Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
Wong Kar-wai
7.0
As Tears Go By (1988)
[Unicode]As Tears Go By(1988) =============== IMDb Rating - 7 out of 10 Directed by Wong Kar Waiပလေတိုကြီးပြောပြီး အနုပညာသမား အတော်များများလက်မခံနိုင်ကြတဲ့ စကားတစ်ခုကြားဖူးတယ် မို့လား။ Art Is Immitation. အနုပညာဆိုတာ ပုံတူကူးခြင်းတဲ့။ ကျွန်တော်တော့ လက်ခံတယ်။ အနည်းဆုံးတော့ ကိုယ့်ခံစားချက်ကိုကိုယ် ပုံတူကူးမှပဲ အနုပညာကထွက်လာမှာ မဟုတ်လား။ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ထဲက ဂိုဏ်းစတားဇာတ်ကောင်ဟာ မာတင် စကောဆေးစိရဲ့ Mean Streets ထဲက ဒီနီးရိုးရဲ့ဇာတ်ကောင်ကို အခြေခံထားတယ်လို့ ဆိုတယ်။ နောက်တစ်ခုသူ့ကိုလွှမ်းမိုးမှုရှိတာကတော့ နိုက်ကလပ်မန်နေဂျာသူ့အဖေတဲ့။ ဒီလောက်ဆို ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မှန်းလို့ရပြီမို့လား။ ညတွေ ၊ ဂိုဏ်းစတားတွေ၊ သေနတ်တွေနဲ့ ဒီရုပ်ရှင်ကို ကျွန်တော်သာဆို Crime,Dramaလို့သတ်မှတ်ချင်ပေမဲ့ ဘာကြောင့်လဲတော့မသိ ဝေါင်ရဲ့ကားအများစုလိုပဲ ROMANCE,Dramaဆိုပြီးပဲ သတ်မှတ်ထားတယ်။ ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ကားပေမဲ့ ဒီရုပ်ရှင်ထွက်ပြီးတဲ့ နှစ်ပေါင်းသုံးဆယ်နောက်ပိုင်းမှာတောင် ဒီရုပ်ရှင်အကြောင်းကို ဝေဖန်သမားတွေ တစ်ခုတ်တရပြောရတဲ့အထိကို အောင်မြင်ခဲ့တယ်။ သူ့ဇာတ်ကောင်ဟာ မာတင်စကောဆေးစိရဲ့ ဇာတ်ကောင်ကို အခြေခံထားပေမဲ့ မာတင်စကောဆေးစိရဲ့ Gang ...
7.0
IMDB:
7.0/10
8,323 votes
movie
As Tears Go By (1988)
Wong Kar-wai
7.8
Happy Together (1997)
[Unicode]Happy Together (1997) ==================IMDb Rating - 7.8/10ဝေါင်ကာဝေးရဲ့ ရုပ်ရှင်တွေက ဇာတ်ညွှန်းကို စဆုံးရေးပြီးမှရိုက်တဲ့ ရုပ်ရှင်တွေမဟုတ်ဘူး။ အများအားဖြင့်တော့ သူ့ခေါင်းထဲမှာရှိတဲ့ အချက်အလက်တွေကို ညဘက်ရိုက်ကွင်းမတိုင်ခင် နေ့ဘက်မှာရေးထားတာတွေ။ အရမ်းကြီး ကြိုတင်စီမံမှုမရှိဘူး။ပြောရရင် ကဗျာရေးသလိုပေါ့။ ဒါကြောင့်ပဲ Ashes Of time အပြီး သူပေါ့ပေါ့ပါးပါးရိုက်လိုက်တဲ့ Chungking Expressက သူက ပေါ့ပေါ့ပါးပါးပဲရိုက်လိုက်တာဆိုပေမဲ့အတော်တာသွား သွားတယ်။ ပြောရရင် ကဗျာရေးသလိုရိုက်တာဆိုတော့ သူ့ရုပ်ရှင်တစ်ခုနဲ့ တစ်ခုရဲ့ကွာခြားမှုက ကဗျာရေးသလို အခွင့်အခါလိုတယ်။ ခံစားမှုအပေါ်အခြေခံပြီး စာသားကောင်းကောင်းထွက်လာဖို့ အခွင့်အခါလိုသလိုပေါ့။ သူပြောတာကတော့ အခွင့်အခါမဟုတ်ဘူး။ " တရုတ်ဘာသာစကားကနေ အင်္ဂလိပ်ဘာသာကိုပြန်ဆိုဖို့ ခက်တဲ့ဝေါဟာရတစ်ခုဗျာ။ အဲ့ဒီ ဝေါဟာရက အခွင့်အလမ်းလို သဘောမျိုးပဲ။ သဘောကဗျာ ကျုပ် ဒီမှာထိုင်ပြီး ခင်ဗျားနဲ့အင်တာဗျူးလုပ်နေတယ်။ ဒါပေမဲ့ တကယ်လို့ဒီလိုသာ မဟုတ်ခဲ့ရင် ကျုပ်တစ်ခြားတစ်ယောက်ယောက်နဲ့ အင်တာဗျူးလုပ်မိမှာလည်းဖြစ်နိုင်တယ်။ ဘာကြောင့် ကျုပ်တို့ ဒီအချိန်ဒီနေရာမှာ တွေ့သင့်တာလဲ။ ဒါက အခွင့်အခါကြောင့်ပဲလေ။ ကျုပ်ရုပ်ရှင်တွေအကုန်လုံးကလည်း အခွင့်အခါကြောင့်ဖြစ်လာတယ်ပဲထင်တယ်" တဲ့ အဲ့ဒီအခွင့်အခါကြောင့်ပဲဖြစ်ပါလိမ့်မယ် Happy Togetherက Cinematographyတွေဟာ တခြားဝေါင်ကာဝေးကားတွေနဲ့ ကွဲတယ်။ ရိုက်တာကတော့ ...
7.8
IMDB:
7.8/10
22,502 votes
movie
Happy Together (1997)
Wong Kar-wai