Channel Myanmar

BluRay 1080p 5.1 CH

Fast and Furious Presents: Hobbs & Shaw 6.6
Fast and Furious Presents: Hobbs & Shaw    Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။ အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ဒီရုပ်ရှင်ကတော အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။ နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကို ဟာသရသလေးတွေ ပျော်ရွွင်ဖွွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကို သူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။ အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ် File Size : (2.5 GB) and (1.2 GB) Quality : BluRay 1080p ...
movie

Fast and Furious Presents: Hobbs & Shaw

2019
BluRay 1080p 5.1 CH
The Fate of the Furious (2017) Fast and Furious 8 6.8
The Fate of the Furious (2017) Fast and Furious 8       Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့  Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ...
movie

The Fate of the Furious (2017) Fast and Furious 8

2017
BluRay 1080p 5.1 CH
Furious 7 (2015) Fast and Furious 7 7.2
Furious 7 (2015) Fast and Furious 7       Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie

Furious 7 (2015) Fast and Furious 7

2015
BluRay 1080p 5.1 CH
Fast Five (2011) Fast and Furious 5 7.3
Fast Five (2011) Fast and Furious 5      ရုပ်ရှင်မိတ်ဆက်ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O'Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ...
movie

Fast Five (2011) Fast and Furious 5

2011
BluRay 1080p 5.1 CH
The Fast and the Furious: Tokyo Drift (2006)Fast and Furious 3 6.0
The Fast and the Furious: Tokyo Drift (2006)Fast and Furious 3       ရှောင်ဆိုတဲ့လူငယ်လေးဟာ တကယ်ပြဿနာအိုးကောင်..ကျောင်းတက်ရင်လည်း ပြဿနာမျိုးစုံတက်သလိုရန်ပွဲတွေလည်းခဏ ခဏဆင်နွှဲလေ့ရှိတယ်...ဒီလို ဂျစ်ကန်ကန်ကောင်လေးကြောင့်အမေဖြစ်သူဟာ ခဏ ခဏနေရပ်ပြောင်းရလေ့ရှိတယ်....နောက်ဆုံးအဆင်မပြေတဲ့အဆုံးအမေဖြစ်သူဟာ ရှောင်ကို အဖေဖြစ်သူနေထိုင်တဲ့ ဂျပန်နိုင်ငံတိုကျိုမြို့ကိုလွှတ်လိုက်တယ်...အဖေနဲ့အတူနေပြီး နိုင်ငံခြားကျောင်းမှာ ခြေငြိမ်မယ်အထင်နဲ့ပေါ့...သို့ပေမဲ့ ဂျပန်ရောက်မှာ ပိုဆိုးပါတော့တယ်....File Size :(1.95GB) (0.99 GB) Quality : Blu-Ray1080P5.1CH, 720p Running Time : 1hr 44min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw  
movie

The Fast and the Furious: Tokyo Drift (2006)Fast and Furious 3

2006
BluRay 1080p 5.1 CH
2Fast 2 Furious (2003)Fast and Furious 2 5.9
2Fast 2 Furious (2003)Fast and Furious 2   F1 ကပြဿနာမျိုးစုံပြီးတဲ့နေက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီးအရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ်...အမှုငယ်ပေါင်းများစွာနဲ့ပေါ့...ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီးသတင်းအရမ်းထွက်နေတယ်...သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်းငွေဖြူအချီကြီးလုပ်ဖို့စီစဉ်နေတယ်လို့သတင်းရနေတယ်..ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့အသုံးချပါတော့တယ်.... File Size :(2.05GB), (0.99 GB)Quality : Blu-Ray1080P5.1CH 720pRunning Time : 1hr 46minFormat : Mp4Genre :Action, Crime, ThrillerSubtitle : Myanmar Subtitle (Hard Sub)Source : 1080p BluRay x264-SPARKSTranslated by Thura Zarni AungEncoded by Thanhtike Zaw
movie

2Fast 2 Furious (2003)Fast and Furious 2

2003
BluRay 1080p 5.1 CH
The Fast and the Furious (2001) Fast and Furious 1 6.7

The Fast and the Furious (2001) Fast and Furious 1

2001
BluRay 1080p 5.1 CH
Minamata (2020) 7.9
Minamata (2020) Minamata (2020)=============IMDb Rating - 7.9/10၁၉၇၁ ခုနှစ်က ဂျပန်နိုင်ငံ၊ မီနာမာတာမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ မာကျူရီအဆိပ်သင့်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မီနာမာတာမြို့လေးဆိုတာ သိပ်ကိုလှပတဲ့ ကမ်းရိုးတန်းမြို့လေး၊ ဒေသခံ‌တွေမှာလည်း တံငါလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုနေသူတွေအများကြီးရှိပြီး ပင်လယ်ငါးတွေကို အဓိကစားသုံးကြတဲ့မြို့လေးပေါ့၊ဒါပေမယ့် ချီဆိုဆိုတဲ့ဓာတုစက်ရုံကြီး မီနာမာတာမြို့လေးကိုရောက်လာတဲ့အခါမှာ စက်ရုံကနေပင်လယ်ထဲကိုစွန့်ထုတ်တဲ့ဓာတုပစ္စည်းတွေကြောင့် ငါးတွေအဆိပ်သင့်၊ အဲဒီကတစ်ဆင့် လူတွေအဆိပ်သင့်ပြီး ကလေးလူကြီးမကျန် ဦးနှောက်တစ်သျှူးတွေထိခိုက်ပြီး ခြေလက်တွေအကြောဆိုင်း၊ မျက်စိကွယ်၊ စကားမပြောနိုင် စတဲ့ ရောဂါလက္ခဏာတွေခံစားရရှာပါတယ်။ဒီလိုနဲ့ ဆယ်စုနှစ်တစ်စုကျော်အကြာ ၁၉၇၁ခုနှစ်မှာ နယူးယောက်မြို့ လိုက်ဖ်မဂ္ဂဇင်းက ဓာတ်ပုံဆရာကြီး ယူဂျင်းစမစ်ဟာဘာသာပြန်ဂျပန်မလေး အိုင်လင်းရဲ့တောင်းဆိုမှုကြောင့် မီနာမာတာကို ကင်မရာတစ်လုံးနဲ့ရောက်လာပြီး ဒေသခံတွေနဲ့အတူတရားမျှတမှုအတွက် ဆန့်ကျင်လှုပ်ရှားကြပါတော့တယ်။ဒီဖြစ်ရပ်မှန် ဇာတ်ကားထဲမှာ လောကကြီးကိုစိတ်ကုန်နေတဲ့ ထေ့ငေါ့ငေါ့ဓာတ်ပုံဆရာကြီးယူဂျင်းစမစ်အဖြစ် မင်းသားကြီးJohnny Depp က  အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, ...
movie

Minamata (2020)

2021
BluRay 1080p 5.1 CH
Zombieland (2009) Zombie Land 7.6
Zombieland (2009) Zombie Land IMDb Rating (7.6) / Rotten Tomatoes (89%)အီမာစတုန်းတို့လို နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ခေတ်ကိုသရော်ထားတဲ့ Zombie ဟာသဇာတ်ကားပါ...Rating တွေမြင့်သလို အကောင်းဆုံး Zombie ဇာတ်ကားတွေထဲမှာပါဝင်ပါတယ်...ကိုလမ်ဘတ်(စ်) လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ဟာသူအသက်ရှင်နေထိုင်နိုင်ဖို့အတွက် သူကိုယ်တိုင်ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုတိတိကျကျ လိုက်နာပြီး Zombie တွေသာကျန်ရှိတော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါတယ်အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေတစ်ဆင့်လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ်ဒီအချိန်မှာတော့ လူငယ်လေးကိုလမ်ဘတ်(စ်)တစ်ယောက် သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ်တစ်နေ့မှာတော့ သူ့လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးအိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ်ဒီလိုနဲ့ ခရီးဆက်ရင်း သူတို့ဟာ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့ညီအမနှစ်ဦးနဲ့တွေ့ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ်နောက်ပိုင်းမှာတော့ သူတို့၄ ယောက်ပေါင်းမိသွားကြပြီးလိုရာခရီးကို ဆက်သွားခဲ့ကြတယ်နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ သူတို့၄ယောက်ဖုတ်ကောင်တွေ မဝင်ရောက်သေးဘူးလို့သူတို့ထင်နေခဲ့ကြတဲ့ပစိဖိတ် ပေးလန်း(ဒ်) ကစားကွင်းကို သွားဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့ သူတို့ထင်ထားခဲ့သလိုတွေ မဖြစ်လာခဲ့ပဲ ဖုတ်ကောင်မြောက်မြားစွာနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာတွေကို ရိုက်ကူးပုံဖော်ထားတဲ့Zombie ...
movie

Zombieland (2009) Zombie Land

BluRay 1080p 5.1 CH
The Prestige (2006) 8.5
The Prestige (2006) THE PRESTIGEIMDb (8.5/10) / Rotten Tomatoes (76%)ကြီးမားတဲ့ မျက်လှည့် လှည့်စားမှုတိုင်းမှာ အပိုင်း (3) ပိုင်း ဒါမှမဟုတ် ပြကွက် (3) ကွက်ပါရှိတယ်။ ပထမ အပိုင်းကိုတော့ "ကတိ" လို့ခေါ်တယ်။ မျက်လှည့်ဆရာတစ်ယောက် ဟာ မင်းကို ရိုးရှင်းတဲ့ အရာကိုပြသလိမ့်မယ်။ အထပ်လိုက်စီထားတဲ့ ကဒ်တွေ၊ ဌက်တစ်ကောင် ဒါမှမဟုတ် လူတစ်ယောက်ပေါ့၊ သူကမင်းကို ဒီအရာကိုပြမယ်။ စစ်မှန်ခြင်း သာမာန်ဖြစ်ခြင်း ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်ကြောင်းတို့ကို မင်းကို စစ်ဆေးခိုင်းဖို့ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့.. မဟုတ်ပါဘူး။ ဒုတိယပြကွက်ကိုတော့ "လှည့်ခြင်း" လို့ခေါ်တယ်။ မျက်လှည့်ဆရာက သာမာန်အရာဝတ္ထုတစ်ခုကို ယူပြီး ထူးခြားဆန်းကြယ်တဲ့ အရာတစ်ခုခုကို ဖြစ်အောင်လုပ်ဆောင်လိုက်တယ်။ အခုမင်းလျှို့ဝှက်ချက်တွေကို ရှာဖွေနေမယ်။ ဒါပေမဲ့ မင်းတွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းတကယ်ကြည့်မနေလို့ပဲလေ။ မင်းကတစ်ကယ်မသိချင်ပါဘူး။ မင်းက အရူးလုပ်ခံချင်တာပါ။ ဒါပေမဲ့လည်း မင်းလက်ခုပ်မတီးသေးဘူး။ ...
movie

The Prestige (2006)

2006
BluRay 1080p 5.1 CH
Kuch Kuch Hota Hai (1998) 7.6
Kuch Kuch Hota Hai (1998) IMDb Rating (7.6) / Rotten Tomatoes (92%)မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာဂျိုးတို့ရဲ့နာမည်ကြီးဇာတ်ကားပါပဲ...မင်းသမီး Rani Mukerji နဲ့ မင်းသား ဆယ်မန်ခန်းတို့လဲ ပါဝင်ထားပါသေးတယ်....ဇာတ်လမ်းကတော့...မိတဆိုးသမီးလေးတစ်ယောက် ဖခင်အပေါ်ကိုပဲအားလုံးမှီခိုနေရပြီး မိခင်ဆိုတာ ဓာတ်ပုံအချို့ပဲမြင်ဖူးခဲ့တာပါ.. တိုက်တိုက်ဆိုင်ဆိုင်ကျောင်းကျပန်းစကားပြောပြိုင်မွဲမှာသမီးလေးကျတဲ့ခေါင်းစဉ်က "အမေ" တဲ့ ခေါင်းစဉ်လေးကိုကိုင်ရင်း လက်တွေတဆတ်ဆတ်တုန် မျက်လုံးနဲ့ပြောနေတဲ့စကားက အမေအကြောင်းသမီးမသိပါဘူးလို့ အဓိပ္ပါယ်ဖော်နေသယောင်ပုံဖော်နေတယ်ကံကောင်းတာတစ်ခုက ၈နှစ်ပြည့်မွေးနေ့မှာ အမေထားခဲ့တဲ့စာလေးဖတ်လိုက်ရတယ် စာထဲမှာရေးထားတာက " အန်ဂျလီဆိုတာ တကယ်တော့သမီးရဲ့နာမည်အရင်းဖြစ်သလို သမီးအဖေသိပ်ချစ် ရတဲ့ကောင်မလေးရဲ့နာမည်လည်းဖြစ်တယ်တဲ့"စာလေးထဲမှာ အတိတ်ကအကြောင်းတွေအများကြီးရေးထားတယ် ကျောင်းတက်စဉ်ငယ်ဘဝတုန်းက ကောင်လေးတစ်ယောက်မှာအရမ်းခင်ရတဲ့ ယောကျ်ားလေးဆန်ဆန်ကောင်မလေးတစ်ယောက်ရှိတယ် ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနေတဲ့သူတို့ဘဝလေးထဲကို ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေးဝင်လာခဲ့တယ် ဒါပေမဲ့ ထိချက်ကတော့ အတော်ပြင်းတယ် ယောင်္ကျားလေးဆန်ဆန်ကောင်မလေးက နောက်ဆုံးစာမေးပွဲကိုတောင်မဖြေပဲ အပြီးအပိုင်ဇာတ်မြှုတ်ပျောက်ကွယ်သွားတယ် အဲ့ဒီယောက်ျားလျာကောင်မလေးရဲ့နာမည်က " အန်ဂျလီ"တဲ့ဆုံးသွားတဲ့မိခင်က သမီးကိုသူ့ရဲ့နောက်ဆုံးဆန္ဒဘာတွေရေးခဲ့လဲသမီးလေးကရော အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာတွေနဲ့ချစ်ခြင်းမေတ္တာကိုပုံဖော်ရာမှာ ထိမိလွန်းတာကြောင့် နာမည်ကြီးတဲ့ဇာတ်ကားတစ်ကားပါပဲ။ဒီဇာတ်ကားက ကြာတော့ကြာခဲ့ပါပြီ ဒါပေမယ့် နှစ်ချို့ဝိုင်လိုအစွမ်းထက်နေတုန်းပါပဲကဲပရိတ်သတ်ကြီးရေ နှစ်ချို့ဝိုင်လေးသောက်ကြည့်ပါလို့ အကြံပြုရင်း..........။  File size…(3.2 GB) / (1.8 GB)/ (650 MB) Quality…BluRay 1080p / 720p / ...
movie

Kuch Kuch Hota Hai (1998)

BluRay 1080p 5.1 CH
Memories of Murder (2003) 8.1
Memories of Murder (2003) IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie

Memories of Murder (2003)

2003
BluRay 1080p 5.1 CH
In the Name of the King: A Dungeon Siege Tale (2007) 3.8
In the Name of the King: A Dungeon Siege Tale (2007) In the Name of the King: A Dungeon Siege Tale (2007)======================================Jason Statham ကအက်ဘ် တိုင်းပြည်မှာ ဇနီးသည်သားတစ်ယောက်နဲ့အတူလယ်လုပ်ငန်းလုပ်ပါတယ်။ တစ်နေ့သူ့ဇနီးနဲ့သား မြို့ကိုဈေးရောင်းထွက်တဲ့အချိန်မှာ သူ့လယ်ကို ခရပ်ချ်ဆိုတဲ့ သတ္တဝါဆန်းကြီးတွေ လာတိုက်ခိုက်တာခံရပြီးနောက် မြို့ကိုတက်ပြီး ဇနီးနဲ့သားကိုရှာဖို့ သူ့မွေးစားအဖေနဲ့အတူထွက်အလာမှာ မှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဂါလီယန်က ခရပ်ချ်သတ္တဝါတွေကိုထိန်းချုပ်ခိုင်းစေပြီး သူ့သားကိုသတ် သူ့ဇနီးကိုဖမ်းခေါ်သွားတာကို သိလိုက်ရပါတယ်။ မှော်ဆရာဂါလီယန်ဟာ သူတို့ဘုရင်ရဲ့ မဟာရန်သူတော်ဖြစ်ပြီး ဘုရင့်တူနဲ့အတူ နန်းလုဖို့ပူးပေါင်းကြံစည်နေသူပါ။ ဒီလိုနန်းတွင်းဇာတ်ရှုပ်မှာ သာမန်အညတရလယ်သမားတစ်ယောက်ဖြစ်တဲ့သူဟာ အဓိကကျတဲ့နေရာက ပါဝင်ပတ်သက်နေတယ်ဆိုတာ ဘုရင့်အတိုင်ပင်ခံနတ်ဆရာက အစောကြီးကြိုမြင်ခဲ့ပြီး သူ့ဆီချဉ်းကပ်လာတဲ့အခါ..။ သူမသိခဲ့တဲ့သူ့နောက်ခံဇာတ်ကြောင်းက ဘာလဲ၊ ဘာကြောင့်သူဟာ ဒီဇာတ်လမ်းမှာအဓိကကျနေလဲ အစရှိတဲ့ မေးခွန်းတွေနဲ့အတူ မှော်ပညာတွေ သတ္တဝါဆန်းတွေနဲ့ စွန့်စားခန်းတွေကြုံဆုံရပါတော့တယ်။ In the Name of the King မှာ လယ်သမားအဖြစ် Jason Statham ကဦးဆောင်ပါဝင်ထားပါတယ် ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီး နန်းတွင်းဇာတ်ရှုပ်တွေ မှော်ဆရာတွေ၊ သတ္တဝါဆန်းတွေ နဂါးတွေနဲ့ ...
movie

In the Name of the King: A Dungeon Siege Tale (2007)

BluRay 1080p 5.1 CH
The Spectacular Now (2013) 7.1
The Spectacular Now (2013) IMDb Rating (7.1) / Rotten Tomatoes (91%)ဒီဇာတ်ကားဟာRating  မြင့်တဲ့အချစ်ကားလေးဖြစ်သလို သရုပ်ဆောင်တွေကလဲ မခေသူတွေချည်းပါပဲ...Fantastic Four ထဲက မင်းသား Miles Teller , Divergent နဲ့ The Fault in Our Stars ထဲက မင်းသမီးချောလေး Shailene Woodley နဲ့Marvel  ရဲ့  Captain Marvel တဖြစ်လဲ မင်းသမီး Brie Larson တို့ဖြစ်ပါတယ်။အချစ်ဆိုတဲ့အရာကို တချို့ကခံစားတယ်..တချို့ကခုတုံးလုပ်ပြီး အသုံးချတယ်..တချို့က မသိကျိုးကျွံပြုတယ်...ဘယ်လိုပဲအချစ်ကိုသုံးဆောင်သုံးဆောင်ပေါ့...တကယ်တန်ဖိုးထားသူဆီမှာသာ အချစ်တွေက အမြဲနေတတ်တာမျိုးပဲ။ဇာတ်လမ်းလေးကတော့ ၃ ပွင့်ဆိုင် ဇာတ်လမ်းပါ...ဆက်တာဟာ အနာဂတ်ကိုမတွေးထားဘဲ အရာရာကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့။ကပ်စ်စီလီဆိုတဲ့ သူသိပ်ချစ်တဲ့ ကောင်မလေးနဲ့ အထင်လွဲခံရမှုတစ်ခုကြောင့် ပြတ်အပြီး စိတ်လေနေချိန်မှာအေမီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။အေမီဟာ ရည်းစားတောင်မထားဖူးသလို အနေအေးတဲ့ ဖြူစင်တဲ့ကောင်မလေး..ဆက်တာဟာ ...
movie

The Spectacular Now (2013)

BluRay 1080p 5.1 CH
[James Bond] The Spy Who Loved Me (1977) 7.1
[James Bond] The Spy Who Loved Me (1977) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Roger Moore ရဲ့ တတိယမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..ဒီကားက ရှေ့နှစ်ကားထက် ပို Rating ကောင်းသလို ဇာတ်လမ်းရော မင်းသမီးရော ပိုမိုက်ပါတယ်။ရှောင်ကွန်နရီနေရာမှာ အကောင်းဆုံးအစားထိုးနိုင်တဲ့ ဘွန်းအဖြစ် ရော်ဂျာမိုးကို သတ်မှတ်ကြပါတယ်..တည်ငြိမ်ရင့်ကျက်တဲ့ ဘွန်းရဲ့ အရသာကို ခံစားရမှာပါ။IMDb Rating (7.1/10) ရရှိထားပါတယ်…။  File size…(2.3 GB) and (1.3 GB) Quality….BluRay 1080p and 720p Format…mp4 Duration….02:06:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

[James Bond] The Spy Who Loved Me (1977)

BluRay 1080p 5.1 CH
Kabhi Khushi Kabhie Gham(2001) 7.4
Kabhi Khushi Kabhie Gham(2001)  Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။)  File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie

Kabhi Khushi Kabhie Gham(2001)

BluRay 1080p 5.1 CH
Dilwale (2015) 5.1
Dilwale (2015) ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး Kajol တို့ တကြော့ပြန် ပြန်လည်လက်တွဲထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းအကြောင်းမပြောခင်..ပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ်။အဲဒါကတော့ ဒီဇာတ်ကားမှာ ရှုခင်းနဲ့ ဆက်တင်ကိုအထူးဂရုပြုပြီး ဖျော်ဖြေရေးဆန်ဆန် အရောင်အသွေးစုံလင်အောင် ဖန်တီးထားတဲ့အကြောင်းပါ။အရောင်အသွေးစုံခင်မှုအပိုင်းမှာ တစ်နေရာမှ မလစ်ဟင်းအောင် ဂရုပြုထားပြီး ပန်းချီကားတစ်ချပ်လို ဖန်တီးတင်ဆက်ထားတာ လှပလွန်းပါတယ်။ဇာတ်လမ်းပုံစံကတော့ မိသားစုတွေရဲ့ ရန်ငြိုးကြောင့် ချစ်ရက်နဲ့ ကွဲကွာနေကြတဲ့ ချစ်သူနှစ်ဦး ကံကြမ္မာအလှည့်အပြောင်းတစ်ချိုးမှာ ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ.........။ဇာတ်လမ်းကို သွက်သွက်လက်လက်တစ်နည်း...လွမ်းလွမ်းဆွေးဆွေးတဖုံ.... ရယ်ရယ်မောမောတစ်သွယ်...ပုံစံမျိုးစုံ တင်ဆက်ရာမှာ သီချင်းတွေနဲ့ နောက်ခံ သံစဉ်တီးလုံးတွေက အတော်လေးလိုက်ဖက်ညီပြီး ဇာတ်လမ်းကို အကောင်းမွန်ဆုံးထောက်ပံ့ပေးသွားတာတွေ့ရပါတယ်။ဇာတ်ရံပေါင်းများစွာနဲ့ စုံစုံလင်လင်တင်ဆက်ထားပြီး ဇာတ်ကားကြာမြင့်ချိန်ကလဲ ၂ နာရီခွဲလောက်ရှိတဲ့အတွက် ရုပ်ရှင်ရုံထဲကြည့်နေရသလို အေးအေးဆေးဆေး အနားယူ... အချိန်ယူ ခံစားကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။(ဒီဇာတ်ကားကို Tariq L Walker မှဘာသာပြန်ထားတာဖြစ်ပြီး ဇာတ်ဝင်တေးသီချင်းတွေကိုပါ မြန်မာပြန်ဆိုပေးထားပါတယ်။)File size…(2.6 GB) / (1.4 GB) Quality….BluRay 1080p / 720p Format…mkv Duration….02:38:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung
movie

Dilwale (2015)

BluRay 1080p 5.1 CH