Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
WEB-DL 1080p 5.1CH
7.0
Your Name Engraved Herein (2020)
[Unicode]BLကားလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ( Dec 23 ) မနေ့ကမှ ထွက်ထားတဲ့ အရမ်းရိုဆန်တဲ့ ကားလေး လာပါပြီနော် ဒီကားလေးကတော့ ၁၉၈၇ခုနှစ် ထိုင်ဝမ်မှာ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ခါစ ခေါတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဒီဇာတ်ကား ဇာတ်အိမ်တည်တဲ့ ၁၉၈၇ခုနှစ်မှာဆိုရင် လက်ရှိကာလလို ပွင့်ပွင့်လင်းလင်း ရှိတဲ့အချိန်အခါမဟုတ်တာကြောင့် လိင်တူကြိုက်နှစ်သက်တာကို ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြပါတယ် ။အဲဒီတုန်းက လိင်တူကြိုက်တဲ့လူကို အထင်သေးစက်ဆုပ်စရာလို့ မြင်ခဲ့ကြပြီး သူတို့ဟာ အဖိနှိပ်ခံ အနိုင်ကျင့်ခံတွေ ဖြစ်ခဲ့ကြတာပါ ။ဇာတ်ကြောင်းလေးကတော့....စည်းကမ်းကြီးလှတဲ့ ယောကျာ်းလေး ခရစ်ယာန်ကျောင်းမှာ ဘတ်ဒီလို့ အများကခေါ်ကြတဲ့ကောင်လေးဟာ မကြာခဏဆိုသလို ကျောင်းစည်းကမ်း ဖောက်ဖျက်လေ့ရှိပါတယ်အဲ့ဒီလူဆိုးလေး ဘတ်ဒီ ကို ချန်ကျားဟန်ဆိုတဲ့ကောင်လေးက ဂရုစိုက်ပေးရင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းသံယောဇဉ်ထက်ပိုပြီးချစ်မိသွားကြတယ်အချစ်စစ်ဆိုတာ ဖြောင်းဖြူးရိုးထုံးစံမရှိဆိုသလိုမျိုးပဲလိင်တူချစ်သူတွေကို လက်မခံနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်လာရတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်က ဒီလိုအခက်အခဲတွေကို သတ္တိရှိရှိနဲ့ ...
7.0
IMDB:
7.0/10
votes
movie
Your Name Engraved Herein (2020)
2020
WEB-DL 1080p 5.1CH
6.0
Torbaaz(2020)
Torbaaz(2020)အညွှန်း********************(1080p5.1ch သမားတွေ ရပါပြီ...)မင်းသားကြီး Sanjay Dutt ရဲ့ Action, Drama, Sport ကားသစ်လာပါပြီဗျား....အဖဂန်နစ္စတန်က သိကြတဲ့အတိုင်း ရုရှားက ဗျင်းလိုက် အမေရိကန်က ဗျင်းလိုက်နဲ့ စစ်ကြောင့်ပြိုလဲပျက်စီးနေတဲ့နိုင်ငံတစ်ခု...အဖဂန်နစ္စတန်က လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ နည်းမျိုးစုံနဲ့ တွန်းလှန်နေဆဲပါပဲ...အဲ့ဒီလို တွန်းလှန်တဲ့နေရာမှာ သူတို့တွေဟာ ကလေးသူငယ်တွေကို အစွန်းရောက်ဘာသာရေးအယူအဆတွေသွပ်သွင်းပြီးအသေခံဗုံးခွဲတိုက်ခိုက်ခိုင်းပါတယ်...ဒီကလေးတွေကြောင့် စစ်သည်အများစုအသက်ဆုံးရှုံးကြရသလို အပြစ်မဲ့တဲ့ပြည်သူလူထုတွေလည်း ကျဆုံးကုန်ကြပါတယ်..စစ်ဘေးကြောင့် ဒုက္ခသည်စခန်းတွေမှိုလိုပေါက်လာပြီး ဒီစခန်းမှာရှိတဲ့သူတွေကို တတ်နိုင်သလောက်ကူညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေလည်းရှိလာပါတယ်......အဲဒီလိုကူညီတဲ့အဖွဲ့ထဲမှာ စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ နစားရ်ခန်းရဲ့အမျိုးသမီးလည်းအပါအဝင်ဖြစ်ပါတယ်...ကံဆိုးစွာပဲ အသေခံဗုံးခွဲခဲ့တဲ့ကလေးတစ်ယောက်ကြောင့် သူ့မိန်းမနဲ့ကလေးအသက်ဆုံးရှုံးသွားရတယ်...နစားရ်ခန်းတစ်ယောက် ဆောက်တည်ရာမရ စိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့လေရဲ့...အဲ့ဒီနောက် သူ့ကို အဖဂန်နစ္စတန်က ဒုက္ခသည်ကလေးတွေကို ကူညီဖို့ ဖိတ်ခေါ်ခြင်းခံရတယ်..အရင်က ကလေးတစ်ယောက်ဆို အပြစ်ကင်းတဲ့ချစ်စရာကလေးငယ်လို့ မြင်ခဲ့ပေမဲ့ ဇနီးနဲ့ကလေး အသေခံဗုံးခွဲတဲ့ကလေးကြောင့်အသက်ဆုံးရှုံးပြီးနောက်မှာ ကလေးငယ်တိုင်းကို လက်နက်ကိုင် အကြမ်းဖက်သမားအဖြစ်မြင်နေတဲ့သူ့အတွက်တကယ့်ကို စိတ်ပျက်စရာကြီးပါပဲ...အာဖဂန်နစ္စတန်ရောက်ပြီး ဘယ်လိုတွေထပ်ကြုံရမလဲဆိုတာတွေကိုတော့.....ဒီကားကမင်းသားကြီး Sanjay Dutt က အဓိကပါဝင်ထားပါတယ်...ရိုက်ကူးထားတာတွေတော်တေ်ာကြီးကိုမိုက်သလိုဇာတ်လမ်းလည်းတော်တော်ကောင်းပါတယ်...ခံစားကြည့်ကြပါဉီး....ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ်။File Size :(2.57GB)(1.21GB) and (466 ...
6.0
IMDB:
6.0/10
568 votes
movie
Torbaaz(2020)
WEB-DL 1080p 5.1CH
9.0
The Call(2020)
The Call(2020)အညွှန်း*********************IMDb...9.0ဆိုယွန်း ဟာ မိခင်ဖြစ်သူရှိတဲ့ ကျေးလက်ဒေသက ဆေးရုံတစ်ခုကို သွားတဲ့လမ်းမှာ ဖုန်းကျပျောက်ခဲ့ပါတယ်။အဲ့ဒီအချိန်အိမ်ဖုန်းကို ခေါ်ဆိုလာတဲ့ဖုန်းတစ်ခု...အသက်အန္တရယ်ကြောင့် "ဆွန်ဟီးရေး ငါ့ကိုကယ်ပါ" ဗလုံးဗထွေးနဲ့ပြောရင်းဖုန်းချသွားတယ်...ဆိုယွန်းဟာ သူ့နာမည်နဲ့ဖုန်းဝင်တာလည်းမဟုတ်လေတော့ ဖုန်းမှားတယ်ပဲယူဆလိုက်တယ်...နောက်ရက် ဖုန်းထပ်ဝင်လာပြန်တယ်...ဖုန်းခေါ်တဲ့ကောင်မလေးက သူ့ကိုယ်သူယောင်ဆုလို့မိတ်ဆက်ပြီးသူ့အသက်အန္တရယ်ရှိကြောင်းထပ်ပြောပြန်ရင်း ဖုန်းအလောတကြီးချသွားပြန်တယ်..တစ်ခါလည်းမဟုတ် အခါခါဖြစ်လာတော့ဆိုယွန်းဟာ ယောင်ဆုဆိုတဲ့နာမည်ကို စိတ်ဝင်စားလာတယ်..အဲ့ဒီအချိန်တိုက်တိုက်ဆိုင်ဆိုင်သူ့အိမ်ရဲ့ လျှို့ဝှက်အခန်းတစ်ခုထဲမှာ ဗူးတစ်ဗူးသွားတွေ့တယ်..အဲ့ထဲမှာ ယောင်ဆုပုံပါသလို ယောင်ဆုရေးထားတဲ့ဒိုင်ယာရီကိုတွေ့မိသွားတယ်...နောက်နေ့ဖုန်းလာတော့ အြပန်အလှန်စကားပြောကြရင်း သူတို့(၂)ယောက်ဟာအချိန်နှစ်(၂၀)လောက်ကွာဟာတဲ့ကာလမှနေပြီး တူညီတဲ့ အိမ်တစ်အိမ်ထဲမှာရောက်နေကြောင်း ထူးဆန်းစွာပဲသိလိုက်ရတယ်..တကယ်တော့ ဆိုယွန်းဟာ အမေက ရောဂါကျွမ်းပြီး သေလုမတတ်ရောဂါခံစားနေရတဲ့အပြင်အဖေဖြစ်သူကလည်း ငယ်ငယ်လေးကထဲကမီးလောင်ရင်းဆုံးပါးသွားတာဖြစ်တယ်..ဒီအကြောင်းတွေအပြန်အလှန်သိလာတဲ့အခါမှာတော့ တစ်ယောက်ဒုက္ခတွေတစ်ယောက် မတူညီတဲ့အချိန်ကာလကို အသုံးချပြီး ကယ်ဆယ်ဖို့ကြိုးစားကြပါတော့တယ်.....ဒီကားက နာမည်ကြီးမင်းသမီးကြီးတွေ ဇာတ်ပို့တွေနဲ့ရိုက်ကူးထားတယ်...Park Shin-Hye က ခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး ဇာတ်လမ်းက စမှဆုံးထိ စိတ်ဝင်စားစရာကောင်းလှတယ်..ြပီးတော့ တော်တော်ကြီးလည်း ထိတ်လန့်ဖို့ကောင်းတယ်...ခံစားကြည့်ကြပါဉီး... File Size :(2.2GB)(1.02GB) and (400MB) Quality :WEB-DL 720p Format…mp4 Duration…01:52:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
9.0
IMDB:
9.0/10
22 votes
movie
The Call(2020)
WEB-DL 1080p 5.1CH
7.7
Kannum Kannum Kollaiyadithaal(2020)
Kannum Kannum Kollaiyadithaal(2020)IMDb..7.7App Developerနဲ့ Animator တို့ သူငယ်ချင်း ၂ယောက် ရှိတယ်။ နည်းပညာသမား သူငယ်ချင်း၂ယောက်ပေါ့။အမြဲလိုလို သောက်လိုက်စားလိုက်၊ ပါတီသွားလိုက်၊ မိန်းမပွေးလိုက်နဲ့ သူတို့ဘဝက လောကနိဗ္ဗန်ပဲ....မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့ ဘဝကိုတည်ငြိမ်သွားစေမဲ့ချစ်သူလေးကိုယ်စီတွေ့ဖို့အကြောင်းဖန်လာခဲ့တယ်....တကယ်တော့ ဒီနည်းပညာသမား(၂)ယောက်ဟာ သူတို့တတ်စွမ်းတဲ့ပညာကိုအသုံးချပြီး ခိုးမှုများစွာကျူးလွန်ထားတဲ့သူတွေဖြစ်ကြပါတယ်...ဘဝကိုတည်တည်ငြိမ်ငြိမ်လေးနေဖို့ကြိုးစားခါမှ သူတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုအတွက် ရဲချုပ်ကြီးဟာ မီးခိုးကြွက်လျှောက် လိုက်လံစုံစမ်းပါတော့တယ်...ရဲချုပ်ကိုယ်တိုင် အင်တိုက်အားတိုက်လိုက်လံဖမ်းဆီးရအောင် သူတို့ ဘယ်လောက်ဆိုးတဲ့အမှုတွေကျူးလွန်ခဲ့လဲ...ဒီအမှုတွေကြောင့် နောက်ဆက်တွအကျိုးဆက်တွေဘယ်လိုဖြစ်မလဲ...သူတို့(၂)ယောက်ကရော ဖြတ်ကျော်နိုင်ပါ့မလားဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Myint Thu & Nyi Koe တို့ပဲဖြစ်ပါတယ်...File Size :(900 MB) and (436MB) Quality : WEB-DL 720p Format…mp4 Duration…02:40:00 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae
7.7
IMDB:
7.7/10
8957 votes
movie
Kannum Kannum Kollaiyadithaal(2020)
WEB-DL 1080p 5.1CH
9.3
Soorarai Pottru(2020)
Soorarai Pottru(2020)IMDb...9.3(နင်းကန်ကောင်းတဲ့ကားမို့ WEB-DL 1080p 5.1CH, ပါထပ်မံပြုလုပ်ပေးထားပါတယ်...)အိန္ဒိယနိုင်ငံမှာ ပထမဆုံး တန်ဖိုးနည်းလေကြောင်းခရီးစဉ်တွေအတွက် Air Deccan ဆိုတဲ့ လေကြောင်းလိုင်းကို ပြေးဆွဲပေးခဲ့တဲ့ စွန့်ဦးတီထွင်သူ G. R. Gopinath ရဲ့ဘ၀ထဲက အဖြစ်အပျက်တစ်ချို့ကို ရုပ်ရှင်တစ်ခုအနေနဲ့ တင်ဆက်လိုက်တဲ့ ဒီဇာတ်ကားဟာ ဒီနှစ်ပိုင်းမှာ ထွက်တဲ့ တမီးလ်ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးဇာတ်ကားလို့ပဲ ပြောချင်ပါတယ်။အဓိကဇာတ်ကောင်နေရာကို Singam မင်းသား ဆူရိယက သရုပ်ဆောင်ထားပြီး ဗီလိန်အဖြစ်နဲ့ Oh My God ဇာတ်ကားတွေထဲက Paresh Rawal တို့က သရုပ်ဆောင်ပေးထားပါတယ်။၂၀၂၀မှာ ခုလိုကားကောင်းမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ ဘာသာပြန်သူတွေအနေနဲ့တော့ ဒီကားဟာ ရွှေပဲ။အက်ရှင်ကားမဟုတ်ဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံထားတဲ့ သာမန်လူတန်းစားတစ်ယောက်ရဲ့ အများအကျိုးပြု အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပြသွားတဲ့ ဒရာမာကားကောင်းတစ်ကားပါပဲ။သူ့အိပ်မက်က ထူးဆန်းတယ်။ ကျယ်ပြန့်တယ်၊ လက်တွေ့မှာ မလွယ်လှတဲ့ လေကြောင်းလိုင်းတစ်ခုကို ထူထောင်ဖို့ပါ။လေယာဉ်နဲ့ ခရီးသွားဖို့ လူတိုင်းတတ်နိုင်ရမယ်။ သူ့တုန်းကလို အဖြစ်အပျက်မျိုး၊ ရထားစီးပြီး အချိန်ဖြုန်းခရီးသွားတာမျိုး နောက်မျိုးဆက်အဆက်ဆက် မဖြစ်စေရဖို့ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ဒါပေမဲ့ သူ့အဖို့ ...
9.3
IMDB:
9.3/10
7636 votes
movie
Soorarai Pottru(2020)
WEB-DL 1080p 5.1CH
6.0
The Sleepover(2020)
The Sleepover(2020)အညွှန်း**************************((ဇာတ်ကားအလန်းမို့ 1080P5.1CH,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...))အဖေရယ် အမေရယ် သားလေးရယ် သမီးလေးရယ်နဲ့ပျော်ပျော်နေတတ်တဲ့ မိသားစု(၄)ဉီးရှိတယ်....သာမန်လူတန်းစားဖြစ်ကြသလို သိပ်ချစ်ကြတဲ့မိသားစုလေးပေါ့...တစ်နေ့တော့ မိခင်နဲ့ဖခင်ကို လူဆိုးဂိုဏ်းက ဖမ်းခေါ်သွားတယ်...ကြည့်ရတာ ဒီလင်မယား(၂)ဉီးဟာတစ်ချိန်က လူဆိုးတွေနဲ့ပတ်သက်မှုရှိတဲ့ ကြေးစားတွေဖြစ်ပုံရတယ်....အိမ်ထောင်ပြုပြီးကလေးတွေနဲ့ ဇာတ်မြှုတ်နေပုံပါပဲ...ရုတ်တရက်ကြီးအဖမ်းခံလိုက်ရတော့အိမ်မှာ သဲလွန်စလေးတွေပဲချိန်ထားနိုင်တော့တယ်...သား၊သမီးတွေပြန်ရောက်တော့အဖေ၊အမေရဲ့သွေးပါတဲ့သူတွေပီပီ ချန်ခဲ့တဲ့သဲလွန်စတွေကိုလေ့လာရင်းမိဘ(၂)ပါးဒုက္ခရောက်နေပြီကိုသိတဲ့နောက် လိုက်လံကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်...မိဘတွေက အတိတ်မှာ ဘာတွေလုပ်ခဲ့လို့လဲ..လူဆိုးဂိုဏ်းကရော ပြန်ပေးဆွဲပြီး ဘာတွေခိုင်းဖို့ကြိုးစားတာလဲ...သားသမီးတွေကလည်း ကယ်ဆယ်ဖို့ကြိုးစားတာ အဆင်ပြေနိုင်ကြပါ့မလား...ဒီကားက အတော်လည်းစိတ်ဝင်စားဖို့ကောင်းသလိုရယ်လည်းရယ်ရပါတယ်...အက်ရှင်ခန်းတွေဆိုလည်း တော်တော်ကြီးကိုအားရစရာကောင်းတာပါ..ကြည့်ကြည့်ပါ ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size :(1.82GB) (900 MB) and (395 MB) Quality : WEB-DL1080P5.1CH, 720p Format…mp4 Duration…01:40:00 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
6.0
IMDB:
6.0/10
2225 votes
movie
The Sleepover(2020)
WEB-DL 1080p 5.1CH
Shakuntala Devi(2020)
Shakuntala Devi(2020)ဒီဇာတ်လမ်းက Human Computer လို့တင်စားလောက်အောင်သင်္ချာမှာတော်တဲ့ အိန္ဒိယက အမျိုးသမီးကြီးရှုကန်တလားဒေဝီ အကြောင်းကိုရိုက်ကူးထားတာပါ...မင်းသမီးကြီးကလည်း မြန်မာပရိတ်သတ်တွေရင်းနှီးတဲ့Vidya Balan ကသရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းစစချင်း မှာ ကောင်မလေးတစ်ယောက်ဟာ မကျေနပ်ချက်မျိုးစုံနဲ့ ရုံးကြီးတစ်ခုကိုသွားနေတယ်....သူမက ကြိုတင်ချိန်းဆိုထားတာဖြစ်လို့ လူကြီးတွေလည်းစောင့်ဆိုင်းနေကြတယ်...ဒီလူကြီးတွေ ကောင်မလေးချိန်းဆိုပြီး တရားစွဲတဲ့ကိစ္စအတွက်စောင့်ဆိုင်းနေကြတာပါ...သို့ပေမဲ့သူတို့အားလုံးက အံအားသင့်နေတဲ့မျက်နှာကိုယ်စီနဲ့...ဘာလို့ဆို ဒီကောင်မလေးဟာ သူ့အမေဖြစ်သူရဲ့ရှကန်တလားဒေဝီကို ဘဏ္ဍာရေးစာရင်းတွေ တရားမဝင်ဖျောက်ဖျက်မှုနဲ့ တရားစွဲထားတာကြောင့်ပါ....ဘာကြောင့်အမေဖြစ်သူကိုတရားစွဲတာလဲ...ဒီအမေဖြစ်သူက ဘာကြောင့် Human Computer လို့တင်စားလောက်အောင်တော်နေတာလဲ...သူဖြတ်သန်းခဲ့ရတဲ့ငယ်ဘဝပုံရိပ်တွေဟာဘယ်လိုမျိုးလဲ...ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဒီကားက တော်တော်ကြီးကိုကောင်းပါတယ်...သရုပ်ဆောင်တွေလည်း အရမ်းကိုစနစ်တကျပြင်ဆင်ပြီး ရိုက်ချက်တွေလည်းအတော်ခမ်းနားပါတယ်...ပေးချင်တဲ့ Message တွေလည်းကောင်းမွန်လွန်းတာမို့ Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲတော်ပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Zwe Zan Aung,Thaik San & Thar Htet တို့ပဲဖြစ်ပါတယ်... File Size : (1.01Gg) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:07:00 Genre : Drama Subtitle : Myanmar Subtitle (Hard ...
IMDB:
/10
votes
movie
Shakuntala Devi(2020)
WEB-DL 1080p 5.1CH
9.8
Dil Bechara(2020)
Dil Bechara(2020)(WEB-DL 1080p 5.1CH, WEB-DL 720p တို့ဖြင့်ရရှိပါပြီ..)မနေ့ညက Disney+ Hotstarကနေ ဖြန့်ချိခဲ့တဲ့ မင်းသားချော ဆူရှန့်ကားသစ် လာပါပြီ။အမြဲတမ်း ပြုံးနေတတ်တဲ့ မင်းသားချောကတော့ ဒီကားထဲမှာ နောက်ဆုံး မြင်တွေ့ခြင်းဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ဇာတ်လမ်းထဲမှာတော့ ကင်ဆာရောဂါသည် ကောင်မလေးတစ်ယောက်....ကင်ဆာရောဂါသည်တစ်ယောက်မို့ ဆေးတွေနဲ့ သူရဲ့ အောက်စီဂျင်ဘူးလေးနဲ့အတူ မနက်ဖြန်ဆိုတာကိုဖြတ်ကျော်နေရတယ်...ဒါပေမဲ့ သူမက အာဂကောင်မလေးလို့ဆိုရမလားပဲ...သူမဟာ နာရေးတွေလိုက်တက်ပြီးအထီးကျန်နေခဲ့ရတဲ့ ကျန်ရစ်သူ မိသားစုတွေကိုတောင် အားပေးနေတတ်တယ်...တနေ့မှာတော့ သူ ဒီကင်ဆာရောဂါဝေဒနာရှင်တွေ အားပေးဝန်းရံကြတဲ့ အခမ်းအနားတစ်ခုမှာကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ပါလေရော....စပွိုင်လာဖြစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ.....။ ဘောလိဝုဒ်ပရိသတ်တွေကတော့ အညွန်းမဖတ်ဘဲ ကြည့်ကြမယ်ဆိုတာလည်း ယုံကြည်ထားပါတယ်။ခုချိန်မှာတော့ IMDb Ratingက လူပေါင်း၂သောင်းကျော်ပေးထားတဲ့ 9.9/10ပါ။မနေ့က စပြီး လွှင့်လွှင့်ချင်း၂နာရီအကြာမှာတော့ လူ၁ထောင်ပေးထားတဲ့ Ratingက 10/10ပါ။လွန်ခဲ့တဲ့လ,က သေဆုံးသွားပြီဖြစ်တဲ့ ဆူရှန်မို့ ပရိသတ်တွေက သေပြီးမှ ချစ်ကြောင်းပြချင်လို့ ပေးတဲ့Ratingလား ဒါမှမဟုတ် ဒီဇာတ်ကားနဲ့ ထိုက်တန်လို့ ...
9.8
IMDB:
9.8/10
31284 votes
movie
Dil Bechara(2020)
WEB-DL 1080p 5.1CH
7.2
Greyhound(2020)
Greyhound(2020)IMDb...7.2,,,Rotten....78%အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ...ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ...သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်....ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ....ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်...ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့....ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်... စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး...တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်....ဒီရုပ်ရှင်ဟာ battle scene တွေက ...
7.2
IMDB:
7.2/10
2036 votes
movie
Greyhound(2020)
WEB-DL 1080p 5.1CH
6.7
Gulabo Sitabo(2020)
Gulabo Sitabo(2020)Gulabo Sitabo ဇာက်ကားကတော့ Comedy/Drama ဇာက်ကားအမျိုးအစားဖြစ်ပြီးIMDB rating 6.7ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Hindi သရုပ်ဆောင်တွေမှာနာမည်ကြီးမင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့အမီတာဘဂျမ်းကိုယ်တိုင်ပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း မိရ်ဇာဆိုတဲ့အဖိုးကြီးနဲ့ဘေဂမ်ဆိုတဲ့သူ့မိန်းမဟာဖာတီမာနန်းတော်လို့ခေါ်တဲ့ အိမ်ဟောင်းကြီးတစ်လုံးပိုင်ကြပါတယ်။အိမ်ကြီးမှာအိမ်ငှါးအဖြစ်နေကတဲ့သူတွေအများကြီးရှိပါတယ်။ မိရ်ဇာဟာသူ့မိန်းမဘေဂမ်ထက်အသက် ၁၇နှစ်ငယ်ပါတယ်။မိရ်ဇာဟာလောဘကြီးပြီးအိမ်ကြီးကိုအမည်ပေါက်ပိုင်ဆိုင်လိုတာကြောင့်နည်းလမ်းအမျိုးမျိုးအဖုံဖုံကြိုးစားပါတယ်။အိမ်ငှါးတွေကိုလည်းအိမ်ထဲမှာမထားချင်ပဲတစ်အိမ်လုံးတစ်ယောက်တည်းအပိုင်စီးချင်တဲ့သူပါ။အိမ်ရှင်နဲ့အိမ်ငှါးတွေပြဿနာအကြားအာကော်လော်ဂျီသုတေသနလုပ်တဲ့ သူတစ်ယောက်ရောက်လာပြီးအိမ်ကြီးကိုနိုင်ငံအမွေအနှစ်အဖြစ်သိမ်းဖို့ကြံစည်ပါတော့တယ်။ မိရ်ဇာကြီးတစ်ယာက် သူပိုင်ချင်တဲ့အိမ်ကြီးကိုပိုင်ဆိုင်နိုင်ပါ့မလား...? အိမ်ငှါးတွေကရောအိမ်ပေါ်ကမောင်းချခံရမှာလား......?ဒီဇာတ်ကားကတော့ လူတွေရဲ့ အတ္တနဲ့ လောဘတွေကို ဟာသလေးတွေနှောရင်း ပညာသားပါပါပြသပေးတဲ့ ကားကောင်းမို့ ခံစားကြည့်ကြပါဦး.... ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (2.19GB)(1.04 GB) and (470 MB) Quality :WEB-DL 1080p 5.1CH, WEB-DL 720p Format…mp4 Duration…02:04:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
6.7
IMDB:
6.7/10
4604 votes
movie
Gulabo Sitabo(2020)
WEB-DL 1080p 5.1CH