Channel Myanmar

B&W 720p

The Seventh Seal (1957) 8.2
The Seventh Seal (1957)     [Unicode]Seventh Seal (1957) =============== IMDb Rating - 8.2/10 Directed By Ingmar Bergmanအင်ဂမာဘတ်မင်း ရုပ်ရှင်တွေကို ပြင်သစ်ပြည် ပါရီမြို့မှာ စပြရာက လူကြိုက်များပြီး ပြင်သစ်ပြည်မှာ New Waveသမားတွေ ပေါ်လာတယ်လို့ ပြောကြတယ်။ ပြင်သစ် New Waveရဲ့ အရွေ့ဟာ ဒီဘက်ခေတ် ရုပ်ရှင်တွေမှာ ခုထက်ထိ မကင်းပါဘူး။ ဒီတော့ ရုပ်ရှင်ဟာ ဘတ်မင်းကြောင့် သန့်စင်တဲ့ အနုပညာတစ်ရပ်အနေနဲ့ ရပ်တည်လာတယ်လို့လည်း ပြောကြတယ်။ သူ့ကြောင့် ကျွန်တော်တို့ခေတ်ရဲ့ မဆုတ်နစ်တဲ့ရုပ်ရှင်အနုပညာ ပေါ်ပေါက်လာတယ် ဆိုကြတယ်။ သူ့ရဲ့ ရုပ်ရှင်တွေဟာ ဟောလိဝုဒ်က ရုပ်ရှင်တွေလို ရေရှာတာတွေ မဟုတ်ဘဲ တကယ့်အနုပညာတွေ။ အင်ဂမာဘတ်မင်းဟာ အော်စကာဆုပေးပွဲကို အပြတ် ငြင်းခဲ့တဲ့လူ ဒါကြောင့်သူ့ကို ရုပ်ရှင်ကို ဘယ်သူသဘောကျဖို့အတွက်မှ မရိုက်တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လို့လည်းဆိုကြတယ်။ Seventh Sealရဲ့ ဇာတ်လမ်းကို ရှင်းရှင်းပြောရရင် သေမင်းနဲ့စစ်တုရင်ထိုးတဲ့ လူတစ်ယောက်အကြောင်းပဲ။ ကောင်းကင်ဘုံ ငရဲ ချစ်ခြင်း မုန်းခြင်း အနုပညာ စတဲ့စိတ္တဇနာမ်ကိစ္စတွေမှာ ...
movie

The Seventh Seal (1957)

B&W 720p
Pather Panchali (1955) 8.6
Pather Panchali (1955)   [Unicode]Panther Panchali(1955) ================ IMDb Rating. = 8.6/10 Directed By Satyajit Ray1992မှာ အော်စကာဆု‌ပေးပွဲမှာ Honorary Awardကို အိန္ဒိနိုင်ငံသား ဆတ်ရာဂျစ်ရေးက ရခဲ့တယ်။ သူက ဟောလိဝုဒ် ဒါရိုက်တာတစ်ချို့ စံထားရတဲ့ အိန္ဒိယဒါရိုက်တာဆိုလည်း မမှားဘူး။ မြန်မာပြည်မှာဆိုလည်း ခင်မောင်ရင်ဟာရေးရဲ့ အပုသုံးကားကြောင့် "နှမလက်လျှော့နေလေတော့"ကို ရိုက်ဖြစ်ခဲ့တယ်။ နှမလက်လျှော့ဟာ ရုံဝင်ငွေအရမအောင်မြင်ပေမဲ့ ပြင်သစ်ရုပ်ရှင်ပွဲတော်အတွက် ဒီကလာရွေးတဲ့ထဲမှာ တစ်ကားတည်းသော ရွေးတဲ့လူတွေ စိတ်တိုင်းကျတဲ့ကားလို့ သိရတယ်။ ဒီလိုအတော်များများ စံထားရတဲ့ ဆတ်ရာဂျစ်ရေးဟာ ရာဘင်နတ်တဂိုးရဲ့တပြည့် ဖြစ်တဲ့အပြင် ဒါရိုက်တာတင်မဟုတ်ဘဲ scriptwriter,essayist, lyricist, magazine editor, illustrator,နဲ့ music composerစတဲ့ နယ်ပယ်တွေမှာပါ ခြေဆန့်နိုင်တဲ့ Geniusတစ်ယောက်ပါပဲ။ ရေးကို Perfectionistလို့ဆိုကြတယ်။ အဲ့ဒီ Perfectionistဆိုတာနဲ့ပက်သက်ပြီး ခင်မောင်ရင်ကတော့ "သူ့ရဲ့ခံယူချက်က ဒီလိုကွ။ Simplicity perfection and beauty လို့ခေါ်တယ်။ အင်္ဂလိပ် လို။ အရိုးဆုံးကို လုပ်လို့ရှိရင် မင်းအမှားနည်းတယ်။ အမှားနည်းတဲ့ပစ္စည်း ...
movie

Pather Panchali (1955)

B&W 720p
Rashomon (1950) 8.2
Rashomon (1950) [Unicode]Rashomon(1950) ============= IMDb Rating - 8.2 out of 10ကူရိုဆာဝါလိုနာမည်ကျော်ဒါရိုက်တာ ရိုက်ထားတဲ့ ဒီရရှော်မွန်ကိုကောင်းမှန်းသိပေမယ့် ညွှန်းကြပေမယ့် အဖြူအမဲဖြစ်နေတာရော ခေတ်ကာလအရမ်းကွာတာရောကြောင့် သိပ်ဓာတ်မကျမိလို့ မကြည့်ဖြစ်ခဲ့ဘူး။ ခင်မောင်ရင် ဘာသာပြန်ထားတဲ့ ယူနိုဆူကီ အကူတာဂါဝါရဲ့ ရရှော်မွန်ကိုဖတ်ပြီးမှ ကြည့်ကြည့်ချင်စိတ် အတော်လေးပေါက်လာလို့ ကြည့်လိုက်မိတယ်။ကူရိုဆာဝါရိုက်ထားတဲ့ ရရှော်မွန်က တကယ်တမ်း ရရှော်မွန်ဆိုတဲ့ ဝတ္တုတိုကို အဓိကထားရိုက်ထားတာတော့မဟုတ်ဘူး အဲ့ဒီစာအုပ်ထဲက ပထမဆုံးအပုဒ်ဖြစ်တဲ့ In A Grooveကိုရိုက်ထားတာ။ ကူရိုဆာဝါက အဲ့ဒီဝတ္တုတိုနှစ်ပုဒ်ကို ဆက်သုံးလိုက်ပြီး မူလဝတ္တုထက် ဇာတ်ကြောင်းပြောပြတဲ့ ဇာတ်ကောင်တွေကို ချုံ့ပစ်လိုက်တယ်။ ပြောရရင် မအီတော့ဘဲ ဗိုက်ပြည့်ရုံ ပမာဏပဲ ဖြစ်ရပ်ကိုပြောခိုင်းထားတယ်။ တစ်ခုရှိတာက သူ့ရဲ့ ရရှော်မွန်ဝတ္တုကို ဇာတ်သိမ်းပြင်ထားတဲ့ ဇာတ်သိမ်းခန်းက ဝတ္တုထက်သာတယ်ပြောရမယ်။ ဝတ္တုထက်သာတဲ့ရုပ်ရှင်ကရှားတယ် ပြပါဆိုရင်တော့ ကျွန်တော် ဒီကားပြမိမယ်။ အတော်လေး အထားအသိုမှန်တယ်ဆိုရမယ်။ ပြီးတော့ ဇာတ်လမ်းက ကျွန်တော်တို့ဆီက တစ်စုံတစ်ရာကို ယူပြီးနောက်မှာ ကူရိုဆာဝါရဲ့ ဇာတ်သိမ်းက ပေးသင့်တဲ့ တစ်စုံတစ်ရာကိုပြန်ပေးထားတယ်။ ဒါကြောင့်ပဲ ကူရိုဆာဝါရဲ့ ဇာတ်သိမ်းက ပိုသာသွားတယ်လို့ ထင်မြင်တယ်။ယေဘုယျပုံစံကတော့ 12 Angry Menလို ပုံစံလို့ပြောရမယ်။ မုဒိန်းကျင့်မှုတစ်ခုလူသတ်မှုတစ်ခုဖြစ်ခဲ့တယ်။ တောပုန်းရယ် ...
movie

Rashomon (1950)

B&W 720p