Channel Myanmar

1968

Kuroneko (1968) 7.7
Kuroneko (1968) Kuroneko (1968)~ IMDb - 7.7/10, Rotten Tomatoes - 96% ~Kuroneko ခေါ် The Black Cat ဟာ တိုဟိုက ထုတ်ခဲ့တဲ့ တိုဟိုကို ဂုဏ်တင်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲ ပါခဲ့တယ်။ အဖြူအမဲကားကိုမှ တိုဟိုစကုတ်ဖော်မတ်နဲ့ ရိုက်ထားတယ်။ အဖြူအမဲကားဆိုပေမဲ့ မြင်ကွင်းအပြည့်ရတဲ့ ဖရိန်နဲ့ပဲ ရိုက်ထားတယ်။ ကာလာနဲ့ကားတွေလည်း ဂျပန်မှာရှိနေတာ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီဖြစ်တဲ့ ကာလပေမဲ့ အဖြူအမည်းနဲ့ပဲ ချထားတယ်။ ကောင်းတော့လည်းကောင်းပါတယ်။ သူ့အပြတွေဟာ အဖြူအမည်းနဲ့မှာ Composition နဲ့ Tone က အသေကြည့်ကောင်းတယ်။ ကူရိုဆာဝါရဲ့ Rashomon ကထက် အပြတွေက ကြည့်ကောင်းခဲ့တယ်။ဇာတ်ကတော့ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်နယ်ရှင်တွေ တိုက်ပွဲတွေကြမ်းနေခဲ့တဲ့ ခေတ်ပဲ။ ဆာမူရိုင်းတွေ ကြီးစိုးခဲ့တဲ့ ခေတ်ပေါ့။ ဒီကာလမှာ ဆာမူရိုင်းတွေက တော်တော်လေး အာဏာကြီးခဲ့သလို ဘာလုပ်လုပ်တင့်တယ်နေခဲ့တယ်။ ...
movie

Kuroneko (1968)

1968
Rosemary’s Baby (1968) 8
Rosemary’s Baby (1968) Rosemary's Baby (1968)~ IMDb - 8/10, Rotten Tomatoes - 96% ~Rosemary's Baby ဟာ သမိုင်းအင်မတန်ကြီးတဲ့ ဟော်ရာရုပ်ရှင်ပါ။ ရုပ်ရှင်ကိုယ်တိုင်ကိုကလည်း The Exorcist နဲ့ The Omen တို့လို စေတန်ယုံကြည်မှုနဲ့ဆက်စပ်နေတဲ့ ရုပ်ရှင်တွေရဲ့ မြစ်ဖျားဖြစ်ခဲ့သလို ဒီရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့လူအကုန်လုံးကလည်း သမိုင်းကြီးတဲ့လူတွေချည်းပါပဲ။ စာရေးဆရာက Ira Levin, ထုတ်လုပ်သူက ရောဘတ်အီဗန်၊ ဒါရိုက်တာက ရိုမန်ပိုလန်စကီး၊ မင်းသမီးက မီရာဖဲရိုး။ ဒါကိုမှ ရို့စ်မေရီဟာ ပါရာမောင့်ရဲ့ သမိုင်းဝင်ရုပ်ရှင်ဖြစ်ခဲ့သေး အော်စကာတွေလည်းရခဲ့သေးတော့ အဘက်ဘက်က သမိုင်းကြီးတယ်လို့ ပြောရမယ်။ရို့စ်မေရီကို ၁၉၇၆မှာ ဘော့အီဗန်ဟာ Rosemary's Baby ဝတ္တုကို ပုံမနှိပ်ခင်မှာတင် ကြိုဝယ် ရုပ်ရှင်ရိုက်ခဲ့ပြီး ၁၉၇၈မှာ ရုပ်ရှင်ကို ရုံတင်နိုင်ခဲ့တယ်။ စာအုပ်ကို ရုပ်ရှင်စရိုက်တဲ့အချိန်မှာ စာအုပ်ဟာ ဘတ်ဆဲလားမဖြစ်သေးဘဲ ...
movie

Rosemary’s Baby (1968)

1968
Romeo and Juliet (1968) 7.6
Romeo and Juliet (1968) Romeo and Juliet (1968) ~ IMDb - 7.6/10, Rotten Tomatoes - 95% ~" မိုက်မိုက်ကန်းကန်း ချစ်ခဲ့ကြရုံတင်မကဘဲ တစ်ခါတလေ အချစ်လွန်သွားတဲ့အခန်းလေးတွေပါ ပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး "ရှိတ်စပီးယားရဲ့ နာမည်အကျော်ဆုံးပြဇာတ်တစ်ဖြစ်လဲ သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးရိုမန့်ဇာတ်လမ်းဖြစ်တဲ့ ရိုမီရိုဂျူးလိယက်ကို ရုပ်ရှင်အနေနဲ့ ပြန်တင်ဆက်ထားတဲ့ ဂန္ထဝင်ရုပ်ရှင်ပါ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ဟာ ခေတ်အဆက်ဆက်အတင်စားဆုံးအချစ်ဇာတ်လမ်းလည်းဖြစ်ခဲ့တော့ အမျိုးမျိုးအဖုံဖုံပြန်တင်ဆက်ကြတာတွေရှိပေမဲ့ ဒီတစ်ခုကတော့ စာအုပ်နဲ့တော်တော်လေးထပ်တူကျပါတယ်။ ဒီစကားက မှားတောင်မှားနေလောက်တယ်။ စာအုပ်ကြီးအတိုင်းပါပဲဆို ပိုမှန်လိမ့်မယ်။ အမှန်ဆို ဒီကားကို ကျွန်တော်ငယ်ငယ်ကတော့ တစ်ခါကြည့်ဖူးခဲ့တယ်။ ဘာသိမှာလဲ ကြားဖူးနားဝအတိုင်း ရိုမီရို ဂျူးလိယက်ဆိုတဲ့ အသက်ပေးပြီးချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလို့ပဲ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ပြန်ကြည့်တဲ့အချိန်မှာ ရှိတ်စပီးယားဟာ အဲဒီလောက်ပဲပြတတ်တဲ့ ဘဲမဟုတ်ဘူးဆိုတာ ပိုသိလာတယ်။ပြောရရင် သူ ရိုမီရိုကို ပုံဖော်ခဲ့တဲ့ပုံတွေက လူငယ်လေးတစ်ယောက်ရဲ့ ...
movie

Romeo and Juliet (1968)

1968
Bullitt (1968) 7.4
Bullitt (1968) Bullitt (1968)~ IMDb - 7.4/10, RT - 98%, Meta - 81% ~၁၉၆၈ ခုနှစ်က မှုခင်းအက်ရှင်ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ Warner Bros. production ရဲ့ ဇာတ်ကားကြီးပေါ့။ အဲဒီခေတ်က အကြီးကျယ်အခမ်းနားဆုံးဆိုတဲ့ ဆန်ဖရန်စစ်စကိုလမ်းမပေါ်မှာ ကားချင်းယှဉ်မောင်းပြီး လူဆိုးလိုက်ဖမ်းတဲ့ဇာတ်ဝင်ခန်းက သမိုင်းတွင်ခဲ့ပါသတဲ့။ ဇာတ်ကားက Box Office မှာလည်း Hit ဖြစ်ခဲ့ပြီး လေးသန်းလောက်သုံး၊ သန်းလေးဆယ်ကျော်ပြန်ရခဲ့တာဆိုတော့ ဒီဘက်ခေတ်ငွေတန်ဖိုးနဲ့တွက်ကြည့်ရင် တကယ့်ငွေပမာဏပဲဗျ။အော်စကာဆုပေးပွဲကြီးမှာလည်း ရုပ်ရှင်တည်းဖြတ်ဆုကို ထိုက်ထိုက်တန်တန် ရခဲ့တဲ့ဇာတ်ကားကြီးပါ။ ဒီဘက်ခေတ်အမြင်နဲ့တော့ သိပ်မစွံလှဘူးပေါ့လေ။ အမေရိကန် ရုပ်ရှင်ထိန်းသိမ်းရေးအဖွဲ့ကြီးက ရွေးချယ်လိုက်တဲ့ သမိုင်းအရ၊ ယဉ်ကျေးမှုအရ၊ လှပမှုအရ ထူးခြားပြောင်မြောက်သော ဇာတ်ကားကြီးပါတဲ့ဗျို့။ ဒီတော့ ဟိုဘက်ခေတ်တွေက ဂန္ထဝင်ရုပ်ရှင်ကြီးကို ပြန်မြည်းစမ်းလို့ရပြီပေါ့လေ။မင်းသားကြီးကတော့ Steve McQueen ပဲဗျာ။ ၆၀ ခုနှစ်ရဲ့ ...
movie

Bullitt (1968)

1968
2001: A Space Odyssey(1968) 8.3
2001: A Space Odyssey(1968) 2001: A Space Odyssey(1968) IMDb....8.3;;;;;;;;Rotten....92% ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကိုပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။ လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်...ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာမမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာအထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင်2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ2001 ရုပ်ရှင်အကြောင်း၊ Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီး ဒီရုပ်ရှင်ဟာ ...
movie

2001: A Space Odyssey(1968)

1968