Channel Myanmar
1993
Ocean Waves (1993) 6.9
Ocean Waves (1993) imdb rating 6.8 ရှိတဲ့ ဂျပန်​ anime ကားလေးပါ 1993 ခုနှစ်​တုန်းက ကားဟောင်းလေးဖြစ်ပြီး ကျောင်းပြောင်းလာတဲ့ကောင်​မလေးချောချောလေးနဲ့စတဲ့ဇာတ်​လမ်းလေးပါ မိဘတွေကွဲလို့ တိုကျိုကနေ မြို့ငယ်​လေးဆီပြောင်းလာရတဲ့ ကောင်​မလေး အတန်းထဲမှာ အမှတ်​တွေကောင်းပြီးရင်းကောင်းလို့ရော သူ့ရုပ်​ရည်​ကြောင့်​ရော နာမည်​ကြီးလာတဲ့ကောင်​မလေး သူရောက်​လာတည်းက ကြိတ်​ကြိုက်​နေတဲ့ ကောင်​လေး သုံးပွင့်​ဆိုင်​လိုမျိုးလေး ရိုက်​ထားတဲ့ကားမျိုးလေး ကောင်​မလေးက အဖေ့ဆီပဲ ပြန်​သွားနေချင်​လို့ ကြိုးစားခဲ့ပေမယ့်​ သူမအဖေမှားတာမှန်းသိရတဲ့အခါ နောက်​ဆုံး မိုရီဆာကီတာကု ဆိုတဲ့ကောင်​လေးနဲ့ ကျောင်းက မနာလိုသူတွေ ၀ိုင်းပြောတာကို မိဘတွေကွဲခဲ့ရတဲ့ စိတ်​ဒဏ်​ရာနဲ့ ကောင်​မလေး ဘယ်​လိုတုံ့ပြန်​မှာလဲ ဒီကားလေးကို သဘောကျမိတာက ကောင်​မလေးရဲ့စိတ်​က ဘယ်​လိုမျိုးလဲ သူကဘာကိုနှစ်​သက်​တာလဲ သူ့စိတ်​က ဘယ်​လိုမျိုးလဲဆိုပြီး သူ့ကို နားမလည်​နိုင်​တာလေးကို ကြိုက်​တယ်​ ကိုယ်​တိုင်​က အသည်းကွဲသမားမို့လားမသိဘူး နားလည်​ရခက်​တဲ့ ကောင်​မလေးတွေကို သဘောကျနေတာ ဘယ်​လိုပဲဖြစ်​ဖြစ်​ ဘယ်​လိုကြောင့်​ပဲဖြစ်​ဖြစ်​ ဒီကားလေးကို ကြည့်​မိတာနဲ့ ငယ်​စဉ်​ကျောင်းသားဘ၀ကို ပြန်​လွမ်းသွားရမယ်​ဆိုတာကို အာမခံတယ်​ဗျာ anime ကားဟောင်းလေးပေမယ့်​ ဒီဘက်​ခေတ်​ကိုမီတယ်​ပြောရမလား ကျောင်းကားလေးမို့ပဲ မရိုးတာလားတော့မပြောတတ်​ဘူး ကြည့်​လို့တန်တဲ့ကားကောင်းတစ်ကားပါ Translated by Munha Encoded by sithu
movie
Ocean Waves (1993)
1993
Crime Story (1993) 6.8
Crime Story (1993) Crime Story (1993) IMDb (6.8/10)_______Rotten Tomatoes 93%ဒီဇတ်ကားမှာအဓိကဇာတ်ကောင်ဖြစ်တဲ့ အင်စပက်တာအက်ဒီချန်းနေရာမှာ သရုပ်ဆောင်ဖို့ပထမဆုံးစဉ်းစားခံရတဲ့သူကတော့ တရုတ်ပြည်ရဲ့ထိပ်တန်းမင်းသားဂျက်လီပဲဖြစ်ပါတယ်..ဂျက်လီဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်ကားကိုမရိုက်ကူးဖြစ်ခဲ့ပဲ မင်းသမီး မီရှဲရွန်းနဲ့တွဲဖက်ပြီး Tai Chi Master(၁၉၉၃)ဇတ်ကားကိုပြောင်းလဲရိုက်ကူးခဲ့ပါတယ်..(၁၉၉၃)ခုနှစ်မတိုင်ခင်မှာ ရဲစုံထောက်အက်ရှင်ဇာတ်ကားများ အများအပြားရိုက်ကူးခဲ့ပြီး ရဲစုံထောက်ဇာတ်ရုပ်နှင့်အကျွမ်းတဝင်ဖြစ်နေခဲ့တဲ့ ဂျက်ကီချန်းဟာဂျက်လီမရိုက်ကူးဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူနှစ်ခြိုက်တဲ့ကာရိုက်တာမျိုးဖြစ်နေတဲ့အတွက် ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဟောင်ကောင်ဒါရိုက်တာ ကာကီဟွမ်နှင့် ပူးပေါင်းပြီး ဂျက်ကီချန်းဟာ တွဲဖက်အက်ရှင်ဒါရိုက်တာအနေနဲ့ရော Main Role အနေနဲ့ပါ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်...ဟောင်ကောင်နဲ့ ထိုင်ဝမ်ပြည်နယ်တို့မှာ (၁၉၉၂) ဇူလိုင်(၉)ရက်နေ့မှစပြီး သြဂုတ်(၂၀)ရက်နေ့အထိ (၄၂)ရက်ကြာအောင် ဒီရုပ်ရှင်ကိုစနစ်တကျရိုက်ကူးခဲ့ပါတယ်...ဂျက်ကီချန်းကိုယ်တိုင်ရေးသားထားတဲ့ (My Life Acting)စာအုပ်ထဲက ရေးသားဖော်ပြချက်အရ ဒီစုံထောက်ဇာတ်ကားရိုက်ကူးစဉ်မှာ ကားနှစ်စီးယှဉ်တိုက်တဲ့ဇာတ်ဝင်ခန်းကိုလူစားမထိုးပဲ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခြေထောက်သွင်သွင်ကျိုးသည်အထိ ဒဏ်ရာရခဲ့ဖူးတယ်လို့လည်း သိရပါတယ်..(၁၉၉၃)ခုနှစ် ဇွန်လ(၂၄)ရက်နေ့မှာ ဒီရုပ်ရှင်ဇာတ်ကားကို ဟောင်ကောင်မှာ စတင်ရုံတင်ပြသခဲ့ပြီးအောင်မြင်မှုအနေနဲ့ ရရှိခဲ့တဲ့ဆုတွေကတော့(၁၉၉၃)ခုနှစ်မှာ ဂျက်ကီချန်းဟာ အကောင်းဆုံးသရုပ်ဆောင်အဖြစ်Golden Horseဆုကိုရှိခဲ့ပါတယ်(၁၉၉၄)ခုနှစ်ရဲ့ ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဂျက်ကီချန်းဟာ အကောင်းဆုံးဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအက်ရှင်စတန့်ပြကွက်(Best Action Choreography) ဆုကိုပါ ထပ်မံရရှိခဲ့တဲ့အပြင် ...
movie
Crime Story (1993)
1993
[+18] Sliver(1993) 5.0
[+18] Sliver(1993) [+18] Sliver (1993) Dark Side Production မှတင်ဆက်သည်..... IMDb Rating.... 5.0/10  ရုံးပိတ်ရက်လည်းဖြစ်သည်က တစ်ကြောင်း ၊အေးမြတဲ့ဆောင်းရာသီဖြစ်သဖြင့် အပြင်ထွက်လျှင် အေးသောကြောင့် အခန်းအောင်းနေတတ်သည့် ကျွန်ုပ်တို့ ပုရိသအပေါင်းတို့အဖို့လွန်စွာမှပျင်းရိညဉ်းငွေ့ဖွယ်နေ့ရက်များဖြစ်ပေသည်...ထိုသို့သောအချိန်များကို စနစ်တကျကုန်ဆုံးဖို့ရာ  ဇတ်လမ်းကောင်းလေးနဲ့ ဖြတ်သန်းသင့်သဖြင့်  မည်သည့်ဇာတ်လမ်းအမျိုးအစားကိုရွေးချယ်ကြည့်ရှုရမည်ကိုသိသော်လည်းအချက်အလက်များနှင့် ကိုက်ညီသည့် အနှီဇာတ်ကားကိုရွေးချယ်ဖို့အခက်ရှိနေကြမည်ဖြစ်သည်...ဇာတ်လမ်းလည်းကောင်းရမည်...မင်းသမီးကလည်း စပါးကြီးမြွေတစ်ကောင်လိုညှို့အားပျင်းသည့်မင်းသမီးမျိုး..ရှောင်လွှဲရန်ခက်ခဲသည့် လောကဇာတ်ခုံမှာ ဖိုမကိစ္စရပ်များ ဒါတွေပြည့်စုံရမည်....ဒီလိုအချက်များနှင့်ကိုက်ညီသည့်ဇာတ်ကားကို Dark Side မှာ ညွှန်းဆိုပေးရမည်ဆိုလျှင်တော့ .Sliver(1993) ကိုကြည့်ပါလို့ပဲ ပြောချင်သည်..... Sliver ဆိုတာ U.S အသုံးအရတော့ အထပ်မြင့်တိုက်ခန်း အဆောက်အဦးပါ။ ဒီ ဇာတ်လမ်းက Silver တစ်ခုက အဖြစ်အပျက်တွေ အကြောင်းပါ။ဒီအဆောက်အဦး လူသေမှု ၂ခုဖြစ်ခဲ့ပြီး ပိုင်ရှင်ကလည်း ဘယ်သူမှန်းမသိရပါဘူး။ Carleyလို့ခေါ်တဲ့ စာအုပ်အယ်ဒီတာမလေး အဲ့ဒီ အဆောက်အဦးကို ရောက်လာပြီးတဲ့နောက် လူသေမှုတွေလည်း ထပ်ဖြစ်ခဲ့ပါတယ်။ဒီလူသတ်မှုတွေဟာ သူမနဲ့တိုက်ရိုက်ပတ်သက်လာတဲ့အချိန်မှာ၊အဆောက်အဦးပိုင်ရှင်ကလည်း သူမ လုံးဝမမျှော်လင့်ထားတဲ့ သူဖြစ်နေတဲ့အပြင်လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေတဲ့ ...
movie
[+18] Sliver(1993)
1993
The Flirting Scholar (1993) 7.6
The Flirting Scholar (1993) IMDb Rating (7.6) ထိ ရရှိထားတဲ့ မင်းသားကြီး စတီဖင်ချောင်ရဲ့ Epic ဇာတ်ကားတစ်ကားပါ။မင်းသမီးကလဲ ဂေါင်လီဆိုတော့ ကြည့်သင့်နေပြီဆိုတာ သေချာပါတယ်။စာပေအနုပညာအရာမှာ သူမတူအောင် ထူးချွန်သူ စတီဖင်ချောင်ဟာ သူ့ခေတ်မှာပေါ်ထွန်းတဲ့ ပညာရှိ ၄ ယောက်ထဲက အကျော်ကြားဆုံး ပညာရှင်ပါ....လူတိုင်းက သူ့ကို လေးစားအားကျရလောက်အောင် မိန်းမကလဲ ၈ ယောက်တောင် ရှိပါတယ်။ဒါပေမယ့် အရမ်းကို နက်နဲတဲ့ သူ့ဘဝကို တော်ယုံလူက မစာနာတတ်ဘဲ လိုတိုင်းရဘဝလို့ ထင်ကြပါတယ်။သူ့မှာ အဓိက လိုအပ်နေတာ တစ်ခုရှိပါတယ်...ချစ်ခြင်းမေတ္တာပေါ့။မိန်းမ ၈ ယောက်နဲ့ မလုံလောက်တဲ့ သူ့အချစ်တွေ ဘယ်သူ့ဆီမှာ ကျရှုံးမလဲဆိုတာ........။အသေရီရတဲ့ ဇာတ်ကားပါ...တစ်ချိန်လုံး သွားမစေ့ရပါဘူး။သူ့ရဲ့ ဟာသဖန်တီးနိုင်စွမ်းကို ဒီဇာတ်ကားမှာ တစ်ချိန်လုံးမြင်နေရပါတယ်..အသေးအဖွဲလေးတွေက အစ ရီရဖို့ လက်လွတ်မခံထားပါဘူး။ဟာသရသ မကျန်ရစ်ရအောင် စာသံကဗျာသံတွေမှာလဲ အတတ်နိုင်ဆုံး ဆက်စပ်ပြီး ဘာသာပြန်တင်ဆက်ထားပါတယ်။ခံစားအားပေးကြပါဦး။  File size…(999 MB) and (470 ...
movie
The Flirting Scholar (1993)
1993
The Firm (1993) 6.8
The Firm (1993) The Firm (1993) IMDB - 6.8/10_____Rotten Tomatoes - 75%     Tom Curise ဆိုရင် အတော်များများလည်း သိပြီး ကြိုက်ပြီး ဖြစ်ကြမှာပါ။ ၁၉နှစ်မှာ သရုပ်ဆောင်စလုပ်ခဲ့ပြီး လက်ရှိအသက်၅၆ထိ နာမည်ရနေဆဲ မင်းသားတစ်လက်လည်း ဟုတ်ပါတယ်။ဒီ ရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာ ဇာတ်အိမ်ကျောရိုးမှာ Memphis မြို့က Bendini, Lambert & Lock ဆိုတဲ့ လူအနည်းအကျဉ်းသာ ပါပေမဲ့  သတင်းကြီးတဲ့ ရှေ့နေ အဖွဲ့လေးတစ်ခုရှိပါတယ်။ဒီ ရှေ့နေ အဖွဲ့ဟာ တရားဥပဒေဘက်သား အဖွဲ့မဟုတ်ပဲ Mafiaဂိုဏ်းက ငွေမဲတွေကို ခဝါချပေးတဲ့ရှေ့နေ အဖွဲ့တစ်ခုပါ။ဒီရှေ့နေအဖွဲ့မှာ Mitch MacDeere ဆိုတဲ့ ဆင်းရဲတဲ့ အသိုင်းအဝိုင်းနဲ့ရှေ့နေဖြစ်ဖို့ အလားအလာအရမ်းကောင်းနေတဲ့ ဟားဗက်ရှေ့နေ့ ကျောင်းသားတစ်ယောက်ဟာပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ မိန်းမကဒီကိစ္စဟာ အစစ်အမှန်ဖြစ်ဖို့အတွက် ကောင်းလွန်းနေတယ် ပြောပေမဲ့ သူ နားမထောင်ခဲ့ပါဘူး။ရက်သတ္တပတ်အတော်ကြာ အလုပ်လုပ်ပေးပြီးတဲ့အခါMitch ဟာ သူအလုပ်လုပ်ပေးနေရတဲ့ ရှေ့နေအဖွဲ့ဟာ မှုခင်းဘုရင် Joey Moroltoနဲ့ ...
movie
The Firm (1993)
1993
Blu-Ray 720p
[18+]Crazy Love(1993) 5.6
[18+]Crazy Love(1993) [18+]Crazy Love(1993) အညွန်း(Dark Side Production မှတင်ဆက်သည်....)ဒီတစ်ခါမှာတော့ တရုတ်အချစ်ဟာသ 18+ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ အားကျန်းဆိုတဲ့ကောင်မလေးဟာအမေရိကန်မှာပညာသင်ဖို့ အိမ်ကထွက်လာရင်း စိတ်ပြောင်းလဲသွားခဲ့ပြီး သူ့ရည်းစားဆီပြန်သွားခဲ့ပါတယ် ..သူ့ရည်းစားဟာ နောက်မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတာတွေ့တဲ့အချိန်မှာတော့ အားကျန်းဟာ အိမ်လည်းမပြန်ဖြစ်ပဲခြေဦးတည့်ရာလျှောက်သွားမိပါတော့တယ် အားကျန်းဟာတစ်ယောက်တည်း သွားလာရင်း မသမာသူတွေနဲ့တွေ့ရာမှာလည်း မိန်းမမာယာသုံးပြီး ပညာပေးနိုင်ခဲ့တယ် ဒီလိုနဲ့ပဲ အားကျန်းဟာ ဒေးဗစ်ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးအတူနေထိုင်ခဲ့ကြတယ် အားကျန်းဟာ နဂိုတည်းက ပွင့်လင်းစွာနေထိုင်တဲ့သူဖြစ်ပါတယ် ...သူဟာတခြားယောကျာ်းလေးတွေနဲ့ပတ်သက်ခဲ့မိလို့ ဒေးဗစ်တစ်ယောက် သဝန်တိုမိပြီး ခဏခဏပြဿနာတွေဖြစ်ခဲ့ကြတယ်...အဲ့ဒီနောက် သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ တည်မြဲပါ့မလား ပြိုကွဲသွားမလားဆိုတာကိုတော့ဘဆက်လက်ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်...မိန်းမတစ်ချို့ရဲ့မာယာတွေ သူတို့ရဲ့စိတ်ကခံယူချက်တွေကို အထူးလေ့လာမှတ်သားသင်ယူသင့်တဲ့ကားလေးပါပဲ(မှတ်ချက်။ ။ 18+အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး)File Size : (800 MB) and (300 MB) Quality : Blu-Ray 720p Format…mp4 Duration…01:17:00 Genre :  Drama, Romance Subtitle : Myanmar ...
movie
[18+]Crazy Love(1993)
1993
The Legend (1993) 7.2
The Legend (1993) fong sai yukဂျက်လီရဲ့ဟောင်းနေပေမဲ့ကောင်းနေဆဲဇတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်rating ကလည်းအလန်းကြီးဆိုတော့အထွေးအထူးပြောစရာမလိုတော့ပါဘူးဇတ်လမ်းကတော့တရုတ်ပြည်ကိုမန်ချူးတွေကျူးကျော်စဉ်ကတရုတ်တော်လှန်းရေးသမားတွေဟာမန်ချူးတွေကိုရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ပါတယ်အဲဒီထဲမှာမြို့မျက်နှာဖုံးဖြစ်တဲ့ဖွန်စိုင်ယုရဲ့အဖေလည်းအပါအဝင်ပါပဲမန်ချူးတပ်တွေဖွန်စိုင်ယုရဲ့အဖေအကြောင်းသိသွားတဲ့အခါမှာအဖေကိုအထိအခိုက်မခံနိုင်တဲ့ဖွန်စိုင်ယုတစ်ယောက်အဖေကိုဘယ်လိုကာကွယ်မလဲတော်လှန်ရေးသမားစာရင်းတွေကိုကောမပေါက်ကြားအောင်လူငယ်လေးဖွန်စိုင်ယုဘယ်လိုကာကွယ်မလဲစိတ်ဝင်တစ်စားစောင့်ကြည့်ရမှာပါဖွန်စိုင်ယုအဖြစ်ဂျက်လီကအကောင်းဆုံးသရုပ်ဆောင်ထားပြီးမန်ချူးဘက်တော်သားအဖြစ်တရုတ်နာမည်ကျော်မင်းသားvincent zhaoကအကောင်းဆုံးသရုပ်ဆောင်ထားပါတယ်ဒီဇတ်ကားလေးဟာကြာပြီဆိုပေမဲ့အကောင်းဆုံးဘလူးရေးကွာလတီကိုရှာကြံဒေါင်းပြီးပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်ဂျက်လီရဲ့အကောင်းဆုံးကွန်ဖူးအက်ရှင်တွေနဲ့အတူအားလုံးအကြိုက်တွေ့ကြမှာပါစိတ်မကောင်းစရာတစ်ခုကဒီဇတ်ကားဟာအပိုင်း၂အဖြစ်နောက်ထပ်တစ်ကားထပ်ထွက်ခဲ့ပေမဲ့ဘလူးရေးကွာလတီကတော့ကျွန်တော်လည်းရှာမတွေ့ပါဘူးအဲဒါကြောင့်အပိုင်း၂ကတော့ထပ်တင်ဖို့မသေချာပါဘူးကြိုက်တဲ့သူများရင်တော့တင်ဖို့ကြိုးစားသွားမှာပါလောလောဆယ်တော့ဒီကားလေးနဲ့အတူသိုင်းလောကကိုခဏလောက်အလည်သွားလိုက်ကြပါစို့လို့ပဲQty - 720p BlurayDuration - 1hr 50minSubtitle - MyanmarTranslator - Soe HtweEncoder - Kyaw Ye Aung
movie
The Legend (1993)
1993
Little Buddha (1993) 6.0
Little Buddha (1993) IMDb Rating (6/10)/Rotten Tomatoes (68%)Little BuddhaUnicodeဒီဇာတ်ကားလေးက အနောက်နိုင်ငံ(အမေရိကန်နိုင်ငံ)သားတွေမှ ကျွန်တော်တို့"ဗုဒ္ဓမြတ်စွာ"ရဲ့ "ဗုဒ္ဓဝင်"ကို စနစ်တကျလေ့လာပြီး ရိုက်ကူး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို ပြောပြရရင်တော့--- ဒီဇာတ်လမ်းမှာ အခန်းကဏ္ဍ၂ခုပါဝင်နေပါတယ်တခုကတော့ "ဗုဒ္ဓမြတ်စွာ"ရဲ့ သိဒ္ဓတ္ထမင်းသားဘဝကနေ သစ္စာလေးပါးသိမြင်ပြီး ဗုဒ္ဓဖြစ်တဲ့အချိန်အထိ ဗုဒ္ဓဝင်ကို လေးစားအတုယူဖွယ် ရိုက်ပြထားပြီး သိဒ္ဓတ္ထမင်းသားအဖြစ် Keanu Reeve ကီနူးရိဗ်က သရုပ်ဆောင်ထားပါတယ်...နောက်တခုကတော့ တိဗက်လူမျိုးတို့ရဲ့ "လူပြန်ဝင်စားခြင်း" သက်ဝင်ယုံကြည်မှုအရ ဆရာဖြစ်သူ "ဆရာတော်လာမာဒေါ်ဂျီ" ပြန်ဝင်စားသည်ဟု ယုံကြည်ဖွယ်ရှိသည့် အမေရိကန်လူမျိုးကလေးငယ် "ဂျက်ဆီ" ထံသို့ တိဗက်ဗုဒ္ဓဘာသာဘုန်းကြီးများမှ လာရောက်တွေ့ဆုံပြီး ဘူတန်နိုင်ငံသို့လိုက်ခဲ့ရန် မိဘများထံ ခွင့်ပန်တဲ့ဇာတ်လမ်းကို ရိုက်ပြထားပါတယ်။တိဗက်ဆရာတော်များရဲ့ နောက်ဘဝရှိသည် ဆိုတာကို အယုံအကြည်မရှိသူ ဂျက်ဆီရဲ့ဖခင်က အထင်အမြင်လွဲမှုတွေရှိနေပေမယ့် သူရဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အက်စီးဒင့်ဖြင့် သေဆုံးသွားတဲ့အခါ စိတ်ပြေလက်ပျောက်သဘောဖြင့် သားဖြစ်သူနှင့် ဘူတန်နိုင်ငံသို့ လိုက်သွားခဲ့ရာမှ...ဘူတန်နိုင်ငံရှိ စေတီအကြောင်းတွေ တိဗက်ဘုန်းတော်ကြီးများရဲ့ ဘာသာရေးအယူအဆများအကြောင်းတွေကို ဗဟုသုတရဖွယ် ရိုက်ပြထားပါတယ်....ဒီဇာတ်ကားမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများနဲ့ တိဗက်ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတို့၏ အနည်းငယ်ကွဲပြားမှုများကိုလည်း ဗဟုသုတဖြစ်ဖွယ် လေ့လာခွင့်ရမှာ ဖြစ်ပါတယ်..ဒါ့အပြင် ဗုဒ္ဓဘာသာ တိဗက်ဘုန်းကြီးများရဲ့ "မမြဲခြင်းသဘော"ကို နက်ရှိုင်းစွာ နှလုံးသွင်းတတ်ပုံနဲ့ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းစွာ "သေခြင်းတရား"ကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ကိုလဲ ချီးကျူးဂုဏ်ယူ တွေ့မြင်ရမှာပါ...ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ သေခြင်းတရားကို မကြောက်လန့်ဘဲ ရင်ဆိုင်နိုင်တဲ့ နှလုံးသွင်းမှန်မှုသဘောကို အနောက်နိုင်ငံသားများကပါ လေးစားချီးကျူ းရတာ အမှန်ပါပဲ....ဒီဇာတ်ကားရဲ့ ...
movie
Little Buddha (1993)
1993
The Man without a Face(1993) 6.7
The Man without a Face(1993) The Man without a Face(1993)IMDb.....6.7,,,,,Rotten....64%လူတိုင်းမှာ အတုယူစရာ တစ်ခု သို့မဟုတ် အမြင့်တစ်နေရာကိုတက်လှမ်းနိုင်ဖို့ရာ လေးစားအားကိုးထိုက်သူ တစ်ယောက်ယောက်တော့ ရှိနေတတ်စမြဲပင်...သို့ပေမယ့်လည်း တစ်ချို့သော ကလေးငယ်တွေအဖို့တော့...... မုဆိုးမ အမျိုးသမီးတစ်ယောက်မှာ သားသမီး (၃)ယောက်ရှိတယ်...သမီး(၂)ယောက် သားတစ်ယောက်ပေါ့....မိခင်ရဲ့သားသမီးတွေအပေါ် ထားတဲ့အချစ်က စနစ်တကျမရှိခဲ့... ချက်ဆိုတဲ့ ၁၃နှစ်အရွယ်ကောင်လေးက ဒီအမျိုးသမီးရဲ့သားပေါ့....ဒီကောင်လေးရဲ့ မွေးချင်းတွေကလည်း အမေတူအဖေကွဲတွေ...မည်သို့ပင်ဆိုစေကာမူ ဒီမောင်နှမ(၃) ယောက်ရဲ့ သံယောက်ဇဉ်တွေကို အလှပဆုံးအသိုက်အမြုံဖြစ်အောင် မိခင်က စွမ်းဆောင်နိုင် စွမ်းမရှိသလောက်ပင်...သို့သော်ချက်အတွက် ဂုဏ်ယူစရာတစ်ခုရှိတယ်...ဘာလဲဆိုတော့ ဆုံးသွားတဲ့သူ့ဖခင်က စစ်က္ကသိုလ်က...ကိုးရီးယားမှာလေယာဉ်မောင်းရင်းဆုံးသွားတယ်... ဖခင်ကိုအားကျတယ်..မခင်က သူ့အတွက် ဟီးရိုးပဲ.သူ့ဖခင်လို ဖြစ်ချင်သည်....ရိုးရိုးကျောင်းကပဲအောင်ရင် သူ့ဖခင်တက်တဲ့ ကျောင်းကို တက်ခွင့်ရဖို့လမ်းမမြင်....ချက်အတွက် လေ့လာသင်ယူ လိုစိတ်ရှိပေမယ့် သူ့အတွက် လမ်းကောင်းကောင်းပြပေးမယ့်သူမရှိဘူး.... ဒီလိုနဲ့ ကျောင်းဆရာတစ်ယောက်ကိုသူတွေ့သွားတယ်...အဲ့ဒီဆရာက မျက်နှာတစ်ခြမ်း မီးလောင်ဒဏ်ရာတွေနဲ့...ဒီဆရာက ခင်မင်သူမရှိ ...ချက်တို့နယ်မြို့လေးမှာ (၇)နှစ်နေခဲ့တယ် ဆိုပေမယ့် သူ့ကိုမြင်ဖူးတဲ့သူခပ်ရှားရှားပင်...စစ်တက္ကသိုလ်ဝင်ခွင့်ရဖို့အရေး အများသူငါ ကြောက်ရွံတဲ့သူမှာ တပည့်ခံဖို့ သူဆုံးဖြတ်ခဲ့သည်..... ဒီကားကတော့ မဲလ်ဂစ်ဆင် ကိုယ်တိုင်ရိုက်ကူးပြီး သူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်... ဒီကားက မေတ္တာ သံယော်ဇဉ် ယုံကြည်အားကိုးမှုကို ရိုးစင်းစွာရိုက်ပြထားပါတယ်... ခံစားမှုစည်းစိမ်တွေ မြောက်များစွာ ခင်ဗျားရရှိသွားလိမ့်မယ်လို့ထင်တယ်...အဲ့ဒီခံစားမှု စည်းစိမ်တွေထဲမှာ ပျော်ရွှင်ကြည်နူးမှုတွေ၊ဒေါသတွေ၊ဝမ်းနည်းမှုတွေ၊မြောက်များစွာပါပဲ... ခင်ဗျားဟာ ဒီကားကိုကြည့်နေရင်းခင်ဗျားတို့လိုချင်တဲ့ဇတ်သိမ်းခန်းကိုရောက်လို့ နှုှုတ်ခမ်း ကပြုံးနေပါလိမ့်မယ်.သို့ပေမယ့် အဲ့ဒီအချိန်မှာ ခင်ဗျားမျက်လုံးကိုမတော်တဆထိကြည့်လိုက်ပါ... မျက်ရည်လေးတွေဝေ့နေပါလိမ့်မယ်...ဘာ့ကြောင့်လဲဆိုတာတော့ ခံစားသာကြည့်လိုက်ပါ....File ...
movie
The Man without a Face(1993)
1993
Hot Shots! Part Deux (1993) 6.6
Hot Shots! Part Deux (1993) Unicodeမနေ့ကတင်ပေးခဲ့တဲ့ Hot Shot Part 1 ရဲ့အဆက်လာပါပြီ။ ဒီကားကတော့ ရုပ်ရှင်ပရိသတ်တွေရဲ့အချစ်တော် စတားလုံးရဲ့ Rambo ဇာတ်ကားကို သရော်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆာဒမ်ဟူစိန်ကိုလဲသရော်ထားပြီး Basic Instinct ကိုပါ ဟာသအဖြစ်ထည့်ထားပါသေးတယ်။ဒီ Part 2 မှာတော့ သူရဲကောင်းကြီး တော်ပါဟာလေဟာ ချစ်သူ ရမန်ဒါနဲ့ကွဲကွာသွားပြီး အာရှမှာ ဇာတ်မြုပ်နေခဲ့ပါတယ်။ တစ်ဖက်မှာလဲ အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းဒေသမှာ ဖမ်းခံထားရတဲ့ အမေရိကန်ဓားစာခံတွေကို ကယ်ထုတ်တာ လုံးဝမအောင်မြင်ဘူးဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် ထုံးစံအတိုင်း တော်ပါဟာလေကို ပြန်ခေါ်ဖို့ကြိုးစားခဲ့ရပြီး ဓားစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲ၊ တော်ပါဟာလေနဲ့ ရမန်ဒါတို့ကရော ဘာကြောင့်ကွဲကွာသွားရတာလဲ၊ ဆာဒမ်ဟူစိန်ကိုရော ဘယ်လိုရှင်းကြမလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုကြပါ။ဒီကားမှာ နာမည်အကြီးဆုံးကတော့ ကြက်နဲ့မြားပစ်တဲ့အခန်းပါ။ ဒါ့အပြင် နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေကိုပါ သရော်ထားပြီး Part 1 တုန်းကထက်တောင် ပိုပြီးရယ်ရပါသေးတယ်။ Part 1 ကြည့်ပြီးတဲ့သူတွေအတွက်တော့ Part 2 နဲ့ဆို အချိတ်အဆက်ပိုမိသွားပြီး ပိုရယ်နေရမှာပါ။ အခု ...
movie
Hot Shots! Part Deux (1993)
1993
Blu-Ray 720p
Jurassic Park (1993) 8.1
Jurassic Park (1993)  Jurassic Park (1993) မြန်မာစာတန်းထိုးဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည်IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင်ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကိုငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင်လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီးလျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီးထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့သတ္တဝါတွေကို သဘာဝတရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား File Size : (997 MB) and (362MB) Quality : Blu-ray 1080p Running Time : 2hr 07 min Format : Mp4 Genre :Adventure , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : Blu-Ray 1080p Translated by Naing Win ...
movie
Jurassic Park (1993)
1993
Schindler’s List (1993) 8.9
Schindler’s List (1993) ကမ္ဘာပေါ်က အကောင်းဆုံး Biographical ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Schindler’s List ဇာတ်ကားဟာ German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါ တယ်။ အော်စကာဆု ၇ ဆုအပြင် အခြားဆုပေါင်း ၇၀ နဲ့ ဆု ၂၅ ...
movie
Schindler’s List (1993)
1993
Heart and Souls (1993) 7.0
Heart and Souls (1993) Heart and Souls (1993) IMDb - 7.0/10_____Rotten - 55%  >>> Heart and Soul <<<<1993 ခုနှစ်က ထွက်ရှိခဲ့ပြီး Imdb 7 ရထား တဲ့ PG-13 Comedy Drama Romance ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက နိုင်ငံတကာမှာပဲ ပေါက်ခဲ့တာမဟုတ်ပဲ မြန်မာနိုင်ငံမှာလည်း သရဲလေးကောင် ဆိုတဲ့နာမည် နဲ့ ပုံစံတူရိုက်ကူးခဲ့ပြီး အောင်မြင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးက  1959 ခုနှစ် မှာ လူလေးယောက်စီးနှင်းလိုက်ပါလာတဲ့ ကားတစ်စီးနဲ့ ကိုယ်ဝန်ဆောင် မိခင်တဦး စီးလာတဲ့ ကား တိုက်မိတဲ့ accident တခုအပေါ် သေဆုံးသွားတဲ့ဝိဉာဉ်၄ယောက်နဲ့ အသစ်မွေးဖွားလာတဲ့ခလေးကြား ဆက်နွယ်နေတဲ့ ကံကြမ္မာ တခုက စတင်ပေးခဲ့တယ်။  ဇာတ်လမ်းအကျဉ်း >>>>>>ဆန်ဖရန်စစ်စကို : 1959 ခုနှစ် ပဲရ်နီဝါရှင်တန်အမည်ရှိ ဖုန်းအော်ပရေတာ တခုတွင် ညဆိုင်းလုပ်နေတဲ့ ခလေးသုံးယောက်အမေ single ...
movie
Heart and Souls (1993)
1993
Darr (1993) 7.9
Darr (1993)   Bollywood ရဲ့ King Khan လို့ လူသိများတဲ့ ရှာရွတ်ခန်း(SRK) ရဲ့ အကောင်းဆုံး ဇာတ်ရုပ်ကို ပြောပါဆိုရင် ဗီလိန်ဇာတ်ရုပ်ပဲ ပြောရလိမ့်မယ်။ အိန္ဒိယမှာ SRK နှင့် အမီတာဘချမ်း တို့ဟာ ပရိတ်သတ်အပေါ် လွှမ်းမိုးနိုင်လွန်းလို့ သူတို့ တော်ရုံ ဗီလိန် ဇာတ်ရုပ် သိပ်မရိုက်ကြဘူး ပရိတ်သတ် အတုယူ မှားမှာ ကြောက်လို့။ ဒီဇာတ်ကားမှာဆိုလည်း SRK က ရည်စား အိမ်ထောင် ရှိပြီးသား မိန်းကလေး တစ်ယောက်ကို စိတ္တဇ ဆန်ဆန် တဖက်သတ် ချစ်ရတဲ့ ဗီလိန် နေရာက သရုပ်ဆောင်ရပေမယ့် သူ့ သရုပ်ဆောင်ချက်တွေက ပရိတ်သတ် အမြင်မှာ ဗီလိန် မဟုတ်ပဲ ဟီးရိုးဖြစ်စေခဲ့ပါတယ်။ ============================================ "မင်းခံစားနေရတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် မင်းရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားမှာပေါ့" "ဝန်ထုပ်ဝန်ပိုး" "သူ့ ...
movie
Darr (1993)
1993
Once Upon a Time in China III (1993) 6.8
Once Upon a Time in China III (1993) ဒီဇတ်လမ်းကတော့ အများရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရာဇ၀င်မှာ ကျော်ကြားလှတဲ့ မဟုတ်မခံစိတ်ရှိသူ သနားတက်သူ ကြင်နာတက်သူ သဘောကောင်းလွန်းသူ သိုင်းအကျော်အမော် ဒေါက်တာ ၀မ်ဖေးဟုန် အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပြီး ကွန်ဖူးမင်းသားကြီး ဂျက်လီ မှ သရုပ်ဆောင်ရိုက်ကူးပေးထားပါတယ်… အင်္ဂလိပ်လက် ကျရောက်နေပြီး လူတွေက စိတ်ဓါတ်ပျက်ပြား အကျင့်တွေ ဖောက်ပြား နိုင်ငံခြားကို အထင်ကြီးစိတ်ဝင် ကိုယ့် လူမျိုးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ တောကြောင် လက်ခမောင်း ခက်တာတွေ က အစ စိတ်ထဲ မဟုတ်မခံစိတ် ၀င်ရောက်လာအောင် ရိုက်ပြထားခဲ့ပြီး ရင်သက်ရှုမောဖွယ် သိုင်းကွက် များကို လဲ မြင်တွေ့ရမှာဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်တာမို့ မိသားစု နှင့် ကြည့်ရှုအပန်းပြေနိုင်သော ရုပ်ရှင်ကားကောင်းအဖြစ် ညွှန်းဆိုလိုက်ပါရစေ…. ဒီ ရုပ်ရှင်ကားကို Channel Myanmar Translator ဖြစ်သူ Jin Jin မှ ဘာသာပြန်ပေးထားပါတယ်… File Size : 900 MB /440 ...
movie
Once Upon a Time in China III (1993)
1993
Iron Monkey (1993) 7.5
movie
Iron Monkey (1993)
1993