Channel Myanmar
2003
Azumi (2003) 6.9
Azumi (2003) ဒီဇတ်လမ်းလေး ဟာ အာဇုမိ ဆိုတဲ့ ဂျပန် နင်ဂျာမလေး တစ်ယောက် အကြောင်း ဖြစ်ပါတယ်... သူမ ဟာ ရုပ်ကလေး လှသလောက် လူသတ်ဖို့ မျက်တောင်မခတ်တမ်း ရက်စက်တက်သူ ဖြစ်ပြီး လူပုံစံ ပျော့ပျောင်းသလောက် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက်လဲ ဖြစ်ပါတယ်... ထို့ အပြင် တရားမျှတ မှု နဲ့ အမိန့်လိုက်နာမှု ကို ဓွန်တွဲထားသူ ဖြစ်ပြီး... အမိန့်တွေ ရဲ့ အောက်မှာ သူမ ရဲ့ သနားကြင်နာမှု နဲ့ အချစ်တွေကို စတေးခဲ့ရသူပါ.... အုပ်ချုပ်ရေး အဖွဲ့တစ်ခုကို ဆန့်ကျင်တော်လှန်သူ တစ်ဦးသည် နှစ်ပေါင်းများစွာတိုင် ကလေး တစ်ချို့ကို ဓါးသိုင်း လက်ထပ် သင်ပေးခဲ့ပြီး ထို ကလေး တစ်ချို့ အလွန်တော်ပြီး ထက်မြတ်လာသော အခါ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် သနားကြင်နာမှု မရှိရန် နှင့် အမိန့်ကို နာခံနိုင်ရန် စတင် သင်ကြားပါတော့တယ်... ထို သင်ကြားမှုတွင် တစ်ချို့ရဲ့ အသက် ...
6.9
IMDB: 6.9/10 12,900 votes
movie
Azumi (2003)
2003
A Tale of Two Sisters (2003) 7.2
A Tale of Two Sisters (2003) A Tale of Two Sisters (2003)IMDb - 7.2/10_____Rotten - 85%    ဒီဇတ်ကားလေးကတော့ ကိုရီးယားနိုင်ငံမှာ ၂၀၀၃ ခုနှစ် တုန်းက ရိုက်ကူးခဲ့တဲ့ ဇတ်ကားလေးပါ ဒီဇတ်ကားလေးက ကြောက်စရာကောင်းတာထက် သနားစရာပိုပြီးကောင်းပါတယ် ညီမနှစ်ယောက်ကတက္ကသိုလ်တတ်ပြီး ကျောင်းပြီးလို့ သူ့အဖေနဲ့ သူ့ရဲ့ မိထွေးတို့ရှိတဲ့အိမ်ကို ပြန်လာကြတယ် ဒါပေမယ့်သူတို့တွေရဲ့စိတ်ထဲမှာ မိထွေးဆိုတဲ့ ရဲ့ရက်စက်မှုတွေ မညီမျှမှုတွေ နဲ့ ရောယှက်ပြီးသူတို့ကိုနှောက်ယှက်နေတဲ့ လူတစ်ယောက်လို့ပဲစိတ်ထဲမှာစွဲနေခဲ့တယ် အမြင်မကြည်မှု့တွေ စိတ်အလိုမကျမှုတွေနဲ့  အသက်ရှင်နေပြီး သူ့အရမ်းချစ်တဲ့  ညီမလေးကို  မိထွေးရက်စက်မှုမခံရအောင် စောင့်ရှောက်နေခဲ့ပါတယ်  ဒါပေမယ့်တကယ့်လက်တွေ့မှာတော့ သူ့ညီမလေး က သူထင်သလိုမဟုတ်ပဲ  ဘယ်လိုလှည့်ကွက်တွေဖြစ်သွားမလဲဆိုတာ  စိတိဝင်စားဖို့ကောင်းပြီး သနားစရာကောင်းတဲ့ ဇတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ပရိတ်သတ်ကြီးကပဲဆက်လက် ရှူစားကြရမှာဖြစ်ပါတယ်    File Size - 820 MB File Type - Mp4 Quality - 720p Duration - 01:54:00 Translator - Aye Nyein Thu Encoder - Kyaw Ye Aung
7.2
IMDB: 7.2/10 54,750 votes
movie
A Tale of Two Sisters (2003)
2003
Art Of Devil 1 (2004) 6.2
Art Of Devil 1 (2004) အမှားတစ်ခုကျူးလွန်မိပြီးဆိုရင်တာဝန်မယူရဲတဲ့စိတ်ဓာတ်ကသင့်နောက်ကိုအရိပ်ဆိုးတစ်ခုအဖြစ်နဲ့လိုက်နေမယ်ဆိုတာသိရဲ့လား ကိုယ်ပြုသည့်ကံကိုယ်သာခံဆိုပေမဲ့ တစ်ချို့အမှားတွေက..ကိုယ့်အပေါင်းအသင်းဆွေမျိုးမိသားစုတွေကိုတောင်..ဒုက္ခတွေရောင်ပြန်ဟပ်တတ်ပါတယ် လေရှည်နေမိပြန်ပြီး... ဇတ်ညွန်းဆီကိုသွားရအောင်ပါ... သူဌေးကြီးpratanဟာBoomဆိုတဲ့ကောင်မလေးနဲ့မှောက်မှားပြီးတဲ့နောက်မှာတာဝန်ယူစိတ်မရှိတဲ့အပြင်...သူမဘဝအညွန့်ကိုပါချိုးပစ်လိုက်ပါတယ်... အဲဒီလိုလုပ်လိုက်လို့သူ့ဆီဒုက္ခတွေဝေဆာလာတော့မယ်ဆိုတာသူမသိရှာခဲ့ပါဘူး...အဲဒီလိုသူ့ရဲ့အမှားတစ်ခုကြောင့် ခဏကပြောသလိုသူ့မိသားစုဆီကိုပါ တစ်ညမှာPratanအသတ်ခံရပြီးတဲ့နောက်မှာသူ့ဇနီးဟောင်းရဲ့သမီး..နန်းကိုအမွေတွေလွှဲခဲ့ပေးကြောင်းသိရှိရပါတယ်...ဒီတော့Boomဟာ..သူ့ကိုလုပ်ခဲ့တဲ့အဖိုးကြီးရဲ့မိသားစုကိုသတ်ချင်တာကတစ်ကြောင်းအမွေကလိုချင်တာကတစ်ကြောင်း..ကိုင်း... သူဘယ်လိုလုပ်ပြီးဒါတွေကိုလက်စသတ်မလဲဆိုတာကိုဖန်းသားပြင်ပေါ်မှာဆက်လက်ကြည့်ရှု့ရအောင်ပါ... အပေါ်ကိုအညွန်းကိုဖတ်ပြီးရင်ဇတ်လမ်းကရိုးရှင်းနေတယ်လို့မထင်ပါနဲ့..ကျွန်တော်တို့တွေဟာလောကကြီးထဲအကောင်းအဆိုးဒွန်တွဲပြီးဝင်လာတာပါ.. ဒါပေမဲ့သူတို့နှစ်ခုကတော့ဆန့်ကျင်ဘက်ပါ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် အဲ့လိုမှမဟုတ်ပဲ အဆိုးတွေကိုသာရွေးချယ်နေရင်တော့..မလှသောသေခြင်းတရားတွေဟာသင့်ကိုလက်ကမ်းကြိုဆိုနေကြပါလိမ့်မယ် ဘာသာပြန် နဲ့ အညွန်းကိုတော့ မျိုးဇင်က ရေးသားပေးခဲ့တာပါ
6.2
IMDB: 6.2/10 121,507 votes
movie
Art Of Devil 1 (2004)
2003
Kal Ho Naa Ho (2003) 8.0
Kal Ho Naa Ho (2003) အချစ်ဆိုတာ... အသက်အရွယ် မခွဲခြားပါဘူးလေ... နှလုံးသားသာရှိဖို့ပဲ လိုတာပေါ့...ကျောင်းသားလေးတစ်ယောက်ဟာ ကိုယ့်ရဲ့ အိမ်နီးချင်း ကောင်မလေးကို ချစ်မိသွားတယ်... ဒါအပြစ်လား... ချစ်မိတာ အပြစ်ဖြစ်မလား ဘယ်ဟုတ်ပါ့မလဲ...ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့အတွက်နဲ့ ကိုယ် တစ်ဖက်သက်ချစ်နေရတဲ့ ကောင်မလေးကို အောင်သွယ်ပေးခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ဒုက္ခကိုလည်း ဆင်ခြင်ပေးသင့် စာနာပေးသင့်တာပေါ့လေ...ဒီဇာတ်လမ်းက ရိုးရိုးလေးပဲရယ်... ဒါပေမယ့် ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ဒရာမာကို ပီပြင်အောင် သရုပ်ဖော်ခဲ့မှုကြောင့် Rotten Tomatoes ကြီးရဲ့ အဖွဲ့ဝင်တွေက ၇၇ ရာခိုင်နှုန်းပေးခဲ့ပြီး ကြည့်ရှုသူတွေက ၉၁ရာခိုင်နှုန်းတဲ့... IMDB က 8/10, Netflix ကလည်း 8/10 တဲ့ Rating တွေ ဒီလောက် ကောင်းနေရတာ အလကားမှ မဟုတ်ခဲ့တာပဲဟာ...ရိုက်ကူးခဲ့ရာမှာ သန်းနဲ့ချီသုံးခဲ့တဲ့ တန်ကြေးဟာ ကြည့်ရှုသူတွေရဲ့ အကောင်းဘက်နွယ်တဲ့ မှတ်ချက်တွေကို ရခဲ့တယ်...ဒါတင်ပဲလား မဟုတ်ပါဘူး နဂိုထဲက နာမည် တစ်ရိပ်ရိပ်တက်နေတဲ့ မင်းသား ရှာရွတ်ခန်းကို နာမည် အရှိန်တင်ပေးတဲ့ ဇာတ်ကားလည်း ဖြစ်ခဲ့တာပေါ့ဟောလိဝုဒ်ရဲ့ အကောင်းဆုံး ဒရာမာကားတွေထဲ တစ်ကားအပါအဝင်ဖြစ်တဲ့ Kal Ho Naa Ho ကို မျက်ရည်ချူတဲ့ကားတွေထဲမှာ တစ်ကား အပါအဝင်အဖြစ်လည်း အဖြစ်လည်းသတ်မှတ်လို့ရသေးတယ်အခုလို အကောင်းဆုံးကားတစ်ကားကို ပရိသတ်ကြီးဆီ ...
8.0
IMDB: 8.0/10 44,440 votes
movie
Kal Ho Naa Ho (2003)
2003
Bruce Almighty(2003) 6.7
Bruce Almighty(2003) စူပါဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်ကြီး ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ 486$ Millions နဲ့ အောင်မြင်မှု သရဖူဆောင်းသွားခဲ့ပါတယ်။ လက်ရှိ IMDb 6.7 ရထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ် ဆိုတဲ့ အားလုံးကို ပျော်ရွှင်စေတတ်တဲ့ အငယ်တန်း သတင်းကြေညာသူလေးဟာ အဓိက သတင်းကြေညာသူနေရာကို အမြဲရည်မှန်းနေပေးမယ့် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါ့အပြင် တခြားအဆင်မပြေမှုတွေ အတွက် ဖန်ဆင်းရှင်ကို အမြဲအပြစ်တင် ပြောဆိုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ဖန်ဆင်းရှင်ဘုရားနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကို တစ်ပတ်တိတိ ဖန်ဆင်းရှင်အဖြစ် တာဝန်လွှဲအပ်လိုက်တဲ့အခါ.......တစ်ကားလုံး ရယ်နေရသလို တွေးတောစရာ သင်ခန်းစာယူစရာတွေ အပြည့်နဲ့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။File Size      : ...
6.7
IMDB: 6.7/10 296,638 votes
movie
Bruce Almighty(2003)
2003
Daredevil (2003) 5.3
5.3
IMDB: 5.3/10 204,823 votes
movie
Daredevil (2003)
2003
Freddy vs. Jason (2003) 5.7
Freddy vs. Jason (2003) Freddy vs. Jason (2003) IMDb - 5.7/10_____Rotten - 41%  အကယ်၍ မင်းဟာ Elm Street လမ်းမတွေထက်မှာ one, two Freddy's Coming For you three, Four Better Lock the Door …… ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကိုကြားလိုက်ပြီ ဆိုရင် သေချာတယ် မင်းရဲ့ အဲ့ဒီအိမ်မက်ဆိုးကနေ မြန်မြန် နိုးထဖို့ လိုနေပါပြီ ဘာ့လို့လဲ ဆိုတော့ မင်း ဆက်ပြီး အိပ်စက်နေဦးမယ်ဆိုရင် Freddy Krueger ဆိုတဲ့ မကောင်းဆိုးဝါးကြီးက မင်းကို ထာဝရ မနိုးသောအိပ်စက်ခြင်းတွေဆီကို ရက်ရက်စက်စက် ပို့ဆောင်ပေးတော့မှာမလို့ပါပဲ အလားတူပဲ Crystal Lake မြို့လေးရဲ့ စခန်းချအနားယူအပန်းဖြေရာ Camp Crystal Lake မှာ ………… Chi Chi Chi Hah Hah Hah Chi Chi Chi Hah Hah Hah ဆိုတဲ့ အသံကြားလိုက်မယ် ဆိုရင်ရော………?? လှည့်ကြည့်မနေပါနဲ့ ပြေးသာ ပြေးပါတော့ Jason ဆိုတဲ့ ...
5.7
IMDB: 5.7/10 110,472 votes
movie
Freddy vs. Jason (2003)
2003