Exit print mode Print Data A+ A- Undo all

Reinventing Elvis: The 68′ Comeback (2023)

One king of rock 'n' roll. One rebel director. Music's greatest second chance.
Reinventing Elvis: The 68′ Comeback (2023)Reinventing Elvis: The 68′ Comeback (2023)

Synopsis:

Reinventing Elvis: The 68′ Comeback (2023)
================================
IMDb Rating – 7.8/10

Elvis Presley ဆိုတာနဲ့ King of Rock and Roll ကြီးပဲလို့ တန်းမြင်
မိကြမှာပါ။ 1950 ဝန်းကျင်ကာလတွေရဲ့ Best seller American Artist
တစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ပေါင်းများစွာ
ကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သမိုင်းရဲ့ 1960
ခုနှစ်ကာလတွေကတော့ အဆိုးရွားဆုံး ကပ်ဆိုက်ခဲ့တဲ့ကာလတွေလို့ ဆို
ရလိမ့်မယ်။ Robert F. Kennedy, Martin Luther King အစရှိတဲ့
နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့သတင်းတွေကြောင့်လည်း အမေရိ
ကန်ရဲ့ သမိုင်းကို အကျည်းတန်ဆုံးဖြစ်စေခဲ့တဲ့ ကာလတွေပါ။ ဖြစ်ချင်တော့
အဲဒီ 1968 ခုနှစ်က Elvis အတွက် Special Comeback Show ကို စီစဉ်
နေတဲ့ အချိန်ပါပဲ။

စစ်ထဲဝင်ပြီး အနုပညာလောကကနေ နှစ်ချီကွယ်ပျောက်သွားပြီးတဲ့နောက်
ပရိသတ်မြင်ကွင်းပေါ်ကို ပြန်လည်ထွက်ပေါ်လာမဲ့ Elvis အတွက် စိတ်ထိ
ခိုက်စရာသတင်းတွေကပဲ စောင့်ကြိုလို့နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အနု
ပညာအရည်အချင်းတွေကို ချိုးနှိမ်ထားတဲ့ မန်နေဂျာဖြစ်သူ Colonel Tom
Parker ကြောင့်လည်း ခေတ်ပြိုင်ပေါ်လာတဲ့ The Beatles အဖွဲ့နဲ့ နှိုင်းယှဉ်
ခံရမှုတွေက ဒုနဲ့ဒေးပါ။ ပြောရရင် ဒီ Elvis’s 1968 Comeback Special က
အခုလိုကမောက်ကမတွေဖြစ်နေတဲ့ သူ့ရဲ့ အနုပညာဘဝကို တစ်ဆစ်ချိုး
ထပ်မံပြောင်းလဲသွားစေခဲ့တဲ့ TV show တစ်ခုပါပဲ။

လူငယ်ပရိုဂျူဆာဒါရိုက်တာ Steve Binder နဲ့ Elvis တို့ရဲ့ အတွဲညီညီပေါင်း
စပ်မှုကြောင့် Elvis အတွက် ရွှေခေတ်ကို ပြန်ရောက်ရှိသွားနိုင်ခဲ့ပါတယ်။
ဒီ movie မှာတော့ Elvis’s 1968 Comeback Special ရဲ့ နောက်ကွယ်က
ကြုံတွေ့ခဲ့ရတဲ့ struggles တွေနဲ့ အမေရိကန်ရဲ့ ကပ်ဆိုက်ကာလအကြောင်း
တွေကို တင်ဆက်ပြသပေးထားပါတယ်။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
May Thet Kine Soe ဖြစ်ပါတယ်)

File Size……….(2.62 GB) / (878 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 50Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Documentary, Music
Translator……May Thet Kine Soe
Encoder……….Zin Phyo Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
John Scheinfeld
Popularity
10.013
Status
Released
ID IMDb.com
tt12525482
IMDB Rating
7.8
IMDB votes
1204
ID Themoviedb.org
1146570
TMDb Rating
9
TMDb votes
1