Exit print mode Print Data A+ A- Undo all

Red Dot (2021)

Red Dot (2021)Red Dot (2021)

Synopsis:

 

တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ

ဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကို

မြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လို

စိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့

အဲ့လိုစိတ်ကူးထားသူ‌တွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။

ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသား

ဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့

ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီး

နှစ်‌ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေ

ကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့

အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကို

ပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lights

တွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။

သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်း

ရုတ်တရက်ကြီး  Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။

ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီး

ဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့  ကြည့်ရှူသူ‌တွေကို

အဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twist

အပိုင်းကလည်း‌ ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေး

ကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေ

ကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့

ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။

 

File size…1.24GB / 574MB
Quality…WEB-Dl 1080p 5.1CH / 720p
Format…mp4
Duration….1h 26m
Genre ….. Drama , Horror , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Muse



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
18.774
Status
Released
ID IMDb.com
tt11307814
IMDB Rating
5.5
IMDB votes
15K
ID Themoviedb.org
649087
TMDb Rating
5.9
TMDb votes
665