BlueRay 720p – Quality – Channel Myanmar
Channel Myanmar

BlueRay 720p

BlueRay 720p Section

Insomnia (2002) 7.2
Insomnia (2002) IMdb 7.2 ရထားပြီး ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့သဲထိပ်ရင်ဖို ကားတစ်ကား ကိုတင်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးးကတော့ ခပ်ကြမ်းကြမ်းတော့မဟုတ်ဘူး ဆိုပေမယ့် ဒရာမာ အချိုးလေးတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အလှည့်အပြောင်းလေး တွေက တော့ ပရိတ်သတ်ကြီးကို တကားလုံး မထတန်းကြည့်အောင် ဆွဲဆောင်သွားမှာပါ ဇာတ်လမ်းး အကျဉ်းလေးကတော့ အလက်စကာ မြို့ကို အပို့ခံလိုက်ရတဲ့ စုံထောက်ကြီးဟာ တစ်နေ့မှာ မိန်းကလေး တစ်ယောက်အသတ်ခံရတဲ့ အမှုကိုလိုက်ရင်း မတော်တဆ သူ့ တွဲဖက်ကို သေနတ်နဲ့ ပစ်လိုက်မိပါတယ် ဒါပေမဲ့စုံထောက်ဟာ သူ့အပြစ်ကို ၀န်ခံရမယ် အနေအထားကနေ မထင်မှတ်ထားတဲ့ အလီဘိုင် တစ်ခုကိုပြနိုင်ခဲ့ပြီး အပြစ်ကနေလွတ်သွားပါတယ် ဒါပေမဲ့ သူ့ဟာ သူ့ကို သူတော့ လိပ်ပြာမသန့်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ သူ့ အကြောင်းတွေကို သိထားတဲ့ တစ်ယောက်က သူ့ကို ခြိမ်းခြောက်အကြပ်ကိုင်လာတဲ့ အခါမှာတော့ ကဲ စုံထောက်ကြီး ဘယ်လိုတုံ့ပြန်မလဲ နောက်ကွယ်က သူကကော ဘယ်သူလဲ ဘယ်လို အရှုပ်ထုတ်တွေကြောင့် သမိုင်းရှုပ်နေလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက မထတမ်းကြည့်ကြရမှာပါ ဘာသာာပြန်ကတော့ ပြည့်စုံဇော်ဖြစ်ပါတယ် ဗျာ  
7.2
IMDB: 7.2/10 233,596 votes
movie

Insomnia (2002)

2002
BlueRay 720p
Aftermath (2017) 5.7
Aftermath (2017)   မင်းသားကြီးအာနိုးရဲ့ ရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ် ။ အာနိုးကြီးနဲ့အတူ Scoot McNairy နဲ့ Maggid Grace တို့ တွဲဖက်သရုပ်ဆောင်ထားပြီးေ လယာဉ်ပျက်ကျမှုတစ်ခုမှာ ဇနီးနဲ့ ကလေးကို ဆုံးရှုံးလိုက်ရတဲ့ ရိုမန်ဆိုတဲ့ လူတစ်ယောက်ရဲ့ဘ၀အကြောင်းသရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ။ ဒီဖြစ်ရပ်ဟာ လေကြောင်းထိန်းချုပ်ရေး တာဝန်ခံ ဂျိတ်ဘရိုနို တာဝန်ကျချိန်မှာဖြစ်ပွားခဲ့တာမို့ ရိုမန်ဟာ ဒီတာဝန်ခံကိုလူချင်းတွေ့ပြီး ပြသနာရဲ့အဖြေကို တောင်းဆိုဖို့ကြိုးစားလာပါတော့တယ် ။ မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အခဲမကျေစိတ်၊ နာကျည်းဝမ်းနည်းမှုတွေနဲ့ ဒီကိစ္စရဲ့ဖြစ်ရပ်နောက်ကွယ်မှာ ဘယ်လို အကြောင်းတရားတွေရှိမယ်ဆိုတာကို ခံစားကြည့်ရှုလိုက်ပါ ။   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန် သူကတော့ ကိုကျော်ကျော် (CU - Mdy)  ကဲဖြစ်ပါတယ်)   File Size : (600MB) and (250 MB) Quality : Bluray 720p Running Time : 1hr 34minutes Format : Mp4 Genre : Drama, ...
5.7
IMDB: 5.7/10 8,739 votes
movie

Aftermath (2017)

2017
BlueRay 720p
Trapped(2017) 7.6
Trapped(2017)       ဒီကားလေးက IMDb 7.7​တောင်ရထားတဲ့ကားလေးဖြစ်ပါတယ်။ တစ်ခြားပုံမှန် အိန္ဒိယကားတွေကနေခွဲထွက်ရိုက်ကူးထားတဲ့ကားမျိုးလေးဖြစ်ပါတယ်။ ရှောယား ဆိုတဲ့ ကောင်လေးက ရုံးတစ်ရုံးမှာအလုပ်လုပ်နေတဲ့ နိုရီးဆိုတဲ့ ကောင်မလေးကို ကြိတ်ကြိုက်နေပါတယ်။ဒီလိုနဲ့ သူ့အချစ်ကို ဖွင့်ပြောတဲ့ အချိန်ကျမှာ နိုရီးကို မိဘတွေက သူတို့သဘောကျတဲ့ သူတွေနဲ့ လက်ထပ်ပေးတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ဒါပေမဲ့ ရှောယားက သူ့ကို လက်ထပ်ဖို့ပဲ နိုရီးကိုပြောတာပေါ့။ အဲ့မှာနိုရီးကလည်းလက်ခံလိုက်တာပေါ့ ဒီတော့ သူတို့ လက်ထပ်ပြီးနေဖို့ အခန်းကို ရှောယားက ရှာရတော့တာပေါ့။အဲ့မှာပဲ အဆောင်ကိုတောင် သူငယ်ချင်းတွေနဲ့ စုနေရတဲ့ ရုံးဝန်ထမ်းလေးရှောယားတစ်ယောက် ဒုက္ခရောက်တော့တာပေါ့။ ဒီလိုနဲ့ ရှာရင်း နဲ့ ပွဲစားလူလိမ်တစ်ယောက်က လူနေခွင့်ပါမစ်တောင် မရသေးတဲ့ တိုက်ခန်းတစ်ခုကို ထိုးပေးပြီး ဂျင်းထဲ့တော့တာပေါ့။ ဒီလိုနဲ့ အခန်းတွေ ဘာတွေ သွားကြည့်ကျတဲ့ အခါမှာပဲ ရှောယားတစ်ယောက် အဲ့ အခန်းထဲမှာပဲ သော့ပိတ်မိနေပါတော့တယ်။ အစားအစာ မရှိ ရေမရှိ လျှပ်စစ်မီးတောင်မရှိတဲ့ အခန်းထဲကနေ ရှောယားတစ်ယောက် လွတ်မြောက်အောင် ဘယ်လို လုပ်မလဲ ... လွတ်ကော ...
7.6
IMDB: 7.6/10 2,042 votes
movie

Trapped(2017)

2017
BlueRay 720p
Halo: Nightfall Season (1) 5.7
Halo: Nightfall Season (1) ဒီကားကတော့ စီးရီးသဘောအနေနဲ့ Season 1 တစ်ခုတည်းသာ၂၀၁၄ကထွက်ပြီး ပြီးဆုံးသွားခဲ့တဲ့ Action စီးရီးတစ်ခုဖြစ်ပါတယ်....အခုတင်ဆက်ပေးထားတာကတော့ စီးရီးကို Movie တစ်ခုအနေနဲ့ ပေါင်းစည်းပြီးရိုက်ကူးထားတာကြောင့် တစ်ကားလုံးကိုအပြည့်ဝကြည့်ရမှာပဲဖြစ်ပါတယ်.... သိပ္ပံနဲ့စိတ်ကူးယဉ်ယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ Action War Type ပုံစံဖြစ်ပါတယ်... စစ်ဆင်ရေးတစ်ခုကိုဆင်နွှဲနေရာကနေ ရန်သူလို့သံသယရှိတဲ့လူတွေနောက်ကိုလိုက်ရင်း အမည်မသိတဲ့ဂြိုလ်တစ်ခုကိုရောက်သွားတဲ့ Soldier Team တစ်ခုရဲ့ကံကြမ္ပာဟာဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်.... သူတို့တွေဟာ သာမာန်စစ်သားအဖွဲ့မဟုတ်ပဲ အထူးလက်နက်တပ်ဆင်ထားတဲ့ အဖွဲ့ဖြစ်လို့ သာမာန်လူတွေကိုင်ထားတဲ့ လက်နက်တွေထက် သာလွန်တဲ့လက်နက်တွေကိုကိုင်ဆောင်ထားပါတယ်... ဒါပေမယ့် ဒီဂြိုလ်ကိုသူတို့ရောက်ရှိသွားတဲ့အခါမှာတော့ သူတို့ရဲ့အစွမ်းထက်လှတဲ့လက်နက်တွေဟာ သူတို့ကိုပြန်ပြီးတော့ ဒုက္ခပေးလာပါတော့တယ်.... ဘယ်လိုဒုက္ခပေးမလဲဆိုတော့ထူးဆန်းတဲ့အကောင်တွေကြောင့်ဖြစ်လို့ပါပဲ... အဲလိုသူတို့တွေတောင်နားမလည်နိုင်တဲ့အကောင်တွေက သူတို့ကိုဘယ်လိုတွေ သုတ်သင်ပြီး သူတို့အဖွဲ့ကိုခြောက်ခြားအောင်လုပ်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ.... Quality…..BluRay 720p Duration…..01:38:00 Format…Mp4 File Size…(704 MB , 281 MB) Translator…..Hnin Oo Wai Encoder…..Moe Myint Lwin Download with Yoteshin Link Download with CM Link Download with Openload  Download with Openload (Small Size)
5.7
IMDB: 5.7/10 votes
movie

Halo: Nightfall Season (1)

2014
BlueRay 720p
10 Things I Hate About You (1999) 7.2
10 Things I Hate About You (1999)   ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ 1999 ခုနှစ် က ထွက် ရှိခဲ့တဲ့ "10 things I hate About U" ဆိုတဲ့ ကျောင်းသားအချစ် ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း- ပါဒွာ ဆိုတဲ့ ကျောင်းတော်ကြီးကို ကမ်မရွန် ဆိုတဲ့ ကျောင်းသားလေး တက်ရောက်ခဲ့ပါတယ် ကျောင်းစတက် တဲ့ နေ့မှာဘဲ ဘီယန်ကာဆိုတဲ့ စော်ချောချောလေးကို တွေ့ပြီး ခွက် တော့တာဘဲ ဘီယန်ကာ မှာ ကတ် ဆိုတဲ့ ဂွကျကျ အမ တစ်ယောက်ရှိပါတယ်.. ကတ်က လူမှုဆက်ဆံရေးညံ့ပြီး ဘဲမထားဘူးတဲ့.. ဒါကို သိတဲ့ သူတို့ အဖေကြီးက အမ ရည်းစားထားမှ ညီမလဲ ရည်းစားထားရမယ် ဆိုတဲ့ စည်းကမ်းချလိုက်တော့တာဘဲ.. ကမ်မရွန် ခင်မျာ ဘီယန်ကာဆိုတဲ့ အချစ်နတ်သမီး လေးကို လိုချင်ဇောနဲ့ ကြံရတော့တာဘဲ. . ဘယ်လို ...
7.2
IMDB: 7.2/10 240,143 votes
movie

10 Things I Hate About You (1999)

1999
BlueRay 720p
The Edge of Seventeen (2016) 7.4
The Edge of Seventeen (2016)   ဒီကားလေးကတော့ဆယ်ကျော်သက်ဟာသ/ဒရာမာကားလေးဖြစ်ပါတယ်။ ဇာတ်ကားအစမှာတော့ကျောင်းသူဖြစ်သူNadineနဲ့သမိုင်းဆရာMr.Brunerတို့ရဲ့စကားဝိုင်းလေးနဲ့စထားပါတယ်။ NadineဟာMr.Brunerကိုသူ့ရဲ့ဘ၀အခက်အခဲတွေကိုရင်ဖွင့်နေတာဖြစ်ပါတယ်။ အဲဒီကနေစလို့သူ့ရဲ့ငယ်ဘ၀ကစပြီးအိမ်တွင်းရေးတွေသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaအကြောင်းတွေပြောပြပါတယ်။ သူရဲ့အဖေဖြစ်သူကွယ်လွန်သွားပြီးနောက်အမေဖြစ်သူနဲ့အဆင်မပြေတဲ့Nadineဟာ တွယ်တာစရာဆိုလို့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaပဲရှိပါတော့တယ်။ တရက်အစ်ကိုလုပ်တဲ့ပါတီမှာကဲရင်းနှစ်ယောက်သားပျော်ပါးမူးပြီးအိပ်ပျော်သွားကြပါတယ်။ မနက်အိပ်ရာလည်းထရောအစ်ကိုဖြစ်သူနဲ့တူတူအချစ်ဆုံးသူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရတော့ Nadineတယောက်အတော်စိတ်ထိခိုက်သွားပါတော့တယ်။ အဲဒါနဲ့သူ့ကိုကြိတ်သဘောကျနေသူEwrinဖြစ်သူနဲ့ပဲတွဲဖြစ်ပါတော့တယ်။ အဲဒီနောက်ပိုင်းNadineရဲ့ရင်ဖွင့်စရာရင်းနှီးနှစ်သိမ့်ပေးသူဟာMr.Brunerပဲဖြစ်လာပါတော့တယ်။ ဆိုတော့Mr.Brunerတယောက်မိမိရဲ့ကျောင်းသူဖြစ်သူကိုဘယ်လိုဖြေသိမ့်ပေးနိုင်မလဲ၊ ဘယ်လိုလမ်းပြပေးနိုင်မလဲ။Nadineရဲ့အချစ်ရေးလူမှုရေးကိစ္စတွေဟာဘယ်လိုဖြစ်လာမလဲဆိုတာကတော့ လူငယ်ဆန်ဆန်ဟာသအရောအနှောလေးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ Nadineတယောက်ပြဿနာတွေပြေလည်သွားမလား၊ နောက်ဆုံးဘယ်လိုendingလေးနဲ့ပြီးဆုံးသွားမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ လူငယ်သဘာဝDrama/Comedyကြိုက်တဲ့သူတွေအတွက်လူငယ်ဆန်ဆန်သဘာဝ အလျောက်ဖြစ်ပျက်ပုံတွေကိုတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။   (ဒီဇာတ်ကားလေးကိုဘာသာပြန်ပေးထားသူကတော့ May Thazin Myint ဖြစ်ပါတယ်)   File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 44minutes Format : Mp4 Genre : Comedy,Drama Translated By May Thazin Myint Encode By Thanhtike Zaw
7.4
IMDB: 7.4/10 52,489 votes
movie

The Edge of Seventeen (2016)

2016
BlueRay 720p
Sky on Fire (2016)
Sky on Fire (2016)   အဖေတူအမေကွဲ မောင်နှမ၂ယောက်... ညီမဖြစ်သူ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ရောက်နေပြီဆိုတာ သိလိုက်ရတဲ့အခါ... တစ်ဖက်မှာလည်း ကင်ဆာရောဂါကိုအမြစ်ပျက်အောင်ကုပေးနိုင်တဲ့ ဆေးကိုဖော်စပ်နေတဲ့ ဆရာဝန်ကြီးတစ်ယောက် ဆေးရုံမီးလောင်မှုနဲ့အတူ သေဆုံးသွားခဲ့တယ် ဆေးကိုဆက်ပြီးဖော်စပ်တာ အောင်မြင်သွားတဲ့အခါမှာတော့ ... အဲ့တော့ ညီမဖြစ်သူရဲ့ ကင်ဆာရောဂါကိုပဲ ပျောက်အောင်ကုသပေးနိုင်မှာလား... ဆရာဝန်ကြီး ဆုံးသွားတဲ့ မီးလောင်မှုက မတော်တဆဖြစ်တာလား... မတရားမှုတွေကို ဖြေရှင်းနိုင်မှာလားဆိုတာကို အသည်းတယားယား ရင်တဖိုဖိုကြည့်ရှုရမယ့် အက်ရှင်ဒရမ်မာဇာတ်ကားလေးဖြစ်ပါတယ်   (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Myint Thinzar ပဲဖြစ်ပါတယ်) File Size : (750 MB) and (350 MB) Quality : 720p Bluray Running Time : 1hr 39minutes Format : Mp4 Genre : Action, Crime, Thriller Translated By Myint Thinzar Encode By Thanhtike Zaw
IMDB: /10 votes
movie

Sky on Fire (2016)

2016
BlueRay 720p
Once Upon a Time in Venice (2017) 5.3
Once Upon a Time in Venice (2017)   ဒီကားလေးကတော့၂၀၁၇ထွက်ကားလေးပါ။သိပြီးကြပြီနေမှာပါ။ မင်းသားကြီးBruce Willisရဲ့အသက်ကြီးပေးမယ့်မပျက်ဆီးတာကိုတွေ့ရမှာပါ။ အခွီနဲ့အက်ရှင်ပေါင်းဆက်ထားတဲ့တကယ်ရယ်ရတဲ့ကားလေးဖြစ်ပါတယ်။ အဆိုတော့Tygaတောင်ပါပါသေးတယ်။စတိဗ်(Bruce Willis)ဟာဗင်းနစ်ကမ်းခြေကအလွတ်စုံထောက်တဦးပါ။ အမျိုးသမီးတွေနဲ့ဆိုပလဲနံသင့်ပြီးသူ့ခွေးကိုထိရင်တော့လုံးဝသည်းမခံတဲ့သူမျိုးပါ။ ဇာတ်လမ်းကသူ့ခွေးအခိုးခံရတာကစတာပါ။ တကယ်တော့သူ့ခွေးအခိုးခံရတာလဲသူကစတာပါ။ ဒီဘဲကြီးတော်တော်ရှုပ်တယ်ဗျတကယ်ပါ။ John Wickကားထဲကလိုပဲသူ့ခွေးထိဓါးကြည့်ဆိုတော့ ပွဲကြမ်းတော့တာပေါ့။ သူပွဲကြမ်းပုံကတမျိုး John Wickလိုကြမ်းတာအဟုတ်ဘူး။ အသက်လေးကလည်းထောက်လာတော့ဦးနှောက်လေးသုံးပြီးကြမ်းတာပါ။ အဲတော့Bruce Willisတယောက်စုံထောက်ပီပီဘယ်လိုအကွက်တွေရွေ့ပြီး ဘယ်လိုဟာသဖောက်မလဲ။ အဆုံးသတ်မှာသူဘယ်လိုတွေအမြတ်ထုတ်သွားသလဲဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦးဗျာ။ တကယ့်မင်းသားကြီးဆိုတော့သဘာပါပါနဲ့နှုတ်ခမ်းလေးတွေပြုံးပြုံးသွားအောင်လုပ်ပြမယ့်ကားလေးပါဗျာ။ အားလပ်ရက်လေးအနားယူရင်ခွီကြပေါ့။ဂျက်ကီချန်းအကွက်တွေပါလာမယ်:3   (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)   File Size : (700 MB) and (260 MB) Quality : 720p Bluray Running Time : 1hr 34minutes Format : Mp4 Genre : Action, Comedy, Thriller Translated By Thura Zarni Aung Encode By Thanhtike Zaw  
5.3
IMDB: 5.3/10 3,119 votes
movie

Once Upon a Time in Venice (2017)

2017
BlueRay 720p
Solomon Kane (2009) 6.1
Solomon Kane (2009)   မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဥာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ၀ိဥာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဥာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။ မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ၀ိဥာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို မိစ္ဆာတွေနဲ့ပြည့်နေတဲ့ ခယောင်းလမ်းကြီးပါပဲ။ ကျိန်စာသင့် ၀ိဥာဉ်နဲ့ ဆော်လမွန်ကိန်းတစ်ယောက် အိမ်အပြန်ခရီးကို ...
6.1
IMDB: 6.1/10 61,506 votes
movie

Solomon Kane (2009)

2009
BlueRay 720p
The DUFF (2015) 6.5
The DUFF (2015)   ဒီတစ်ခါတော့ comedy ကြိုက်တဲ့သူတွေအတွက် ဇာတ်မြူးလေးပါ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ The Duff ဆိုတဲ့ movie လေးပါ ဒီဇာတ်ကားထဲမှာတော့ ဘီယမ်ကာဆိုတဲ့ စာကြမ်းပိုးမလေးနဲ့ အရမ်းလန်းအရမ်းဟော့တဲ့ ဂျက်စ်နဲ့ကေဆီတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပါ ဘီယမ်ကာဟာ သူ့သူငယ်ချင်းနှစ်ယောက်ရဲ့ duff ဖြစ်မှန်းမသိဖြစ်နေခဲ့ပါတယ် ဘီယမ်ကာရဲ့ငယ်သူငယ်ချင်း ခပ်ဟော့ဟော့ဘောလုံးအသင်းခေါင်းဆောင် ဝက်စလေက သူ့ကိုပြောပြတဲ့အခါ ဘီယမ်ကာတစ်ယောက် အတော်စိတ်အနှောက်အယှက်ဖြစ်ပြီး သူ့သူငယ်ချင်းတွေရဲ့ duff အဖြစ်မနေနိုင်တော့ဘဲ သူကြိတ် crush နေတဲ့ကောင်လေး တိုဘီကိုဖွင့်ပြောရဲဖို့ကြိုးစားပါတော့တယ် ဒါကို ဝက်စလေကကူညီပေးခဲ့ပါတယ် အဲဒီအတောတွင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်ဆိုတာကို ဟာသနှောပြီးရိုက်ထားတာပါ နောက်ဆုံးမှာတော့ စာကြမ်းပိုးလေးဘီယမ်ကာတစ်ယောက် လှလာပြီးသူ့ crush ရဲ့ အချစ်ကိုတကယ်ပဲရမလားဆိုတာကိုတော့ စောင့်ကြည့်ကြပါလို့   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်) File Size : (750 MB) and (300 MB) Quality : 720p Bluray Running ...
6.5
IMDB: 6.5/10 58,685 votes
movie

The DUFF (2015)

2015
BlueRay 720p
The Lost City of Z (2017) 6.9
The Lost City of Z (2017)   လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။ Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထ၀ီပညာရှင်တဦးဖြစ်ပါတယ်။ ၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။ နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။ အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။ သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။ တျောက်လျောက်သူလိုချက်​တဲ့ရည်​မှန်းချက်​မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်​​သေအ​ထောက်​အထား​တွေ​တော့ပြနိုင်​ခဲ့ပါတယ်​။ နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။ သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။ သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။ လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။ တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း7.0/10ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)   File Size : (850 MB) and (380 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Action, Adventure, Biography Translated By Thura Zarni Aung Encode By Thanhtike Zaw
6.9
IMDB: 6.9/10 16,352 votes
movie

The Lost City of Z (2017)

2016
BlueRay 720p
The Right Kind of Wrong 6.1
The Right Kind of Wrong Leo the dishwasher falls in love with a bride on the day of her wedding - to another man. အပန်းဖြေကြည့်ဖို့အတွက် The Right Kind of Wrong ဆိုတဲ့ Romance Comedy လေး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒ်ီကားလေးဟာဆိုရင် လီယိုပါလာမီနိုဆိုတဲ့ လူတစ်ယောက် အကြောင်းကိုရိုက်ကူးထားတာပါ။သူဟာဆိုရင် စိတ်ကူးအကြီးကြီးယဉ်လေ့ရှိပြီး မဖြစ်နိုင်တာတွေကို တောင့်တတက်တဲ့ လူတစ်ယောက်ပါ။ဘေးက်နေအကြံပြုဝေဖန်တာတွေကို ဂရုမစိုက်သလို လုံးဝ နားထောင်လေ့မရှိပါဘူး။သူ့အိပ်မက်က စာရေးဆရာတစ်ယောက် ဖြစ်ချင်တယ်ဆိုပေမဲ့ နာမည်ကျော် ထုတ်လုပ်ရေးနဲ့ကျမှ ဖြန့်ချီမယ်ဆိုပြီး ရည်မှန်းသူပါ။အလိုက်လဲမသိတက် မိန်းမကိုလည်း ကြင်နာရကောင်း မှန်းမသိတဲ့ သူဟာ မိန်းမနဲ့လည်းအဆင်မပြေဖြစ်လာပါတယ်။ဒါကိုသူ့မိန်းမက Why You Suck ဆိုတဲ့ နာမည်နဲ့ ဘလော့တစ်ခုထောင်ပြီး သူ့အကျင့်ဆိုးတွေကိုရေးသားပါတယ်။ဒီလိုနဲ့ သူတို့ကွဲကျတဲ့ အချိန်မှာ သူက ပန်ကန်းဆေး သမားဘ၀ရောက် သူ့မိန်းမကတော့ Why You Suck ဘလော့နဲ့နာမည် ကြီးသွား ပါတော့တယ်။သူလဲ ...
6.1
IMDB: 6.1/10 8,364 votes
movie

The Right Kind of Wrong

2013
BlueRay 720p
The Collector (2009) 6.4
The Collector (2009) Desperate to repay his debt to his ex-wife, an ex-con plots a heist at his new employer's country home, unaware that a second criminal has also targeted the property, and rigged it with a series of deadly traps. ကြောက်မက်ဖွယ်ရာလူသတ်အက်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ချေ့စ်မိသားစုဟာဆိုရင် ဒက်ထရွိုက် မှာရှိတဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့ကျပါတယ်။ဒီလို ပြောင်းရွှေ့တဲ့အခါမှာဆိုရင် အာကင်ဆိုတဲ့ လူကို တံခါးပေါက် ပြတင်းပေါက်တွက် တပ်ဆင် ပေးဖို့အတွက်ငှားရမ်းလိုက်ပါတယ်။အာကင်ရဲ့ အမျိုးသမီးဟာဆိုရင် အကြွေးတွေ နစ်နေပြီး ငွေကို အရေးတကြီးလိုအပ်နေပါတယ်။အာကင် ရဲ့ လုပ်ခကလည်း အကြွေးပေးရအောင် မလုံလောက်ပြန်ပါဘူး။ဒီအချိန်မှာ ကြံရာမရတဲ့အဆုံး အာကင်ဟာ ချေ့စ်မိသားစုရဲ့ မီးခံသေတ္တာကို ဖောက်ထွင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အစီအစဉ်ချ ...
6.4
IMDB: 6.4/10 46,434 votes
movie

The Collector (2009)

2009
BlueRay 720p
CHiPS (2017) 6.0
CHiPS (2017) ကဲအခုနှစ်2017 ကမှထွက်ထားတဲ့Comedy/Actionကားလေးပါဗျာ။ မင်းသားကိုတချက်ကြည့်လိုက်တာနဲ့သိလောက်မှာပါ။ ဂျွန်ဘိတ်ကာနဲ့ပေါ့ခ်ျရီလိုဆိုတဲ့သူနှစ်ယောက်ဟာကာလီဖိုးနီးယားအမြန်လမ်းရဲတပ်ဖွဲ့ကိုတူတူအသစ်ဝင်လာကြတဲ့သူတွေပါ။ ဒါပေမယ့်ဝင်လာရတဲ့အကြောင်းအရင်းတွေကတော့မတူကြပါဘူး။ ဂျွန်ဘိတ်ကာကအရင်ကဆိုင်ကယ်ပြိုင်ပွဲမောင်းတဲ့သူပါ။ အတိတ်ကရွှေရောင်နေ့ရက်တွေမှေးမှိန်သွားပြီးတဲ့နောက်အိမ်ထောင်ရေးပြန်လည်အဆင်ပြေစေဖို့ရဲဝင်လုပ်တာပါ။ ပေါ့ခ်ျရီကတော့FBIအထူးစုံထောက်ဖြစ်ပြီးအဲဒီအမြန်လမ်းရဲတပ်ဖွဲ့ရဲ့အမှုတခုကိုဖြေရှင်းဖို့အသွင်ယူပြီးရောက်လာခဲ့တာပါ။ နှစ်ယောက်လုံးတူတူရောက်လာကြပြီးပူးတွဲတာဝန်ပေးခံလိုက်ရတဲ့အခါမှာတော့ ပေါ့ခ်ျရဲ့ကြောင်တောင်တောင်အကျင့်တွေဘိတ်ကာရဲ့အူအူပုံစံတွေအတွေးအခေါ် တွေကြောင့်ဘယ်လိုတွေပေါက်ကရဖြစ်ကြမလဲ။ တယောက်ကအခုမှရဲလုပ်မယ့်သူ၊တယောက်ကအတွေ့အကြုံရှိတဲ့သူဘယ်လိုတွေအဆီအငေါ်မတည့်ဖြစ်ကြမလဲ။ သူတို့နှစ်ယောက်ဘယ်လိုကတောက်ကဆတ်တွေဖြစ်ပြီးရယ်စရာတွေလုပ်ပြမလဲ။ အမှုကရောဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ဗျာ။ အားလပ်ချိန်ကိုအားရပါးရရယ်လိုက်မောလိုက်အပန်းဖြေလိုက်ကြရအောင်ဗျာ။ [မင်းသားကတော့ပေါက်ကရလုပ်မယ့်မင်းသားဆိုတာသိမှာပါ:P]။ ပြောတာလေးတွေကနည်းနည်းတော့ဆဲတာလေး18+တွေပါပါမယ်။မိသားစုနဲ့မကြည့်သင့်ပါဘူး။ (ဘာသာပြန်သူကတော့ The Fridays ဖြစ်ပါတယ်) File Size : 750 MB/400 MB Quality : Bluray 720p Running Time : 1hr 40minutes Format : Mp4 Genre : Action, Comedy, Crime Translator : The Fridays Encoder :Thanhtike Zaw
6.0
IMDB: 6.0/10 11,905 votes
movie

CHiPS (2017)

2017
BlueRay 720p
The Light Between Oceans (2016) 7.2
The Light Between Oceans (2016)   ဒီဇာတ်ကားလေးက အရမ်းသနားဖို့ကောင်းသလို မိဘမေတ္တာကိုပြသတဲ့အတွက် ကြည့်တဲ့သူတွေရင်ကိုထိစေမဲ့ဒရာမာကားလေးပါ စစ်ပွဲကြီးအပီးကို့ဘဝကိုစိတ်ဓာတ်ကျနေတဲ့စစ်သားဟောင်းတယောက်ဖြစ်တဲ့ သောမတ်စ်ရှာဘွန်းဟာလူတွေနဲ့ဝေးရာဖြစ်တဲ့ ဂျေးနက်စ်ဆိုတဲ့ကျွန်းကြီးပေါ်မှာမီးပြတိုက်စောင့်လုပ်ဖို့သွားခဲ့တယ် အဲ့ဒိအနီးနားမြို့လေးက အစ်စဘဲလ်ဆိုတဲ့မိန်းကလေးနဲ့ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ပီး ကျွန်းကြီးပေါ်တူတူသွားနေခဲ့ကျတယ် ကလေးအရမ်းလိုချင်တဲ့သူမ ကိုယ်ဝန်ပျက်ကျပီးတဲ့နောက် သူတို့ကျွန်းပေါ်ကိုဘယ်ကမှန်းမသိတဲ့လှေလေးတစီးမျောလာခဲ့တယ် လှေထဲကလူသေအလောင်းတလောင်းနဲ့ အသက်ရှင်နေသေးတဲ့ မွေးကင်းစကလေးလေးကိုတွေ့ပီးတဲ့နောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မျက်ရည်လည်ရွှဲနဲ့ကြည့်ရမှာဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ khin Pyae Sone Kyaw ပဲဖြစ်ပါတယ်)   File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : 2hr 13minutes Format : Mp4 Genre : Drama, Romance Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw
7.2
IMDB: 7.2/10 29,055 votes
movie

The Light Between Oceans (2016)

2016
BlueRay 720p
Fist Fight (2017) 5.7
Fist Fight (2017)   ၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။ အန်ဒီ အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက် ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ...
5.7
IMDB: 5.7/10 17,373 votes
movie

Fist Fight (2017)

2017
BlueRay 720p
U.S. Marshals (1998) 6.5
U.S. Marshals (1998)   အဆိုးဆုံး ဝရမ်းပြေးတွေကို အကြမ်းဖက် လိုက်ဖမ်းပေးရတဲ့ အဖွဲ့အစည်း US Marshals..... ကား မတော်တဆမှုကနေ တဆင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတဲ့ ရှရင်ဒန် ၊ ရှရင်ဒန်ဟာ လူသတ်မှု နှစ်မှုအတွက် အလိုရှိနေတဲ့ အဆင်မြင့် အဖွဲ့အစည်းက ဝရမ်းပြေးတစ်ယောက်ပေါ့ ။ ရှရင်ဒန် ပတ်သက်နေတာ ဘယ်လိုအမှုမျိုးလဲ ။ တရုတ်လက်အောက်က ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ရုန်းကန်နေမှုမှာ အမေရီကန်က ကူညီမှု မှန်သမျှ သတင်းကို တရုတ်ကို ရောင်းစားတဲ့ သူလျှိုအမှုပေါ့ ။ အဲဒိအမှုမှာ ရှရင်ဒန်က အေးဂျင့် နှစ်ယောက်ကို သတ်လိုက်မိတယ် ။ ရှရင်ဒန်ကို ကားမတော်တဆမှု ကနေတဆင့် မိသွားတော့ နယူးယောခ့်ကိုပို့တယ် ။ လမ်းမှာ သူ့ကို နှုတ်ပိတ်အစဖျောက်ချင်တဲ့ အဖွဲ့အစည်းက သတ်ဖို့ ကြိုးစားရင်း လေယာဉ်ပျက်ကျပြီး ရှရင်ဒန် လွတ်မြှောက်သွားတယ် ။ ရှရင်ဒန်ကို ပြန်ဖမ်းမိဖို့အတွက် US Marshals အဖွဲ့ကို တာဝန်ပေးလိုက်တော့တယ် ...
6.5
IMDB: 6.5/10 81,613 votes
movie

U.S. Marshals (1998)

1998
BlueRay 720p

Genres