Channel Myanmar

Report error

ကျွန်တော်တို့အားလုံးမဟုတ်ရင်တောင်၂၀%လောက်က

လူ့ပတ်ဝန်းကျင်မှာအဆင်မပြေကြပါဘူး

လွယ်လွယ်နဲ့ရထားတဲ့ဘ၀ဖြစ်ပြီးလွယ်လွယ်နဲ့အဆုံးသတ်လိုက်ဖို့တွေးမိနေကြပါတယ်

သောကြာနေ့ညတွေဟာ24/7ပါပဲ

အထီးကျန်လွန်းလှပါတယ်

တကယ်ရှင်သန်ရတယ်ဆိုတာဘယ်လိုလဲမသိပါဘူး

အဲ့လိုပါပဲ စတိဗင်လည်းမသိခဲ့ပါဘူး

ငယ်ငယ်လေးထဲကအမေဖြစ်သူက

သူရှေ့မှာသတ်သေသွားခဲ့လို့ရှေ့ဆောင်လမ်းပြလည်းကောင်းခဲ့တယ်လို့ပြောရမယ်

စတိဗင်လည်းသူရဲ့ဆယ်တန်းနှစ်မှာသတ်သေဖို့လုပ်နေပါပြီ

၁၈နှစ်ပြည့်မွေးနေ့မှာသေဖို့ဆိုပြီးဆေးတောင်ဆောင်ထားပါတယ်

အဖေဖြစ်သူရဲ့အုပ်ထိန်းမှုဟာ

ဘယ်လောက်ကောင်းကောင်းအမေကိုတော့မမှီတာဟာမဆန်းပါဘူး

စတိဗင်ရဲ့အဖေမှာလည်းအဲ့လိုလိုအပ်ချက်တွေရှိနေတဲ့အပြင်

ရဲဝန်ထမ်းဖြစ်နေတော့အခြေအနေတွေကကောင်းလှတယ်လို့မရှိပါဘူး

ဒါပေမယ့်စတိဗင်မှာသူငယ်ချင်းရလာပါတယ်

အသစ်ပြောင်းလာတဲ့ ကလဲရန့်စ်ဟာဂျစ်ပစီတွေကမွေးလာတာဖြစ်ပြီး

နေရာအစုံကနေရလာတဲ့သူ့ပုံပြင်တွေနဲ့အမူအကျင့်တွေကစတိဗင်အတွက်တော့

လူပတ်ဝန်းကျင်ထဲပြန်ဝင်ခွင့်ရဖို့မျှော်လင့်ချက်ပြတင်းပေါက်တွေဖြစ်ခဲ့ပြီး

ရှင်သန်ရတဲ့အရသာကိုသူရှာတွေ့ခဲ့ပါတယ်

အရာအားလုံးပြောင်းလဲသွားပြီလို့

သူထင်နေတဲ့အချိန်မှာကလဲရန့်စ်ရဲ့လျှိုဝှက်ချက်နဲ့

သူနဲ့သိတယ်လို့ခံစားရတဲ့သူ့အဖေနဲ့ကလဲရန့်စ်ဆီကနေ

သူ့၁၈နှစ်ပြည့်မွေးနေ့ကိုအမေ့ခံလိုက်ရတဲ့အခါမှာတော့…

ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းစတိဗင်နဲ့ကလဲရန့်စ်လိုလူတွေရှိနေပါတယ်

စတိဗင်လိုလူတွေအတွက်ကလဲရန့်စ်ဖြစ်ပေးလိုက်ပါ

သတ်သေဖို့ဆိုတာဆုံးရှုံးစရာတွေများလွန်းပါတယ်

ကလဲရန့်စ်ကိုစောင့်ရင်းနေကြပါ<3



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Reach (2018)


No downloads available

Genres



Related movies