Channel Myanmar

NF WEB-DL 1080p/720p

Point Blank (2019) 5.7
Point Blank (2019) Netflix ရဲ့ အက်ရှင် ကားအသစ်တင်ပေးထားပါတယ်။ မင်းသားကတော့ Avengers တွေထဲက Falcon ပါပဲ။ ဒီဇာတ်လမ်းမှာတော့ သူက သူနာပြု ပေါလ် ပါ။ ပေါလ်မှာ ကလေးမွေးခါနီး မိန်းမတစ်ယောက်ရှိပါတယ်။ လူသတ်ပြီး ဒဏ်ရာနဲ့ ဝရမ်းပြေးတစ်ယောက်ကို ပေါလ်ရဲ့ ဆေးရုံမှာ ရဲတွေက လာပို့ထားချိန် ပေါလ်ရဲ့ မိန်းမကို တရားခံရဲ့ ညီက ပြန်ပေးဆွဲသွားပါတယ်။ ပြီးတော့ သူ့အစ်ကိုကို ကယ်ထုတ်လာပေးဖို့ အကြပ်ကိုင်တဲ့အချိန်မှာ ပေါလ်တစ်ယောက် မထင်ထားဘဲ ဒုစရိုက်အဖွဲ့တွေနဲ့ ရဲတွေရဲ့ ကြားမှာ ညှပ်ပါတော့တယ်။ ပေါလ် နဲ့ ဝရမ်းပြေးအေ့ဘ်တို့ စွန့်စားခန်းတွေကို ကြည့်လို့ကောင်းအောင် ရိုက်ထားတာပါပဲ။   (Littleneo ဘာသာပြန်ပေးထားပါတယ်)   File Size : (1.40 GB) , (700 MB) and (350 MB) Quality : NF WEB-DL (1080p ...
5.7
IMDB: 5.7/10 2,346 votes
movie

Point Blank (2019)

2019
NF WEB-DL 1080p/720p
Shaft (2019) 6.2
Shaft (2019) နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။ Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။ အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။ တကယ်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။ သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။ ၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။ သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။   (Littleneo ဘာသာပြန်ပေးထားပါတယ်)   File Size : (1.90 GB) , ...
6.2
IMDB: 6.2/10 1,567 votes
movie

Shaft (2019)

2019
NF WEB-DL 1080p/720p
The Wolf’s Call (2019) 7.6
The Wolf’s Call (2019) Rating 7.7 အထိရရှိထားတဲ့ ပြင်သစ် Action/Drama/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ရေငုတ်သင်္ဘောသားတွေကိုအခြေပြုပြီးရိုက်ကူးထားတာပါ။ ရေငုတ်သင်္ဘောတစ်စီးမှာ Sonar ဆိုတဲ့ Radar ကဲ့သို့သော Detection and Navigation လုပ်ငန်းကိုဆောင်ရွက်ပေးနိုင်တဲ့ အသံလှိုင်းသုံးကိရိယာတစ်ခုရှိပါတယ်။ အဲဒါကနေရလာတဲ့အသံလှိုင်းတွေကိုကြည့်ပြီး ဒါဟာဘယ်ကလာတဲ့အသံ... ဘယ်လိုရေယာဉ်အမျိုးအစားဆိုတာကိုခွဲခြမ်းစိတ်ဖြာရတဲ့ Analyst တွေလည်းရှိပါတယ်။ ဒီကားလေးမှာတော့ အဲလို အသံလှိုင်းစီစစ်ရတဲ့သူဖြစ်တဲ့ ချန်တာရိန်ဆိုတဲ့လူငယ်လေးကိုတည်ထားပြီး  ပြင်သစ်နိုင်ငံကိုဘယ်လိုကယ်တင်သွားလဲဆိုတာကိုတွေ့မြင်ရမှာပါ။ Drama/Thriller ဆိုတဲ့အတိုင်း ကောင်းကောင်းကြီးခံစားရမှာဖြစ်ပါတယ်။ နားပါးလှပါတယ်တဲ့သူကိုမှ ဘယ်လိုလှည့်စားပြီးကမ္ဘာပျက်ကိန်းရောက်အောင် ဘယ်သူတွေလုပ်သွားလဲ။ ဘယ်လိုပြန်လည်ဟန့်တားရလဲဆိုတာကိုတွေ့မြင်ရမှာပါ။ ( ရေတပ်ဆိုက်ရာအသုံးအနှုန်းတွေပါဝင်တဲ့အတွက် အဓိပ္ပါယ်တစ်ချို့ကွဲလွဲတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ အနီးစပ်ဆုံးဖြစ်အောင်ဘာသာပြန်ထားပေမယ့် ကွဲလွဲတာရှိရင်သည်းခံပေးကြပါ။)   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ ပါ)   File Size : (1.80 GB) , (900 MB) and (450 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 1hr 55min Format ...
7.6
IMDB: 7.6/10 1,216 votes
movie

The Wolf’s Call (2019)

2019
NF WEB-DL 1080p/720p
The Dirt (2019) 7.0
The Dirt (2019) Bohemian Rhapsody တို့လို Rock Star တို့လို Lords of Chaos တို့လို Rock ဂီတဆိုင်ရာ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ၂၀၁၉ ခုနှစ်ထဲထွက်ရှိထားတဲ့ the Dirt ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် … IMDb – 7/10 တောင်ရရှိထားတဲ့ ဇာတ်ကားလေးပါ The Dirt ဇာတ်ကားဟာ ၁၉၈၀ ပတ်ဝန်းကျင်မှာ စတင်ကျော်ကြားခဲ့တဲ့ အမေရိကန် ဟဲဗီးမက်တယ် ဂီတတီးဝိုင်းတစ်ခုဖြစ်တဲ့ Motley Crue တီးဝိုင်းရဲ့ ဟောလိဝုဒ်လမ်းမတွေထက်ကနေ နိုင်ငံတကာ စင်မြင့်တွေထက်ကို ရောက်ရှိလာပုံတွေကို ဝိုင်းတော်သားတွေက ကိုယ့်အကြောင်း ကိုယ်ပြောပြနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ … Motley Crue တီးဝိုင်းဟာ မြန်မာ Rock ပရိသတ်တွေနဲ့လည်း မစိမ်းပါဘူး … မျိုးကြီးရဲ့ ကျောက်စာများ…ဇော်ဝင်းထွဋ်ရဲ့ သွေးတိတ်တေး စတဲ့ ...
7.0
IMDB: 7.0/10 26,681 votes
movie

The Dirt (2019)

2019
NF WEB-DL 1080p/720p
I Am Mother (2019) 6.3
I Am Mother (2019) Netflix က ရိုက်ပြီး IMDb 6.8 ရထားတဲ့ SciFi ကားလေးပါ ကမ္ဘာကြီးပျက်ပြီး လူသားမျိုးနွယ် မျိုးတုန်းလုဖြစ်နေတဲ့ အချိန်မှာ Mother လို့အမည်ရတဲ့ စက်ရုပ်တစ်ရုပ်က လူသားမျိုးစိတ် သန္ဓေသားလောင်းလေးတွေထဲကနေ တစ်ခုကိုယူပြီး သမီးလေးတစ်ယောက်ကို အရာရာတတ်မြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ် အပြင်မှာ ရောဂါပိုးတွေ အန္တရာယ်ကြောင့်ဆိုပြီး မိန်းကလေးကို အပြင်ထွက်ခွင့်လုံးဝမပေးခဲ့ဘူး မိန်းကလေးဟာ ဆယ်ကျော်သက်အရွယ်ကောင်မလေးဖြစ်တဲ့အထိ အပြင်ကိုထွက်ခွင့်မရခဲ့သလို တခြားလူသားတစ်ယောက်မှလဲမမြင်ခဲ့ရပါဘူး တစ်နေ့သူတို့ရဲ့ အဆောက်အအုံရှေ့ကို အမျိုးသမီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ အကူအညီလာတောင်းလို့ တံခါးဖွင့်ပေးခဲ့မိတာကစလို့ Mother စက်ရုပ်ပြောတာနဲ့ အမျိုးသမီးပြောတဲ့စကားတွေဟာ မကိုက်ညီဘူးဖြစ်နေတာတွေ့ရတယ် မိန်းကလေးဟာ အမျိုးသမီးစကားကိုယုံပြီး အပြင်ကိုလိုက်သွားခဲ့တဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံမလဲ ဘယ်သူ့စကားဟာ အမှန်ဖြစ်မလဲ အပြင်မှာ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှူရမှာပါ   (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ)   File Size : (1.80 GB) , (900 MB) and (450 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : ...
6.3
IMDB: 6.3/10 126 votes
movie

I Am Mother (2019)

2019
NF WEB-DL 1080p/720p
Grass is Greener (2019) 7.1
Grass is Greener (2019) အများမျှော်လင့်တောင်းဆိုနေကြတဲ့ ၂၀၁၉ ခုနှစ်ထဲ ထွက်ရှိထားတဲ့ Grass is Greener ဆိုတဲ့ Documentary ရုပ်ရှင်တစ်ခု တင်ဆက်ပေးချင်ပါတယ်…. IMDb အနေနဲ့ 7.1/10 ရရှိထားပါတယ် ဒီရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မေရီဝါနာခေါ် ဆေးခြောက်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေ လူမျိုးရေးကိစ္စတွေ မူးယစ်တိုက်ဖျက်ရေးတွေနဲ့ ပြဿနာတက်ခဲ့ပုံတွေ အမေရိကန်သမ္မတတွေက ဆေးခြောက်နဲ့တကွ ဆေးခြောက်သုံးစွဲသူတွေကို ဖိနှိပ်ခွဲခြားခဲ့ပုံတွေ ဆေးခြောက်နဲ့ပတ်သက်ပြီး မဟုတ်မမှတ် ဝါဒဖြန့်ခဲ့တာတွေကို တိတိကျကျ ဖော်ပြထားတဲ့ ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်… ဒီရုပ်ရှင်ထဲမှာ ဆေးခြောက်နဲ့ပတ်သက်တာတွေကို ဖော်ပြထားခြင်းအားဖြင့် ဆေးခြောက်နဲ့ ဆက်စပ်နေတဲ့ ဂီတသမိုင်းကြောင်းတွေကိုလည်း တီးမိခေါက်မိဖြစ်သွားမှာဖြစ်တဲ့အတွက် ဆေးခြောက်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေအပြင် ဂီတသမိုင်းဆိုင်ရာ ဗဟုသုတတချို့ကိုလည်း တီးခေါက်မိသွားမှာပါ…. အမေရိကန် နိုင်ငံရေးအပါအဝင်ပေါ့... Hip Hop … Jazz…နဲ့ Reggae ဂီတတွေ ရဲ့ Legendary အချို့ကို အင်တာဗျူးထားတဲ့ ကဏ္ဍတွေလည်း စုံစုံလင်လင်ပါရှိပါတယ် မေရီဂျိန်း ပရိသတ်တွေသာမက အခြားပရိသတ်တွေလည်း ကြည့်ရှုကြဖို့ ...
7.1
IMDB: 7.1/10 57 votes
movie

Grass is Greener (2019)

2019
NF WEB-DL 1080p/720p
The Silence (2019) 5.4
The Silence (2019) နှစ်ကထွက်ရှိခဲ့တဲ့ Quiet Place လို Horror ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ အရှာဖွေကောင်းမှုနဲ့ နှစ်ပေါင်းများစွာပိတ်မိနေတဲ့ အသားစားသတ္တဝါမျိုးစိတ်တစ်ခုကို လူ့လောကထဲဝင်ခွင့်ပေးမိသွားပါတယ်။ အစပိုင်းဘာမှန်းသေချာမသိသေးပေမဲ့ တမြို့ပြီးတစ်မြို့လူတွေပိုးစိုးပက်စက်သေဆုံးကာ မြို့ပျက်တွေဖြစ်လာတော့ ဒီသတ္တဝါတွေရဲ့အကြောင်း သဘာဝကိုသိလာကြပါတယ်။ ဒီကောင်တွေကအမြင်အာရုံမရှိဘဲ အကြားအာရုံနဲ့လှုပ်ရှားပြီး အသံလေးနည်းနည်းကြားလိုက်တာနဲ့ အာ့မှာရှိတဲ့ဘယ်လိုသတ္တဝါမဆို အရိုးပဲကျန်တဲ့အထိအမဲဖျက်ကြတော့တာပါပဲ။ ရိုက်ကူးချက်တွေကြည့်ကောင်းပြီး horror ကားပီသစွာခံစားရမှာပါ အဓိကဇာတ်ဆောင်မိသားစုဟာ ဒီလိုကပ်ဘေးဆိုးကြီးကနေအသက်ရှင်ကျန်နိုင်မလား။ အဖြေရှင်းစရာနည်းလမ်းရောရှိရဲ့လားဆိုတာ ဆက်ကြည့်လိုက်ပါဦး။ Quiet Place လိုHorror ကားလေးတစ်ကားဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ)   File Size : (1.40 GB) , (700 MB) and (350 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 1hr 30min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEBRip.DDP5.1.x264-NTG Translated by Thura ...
5.4
IMDB: 5.4/10 1,833 votes
movie

The Silence (2019)

2019
NF WEB-DL 1080p/720p
Badla (2019) 8.3
Badla (2019) Badla -2019 ဆိုတဲ့ ရုပ်ရှင်ကားဟာဘောလိဝုဒ်ပရိသတ်တွေကြား တော်တော်လေး လူသိများတယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။ "မအိုသေး" ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ ပြောစကားလိုအသက်ကြီးနေပြီဖြစ်ပေမဲ့ဒီနေ့ထိ မြင်တွေ့နေရတုန်း အမီတာဘချန်းနဲ့Mulk-2018 ရဲ့ မင်းသမီး Tapsee Pannu တို့ နှစ်ယောက်ကို အဓိက မြင်တွေ့ရမှာပါ။-------------------------------------------------------- "ဇာတ်လမ်းအကျဉ်း" တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။ အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ"သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ ဒါပေမဲ့...ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ထောင်ချောက်တစ်ခုပဲ ဆိုတာ အာဂျွန်းသိနေတော့ ...
8.3
IMDB: 8.3/10 5,964 votes
movie

Badla (2019)

2019
NF WEB-DL 1080p/720p