသူ)​လေးတစ်​​ယောက်​နဲ့ဆုံခဲ့ပါတယ်​ဒီမိန်းက​လေးနဲ့​တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်​အသက်​ဝင်​လာခဲ့ပါတယ်​သူဘာလို့ အသက်​၃၆နှစ်​ထိမိန်းမမရတာလဲဆိုတာ​တော့စိတ်​ဝင်​စားစရာတစ်​ပိုင်း​ပေါ့ဗျာဒီလိုနဲ့အသက်​ကြီး​ပေမယ့်​မပျက်​စီး​သေးတဲ့သူ့ရဲ့အချစ်​​တွေကနှလုံးသားက​နေတစ်​ဆင့်​ပါးစပ်​ဖျား​က​တော်​ကီ​တွေအဖြစ်​ရောက်​လာလို့​​နောက်​ဆုံး​​ကောင်​မ​လေးနဲ့ညားသွားပါတယ်(​ တကယ်​​တော့ချစ်​တတ်​ဖို့ပဲလိုတာပါ​ဗျာ.....ငိငိ )မင်္ဂလာ​ဦးညမှာတင်​အခက်​​တွေ့​တာတစ်​ခုက အ​စောကကျွန်​​တော်​​ပြောခဲ့တဲ့လိုတာပါတီပဲ​ကောင်​မ​လေးက ကီရှက်​ဖ်​နဲ့အိမ်​မှာ သန့်​စင်​ခန်းမရှိတာမသိဘူးဗျလူကလည်းပညာတတ်​/ အယူမသည်းတဲ့သူ /ဒီလိုအပြင်​ထွက်​ပြီးကိစ္စဝိစ္စရှင်းရ​တော့မယ်​ဆို​တော့သူလည်း ပျားတုတ်​​တော့တာပဲဒီလိုနဲ့အချစ်​​တွေပြည့်​​ဝနေတဲ့သူတို့ရဲ့အိမ်​​ထောင်​​ရေးက သန့်​စင်​ခန်းဆိုတဲ့ဗီလိန်​​ကြောင့်​အချိန်​ကြာလာ​တော့လည်းမ​ကျေနပ်​စရာ​တွေဖြစ်​လာတာ​ပေါ့အေ​ရး​ပေါ်အစီအစဉ်​​တွေနဲ့ ​ဖြေရှင်းခဲ့​ပေမယ့်​လည်းအဆင်​မ​ပြေခဲ့ပါဘူး​နောက်​ပိုင်း သူတို့လင်​မယားကွဲရမယ့်​အ​ခြေအ​နေအထိဖြစ်​သွားခဲ့ပါတယ်​ဒီသန့်​စင်​ခန်းမရှိတာနဲ့ပတ်​သတ်​ပြီး လင်​မယားကွဲရတယ်​လို့​ပြောရင်​ဘယ်​သူယုံမှာလဲဗျာသန့်​စင်​ခန်းမရှိတာများ​ဆောက်​လိုက်​​ပေါ့လို့​​ဖြေကြမှာပါဒီဇာတ်​ကားလေးကြည့်​လိုက်​ရင်​​တော့ယုံသွားမှာအ​သေအချာပါပဲဒါ​ပေမယ့်​အဲ့ဒီသန့်​စင်​ခန်း​လေးတစ်​ခု​ဆောက်​ရဖို့အ​ရေးတစ်​ဖက်​ကလည်း မိန်းမ တဖက်​ကလည်း​ရှေးရိုးစွဲ​နေတဲ့ရွာခံ​တွေနဲ့ကီရှက်​ဖ်​ရဲ့အ​ဖေ ဒီကိစ္စ​တွေကြားမှာတိုင်​ပတ်​သွားတာက ကီရှက်​ဖ်​နဲ့ဂျာရာ​ပေါ့သူတို့၂​ယောက်​​ပေါင်းပြီးဒီလိုမှားယွင်းနဲ့အယူအဆ​ရှေးရိုးအစဉ်​အလာ​တွေကိုဘယ်​လိုအတူရင်​ဆိုင်​​ဖြေရှင်းကြမလဲဆိုတာက​တော့...................,ပညာ​ပေးဇာတ်​ကားဖြစ်​သလို ဟာသ/ အချစ်​/ အလွမ်း​တွေပြည့်​နှက်​​နေတဲ့ဇာတ်​ကား​ကောင်း​လေးတစ်​ကားပါ (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)  File Size : (1.3 GB) and (560 MB) Quality : ...
7.6
IMDB: 7.6/10 7,495 votes
movie
Toilet – Ek Prem Katha (2017)
2017
Blu-Ray 720p
Wind River (2017) 8.0
Wind River (2017)  IMDb 8/10 rating ရထားတဲ့ ဒီဇာတ်လမ်းကောင်းလေးကိုညွှန်းရမယ် ဆိုရင်တော့ဖြင့် .....ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်...တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်...ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်...မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့...ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ .........(ဒီဇာတ်လမ်းလေးကို အင်ဒီးယန်းနယ်မြေတွေမှာကြုံတွေ့ရလေ့ရှိတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေအပေါ် အခြေပြုရေးဖွဲ့ထားတယ်လို့ ဆိုပါတယ်...)ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် တရားခံဘယ်သူဖြစ်နိုင်မလဲ....ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာမဟုတ်ဘူးလား....စသဖြင့် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်....ရုပ်ရှင်တစ်ခုလုံးမှာလည်းနှင်းတွေရေခဲတောင် တွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် ရုံတင်တုန်းက သွားကြည့်တဲ့သူတွေဆိုတော်တော်အေးမှာပဲ လို့တောင်တွေးမိလိုက်ပါသေးတယ်....ဒါကလည်းရသတစ်မျိုးပေါ့လေ..ပြန်ဆက်ရရင်ဖြင့် ဒီWind River လေးဟာဖြင့် တကယ်ကိုအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့အတွက် Hollywood ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့လက်လွတ်မခံသင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်....  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ)  File Size : (850 MB) and (400 MB) Quality : Blu-Ray ...
8.0
IMDB: 8.0/10 19,193 votes
movie
Wind River (2017)
2017
Blu-Ray 720p
Cars 3 (2017) 7.0
7.0
IMDB: 7.0/10 21,044 votes
movie
Cars 3 (2017)
2017
Blu-Ray 720p
Atomic Blonde (2017) 7.0
Atomic Blonde (2017) အကယ်ဒမီဆုရှင် မင်းသမီးချော Charlize Theron သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းကားပါ။ အေးဂျင့်တစ်ယောက်ဟာ ထူးဆန်းစွာ အသတ်ခံလိုက်ရတော့ အစိုးရဘက်အဖွဲ့အစည်းအတွက် အတော်လေးရုပ်ပျက်ဆင်းပျက်နိုင်လှတယ် ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ MI6 အဆင့်ရှိ အေးဂျင့်တစ်ယောက်ကိုရွေးချယ်လိုက်တယ် သူကတော့ Charlize Theron...... သူမဟာ အမှုစုံစမ်းဖို့ ဘာလင်ကိုရောက်ရှိလာခဲ့တယ်.... တကယ်တော့ အေးဂျင့်သတ်ခံရမှုဟာ သူမထင်ထားတာထက် လျှို့ဝှက် နက်နဲပါတယ် သူမရင်ဆိုင်ရတဲ့အဖွဲ့အစည်းက အင်အားကြီးသလို မထင်ထားတဲ့သူတွေလည်း ပါဝင်ပတ်သက်နေလေတော့ သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ .... အခက်အခဲတွေကြားက ရုန်းထွက်နိုင်မလားဆိုတာကိုတော့..... Charlize ရဲ့ အလန်းစားဖိုက်တင်ခန်းတွေပါကြည့်ရမဲ့အပြင် Professor X အဖြစ် လူသိများတဲ့ James McAvoy ရဲ့ သရုပ်ဆောင်ချက်တွေကိုပါ ကြည့်ရှူရမှာပါ။ Imdb Rating 7.0 အထိရရှိထားတဲ့ ကားကောင်းတစ်ကောင်းပါ။ တချို့သောဇာတ်ဝင်ခန်းတွေဟာ 18+ တွေ ပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး (ဘာသာပြန်သူကတော့ Kuran Arkar ပါ) File Size : (900 MB) and (330 ...
7.0
IMDB: 7.0/10 38,295 votes
movie
Atomic Blonde (2017)
2017
Blu-Ray 720p
The Emoji Movie (2017) 2.5
The Emoji Movie (2017) ဇာတ်လမ်းလေးကတော့ စမတ်ဖုန်းအသုံးပြုသူတိုင်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ စိတ်ခံစားမှုပေါင်း များစွာကို ဖော်ပြပေးတဲ့ Emoji ရုပ်လေးတွေအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး အဓိကကတော့ ဂျင်းန်ဆို တဲ့ အီမိုဂျိလေးရဲ့အကြောင်းပါ။တက်စ်တိုပိုလီလို့ခေါ်တဲ့ ပျားပန်းခပ်မျှ ရှုပ်ယှက်ခတ်နေတဲ့ မြို့တော်ကြီးမှာ အီမိုဂျိ ပေါင်းများစွာနေထိုင်ပြီး ဖုန်းသုံးစွဲသူတွေ ရွေးချယ်အသုံးပြုခံ ရဖို့အတွက် တမျှော်မျှော်နဲ့ စောင့် နေတာပါ။ အီမိုဂျိကမ္ဘာမှာဆိုရင် စိတ်ခံစားမှု တစ်ခုချင်းစီအလိုက် အီမိုဂျိလေးတွေရှိပေမယ့် ဂျင်းန်ကတော့ အများနဲ့မတူ တစ်မူထူး နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင် သူ့မှာခံစားမှုတစ်ခုခုကို သီးသန့်ဖော်ပြတာမျိုးမရှိဘဲ ခံစားမှုမျိုးစုံကို ပြောင်းလဲနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုအဖြစ်ကို အလိုမကျတဲ့ ဂျင်းန်ဟာ သူ့မိဘတွေလို၊ တခြားအီမိုဂျိလေးတွေလိုမျိုး ဖြစ်ချင်တာ ကြောင့် သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Hi -5 ရယ်၊ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကုတ်ဖျက် သမား အီမိုဂျိဂျေးလ်ဘရိတ်ကာ ရဲ့အကူအညီနဲ့ ပြောင်းလဲပစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက် ပေါင်းပြီး ဂျင်းန်ရဲ့စိတ်ခံစားမှု ဖော်ပြချက် ...
2.5
IMDB: 2.5/10 24,936 votes
movie
The Emoji Movie (2017)
2017
Blu-Ray 720p
Transformers: The Last Knight (2017) 5.2
5.2
IMDB: 5.2/10 71,292 votes
movie
2017
Blu-Ray 720p
Bodyguard (2011) 4.6
Bodyguard (2011) Bodyguard 2011 Hindi ဒီဇာတ်ကားကကတော့၂၀၁၁မှာမင်းသားဗီဂျေးရဲ့The Bodyguard နဲ့အပြိုင်ထွက်ရှိခဲ့တဲ့မင်းသားဆလ်မန်ခန်းရဲ့နုနုရွရွဇာတ်ကားလေးပါကျွန်တော်တို့ဘော်ဒီဂတ်ဇာတ်ကားတွေကြည့်ဖူးသမျှ ကားတွေအားလုံးမှာမင်းသမီးကိုစောင့်ရှောက်ရတာတွေပါပဲဒါမှလည်းဘော်ဒီဂတ်ပီသမှာကိုးဘော်ဒီဂတ်လောင်လီဆင်းဂ်ဟာသူ့တာဝန်တွေကိုထမ်းဆောင်ရင် ဘယ်တော့မှမချိုးဖြတ်ပါဘူးဂျေဆင်ပူးနားရ်စံအိမ်ရဲ့သခင်မစ္စတာဆတာဂျေဟာတရားမျှတမှုကိုလုပ်ဆောင်သူတစ်ဦးပါတရားမျှတမှုပေါ်အောင်မကောင်းမှုကိုဖယ်ရှားရတာနဲ့အညီ လူဆိုးခေါင်းဆောင်ရန်ဂျန်မဟ်ထွီနဲ့ရန်သူတွေဖြစ်သွားပါတော့တယ်ဒါကြောင့်သမီးဖြစ်သူဒေဗီရာကိုစောင့်ရှောက်ဖို့ဘော်ဒီဂတ်လောင်လီဆင်းဂ်ကိုတာဝန်ပေးလိုက်တာပါတယ်ဒီလိုနဲ့ဒေဗီရာကောလိပ်တက်တဲ့အခါလိုက်စောင့်ရှောက်ရပါတယ်ဒါပေမဲ့လောင်လီဆင်းဂ်လုပ်ခိုင်းတဲ့လေ့ကျင့်ခန်းကိုလုပ်နေတဲ့ ဒေဗီရာနဲ့မာရာဟာစိတ်လွတ်လမ်းဖြစ်တဲ့ ဘော်ဒီဂတ်ကြီးကိုနောက်ဖို့လုပ်ပါတော့တယ်ဒေဗီရာဟာလောင်လီဆင်းဂ်နဲ့ဖုန်းထဲမှာချာရာဆိုတဲ့နာမည်နဲ့နီးစပ်သွားပါတော့တယ်အချိန်တွေကြာလာတာနဲ့အမျှချာရာဟာလောင်လီဆင်းဂ်ကိုချစ်မိသွားတယ်တကယ်တော့ချာရာဆိုတာဒေဗီရာဆိုတာလောင်လီဆင်းဂ်မသိရှာပါဘူးလောင်လီဆင်းဂ်ကိုခွဲနိုင်မခွာရက်ဖြစ်နေတဲ့ဒေဗီရာဟာခိုးရာလိုက်ပြေးဖို့လုပ်ပါတော့တယ်…ဒီအကြောင်းတွေသိသွားတဲ့မစ္စတာဆတာဂျေဟာသမီးဖြစ်သူကိုလောင်လီဆင်းဂ်နဲ့သဘောတူပါ့မလားသတ်တော်စောင့်နဲ့သူဋ္ဌေးသမီးချစ်တိုင်းညားကြပါ့မလား…  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုသိန်းဇော်ပါ)  File Size : (0.99 GB)  Quality : Blu-Ray 720p Running Time : 2hr 10min Format : Mp4 Genre :Action, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thein Zaw Encode by Thanhtike Zaw
4.6
IMDB: 4.6/10 18,286 votes
movie
Bodyguard (2011)
2011
Blu-Ray 720p
Neverland 6.5
Neverland ဒီညအတွက်အကောင်းဆုံးကားလေးတစ်ကားဖြစ်တဲ့  NeverLand Mini Series လေးကိုတင်ဆက်ပေးပါမယ်... နာမည်ကိုကြည့်လိုက်ကတည်းကအားလုံးလည်းအံ့သြသွားကြမှာပါ.... ဟုတ်ပါတယ်...ဒီကားက အပိုင်း ၂ ပိုင်းနဲ့ခွဲပြီးထွက်ထားတဲ့ Mini Series လေးပါ... ဒါပေမယ့် အခုတင်ပေးတာကတော့ အဲ ၂ပိုင်းလုံးကိုပေါင်းပြီးတစ်ကားတည်းဖြစ်အောင်လုပ်ထားတဲ Mini Series ပါ....အပြီးထိပါပါတယ်.. ဒါကြောင့်မို့လို့ကားရဲ့ကြာချိန်ဟာလည်း ၃ နာရီနီးပါးရှိပါတယ်... ဒီကားလေးအကြောင်းမပြောခင် Disney ကရိုက်ကူးခဲ့တဲ့ Peter Pan နဲ့ ကပ္ပတိန်ဟွတ်ဆိုတဲ့ Animantion ကားလေးတွေကိုတော့ အားလုံးလည်းသိကြမှာပါ... နာရီမြိုထားတဲ့ မိကျောင်းကိုကြောက်တဲ့ ပင်လယ်ဓားပြကြီးဟွတ်နဲ့ Neverland ဆိုတဲ့ ကျွန်းလေးကို ကာကွယ်ပေးနေတဲ့ လူပျံလေး ပီတာပန်တို့အကြောင်းတွေကိုရိုက်ကူးထားခဲ့တာပါ.... နောက်ပြီး တင်ကာဘဲလ် ဆိုတဲ့နတ်သမီးလေးအကြောင်းလည်းတွေ့ခဲ့ရမှာပါ.... ဒီ Animation ကားလေးတွေဟာ အောင်မြင်ခဲ့ပြီးတော့ Tinkerbell ဆိုတဲ့ Animation ကားလေး တစ်ကားလည်းသက်သက်ထွက်ရှိခဲ့ပါတယ်.... Peter Pan ဟာ ကျွန်တော်တို့ငယ်စဉ်ကအကြိုက်ဆုံးဇာတ်ကောင်တစ်ခုဖြစ်ခဲ့သလို ကပ္ပတိန်ဟွတ်ဆိုတာကလည်း အကောင်းဆုံးနဲ့အရယ်ရဆုံးဗီလိန်ကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်... ကဲဒါဆို ဒီဇာတ်ကားလေးအကြောင်းကိုပြောလိုက်ရအောင်.... ဒီဇာတ်ကားလေးဟာ ခုနကပြောခဲ့တဲ့ Animation ကားလေးတွေရဲ့ ပထမဆုံးဥလျောင်ကားဖြစ်ပါတယ်... ပီတာပန် ဘာလို့ပျံနိုင်လဲ... ကပ္ပတိန်ဟွတ် ဘာလို့လက်တဖတ်မရှိတာလဲ.... မိကျောင်းထဲကိုနာရီကဘယ်လိုရောက်သွားတာလဲ... အားလုံးမသိကြပါဘူး...ဘာလို့လဲဆိုတော့ Animation ကားလေးတွေက ဘယ်ကဘယ်လိုဖြစ်လဲမရိုက်ပြတော့ပဲ သာမာန်ဖြစ်နေကျအတိုင်းပဲရိုက်ပြထားခဲ့လို့ပါ...... ဒါကြောင့် အကုန်လုံးကိုအစဆုံးသိချင်ရင်တော့ ဒီ အစအဆုံးပါတဲ့ Mini Series လေးကသင်တို့အတွက် စိတ်ကျေနပ်မှု့ကိုလုံးဝရရှိစေမှာပါ.... ဒီဇာတ်ကားလေးထဲမှာပါတဲ့ ရှု့ခင်းတွေကသာယာကြည်နူးဖွယ်ကောင်းတဲ့အပြင် Animation ထဲမှာပါတဲ့လူရိုင်းကျေးရွာကလူရိုင်းလေးတွေရယ် တိုက်ဂါးလီလီဆိုတဲ့ ခေါင်းဆောင်သမီးလေးရယ် ပင်လယ်ဓားပြတွေရယ် ...
6.5
IMDB: 6.5/10 9,065 votes
movie
Neverland
2011
Blu-Ray 720p
Goliyon Ki Raasleela Ram-Leela (2013) 6.4
Goliyon Ki Raasleela Ram-Leela (2013) ဒီတခါ Channel Myanmar ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ "Goliyon Ki Raasleela Ram-Leela" ဆိုတဲ့ အချစ် ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်း ဒါရိုက်တာက ရိုမီယို နဲ့ ဂျူးလိယက် အချစ်ကို အမှီပြုပြီး ရိုက်ကူးထားတာပါရိုမီယို နဲ့ ဂျူးလိယက် ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းသွားပြီဇာတ်လမ်းအညွှန်းကတော့ ဒီလိုပါ...ရာဂျာဒီ မျိုးနွယ်စု နဲ့ စန်နရာ မျိုးနွယ်စု ဟာ နှစ်ပေါင်း ၅၀၀ ကျော်ကြာ ရန်ငြိုးရှိခဲ့ပါတယ်...ရာဂျာဒီ တွေက အာဃာတ မီးတွေ မငြိမ်းသတ်နိုင်ပေမယ့် ရာဂျာဒီ အကြီးအကဲ ရဲ့ အငယ်ဆုံးသား ရမ် ကတော့ ငြိမ်းချမ်းရေးကို မြတ်နိုးသူပါ..ရမ် က အဖေ နဲ့ အကို ကို ဆန့်ကျင်ပြီး ဆိုးချင်တိုင်း ဆိုးနေပါတော့တယ်.. ...
6.4
IMDB: 6.4/10 14,187 votes
movie
Goliyon Ki Raasleela Ram-Leela (2013)
2013
Blu-Ray 720p
The Time Machine (2002) 6.0
The Time Machine (2002) The Time Machine (2002)____IMDb - 6.0/10     အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက် ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့ အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေ သူ့သုတေသနတွေ နဲ့ ပျော်မွေ့နေတက်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကို လက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ...
6.0
IMDB: 6.0/10 116,805 votes
movie
The Time Machine (2002)
2002
Blu-Ray 720p
Assassins (1995) 6.3
Assassins (1995) Assassins (1995)_____IMDb - 6.3/10    ကြေးစားလူသတ်လောကရဲ့ ထိပ်သီး နံပါတ် တစ် လူသတ်သမား Syvester Stallone ရောဘတ် ရတ် ..... လွန်ခဲ့တဲ့ ၁၅ နှစ်က နံပါတ်တစ် ကြေးစားလူသတ်သမားကို ပြန်သတ်ပြီး ရောဘတ် ရတ်က ကြေးစားလောကမှာ နံပါတ် တစ် ဖြစ်လာခဲ့တယ် ။ ရောဘတ်ရတ်ရဲ့ အလုပ်တွေကို ကြားဖြတ်လုပ်ဆောင်ပြီး ကြေးစားလောကရဲ့ ထပ်သီး နံပါတ်တစ် လူသတ်သမား ဖြစ်ချင်နေတဲ့ Antonio Banderas မီဂူရယ် ဘိန်း ... နံပါတ်တစ် နေရာတစ်ခုစာအတွက် အားပြိုင်နေကြတဲ့ ကြေးစားလူသတ်သမား နှစ်ယောက် ကြားက စီးပွားရေးအရှုပ်ထုပ် ဖိုင်တွေ ခိုးလာတဲ့ သူခိုးမလေး အဲလက်ထရာ ။ သူခိုးမလေး အဲလက်ထရာက တကယ်တမ်းပစ်မှတ် ဖြစ်လာတဲ့အခါ ကြေးစားလူသတ်သမားနှစ်ယောက် ဘယ်လိုရုန်းကန်ကြမလဲ ။ သူခိုးမလေး လက်ထဲက ဖိုင်တွေက ဘာတွေမို့လဲ သူ ပစ်မှတ်လို့ သတ်မှတ်ခြင်းခံရတာလဲ ဆိုတာတော့.....    ဘာသာပြန်ကတော့ စည်သူထက် ဖြစ်ပါတယ် ...
6.3
IMDB: 6.3/10 76,205 votes
movie
Assassins (1995)
1995
Blu-Ray 720p
G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009)   G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10    ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုး တစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ် ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ...
5.8
IMDB: 5.8/10 196,440 votes
movie
G.I. Joe: The Rise of Cobra (2009)
2009
Blu-Ray 720p