Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
Blu-ray Rip 720p
6.9
Shaolin (2011)
IMDb (6.9) / Rotten Tomatoes (74%)(Unicode) ရှောင်လင်ဟာ အက်ရှင် ဒရမ်မာ ဇာတ်ကားအမျိုးအစားဖြစ်ပြီး ရင်ထဲစွဲကျန်စေမယ့် ဒရမ်မာဇာတ်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို သဘောကျစေမှာပါ.. ဂျက်ကီချန်း ၊ အန်ဒီလူ ၊ ဖန်ပင်းပင်း၊ ဂျင်ဝူ ၊ နီကိုးလပ်(စ်)စီ ၊ ရှင်းယု နဲ့ ရှောင်ကွမ်ယု နာမည်ရအက်ရှင်သရုပ်ဆောင်ကောင်းတွေ ပါဝင်အားဖြည့်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်.. အက်ရှင်မင်းသား အန်ဒီလူဟာ အင်အားကြီးစစ်ဘုရင်ဟူကျင်းအဖြစ်နဲ့ ဒီဇာတ်လမ်းလေးကို အနှစ်သာရရှိပြီးရသပြည့်ဝတဲ့ ဒရမ်မာကားကောင်းဖြစ်အောင် ထိန်းကျောင်းသွားခဲ့တာကို တွေ့ရမှာပါ.. ဂျက်ကီချန်းကတော့ ရှောင်လင်ကျောင်းရဲ့ စာဖိုမှူးကြီးအဖြစ်သရုပ်ဆောင်ထားပြီး ထုံးစံအတိုင်း ဟာသတိုက်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားဦးမှာပါ.. ဇာတ်လမ်းတည်ဆောက်ထားတာကတော့ အင်္ဂလိပ်ခေတ်အချိန်ကာလဖြစ်ပြီး တိုင်းပြည်အနှံ့မှာ အာဏာနဲ့နယ်မြေကိုရူးသွပ်နေတဲ့ စစ်ဘုရင်များကြီးစိုးနေပါတယ်.. ပြည်သူတွေအငတ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်တစ်စုကတော့ ကြွယ်ဝချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လောဘအတောမသတ်နိုင်ဘဲ အချင်းချင်းနယ်မြေလုတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်.. စည်းစိမ်ဥစ္စာတွေ တန်ခိုးအာဏာတွေ အပြည့်ရှိနေပေမဲ့လည်း အာဏာလောဘစည်းစိမ်လောဘတွေကို အတောမသတ်နိုင်တဲ့ လူ့သဘာဝကိုလည်း သိသာထင်ရှားစေခဲ့ပါတယ်.. တစ်ချိန်က ကိုယ်နင်းခဲ့တဲ့ကြမ်းပြင်ဟာ နောင်တစ်ချိန်မှာကိုယ့်ရဲ့ခေါင်မိုးဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်း အလှည့်အပြောင်းကြီးမားတဲ့ လူ့ဘဝရဲ့ အမှန်တရားတွေကိုလည်း ...
movie
Shaolin (2011)
2011
Blu-ray Rip 720p