Channel Myanmar
2003
A Guy Thing(2003) 5.6
A Guy Thing(2003) ယောင်္ကျားလေးအများစုဟာ အိမ်ထောင်ပြုခါနီးရင်ထုံးစံအတိုင်းပေါ့ဗျာ...သူငယ်ချင်းတွေနဲ့အစွမ်းကုန်ကဲကြတယ်..သူငယ်ချင်းတွေကလည်း အိမ်ထောင်ပြုတဲ့ယောင်္ကျားတစ်ယောက်ဟာ နောက်ပိုင်းငဲ့ကွက်ရမဲ့ဟာတွေ စီးပွားရှာရမှာတွေ စသောနှောင်ဖွဲ့မှုတွေမလွပ်လပ်မှုတွေရှိတော့မှာဖြစ်လို့ နှစ်သိမ့်ပေးတဲ့အနေနဲ့ ကူညီ သောက်စားပျော်ပါးကြပေါ့ဗျာ...ဒီဇာတ်ကားထဲကကောင်လေးကလည်း အိမ်ထောင်ပြုခါနီးဆိုတော့ သူငယ်ချင်းတွေနဲ့ပျော်ပါးသောက်စားပေါ့ဗျာ..နောက်ဆို တီဗွီချန်နယ်တောင်ပြောင်းခွင့်မရှိဘူးကိုး...ဒီလိုနဲ့သူဟာ မူးပြီးအိမ်ပြန်အိပ်တယ်...မနက်မိုးလင်းတော့ဖုန်းသံကြောင့်နိုးလာတယ်...မကြာခင်တော်ရတော့မယ့် ယောက္ခမလောင်းကြီးဖုန်းဆက်တာ..အဆင်ပြေလားဘာညာမေးပြီးသူ့သမီးလာမယ့်အကြောင်းပြောရင်းဖုန်းချသွားတယ်...ဇနီးလောင်းကိုကြိုဖို့ပြင်တော့ သူ့အိပ်ရာပေါ်မှာ ကောင်မလေးတစ်ယောက်......ညတုန်းကမူးပြီးကောင်မလေးတစ်ယောက်နဲ့အိပ်မိသွားတာ...ဒါကတော့ တကယ့်မတော်တဆကြီးဆိုပါတော့ဗျာ....အဲ့ဒီမှာ သတို့သားလောင်းဟာ တိုင်ပတ်တဲ့အဆင့်တင်မဟုတ်ဘူး တိုင်ပါလည်တော့တာပဲ...ကိုင်း အချစ်ဇာတ်မြူးလေးကိုခံစားလိုက်ပါဦးဗျို့File Size…(850MB) and (350MB) Quality…BluRay 720p Format…mp4 Duration…01:40:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Sai Mg Mg
5.6
IMDB: 5.6/10 15,033 votes
movie
A Guy Thing(2003)
2003
Memories of Murder (2003) 8.1
Memories of Murder (2003) Memories of Murder (2003) IMDb - 8.1/10______Rotten - 90%IMDb (8.1/10)....Rotten Tomatoes (90%)Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။--------------------------------------------Memories Of Murderကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံ းတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ ...
8.1
IMDB: 8.1/10 123,490 votes
movie
Memories of Murder (2003)
2003
Jeepers Creepers II (2003) 5.6
Jeepers Creepers II (2003) Jepper Creeper-2ဟာဆိုရင်​ 2003ခုနှစ်​မှာထွက်​ရှိခဲ့တဲ့ Horrorဇာတ်​ကားမျိုးဖြစ်​ပါတယ်​၊2001မှာ Jeeper Creeper-1ထွက်​ခဲ့တာ​အောင်​မြင်​ပြီးလူကြိုက်များခဲ့လို့ ၂ဖြစ်​တဲ့ဒီကားကိုဆက်​လက်​ရိုက်​ကူးခဲ့ပါတယ်​။ဇာတ်​လမ်း​လေးက​တော့ ပထမပိုင်းကအဆက်​လိုပဲ 23ကြိမ်​​မြောက်​​နွေဦးရာသီ​ရောက်​တိုင်း​​ရောက်​တိုင်း 23ရက်​ကြာ​အောင်​ လူသား​တွေကိုစားပစ်​တဲ့ ​EastNineလမ်းမကြီး​ပေါ်က သေမင်းတမန်​​တော်​တစ်​​ကောင်​ရှိပါတယ်​။အဲ့ဒီချိန်​မှာပဲ ​ကျောင်းဘတ်​စကတ်​​ဘောအသင်းတစ်​ခုဟာ EastNineလမ်းမ​ကြီး​ပေါ်က​နေဖြတ်​လာတဲ့အခါမှာ အဲ့​ဒီသေမင်းတမန်​​တော်​နဲ့ တည့်​တည့်​တိုးပါ​တော့တယ်​။သူက​ကျောင်းသား​တွေထဲက အ​ကြောက်​တရား​တွေထဲမှာအနံခံပြီးသူကြိုက်​တဲ့လူကို​ရွေးပြီးစားမလို့လုပ်​ပါတယ်​။အဲ့မှာတင်​ပဲ ​ကျောင်းသား​တွေဟာ သူ့ကို​ရွေးသွားတယ်​ငါ့ကိုမ​ရွေးဘူး၊ ဘယ်​သူ့​ကြောင့်​​တော့ငါတို့အ​သေမခံနိုင်​ဘူးစသဖြင့်​ အချင်းချင်းစိတ်​ဝမ်းကွဲကုန်​ကြပါတယ်​၊.....အဲ့လိုအဖြစ်​အပျက်​​လေး​တွေနဲ့ ​ကျောင်း​သား​တွေအားလုံး ​သေမင်းတမန်​​တော်​လက်​ထဲအလွတ်​​ပြေးနိုင်​ခဲ့ကြလား၊ဒါမှမဟုတ်​ ​သေမင်းတမန်​​တော်​က သူ​ရွေးချယ်​ထားတဲ့သူ​တွေကိုပဲအမိအရဖမ်းပြီး သ​တ်​စားနိုင်​ခဲ့လားဆိုတာ​တော့ဒီဇာတ်​လမ်း​လေးမှာစိတ်​ဝင်​စားဖွယ်​ရာကြည့်​ရှု့ရမှာပဲဖစ်​ပါတယ်​။Horrorကြိုက်​တဲ့ ပရိတ်​​တွေအတွက်​​တော့ လက်​မလွတ်​သင့်​တဲ့ဇာတ်​ကား​ကောင်းဖြစ်​ပါတယ်​။  File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-DRONES Translated by Ye Yint Encoded by Thanhtike ...
5.6
IMDB: 5.6/10 50,465 votes
movie
2003
School of Rock(2003) 7.1
School of Rock(2003) ဂီတကိုရူးသွပ်တဲ့လူတစ်ယောက်....သူ့မှာ တီးကွက်ခပ်လှလှ သီချင်းစာသား ခပ်ရွရွတွေရှိပေမယ့် ကံတရားကြောင့်ပဲလား သူ့ရဲ့နေထိုင်မှုပုံစံကြောင့်ပဲလား မသိ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့နေနေသာ အိမ်လခတောင်ပေးဖို့အနိုင်နိုင်....ကံကဆက်ဆိုးချင်တော့ တီးဝိုင်းအဖွဲ့ကလည်း သူ့ကို ထုတ်ပစ်လိုက်တယ်....လေလွင့်နေတဲ့သူဟာ အစားထိုးစာသင်ဖို့ကျောင်းဆရာအဖြစ်နဲ့လုပ်ရဖို့အကြောင်းဖန်လာတယ်...ကျောင်းရောက်တော့ .ကျောင်းသားကျောင်းသူတွေကိုသူတတ်တဲ့ဂီတပညာတွေသင်ပေးမိတယ် ဒီလိုနဲ့ ပါရီမီရှိတဲ့ကလေးတွေနဲ့သူ ဂီတပြိုင်ပွဲတစ်ခုအတွက် ကျောင်းမှာကြိုးစားလေကျင်ရင်း ပြင်ဆင်ကြတယ်....ဒီကားကိုကြည့်မိတော့ ခေါင်းဆောင်မင်းသား (Jack black)က ဂစ်တာတီးဟန် သီချင်းဆိုဟန်တွေကိုသတိထားမိတယ် .....ပြီးတော့ ကလေးတွေ ဒရမ်သမား ဂစ်တာသမား ဟာမိုနီသမားကောင်မလေးတွေ..ကီးဘုတ်တီးတဲ့သူ ....အားလုံးဟာ အပြင်မှာတကယ်တီးနေ ဆိုနေတာကိုရိုက်ထားသလားမှတ်နေရတယ်...ဒါကြောင့် school of rockဇာတ်ကားအကြောင်းနည်းနည်းစုံစမ်းကြည့်တော့  သရုပ်ဆောင်တွေအကုန်လုံးက အခုလက်ရှိအပြင်မှာလည်း Band တွေမှာနာမည်ရနေတဲ့လူငယ်လေးတွေပါတဲ့..ပြီးတော့the school of rockထဲကမှာသရုပ်ဆောင်ခဲ့တဲ့အတိုင်း အပြင်မှာ အတီးအဆိုနဲ့အောင်မြင်နေတဲ့သူတွေဖြစ်ပါတယ် ပြီးတော့ ခေါင်းဆောင်မင်းသား Jack Black ကအပြင်မှာလည်း ဂစ်တာစကေးကြီးဗျ...ကိုင်း   ဇာတ်လမ်းလန်းလန်းလေးနဲ့မြူးမြူးကြွကြွသချင်းလေးတွေခံစားချင်ရင်တော့.....IMDbကလည်း 7.1ဆိုတော့ ထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ်..... File Size…(885MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:48:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Subtitle by ...Honest Abe
7.1
IMDB: 7.1/10 226,262 votes
movie
School of Rock(2003)
2003
How to Lose a Guy in 10 Days (2003) 6.4
How to Lose a Guy in 10 Days (2003) အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2003 ခုနှစ်က ထွက်ခဲ့တဲ့ How to lose a Guy in 10 days ဆိုတဲ့ကားပါဒါကတော့Romance/Comedy အမျိုးအစားလေးပါဒီထဲမှာတော့ ဘန်ဂျမင်ဘယ်ရီဆိုတဲ့ ကြော်ငြာတာဝန်ခံတစ်ယောက်ဟာ စီမံကိန်းအကြီးကြီးတစ်ခုကို ရဖို့အတွက် အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ်ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဘန်ဂျမင်ဟာ မိန်းကလေးတစ်ယောက်ကို 10 ရက်အတွင်း သူ့ကိုကြွေဆင်းလာစေရမယ်လို့ လောင်းကြေးထပ်လိုက်တာပါတစ်ချိန်တည်းမှာပဲ မဂ္ဂဇင်းမှာ 10 ရက်အတွင်း ယောက်ျားတစ်ယောက်က ကိုယ့်ကိုထားခဲ့ချင်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို ရေးဖို့ ကုန်ကြမ်းလိုက်ရှာမယ့် အန်ဒီ အန်ဒါဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိနေပါတယ်သူဟာစမ်းသပ်ဖို့အတွက် ယောက်ျားတစ်ယောက်ကိုရှာဖွေဖို့ ဖြစ်လာပါတယ်အလောင်းအစားလုပ်ပြီး သိပ်မကြာခင်မှာ သူတို့ နှစ်ယောက် ဆုံတွေ့ခဲ့ကြပါတယ်သူတို့ရည်ရွယ်ချက်တွေအတိုင်း ဘယ်သူကအောင်မြင်သွားမလဲဘာတွေဖြစ်သွားတယ်ဆိုတာကို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာပါcomedy ချစ်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ File Size ...
6.4
IMDB: 6.4/10 174,128 votes
movie
How to Lose a Guy in 10 Days (2003)
2003
My Tutor Friend (2003) 6.7
My Tutor Friend (2003)  2003 မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းလေးက နာမည်ကျော် မင်းသား Kwon Sangwoo နဲ့ နာမည်ကြီး အချောအလှ ထိပ်ခေါင် မင်းသမီး Kim Haneul တို့မှ အဓိက ပါဝင်ထားပြီး CJ Entertainment ရဲ့ ရုပ်ရှင်ကားကောင်းတွေ ထဲက တစ်ကားဖြစ်ပါတယ်Comedy ရဲ့ အရသာ အပြည့်အဝပါဝင်တဲ့ ဒီဇာတ်ကားဟာ တောင်ကိုရီးယားရဲ့ တစ်ခေတ်တစ်ခါမှာ အောင်မြင်မှုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တာ အတော်အများ သိကြမှာပါ (မသိသေးရင် အခုပဲ ကြည့်လိုက်ပါ)အထက်တန်းကျောင်းမှ အလုပ်ပြုတ်လာတဲ့ ဆရာမလေး ချွဲဆူဝမ်ဟာ မိခင်ရဲ့ စေညွှန်းချက်အရ မိခင်ဖြစ်သူဧ။်ချမ်းသာသော သူငယ်ချင်းရဲ့ သားကို ဂိုက်လုပ်ပေးဖို့ ဖြစ်လာပါတယ်ဂျစ်ကန်ကန် အပေအတေ နှစ်ကျ ပြသာနာအိုး ကျောင်းသားနဲ့ ဆတ်ဆတ်ထိမခံ ငါဟဲ့ ဆရာမ ဆိုတဲ့ မာန်အပြည့်နဲ့ ကျူရှင်ဆရာမတို့ ဆုံစည်းကြတဲ့အခါမှာ ဘယ်လို ကတောက်ကဆတွေ ...
6.7
IMDB: 6.7/10 1,980 votes
movie
My Tutor Friend (2003)
2003
Munna Bhai M.B.B.S. (2003) 8.2
Munna Bhai M.B.B.S. (2003) ဒီကားကို 3 idiot ဒါရိုက်တာ Rajkuma Hirani ရိုက်ကူးခဲ့ပြီး နာမည်ကြီးမင်းသား (Sanjay Dutt)မင်းသမီးချော Gracy Singh နဲ့ 3 idiot ထဲက ဗိုင်းရပ်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ (Roman Irani)တို့ က အဓိကပါဝင်ခဲ့ပါတယ်. Sanjay ဟာ လူမိုက်ခေါင်းဆောင်တစ်ယောက်ပါ ပြန်ပေးဆွဲတယ် လိုချင်တာကို မရ ရတဲ့နည်းနဲ့ ယူတယ် တပည့်လူမိုက်တွေလည်း အများကြီး ....သို့ပေမဲ့ သူ့မိဘတွေသိထားတဲ့အဖြစ်က Sanjay ဟာသိပ်ကိုထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဒီလိုဖြစ်အောင်လည်း Sanjay က လိမ်ထားနိုင်တယ် မိဘတွေသူ့ဆီအလည်လာရင် သူတို့နေတဲ့ အဆောက်အဦးဟာ ဆေးရုံဖြစ်သွားပြီး တပည့်တွေက လူနာတွေဟန်ဆောင်ကြတယ် မိဘတွေက တစ်နေ့တော့ ဆရာဝန်မတစ်ယောက်နဲ့ စေ့စပ်ပေးကြတယ်...စေ့စပ်ပွဲမှာ သူဆရာဝန်အဖြစ် လိမ်ထားမှန်းအားလုံးက သိသွားကြတဲ့အပြင် တန်ဘိုးတစ်စက်မှမရှိတဲ့လူအဖြစ် ဆက်ဆံခံလိုက်ရတော့ Sanjay ဟာ မခံချင်စိတ်နဲ့ရည်မှန်းချက်ကြီးတစ်ခုထားလိုက်တယ်...အဲ့ဒါက သူတကယ့်ဆရာဝန်အစစ်အမှန် ဖြစ်ရမယ် သူတကယ်ကြိုးစားမယ်ဆိုတာပဲ.....သူဘယ်လိုတွေကြိုးစားလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ ဆိုတာကိုတော့ ဒီကားက အတော်လေးရယ်ရတယ် ဟာသလေးတွေနှောပြီး message လေးတွေပေးသွားတယ် ဒီကားထဲက လူကြမ်းကြီးက ကျွန်တော်တို့လျစ်လျူရှုထားတဲ့ ...
8.2
IMDB: 8.2/10 54,522 votes
movie
Munna Bhai M.B.B.S. (2003)
2003
Erotic Agent (1995)
Erotic Agent (1995) ကဲအခုတစ်ခါတော့ အပေါင်း ၁၈ ပရိတ်သတ်ကြီးအတွက် ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားအနေအထားကတော့ ပိုစတာကိုကြည့်တာနဲ့ သဘောပေါက်မ်ထင်ပါတယ်ဗျဇာတ်လမ်း အနေအထားကတော့ အပေါင်း၁၈ တို့ ထုံးစံ အတိုင်း တဖုန်းဖုန်း တအုန်းအုန်း နဲ့မို့အထွေအထူး သိပ်ပြောစရာ မရှိပါဘူးဇာတ်လမ်း အကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက အနှိမ်ခံ အနိုင်ကျင့်ခံ ဘ၀ နဲ့ကြီးပြင်းလာတဲ့ကောင်လေးတစ်ယောက် တစ်နေ့မှာ တောထဲမှာ မထင်မှတ်ထားတဲ့ သူနဲ့ ဆုံမိပြီး နတ်တွေရဲ့ စောင်မ မူကိုခံရတဲ့ အခါမှာ သူ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားတဲ့ အခါမှာတော့ ဘယ်လို နတ်မိမယ်ကလေးတွေနဲ့ တွေ့ဆုံပျော်ပါးမယ်ဆိုတာကိုတော့ ............  ဟီးးးးးးးထွက်ရှိထားတာကြာဘီမို့ DVD RIP QTY ပဲ ရတာမို့ ကာလာ အနေအထား ဘာညာကို အကောင်းဆုံး ဟာနဲ့ တင်ဆက်ပေးလိုက်ပါတယ်ဘာသာပြန်ကတော့ ကိုကွန်ပိုက်ပါ
IMDB: /10 votes
movie
Erotic Agent (1995)
2003
Charlie’s Angels: Full Throttle (2003) 4.9
4.9
IMDB: 4.9/10 118,525 votes
movie
Charlie’s Angels: Full Throttle (2003)
2003
Cat and Mouse (2003) 5.3
Cat and Mouse (2003) 2003 ခုနှစ်ကထွက်ရှိပြီး ပေါင်ချိန် ကျန်ကျောင်းကားကို ဟာသဘားရှင်းအနေနဲ့ရိုက်ကူးထားတဲ့ အချစ်ဟာသကား လေးကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသာကြီးကတော့ အသဲကျော် အန်ဒီပဲ ဖြစ်ပါတယ်ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ Zhan Zhao (Andy Lau) ဟာ ပေါင်လူကြီးမင်းရဲ့ ရုံးစာရေး ကိုယ်ရံတော် ငတိပါ တစ်နေ့မှာ သူဟာ ရုံးအားလပ်ရပ်မှာ သူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ် ထိုအချိန်မှာပဲ တရားသူကြီးပေါင်ကို လုပ်ကြံတဲ့ အမူတစ်ခုထွက်ပေါ်လာရာမှ ပေါင်လူကြီးမင်းကိုလုပ်ကြံမူကို Zhan Zhao (Andy Lau) ဟာ တားဆီးဖို့ကြိုးစားရင်း သူမျှော်လင့်ထားသလို ဖြစ်မလာပဲ သူငယ်လေးဟာ သောက်ကျိုးနည်း ချောတဲ့ကောင်မလေး ဖြစ်နေပြီး သူ့ကိုတိတ်တဆိတ် ကူညီပေးနေတဲ့သူဖြစ်လာတဲ့အခါမှာတော့ ..................... ဘာသာပြန်ကတော့ Chu Qiao ပါဗျ ။Download From Yoteshin Link
5.3
IMDB: 5.3/10 382 votes
movie
Cat and Mouse (2003)
2003
Lara Croft: Tomb Raider – The Cradle of Life (2003) 5.6
Lara Croft: Tomb Raider – The Cradle of Life (2003) Lara Croft: Tomb Raider - The Cradle of Life (2003) IMDb - 5.6/10_____Rotten - 24%  သတ္တိရှိတဲ့ ဗြိတိသျှလူမျိုး အမျိုးသမီးဘူမိဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ လာရာခရော့ဖ်ဆိုသူက  တကယ့်ကိုအရေးကြီးတဲ့ ရှာဖွေမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဒဏ္ဏာရီထဲက ပန်ဒိုယာမင်းသမီးလေးရဲ့ သေတ္တာကိုရှာဖွေဖို့အတွက် လမ်းညွှန်ထားတဲ့ ကျောက်ဘောလုံးကိုရှာဖွေခဲ့ခြင်းပါပဲ။ ကံမကောင်းစွာနဲ့ပဲ လူကိုသေစေတဲ့ ဗိုင်းရပ်စ်တွေ လက်နက်တွေပြုလုပ်သူ ဂျော်နသန်ရီးစစ်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦး လက်ထဲကို ကျောက်ဘောလုံးက ရောက်သွားခဲ့ပါတယ်။ အဲ့ဒါနဲ့ လာရာလဲ စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး သူ့ရဲ့ အရင်ရည်းစားဟောင်းတဦးဖြစ်သူ တယ်ရီ ရှရီဒန်ဆိုတဲ့ လူကို အကူအညီတောင်းပြီး ရီးစစ်ဆီက ကျောက်ဘောလုံးကို ပြန်ရယူဖို့ ကြိုးစားခဲ့ရပြန်တယ်။ သူတို့၂ယောက် ကျောက်ဘောလုံးကညွှန်ပြတဲ့ ပန်ဒိုယာသေတ္တာရှိတဲ့နေရာကို ဘယ်လို စွန့်စားခန်းတွေဖွင့်ပြီးသွားကြမယ်.. ရီးစစ်လက်ထဲကနေ ကျောက်ဘောလုံးကို ပြန်ယူနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးကိုကြည့်ရင်း ဆက်လက်ရှုစားကြပါဦးလို့ပြောရင်း ခံစားပေးကြပါဦးလို့....  File size…(983 MB) Quality...BluRay Rip 720p Format…mp4 Duration….01:57:23 Subtitle….Myanmar Subtitle (Hardsub) Translator…Sofy Encoder….Moe Myint Lwin
5.6
IMDB: 5.6/10 128,379 votes
movie
Lara Croft: Tomb Raider – The Cradle of Life (2003)
2003
The Rundown (2003) 6.7
The Rundown (2003) 2003 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating 6.7ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ 2002 ခုနှစ်က The Scorpion King ဇာတ်ကားနဲ့အောင်မြင်ခဲ့တဲ့Dwayne (The Rock) Johnson  အတွက်တော့လူပိုသိလာတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးအဖြစ်အသက်မွေးချင်တဲ့ ဘက်ခ်ဟာ သူ့သူဌေးအတွက် အကြွေးလိုက်တောင်းပေးရတဲ့ လူမိုက်တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက သေနတ်မသုံးသလို မလိုအပ်ပဲထိခိုက်အောင်မလုပ်ပဲ စည်းစနစ်ကြီးတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲက ပြန်ခေါ်ပေးနိုင်ရင် သူလိုချင်တဲ့စားသောက်ဆိုင်ရမှာဖြစ်ပြီး လူမိုက်ဘ၀ကကျွတ်မှာဖြစ်တဲ့အတွက် ဘက်ခ်က လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှေးဟောင်းရတနာကို လိုက်ရှာနေတဲ့ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲမှာ ဘုရင်တစ်ပါးလို မင်းမူနေတဲ့ ဟတ်ချာဆိုတဲ့ရွှေတွင်းပိုင်ရှင်က ပြန်မလွှတ်ချင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ .......သူ့သူဌေးရဲ့သားကရော ရှေးဟောင်းရတနာကို ဟတ်ချာမသိခင် ရှာတွေ့နိုင်မလား...... .ဘားဆိုင်ထဲက ကောင်မလေးကရော ဘာတွေလျှို့ဝှက် ထားသလဲဆိုတာကို ဆက်လက်ရှု့စားကြပါ။ အက်ရှင်ဇာတ်ကားဆိုပေမယ့် The Rock နဲ့ Seann William Scott တို့ရဲ့ သရုပ်ဆောင်မှုတွေက ဟာသရသကိုလည်း တပြိုင်နက်ခံစားရစေမှာပါ။ အက်ရှင်ဇာတ်ကားကောင်းနဲ့ The Rock ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ (ဇာတ်ကားထဲမှာပါတဲ့ပေါ်တူဂီစကားတွေကို လိုက်ရှာရင်းနဲ့ ဒီကားအတွက် Movie Mistakes ကိုလည်း တွေ့ထားပါတယ်။ အချိန်ရရင် ...
6.7
IMDB: 6.7/10 83,437 votes
movie
The Rundown (2003)
2003
Azumi (2003) 6.9
Azumi (2003) ဒီဇတ်လမ်းလေး ဟာ အာဇုမိ ဆိုတဲ့ ဂျပန် နင်ဂျာမလေး တစ်ယောက် အကြောင်း ဖြစ်ပါတယ်... သူမ ဟာ ရုပ်ကလေး လှသလောက် လူသတ်ဖို့ မျက်တောင်မခတ်တမ်း ရက်စက်တက်သူ ဖြစ်ပြီး လူပုံစံ ပျော့ပျောင်းသလောက် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက်လဲ ဖြစ်ပါတယ်... ထို့ အပြင် တရားမျှတ မှု နဲ့ အမိန့်လိုက်နာမှု ကို ဓွန်တွဲထားသူ ဖြစ်ပြီး... အမိန့်တွေ ရဲ့ အောက်မှာ သူမ ရဲ့ သနားကြင်နာမှု နဲ့ အချစ်တွေကို စတေးခဲ့ရသူပါ.... အုပ်ချုပ်ရေး အဖွဲ့တစ်ခုကို ဆန့်ကျင်တော်လှန်သူ တစ်ဦးသည် နှစ်ပေါင်းများစွာတိုင် ကလေး တစ်ချို့ကို ဓါးသိုင်း လက်ထပ် သင်ပေးခဲ့ပြီး ထို ကလေး တစ်ချို့ အလွန်တော်ပြီး ထက်မြတ်လာသော အခါ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် သနားကြင်နာမှု မရှိရန် နှင့် အမိန့်ကို နာခံနိုင်ရန် စတင် သင်ကြားပါတော့တယ်... ထို သင်ကြားမှုတွင် တစ်ချို့ရဲ့ အသက် ...
6.9
IMDB: 6.9/10 12,900 votes
movie
Azumi (2003)
2003
A Tale of Two Sisters (2003) 7.2
A Tale of Two Sisters (2003) A Tale of Two Sisters (2003)IMDb - 7.2/10_____Rotten - 85%    ဒီဇတ်ကားလေးကတော့ ကိုရီးယားနိုင်ငံမှာ ၂၀၀၃ ခုနှစ် တုန်းက ရိုက်ကူးခဲ့တဲ့ ဇတ်ကားလေးပါ ဒီဇတ်ကားလေးက ကြောက်စရာကောင်းတာထက် သနားစရာပိုပြီးကောင်းပါတယ် ညီမနှစ်ယောက်ကတက္ကသိုလ်တတ်ပြီး ကျောင်းပြီးလို့ သူ့အဖေနဲ့ သူ့ရဲ့ မိထွေးတို့ရှိတဲ့အိမ်ကို ပြန်လာကြတယ် ဒါပေမယ့်သူတို့တွေရဲ့စိတ်ထဲမှာ မိထွေးဆိုတဲ့ ရဲ့ရက်စက်မှုတွေ မညီမျှမှုတွေ နဲ့ ရောယှက်ပြီးသူတို့ကိုနှောက်ယှက်နေတဲ့ လူတစ်ယောက်လို့ပဲစိတ်ထဲမှာစွဲနေခဲ့တယ် အမြင်မကြည်မှု့တွေ စိတ်အလိုမကျမှုတွေနဲ့  အသက်ရှင်နေပြီး သူ့အရမ်းချစ်တဲ့  ညီမလေးကို  မိထွေးရက်စက်မှုမခံရအောင် စောင့်ရှောက်နေခဲ့ပါတယ်  ဒါပေမယ့်တကယ့်လက်တွေ့မှာတော့ သူ့ညီမလေး က သူထင်သလိုမဟုတ်ပဲ  ဘယ်လိုလှည့်ကွက်တွေဖြစ်သွားမလဲဆိုတာ  စိတိဝင်စားဖို့ကောင်းပြီး သနားစရာကောင်းတဲ့ ဇတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ပရိတ်သတ်ကြီးကပဲဆက်လက် ရှူစားကြရမှာဖြစ်ပါတယ်    File Size - 820 MB File Type - Mp4 Quality - 720p Duration - 01:54:00 Translator - Aye Nyein Thu Encoder - Kyaw Ye Aung
7.2
IMDB: 7.2/10 54,750 votes
movie
A Tale of Two Sisters (2003)
2003
Art Of Devil 1 (2004) 6.2
Art Of Devil 1 (2004) အမှားတစ်ခုကျူးလွန်မိပြီးဆိုရင်တာဝန်မယူရဲတဲ့စိတ်ဓာတ်ကသင့်နောက်ကိုအရိပ်ဆိုးတစ်ခုအဖြစ်နဲ့လိုက်နေမယ်ဆိုတာသိရဲ့လား ကိုယ်ပြုသည့်ကံကိုယ်သာခံဆိုပေမဲ့ တစ်ချို့အမှားတွေက..ကိုယ့်အပေါင်းအသင်းဆွေမျိုးမိသားစုတွေကိုတောင်..ဒုက္ခတွေရောင်ပြန်ဟပ်တတ်ပါတယ် လေရှည်နေမိပြန်ပြီး... ဇတ်ညွန်းဆီကိုသွားရအောင်ပါ... သူဌေးကြီးpratanဟာBoomဆိုတဲ့ကောင်မလေးနဲ့မှောက်မှားပြီးတဲ့နောက်မှာတာဝန်ယူစိတ်မရှိတဲ့အပြင်...သူမဘဝအညွန့်ကိုပါချိုးပစ်လိုက်ပါတယ်... အဲဒီလိုလုပ်လိုက်လို့သူ့ဆီဒုက္ခတွေဝေဆာလာတော့မယ်ဆိုတာသူမသိရှာခဲ့ပါဘူး...အဲဒီလိုသူ့ရဲ့အမှားတစ်ခုကြောင့် ခဏကပြောသလိုသူ့မိသားစုဆီကိုပါ တစ်ညမှာPratanအသတ်ခံရပြီးတဲ့နောက်မှာသူ့ဇနီးဟောင်းရဲ့သမီး..နန်းကိုအမွေတွေလွှဲခဲ့ပေးကြောင်းသိရှိရပါတယ်...ဒီတော့Boomဟာ..သူ့ကိုလုပ်ခဲ့တဲ့အဖိုးကြီးရဲ့မိသားစုကိုသတ်ချင်တာကတစ်ကြောင်းအမွေကလိုချင်တာကတစ်ကြောင်း..ကိုင်း... သူဘယ်လိုလုပ်ပြီးဒါတွေကိုလက်စသတ်မလဲဆိုတာကိုဖန်းသားပြင်ပေါ်မှာဆက်လက်ကြည့်ရှု့ရအောင်ပါ... အပေါ်ကိုအညွန်းကိုဖတ်ပြီးရင်ဇတ်လမ်းကရိုးရှင်းနေတယ်လို့မထင်ပါနဲ့..ကျွန်တော်တို့တွေဟာလောကကြီးထဲအကောင်းအဆိုးဒွန်တွဲပြီးဝင်လာတာပါ.. ဒါပေမဲ့သူတို့နှစ်ခုကတော့ဆန့်ကျင်ဘက်ပါ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် အဲ့လိုမှမဟုတ်ပဲ အဆိုးတွေကိုသာရွေးချယ်နေရင်တော့..မလှသောသေခြင်းတရားတွေဟာသင့်ကိုလက်ကမ်းကြိုဆိုနေကြပါလိမ့်မယ် ဘာသာပြန် နဲ့ အညွန်းကိုတော့ မျိုးဇင်က ရေးသားပေးခဲ့တာပါ
6.2
IMDB: 6.2/10 121,507 votes
movie
Art Of Devil 1 (2004)
2003
Kal Ho Naa Ho (2003) 8.0
Kal Ho Naa Ho (2003) အချစ်ဆိုတာ... အသက်အရွယ် မခွဲခြားပါဘူးလေ... နှလုံးသားသာရှိဖို့ပဲ လိုတာပေါ့... ကျောင်းသားလေးတစ်ယောက်ဟာ ကိုယ့်ရဲ့ အိမ်နီးချင်း ကောင်မလေးကို ချစ်မိသွားတယ်... ဒါအပြစ်လား... ချစ်မိတာ အပြစ်ဖြစ်မလား ဘယ်ဟုတ်ပါ့မလဲ... ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့အတွက်နဲ့ ကိုယ် တစ်ဖက်သက်ချစ်နေရတဲ့ ကောင်မလေးကို အောင်သွယ်ပေးခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ဒုက္ခကိုလည်း ဆင်ခြင်ပေးသင့် စာနာပေးသင့်တာပေါ့လေ... ဒီဇာတ်လမ်းက ရိုးရိုးလေးပဲရယ်... ဒါပေမယ့် ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ဒရာမာကို ပီပြင်အောင် သရုပ်ဖော်ခဲ့မှုကြောင့် Rotten Tomatoes ကြီးရဲ့ အဖွဲ့ဝင်တွေက ၇၇ ရာခိုင်နှုန်းပေးခဲ့ပြီး ကြည့်ရှုသူတွေက ၉၁ရာခိုင်နှုန်းတဲ့... IMDB က 8/10, Netflix ကလည်း 8/10 တဲ့ Rating တွေ ဒီလောက် ကောင်းနေရတာ အလကားမှ မဟုတ်ခဲ့တာပဲဟာ... ရိုက်ကူးခဲ့ရာမှာ သန်းနဲ့ချီသုံးခဲ့တဲ့ တန်ကြေးဟာ ကြည့်ရှုသူတွေရဲ့ အကောင်းဘက်နွယ်တဲ့ မှတ်ချက်တွေကို ရခဲ့တယ်... ဒါတင်ပဲလား မဟုတ်ပါဘူး နဂိုထဲက နာမည် တစ်ရိပ်ရိပ်တက်နေတဲ့ မင်းသား ရှာရွတ်ခန်းကို နာမည် အရှိန်တင်ပေးတဲ့ ဇာတ်ကားလည်း ဖြစ်ခဲ့တာပေါ့ ဟောလိဝုဒ်ရဲ့ အကောင်းဆုံး ဒရာမာကားတွေထဲ တစ်ကားအပါအဝင်ဖြစ်တဲ့ Kal Ho Naa Ho ကို မျက်ရည်ချူတဲ့ကားတွေထဲမှာ တစ်ကား အပါအဝင်အဖြစ်လည်း အဖြစ်လည်းသတ်မှတ်လို့ရသေးတယ် အခုလို အကောင်းဆုံးကားတစ်ကားကို ပရိသတ်ကြီးဆီ ...
8.0
IMDB: 8.0/10 44,440 votes
movie
Kal Ho Naa Ho (2003)
2003
Oldboy (2003) 8.4
Oldboy (2003) Oldboy (2003) IMDb - 8.4/10_____Rotten - 82%  အိမ်ထောင်သည်အမျိုးသားတစ်ယောက် သမီးလေးတစ်ယောက်ရှိတယ် သူ့သမီးလေး ၄နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်လေးပေးဖို့ဝယ်ထားတယ် အရက်တွေသောက် စရိုက်ဆိုးလူတစ်ယောက်ဖြစ်လေတော့ စုံတွဲတစ်တွဲနဲ့ပြသနာတက်ပြီး ရဲစခန်းရောက်သွားတယ် ရဲစခန်းက ပြန်ထွက်လာတော့နောက်ကျနေလို့ အမြန်ပြန်လာမဲ့အကြောင်း ဖုန်းဆက်ခဲ့တယ် မိုးတွေကလည်းရွာနေတယ် ဖုန်းပြောပြီးမိုးရွာထဲမှာ ရုတ်တရက်လူတစ်ယောက်သူ့အနားရောက်လာတယ် အဲ့ဒီသူကြောင့်သူသတိလစ်သွားတယ် သူသတိရလာတော့ စားစရာထည့်ပေးတဲ့အပေါက်လေးကလွဲလို့ နံရံတွေကြီးရှိတဲ့အလုံပိတ်အခန်းထဲရောက်နေတယ် ၁၅နှစ်တောင် ထောင်ထဲမှာသူအကျဉ်းကျနေခဲ့တယ် .....ဘယ်နေရာရောက်နေမှန်းလည်းမသိ တီဗွီလေးတစ်လုံးနဲ့အဖော်ပြုရင်း စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆက်တိုက်ကြုံခဲ့ရတယ် ဘယ်သူက သူ့ကိုအကျဉ်းချခဲ့တာလဲ ဘာအကြောင်းကြောင့် ၁၅နှစ်ဆိုတဲ့အချိန်ကာလကြီး တစ်ခုလုံးသူ့ကိုချုပ်နှောင်ထားရတာလဲ.....ထူးဆန်းစွာပဲ ၁၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်တယ် ဒီဇတ်ကားကကြည့်ဖူးသမျှထဲမှာအဆန်းဆုံးဇတ်ကွက်လို့ပြောရမယ်ထင်တယ် ကြည့်နေရင်းကိုယ်က ဇတ်အိမ်ထဲအလိုလိုမြောသွားတယ် ထောင်လိုအခန်းထဲရောက်သွားတယ် ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေကို ကိုယ်ပါအရမ်းသိချင်တယ် ဖြတ်သန်းရတဲ့ဒုက္ခ သူ့ကိုခုလိုလုပ်တသူကိုရအောင်ပြန်ရှာပြီး လက်စားချေဖို့ ပြင်ဆင်ပုံတွေ တကားလုံးအပြီးထိဆွဲဆောင်နိုင်လွန်း အားကြီးတယ် ပေးချင်တဲ့ messageကလည်း ကျနော်တို့မြန်မာစကားပုံနဲ့ဆို ကြမ်းပေါက်ကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်မရဘူး နှုတ်ကြောင့် ဖြစ်ပျက်ပုံမျိုးတွေပေးထားတယ် ခင်ဗျားရဲ့နှလုံးသားကို ခပ်စပ်စပ်ရသလေးပေးတဲ့ကားမျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ ...
8.4
IMDB: 8.4/10 495,871 votes
movie
Oldboy (2003)
2003