Channel Myanmar
Blu-Ray 720p
Spider-Man (2002) 7.3
Spider-Man (2002) ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို စိတ်ကြေနပ်မှုပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက သာမန်အထက်တန်းကျောင်းသား Peter Parker ဘ၀ကနေ ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို အဓိပ္ပာယ်ရှိရှိ အသုံး ချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက ရိုက်ကူးထားပါတယ်။Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသားဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee ကစတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သူ့ရဲ့ စိတ်ကူးကို ...
movie
Spider-Man (2002)
Blu-Ray 720p
Tae Guk Gi: The Brotherhood of War (2004) 8.1
Tae Guk Gi: The Brotherhood of War (2004) Tae Guk Gi : The Brotherhood Of War (2004) IMDb - 8.1/10_____Rotten - 80%  လူကြိုက်များပြီးသားစစ်ကားတကားဖြစ်သလို မြန်မာစာတန်းထိုးနဲ့ ရသပြည့်ပြည့်၀၀ ခံစားရအောင်တင်ဆက်ပေးလိုက်ပါတယ် သမိုင်းနောက်ခံ Fatherland Liberation War လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ 25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ် ၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့် ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက် အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ် ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ ၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ် ၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ် ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီး သူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက် အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ် ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်.... ညီအကို၂ယောက်ကတော့  ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့ နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်...သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ..... အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့ အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်   ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့ သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်... ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကို မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ် အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေ ညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ် စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ... သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ... ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယား တပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ... စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလို အချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်း အပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကို ရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ် IMDb rating 8.2 ထိရထားပြီး အတော်လေးကိုကောင်းတဲ့စစ်ကားဖြစ်ကြောင်းညွှန်းပါရစေ မဖြစ်မနေကြည့်သင့်တဲ့စစ်ကားတကားဖြစ်တယ်လို့ပဲညွှန်းပါရစေ...  ဘာသာပြန်သူအညွှန်းရေးသူကတော့ " ...
movie
Tae Guk Gi: The Brotherhood of War (2004)
2004
Blu-Ray 720p
Who Am I: No System Is Safe (2014) 7.6
movie
2014
Blu-Ray 720p
Art of the Devil 2 (2005) 5.9
Art of the Devil 2 (2005) IMDb 6.0 ရထားတဲ့ ထိုင်း Horror ကားတစ်ကားကို ညီသံလွင် ဘာသာပြန်ပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသား တစ်စု ကျောင်းပြီးပြီး ၂ နှစ်အကြာ သူငယ်ချင်းတစ်ယောက် ရဲ့ အိမ်မှာ သူ့အဖေရဲ့ အသုဘ အတွက် ပြန်လည် ဆုံတွေ့ဖြစ်ကြပါတယ်။ အမှောင်ချိန်ရောက်ရှိလာတဲ့အခါမှာတော့ ထူးဆန်းတဲ့အရာတွေ တစ်ယောက်ယောက်ပြီး တစ်ယောက်အပေါ် ဖြစ်ပေါ်လာပါတော့တယ်။ တစ်ယောက်ယောက်က အောက်လမ်းနည်းနဲ့ သူတို့ တွေကို ဂလဲ့စားချေဖို့ ကြိုးစားနေသလိုမျိုးပါ။ ဒါတွေက ဘာကြောင့်လဲ ဘယ်သူကြောင့်လဲ ဆိုတာတော့ ....................... Quality           : Blu ray 720P Running Time : 1 hr 41 minute Format           : Mp4 Genre             : Horror, Mystery Encoder         : Littleneo
movie
Art of the Devil 2 (2005)
2005
Blu-Ray 720p
K-19 : The Windowmaker (2002) 6.7
K-19 : The Windowmaker (2002) အရင်ဆုံးပြောချင်တာက ဒီဇာတ်ကားဟာ အတော်ကောင်းတယ်ဆိုတာပါပဲ 1961 ခုနှစ်က ဖြစ်ရပ်မှန် ကိုအခြေခံကာ ရုပ်ရှင်ဖွဲ့ရိုက်ကူးတင်ဆက်ထားပြီးတော့ 2002 မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်..ရိုက်ကူးသူဒါရိုက်တာကတော့ Kathryn Bigelow ဖြစ်ပါတယ်..IMDb Rating မှာ 6.6 ရရှိထားပြီး.ဆုပေးပွဲမှာ ဆု 2ဆုနဲ့လျာထားခြင်းခံခဲ့ရတဲ့ဇာတ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကိုတော့ နည်းနည်းလေးတောင်မပြောပြလိုပါဘူး..အရသာခံကြည့်ပါခင်ဗျာ :Dအရင်ဆုံးပြောချင်တာက ဒီဇာတ်ကားဟာ အတော်ကောင်းတယ်ဆိုတာပါပဲ 1961 ခုနှစ်က ဖြစ်ရပ်မှန် ကိုအခြေခံကာ ရုပ်ရှင်ဖွဲ့ရိုက်ကူးတင်ဆက်ထားပြီးတော့ 2002 မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..ရိုက်ကူးသူဒါရိုက်တာကတော့ Kathryn Bigelow ဖြစ်ပါတယ်..IMDb Rating မှာ 6.6ရရှိထားပြီး.ဆုပေးပွဲမှာ ဆု 2ဆုနဲ့လျာထားခြင်းခံခဲ့ရတဲ့ဇာတ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကိုတော့ နည်းနည်းလေးတောင်မပြောပြလိုပါဘူး..အရသာခံကြည့်ပါခင်ဗျာFilesize : 690 MB Quality :blu-ray720p Source : Yify Format : mp4 Running Time : 2hr 18 minSubtitle : Myanmar Subtitle (Hardsub) Encoded By LK
movie
K-19 : The Windowmaker (2002)
2002
Blu-Ray 720p