Channel Myanmar


Red Corner (1997)

Red Corner    

R 122 min CrimeDramaThriller

6.3
IMDB: 6.3/10 14,322 votes

,

, , , , , , , , ,

4 wins.

USA

20938

Report error

spree

အရင်ဦးဆုံး ပြောချင်တာကတော့ ဒီကားကို တောင်းဆိုတဲ့ အထူးပုဂ္ဂိုလ်တစ်ဦးကိုရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။

သူ့ကြောင့်သာမဟုတ်ရင်ဒီလိုကားကောင်းတစ်ကားကို ဘယ်တော့မှကြည့်ဖြစ်လိုက်မှာမဟုတ်ပါဘူး။

ဒီကားကို စသိကာစက သာမန် တရုတ်-အမေရိကန်ရုပ်ရှင်ကားတစ်ကားလို့ထင်ခဲ့ပေမယ့် တကယ်ဘာသာပြန်တဲ့အခါမှ အင်အားကြီးနှစ်နိုင်ငံရဲ့ နိုင်ငံရေးအနေအထားတွေကို ကွက်ကွက်ကွင်းကွင်းသိလာရတာပါ။

ဇာတ်လမ်းကတော့ အမေရိကန်က ရုပ်သံလိုင်းကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ ဂျက်ခ်ပီတာမိုးဟာတရုတ်အစိုးရနဲ့ သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးဖို့ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

ဂျက်ခ်ရဲ့စကားပြောလိမ္မာပါးနပ်မှုကြောင့် တရုတ်ဆင်ဆာအဖွဲ့နဲ့ပါ အဆင်ပြေနေပြီး ပြိုင်ဖက်ကုမ္ပဏီအပေါ်ပါ အသာစီးရနိုင်ဆဲအခြေအနေဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။

ဆွေးနွေးပွဲပြီးလို့ညပိုင်းမှာတော့ ဂျက်ခ်တစ်ယောက် ဘားတစ်ခုမှာ တရုတ်အမျိုးသမီးချောတစ်ယောက်နဲ့ညှိစွန်းမိပြီးနောက်တစ်နေ့မနက်အရောက်မှာတော့ အာဏာပိုင်တွေက သူ့ရဲ့ဟိုတယ်ခန်းထဲရောက်နေသလိုအမျိုးသမီးကလဲ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။

သက်သေမရှိ၊ အပေါင်းအပါမရှိ၊ ရှေ့နေလိုက်ပေးမယ့်သူဆိုလို့လဲ ခပ်စွာစွာတရုတ်အမျိုးသမီးတစ်ယောက်ပဲ ရှိတဲ့အခြေအနေမှာ ဂျက်ခ်တစ်ယောက်တရုတ်ကွန်မြူနစ်အာဏာပိုင်တွေရဲ့ တရားခွင်ကို ဘယ်လိုဖြတ်ကျော်မှာလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့ တရုတ်နိုင်ငံသမိုင်းမှာ နာမည်အရမ်းကျော်ကြားခဲ့တဲ့ Cultural Revolution (ယဉ်ကျေးမှုတော်လှန်ရေး)
ကာလနှောင်းပိုင်းမျိုးဆက်တွေရဲ့ ရက်စက်မှုတွေ၊ အဲ့ဒီတော်လှန်ရေးရဲ့ အကျိုးဆက်တွေကို ထင်ထင်ရှားရှားဖော်ပြသွားခဲ့ပြီး
အဲ့ခေတ် အဲ့အချိန်တုန်းက တံခါးပိတ်ဝါဒကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအကြောင်းကို အနည်းနဲ့အများတော့ သိလာမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီတော်လှန်ရေးကြီးကြောင့် ဘယ်ကိစ္စမဆို မှားမှားမှန်မှန် ရေငုံနှုတ်ပိတ်နေခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့
တကယ့်ခံစားချက်တွေကိုပါ ရိုက်ကူးပုံဖော်ထားပြီး နိုင်ငံခြားသားတစ်ယောက်ကို ဘယ်လိုမျိုး အကြမ်းဖက်နှိပ်စက်သလဲဆိုတာ
သိသာထင်ရှားလာပါတော့တယ်။

၂၀၀၀ ပြည့်နှစ်မတိုင်ခင်မှာ ထွက်ရှိခဲ့တဲ့ဒီရုပ်ရှင်ဟာ နိုင်ငံရေးနဲ့ပတ်သက်တာတွေပါဝင်ခဲ့တာကြောင့် ရုပ်ရှင်ကြည့်ပရိသတ်တွေကြား
အထင်အမြင်ကွဲလွဲမှုတွေရှိခဲ့ပြီး တစ်ချို့ကတော့ ဒီရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြသလို တစ်ချို့ကလဲ
အရှေ့တိုင်းမုန်းတီးရေးကို လှုံ့ဆော်တဲ့ကားလို့ ပြောကြပြန်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး ပွင့်လင်းလာတဲ့ အမြင်ကျယ်လာတဲ့၂၀၁၀ ခုနှစ်နှောင်းပိုင်းမှာတော့ ဒီဇာတ်ကားဟာ ကိုယ်တွေးရင် တွေးတတ်သလောက် အမြင်ကျယ်စေပါလိမ့်မယ်။

နိုင်ငံရေးဆက်နွှယ်တဲ့ကားကောင်းတစ်ကား ကြည့်ချင်တဲ့ပရိသတ်တွေအတွက်တော့ ဒီကားဟာ မကြည့်မဖြစ် ကားဟောင်း ကားကောင်းတစ်ကားလို့ပဲညွန်းဆိုပါရစေ။

ပြီးတော့ မမေ့ပါနဲ့၊ အဓိကဇာတ်ဆောင်မင်းသားက Richard Gere ကြီးပါ။

ဒီဇာတ်ကားကို သာမန်တရားရုံးအမှုဖြေရှင်းတဲ့ကားတစ်ကားလို့ထင်ရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်ခင်ဗျ။

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုအာကာပါ)

 

File Size : (999 MB) and (369 MB)
Quality : WEB-DL 720p
Running Time : 2hr 2min
Format : Mp4
Genre : Crime, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.DD5.1.H264-FGT
Translated by Arkar Phyo
Encoded by Thanhtike Zaw

Red Corner (1997)
Red Corner (1997)
Red Corner (1997)
Red Corner (1997)
Red Corner (1997)


No downloads available

Genres

Related movies