Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
Bluray.1080p.DTS-HD.x264-Grym
7.6
House of Flying Daggers (2004)
ရယူခြင်းဟာ အချစ်တဲ့လား ပေးဆပ်ခြင်းဟာအချစ်ပဲလား တချို့လူတွေဟာ မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ပိုင်ဆိုင်ဖို့ ပေါင်းစည်းဖို့ကြိုးစားတာကို အချစ်လို့သမုတ်ကြပေမယ့် တချို့တွေကတော့ ထိုအချိန်မှာချစ်သူကိုစွန့်လွတ်ရင်း ပေးဆပ်ရင်း ချစ်နေတာကို အချစ်စစ်လို့ခေါ်ကြပြန်တယ် စသည်ဖြင့်သို့လော သို့လောတွေနဲ့ အချစ်အကြောင်းကို မသိခင် ငယ်စဉ်အခါက တီဗီရှေ့မှာဖီးလ်ခဲ့ရဖူးတဲ့ အချစ်ကားတွေထဲမှာ ဒီဇာတ်ကားလည်းအပါအဝင်ဖြစ်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းအနည်းငယ်ပြောရရင် တရုတ်ပြည် အေဒီ၅၈၉မှာ အင်အားကြီးတန်မင်းဆက်ဟာ အားလျော့ခဲ့လာပြီး တိုင်းပြည်ကို မနိုင်မနင်း အုပ်ချုပ်နေရချိန်ဖြစ်ပါတယ် သူပုန်အဖွဲ့တွေ အများအပြားသောင်းကျန်းနေချိန်မှာ အင်းအားအကြီးဆုံးနဲ့ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိနေတဲ့အဖွဲ့ကတော့ ဓားပျံတို့ရဲ့ဂေဟာ လို့ခေါ်တဲ့အဖွဲ့ဖြစ်ပါတယ် မြို့တွင်းပျော်ပွဲစားရုံတစ်ခုမှ မျက်မမြင်ကချေသည်မိန်းကလေးတစ်ဦးဟာ သူပုန်အဖွဲ့ဝင်တစ်ဦးလို့ သံသယ ရှိခြင်းခံရပြီး အစိုးရဋ္ဌာနမှုးနှစ်ဦးဖြစ်တဲ့လီယိုနဲ့ဂျင်ဟာ ထိုမိန်းကလေးနောက်ကို လိုက်ရင်း သူပုန်အဖွဲ့ရဲ့ နေရာကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ် မိန်းကလေးကိုအယုံသွင်းကာ သူ့မူလနေရာကိုပြန်ပို့ပေးရင်း နေရာကိုဖော်ထုတ်ရမယ့်တာဝန်ကိုယူတဲ့ဂျင်ဟာ ရဲမက်တွေရန်မှကာကွယ်ရင်း ထိုမိန်းကလေးအပေါ်ချစ်မိသွားကာ ဇာတ်လမ်းရဲ့အရှိန်ကိုပိုမြင့်လာစေခဲ့ပါတယ်… အချစ်ဆိုတာ တကယ်တော့ ချစ်နေဖို့လိုအပ်သလို တခါတလေကျတော့လည်း အချစ်ကြောင့်ပဲ ကိုယ့်ဘဝတစ်ခုလုံးရင်းရဲတဲ့သတ္တိတွေရှိလာခဲ့ပါတယ်… သိုင်းကားလေးတစ်ကားဖြစ်ပေမယ့် အမိုက်စား ဇာတ်လမ်းအစကနေအဆုံးထိအားလုံးရဲ့စိတ်ဝင်စားမှု့တွေကို အဆုံးထိဆွဲခေါ်သွားမယ့်ကားတစ်ကားဖြစ်ပါတယ်… Imdb 7.6နဲ့RT မှာတော့88%ရရှိထားပြီး နာမည်ကျော်Heroဇာတ်ကား Great ...
movie
House of Flying Daggers (2004)
2004
Bluray.1080p.DTS-HD.x264-Grym