Channel Myanmar
2004
House of Flying Daggers (2004) 7.6
House of Flying Daggers (2004) (Zawgyi) ရယူခြင်းဟာ အချစ်တဲ့လား ပေးဆပ်ခြင်းဟာအချစ်ပဲလား တချို့လူတွေဟာ မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ပိုင်ဆိုင်ဖို့ ပေါင်းစည်းဖို့ကြိုးစားတာကို အချစ်လို့သမုတ်ကြပေမယ့် တချို့တွေကတော့ ထိုအချိန်မှာချစ်သူကိုစွန့်လွတ်ရင်း ပေးဆပ်ရင်း ချစ်နေတာကို အချစ်စစ်လို့ခေါ်ကြပြန်တယ် စသည်ဖြင့် သို့လော သို့လောတွေနဲ့ အချစ်အကြောင်းကို မသိခင် ငယ်စဉ်အခါက တီဗီရှေ့မှာဖီးလ်ခဲ့ရဖူးတဲ့ အချစ်ကားတွေထဲမှာ ဒီဇာတ်ကားလည်းအပါအဝင်ဖြစ်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းအနည်းငယ်ပြောရရင် တရုတ်ပြည် အေဒီ၅၈၉မှာ အင်အားကြီးတန်မင်းဆက်ဟာ အားလျော့ခဲ့လာပြီး တိုင်းပြည်ကို မနိုင်မနင်း အုပ်ချုပ်နေရချိန်ဖြစ်ပါတယ် သူပုန်အဖွဲ့တွေ အများအပြားသောင်းကျန်းနေချိန်မှာ အင်းအားအကြီးဆုံးနဲ့ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိနေတဲ့အဖွဲ့ကတော့ ဓားပျံတို့ရဲ့ဂေဟာ လို့ခေါ်တဲ့အဖွဲ့ဖြစ်ပါတယ် မြို့တွင်းပျော်ပွဲစားရုံတစ်ခုမှ မျက်မမြင်ကချေသည်မိန်းကလေးတစ်ဦးဟာ သူပုန်အဖွဲ့ဝင်တစ်ဦးလို့ သံသယ ရှိခြင်းခံရပြီး အစိုးရဋ္ဌာနမှုးနှစ်ဦးဖြစ်တဲ့လီယိုနဲ့ဂျင်ဟာ ထိုမိန်းကလေးနောက်ကို လိုက်ရင်း သူပုန်အဖွဲ့ရဲ့ နေရာကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ် မိန်းကလေးကိုအယုံသွင်းကာ သူ့မူလနေရာကိုပြန်ပို့ပေးရင်း နေရာကိုဖော်ထုတ်ရမယ့်တာဝန်ကိုယူတဲ့ဂျင်ဟာ ရဲမက်တွေရန်မှကာကွယ်ရင်း ထိုမိန်းကလေးအပေါ်ချစ်မိသွားကာ ဇာတ်လမ်းရဲ့အရှိန်ကိုပိုမြင့်လာစေခဲ့ပါတယ်... အချစ်ဆိုတာ တကယ်တော့ ချစ်နေဖို့လိုအပ်သလို  တခါတလေကျတော့လည်း အချစ်ကြောင့်ပဲ ကိုယ့်ဘ၀တစ်ခုလုံးရင်းရဲတဲ့သတ္တိတွေရှိလာခဲ့ပါတယ်... သိုင်းကားလေးတစ်ကားဖြစ်ပေမယ့် အမိုက်စား ဇာတ်လမ်းအစကနေအဆုံးထိအားလုံးရဲ့စိတ်ဝင်စားမှု့တွေကို အဆုံးထိဆွဲခေါ်သွားမယ့်ကားတစ်ကားဖြစ်ပါတယ်... Imdb 7.6နဲ့RT မှာတော့88%ရရှိထားပြီး နာမည်ကျော်Heroဇာတ်ကား Great ...
7.6
IMDB: 7.6/10 99,302 votes
movie
2004
Bluray.1080p.DTS-HD.x264-Grym
Walking Tall (2004) 6.2
Walking Tall (2004) အက်​ရှင်​ကားကြိုက်​တဲ့ပရိသတ်​​တွေအတွက်​ ဇာန်​ကား​ကောင်​း​လေးတစ်​ကားတင်​​ပေးလိုက်​ပါတယ်​Walking Tall ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၀၄ခုနှစ်​ထွက်​ အက်​ရှင်​ဇာတ်​ကားတစ်​ကားဖြစ်​ပြီး Imdb rating 6.2/10 ရရှိထားပါတယ်​ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ အက်​ရှင်​မင်​းသားကြီးDwayne Johnson,မင်​းသမီး​ချော Ashley Scott,မင်​းသား Johnny Knoxville စတဲ့သူ​တွေဖြစ်​ပါတယ်​ဇာတ်​လမ်​းအကျဉ်​းက​တော့ ဂုဏ်​ထူး​ဆောင်​စစ်​သားဖြစ်​ဖူးတဲ့ Chris Vaughn တစ်​​ယောက်​ ရာထူးက​နေအနားယူပြီး ​မွေးရပ်​​မြေမြို့​လေးမှာ ပြန်​အ​ခြေချ​နေထိုင်​ခဲ့ပါတယ်​။သူပြန်​လာတဲ့အခါ တစ်​မြို့လုံးမှာအကြီးဆုံးစီးပွား​ရေးက အရင်​​ကျောင်​း​နေဖက်​​တွေဖြစ်​ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်​ကိုင်​​နေတဲ့ ကာစီနို​လောင်​းကစားဝိုင်​းကြီးဖြစ်​​နေခဲ့ပါတယ်​။တစ်​မြို့လုံးမှာ ​လောင်​းကစား အရက်​ ​ဆေး စသည်​ဖြင်​့မ​ကောင်​းမှုမျိုးစုံနဲ့ပြည်​့​နေတာကိုမြင်​​နေရတဲ့အခါ Chris တစ်​​ယောက်​ ရဲ​တွေကိုယ်​စား သူ့လက်​နဲ့​ဖြေရှင်​းပါ​တော့တယ်​။သူတစ်​ကယ်​ပဲ​ဖြေရှင်​းနိုင်​ပြီး အရင်​ကလို​ကောင်​းမွန်​တဲ့မြို့​လေးပြန်​ဖြစ်​​အောင်​လုပ်​နိုင်​မှာလား....ဘယ်​လို ပြဿနာ​တွေကြုံ​တွေ့ရမှာလဲဆိုတာ စွန်​့စားခန်​းအပြည်​့နဲ့ရိုက်​ကူးထားတာမို့ အက်​ရှင်​ကားချစ်​ပရိတ်​သတ်​​တွေကြည်​့ရှု့အား​ပေးလိုက်​ပါဦး File Size : (750 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Action, ...
6.2
IMDB: 6.2/10 58,816 votes
movie
Walking Tall (2004)
2004
Blu-Ray 720p
Downfall (2004) 8.2
Downfall (2004) IMDb (8.2)...Rotten Tomatoes (91%)...Metacritic (82%)Unicodeဟစ်တလာ ကျဆုံးခန်း!!!၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ဘာလင်က Third Reich မြို့တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။" Downfall"မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။Hitler ကိုယ်တိုင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ သံသယတွေများလာ.. အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူကနေ သတ်သေဖို့ရန်အထိ စိတ်ဓါတ်ကျလာတဲ့အခါမှာတော့.......။ဒီဇာတ်ကားဟာ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ခံစားရမယ့် ကမ္ဘာ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။Director: Oliver Hirschbiegel Main actors: Bruno Ganz, Alexandra Maria ...
8.2
IMDB: 8.2/10 283,659 votes
movie
Downfall (2004)
2004
Secret Window (2004) 6.6
Secret Window (2004) Secret Window (2004) IMDb - 6.6/10_____Rotten - 46%   တချို့ဇာတ်လမ်းတွေက ဇာတ်လမ်းအကျဉ်းချုပ်ရေးလိုက်ရင် မကြည့်ရသေးတဲ့လူတွေအတွက် အရသာပျက်သွားတာမျိုးဖြစ်သွားတတ်တဲ့အတွက် ဒီဇာတ်လမ်းကိုတော့ နည်းနည်းလောက်ပဲပြောပြထားချင်ပါတယ်…ဘာလို့လဲဆိုတော့ ဇာတ်လမ်းကအရမ်းကောင်းနေလို့ပါ..ဇာတ်လမ်က အေးပါတယ် ..ဒုန်းဒုန်း ဒိုင်းဒိုင်းတွေမပါပါဘူး.အေးပါတယ်ဒါပေမယ့် ပျင်းစရာမကောင်းပါဘူး…မင်းသားကြီး Johnny Depp ရဲ့ထုံးစံအတိုင်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ သေသေချာချာအာရုံစိုက်ကြည့်ရှုပါမှ ဇာတ်ရည်လည်မယ့် ဇာတ်လမ်းမျိုးပါ..ဒီဇာတ်လမ်းက ဘာဖြစ်ပါသည်ခင်ဗျာ..ဆိုတာမျိုး ပြောမပြချင်တော့ပါဘူး သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်အမျိုးအစားလို့ပဲပြောပါရစေ..။စဉ်းစားတွေးခေါ်ချင်သူတွေအတွက်တော့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်..။အရုပ်ဆိုးတဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် စာရေးဆရာဟာ သူ့မိန်းမကို နယူးယောက်မြို့ကသူပိုင်တဲ့အိမ်မှာထားခဲ့ပြီး သူကတော့ တောအိမ်ကလေးမှာ တစ်ယောက်တည်း အထီးကျန်စွာနေရင်း စာရေးနေခဲ့ပါတယ်။ဒီလိုနဲ့နေလာတာ ခြောက်လလောက်ကြာလာတော့ အိမ်တံခါးကိုလူတစ်ယောက်လာခေါက်ပြီး အဲ့ဒီလူက စာရေးဆရာကို သူ့စာတစ်ပုဒ်ကို ပုံတူကူး ခိုးယူရေးသားခဲ့တယ်လို့ စွပ်စွဲပါတော့တယ်..။စာရေးဆရာက ငြင်းဆိုတဲ့အခါ အဲ့ဒီညမှာ စာရေးဆရာရဲ့ခွေးကိုသတ်သွားပြီးနောက် နောက်ထပ်ခြိမ်းခြောက်မှုတွေနဲ့အတူ..နောက်ထပ်လူသတ်မှုတွေ…?????2004 မတ်မှာ ထွက်ခဲ့တာဖြစ်ပြီး Rating တွေက IMDb- 6.6/10 Roger Ebert – ¾ rotten ...
6.6
IMDB: 6.6/10 179,258 votes
movie
Secret Window (2004)
2004
The Terminal (2004) 7.3
The Terminal (2004)  မင်းသားနဲ့ မင်းသမီးကတော့ တကယ့်ဂရိတ်ကြီးတွေပါ။ တွမ်ဟန့်နဲ့ ကက်သရင်းဇီတာဂျုံးတို့ပေါ့။ ဇာတ်လမ်းကျောရိုးကတော့ အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်လာတဲ့အခါ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်၊ သည်လိုနဲ့ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟာသနှော၊ အသောခပ်များများနဲ့ ၀မ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ…အမုန်းတွေ.. မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ ရည်မှန်းချက်ကိုမဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.3/10) ရရှိထားပြီး မကြည့်ဖူးတွေကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။ (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကို ကျွန်တော်ဂျီကျလို့  ကို Thae Htoo ...
7.3
IMDB: 7.3/10 325,676 votes
movie
The Terminal (2004)
2004
The Machinist (2004) 7.7
7.7
IMDB: 7.7/10 347,041 votes
movie
The Machinist (2004)
2004
Agent Cody Banks 2: Destination London (2004) 4.5
Agent Cody Banks 2: Destination London (2004) Agent Cody Banks 2: Destination London ဟာ ၂၀၀၄ ခုနှစ်​က ဆက်​လက်​ထွက်​ရှိတဲ့ ဇာတ်​ကားတစ်​ကားပါဒီဇာတ်​ကားမှာ​တော့ ကိုဒီတစ်​​ယောက်​ သံစုံတီးဝိုင်​း​ကျောင်​းသားအဖြစ်​ဟန်​​ဆောင်​ရင်​း လန်​ဒန်​မှာ စုံစမ်​း​ရေးတာဝန်​ထမ်​း​ဆောင်​ရမှာဖြစ်​ပါတယ်​....တာဝန်​က​တော့ လျိှု့ဝှက်​လက်​နက်​တစ်​ခုဖြစ်​တဲ့ စိတ်​ထိန်​းချုပ်​ကိရိယာကို တားဆီးရမှာဖြစ်​ပါတယ်​.....တာဝန်​ထမ်​း​ဆောင်​ရင်​း MI 6 ​အေးဂျင်​့ဖြစ်​သူ အတန်​း​ဖော်​သူငယ်​ချင်​း Emily နဲ့အတူပူး​ပေါင်​းပြီးလှုပ်​ရှားဖို့အ​ကြောင်​းဖန်​လာခဲ့ပါတယ်​.....သူဘယ်​လိုအခက်​အခဲ​တွေကြုံဦးမှာလဲ....တာဝန်​ကို​အောင်​မြင်​​အောင်​ထမ်​း​ဆောင်​နိုင်​မလားဆိုတာ ​ကြည်​့ရှုခံစားလိုက်​ဦး​နော်​.....File Size : (950 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-Yify Translated by Myat Noe Wutt Yi Encoded by Thanhtike ...
4.5
IMDB: 4.5/10 12,154 votes
movie
Agent Cody Banks 2: Destination London (2004)
2004
Sky Captain and the World of Tomorrow (2004) 6.1
Sky Captain and the World of Tomorrow (2004) Sky Captain and The World of Tommorrow ဇာတ်​ကားဟာ 2004 ခုနှစ်​ကထွက်​ရှိထားတဲ့ စိတ်​ကူးယဉ်​သိပ္ပံဇာတ်​ကား​လေးဖြစ်​ပါတယ်​Imdb rating အ​နေနဲ့ 6.1/10 ထိရရှိထားပြီး rotten tomatoes 71% ထိရရှိထားပါတယ်​သရုပ်​​ဆောင်​​တွေက​တော့ နာမည်​ကြီး​တွေဖြစ်​တဲ့ Jude Law,Angelina Jolie,Gwyneth Paltrow တို့ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​ဇာတ်​လမ်းအကျဉ်း​လေးက​တွော့းပညာ​တွေတိုးတက်​​ခေတ်​မီ​နေတဲ့ 1939 ခုနှစ်​မှာ သိပ္ပံပညာရှင်​တစ်​ဦးဖြစ်​သူ ​ဒေါက်​တာ Vargas တစ်​​ယောက်​ အ​ရေးကြီးပစ္စည်းတစ်​ခုပို့​ဆောင်​ရင်း ​ရုတ်​တရက်​​ပျောက်​ဆုံးသွားပါတယ်​ဤဖြစ်​ရပ်​နဲ့အလားတူ သိပ္ပံပညာရှင်​ ငါးဦးတိတိ​ပျောက်​ဆုံးမှုကို​လေ့​လာစုံစမ်း​နေတဲ့ သတင်း​ထောက်​မ​လေး Polly Perkins ဟာ စုံစမ်းရင်း ​ဒေါက်​တာ Jennings နဲ့​တွေ့ဆုံခဲ့ပါတယ်​ ​တွေ့ဆုံစဉ်​ ​ဒေါက်​တာ Jennings မှ ​ဒေါက်​တာ Tokenkopf ဆိုသူ၏​နောက်​ပစ်​မှတ်​မှာ သူဖြစ်​​ကြောင်း​ပြောခဲ့ပါတယ်​.....ထိုစဉ်​ရုတ်​တရက်​ အစွမ်းထက်​စက်​ရုပ်​များ သူမတို့မြို့ကိုတိုက်​ခိုက်​လာပါ​တော့တယ်​....စက်​ရုပ်​များကိုတန်​ပြန်​တိုက်​ခိုက်​သူ Sky Captain လို့​ခေါ်တဲ့ ...
6.1
IMDB: 6.1/10 75,913 votes
movie
2004
Chasing Liberty(2004) 6.1
Chasing Liberty(2004) ညစာစားနေတဲ့ကောင်လေးနဲ့ကောင်မလေးတို့စားပွဲဝိုင်းကို လူရွယ်တစ်စုချဉ်းကပ်သွားတယ် သူတို့ထဲကတစ်ယောက်က အင်္ကျီအိပ်ထဲကိုလက်နှိုက်လိုက်တယ်....ဒီအပြုအမူကြောင့် သက်တော်စောင့် အယောက် ၂၀လောက်က လူရွယ်တစ်စုကို ခုန်အုပ်လိုက်တယ် ကောင်လေးနဲ့ကောင်မလေးရဲ့ပျော်ရွှင်ဖွယ်ညတစ်ညဟာ သက်တော်စောင့်တွေကြောင့် အကျဉ်းတန်သွားတယ် သက်တော်စောင့်တွေကလည်းသူတို့တာဝန်သူတို့လုပ်ရတာကိုး ဘာဖြစ်လို့လဲဆိုတော့ ညစာစားတဲ့ကောင်မလေးဟာ သမ္မတရဲ့သမီး ဖြစ်နေလို့ပါပဲ..ဒါကြောင့် ချဉ်းကပ်သွားတဲ့လူရွယ်တစ်စုဟာ အန္တရယ်ပြုနိုင်သူဖြစ်နိုင်တော့  သူတို့လည်းအခြေအနေအရ တားဆီးလိုက်ရတယ်....ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ phenylethylamine လို့ခေါ်တဲ့ natural chemical တစ်ခုထွက်ပါတယ် သူ့ရဲ့အစွမ်းသတ္တိကဘာဖြစ်လဲဆိုတော့စိတ်ကိုနူးညံပျော့ပျောင်းစေတယ် ချစ်တတ်စေတယ် ခံစားတတ်စေတယ် ဒါပေမယ့် phenylethylamine က အချိန်တိုင်းမထွက်ဘူးကာလအပိုင်းအခြားနဲ့ ထွက်တာ....ချစ်သူများနေ့မှာ ချောကလက်ဘာကြောင့်ကျွေးလဲဆိုတော့ ချောကလက်ဟာ phenylethylamine ကိုထွက်စေလို့ ကိုယ်ချစ်တဲ့သူကို ကျွေးကြတယ်လို့ပြောကြတယ်....ဒီကားကိုကြည့်ရတာ ကမ္ဘာ့အစွမ်းထက်ဆုံးချောကလက်ကိုစားရသလိုပဲ ..phenylethylamine တွေ ဘယ်လောက်တောင် နှလုံးသားမှာ ပြေးလွှားနေလဲမသိ.ရင်တွေခုန်တယ် ...Plot ကလည်းဆွဲဆောင်မှုရှိတယ် သမ္မတရဲ့သမီးနဲ့အေးဂျင့်ကောင်လေးတစ်ယောက်ပေါ့... ဒီကားထဲကကောင်လေးနဲ့ကောင်မလေးပြောတဲ့စကားအတော်များများဟာ ကဗျာရနံတွေထုံလွှမ်းနေတယ်... နောက်ခံသီးချင်းလေးတွေကလည်း လှပလွန်းတယ် တစ်ခါတစ်ရံကိုယ့်ရဲ့ရင်ခုန်သံဟာ ဇာတ်ကားထဲကသီးချင်းရဲ့ ခပ်မှန်မှန်ထွက်နေတဲ့ BASS သံထက်တောင်ကျယ်လောင်နေတတ်တယ်...သေချာတယ် ခင်ဗျားတို့လည်းဒီကားကြည့်နေရင်း ကယောင်ကတမ်းနဲ့ ကိုယ့်ဘယ်ဘက်ရင်အုံကိုပြန်စမ်းမိလိမ့်မယ်.....File Size…(850MB) and (398MB) Quality…DVDrip Format…mp4 Duration…01:50:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo ...
6.1
IMDB: 6.1/10 32,184 votes
movie
Chasing Liberty(2004)
2004
Eternal Sunshine of the Spotless Mind(2004) 8.3
Eternal Sunshine of the Spotless Mind(2004) Eternal Sunshine of The Spotless Mind IMDb...8.3,,,,Rotten...93 ကျွန်တော်တို့တွေ အရွယ်လေးရ အသိဥာဏ်လေးစဖွံဖြိုးလာတဲ့အချိန်ကစလို့ အနည်းအများ အနာဂတ်အတွက်အစီအစဉ်တွေဆွဲကြတယ်အထူးသဖြင့်စီးပွားရေး အချစ်ရေးတွေပေါ့...တစ်ချို့သောအရာတွေဟာ အစီအစဉ်အတိုင်းဖြစ်ပေမယ့် အချစ်ရေးမှာတော့ တက်တက် စင်အောင်လွဲမှားမှုတွေရှိတတ်တယ် ဘာလို့ဆို နှလုံးသားက ဦးဏှောက်ကိုလွှမ်းမိုးနိုင်စွမ်းရှိလို့ပါပဲ အချစ်စိတ်ကြောင့်မလုပ်နိုင်ဘူးထင်တာတွေလုပ်ရဲလာတယ် မကြောက်သင့်တာတွေကိုကြောက်တတ်လာတယ်....ချစ်သူ ၂ ဦးအဖို့ မွေးဖွားရာပတ်ဝန်းကျင်မတူ ရပ်တည်ပုံချင်းမတူဆိုတော့ ရေရှည်မှာ အထိုက်အလျှောက် အယူအဆတွေလွဲမှားလာကြတတ်တယ်.....ဒီလိုအချိန်မှာ နားလည်မှုဆိုတဲ့ဝေါဟာရဟာပျောက်ဆုံးနေတတ်တယ်... သိပ်ချစ်ပေမယ့် လမ်းခွဲလိုက်ရတဲ့အခါမှာ သူနဲ့ပတ်သက်သမျှအတိတ်ကအမှတ်တရတွေအားလုံးကိုမေ့ပစ်ချင်ကြတယ် ဒီကားထဲက Joel နဲ့ Clementine ဆိုတဲ့ စုံတွဲလေးက ချစ်စအချိန်မှာတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေပေမယ့် အချိန်ကြာမြင့်လာတာနဲ့အမျှ ပြသနာသေးသေးလေးတွေ အဖုအထစ်လေးတွေ ကြုံလာရပါတော့တယ်။ အဲ့လိုအချိန်မှာ အေးအေးေ ဆးဆေးသမား စကားနည်းတဲ့ Joel နဲ့ စိတ်မြန်လက်မြန် Clementine တို့နှစ်ယောက် ဝေးကွာသွားခဲ့ပြီး ကိုယ့်လက်တွဲဖော်ကို ကိုယ့်မှတ်ဉာဏ်တွေထဲကအပြီးထုတ်ပစ်ဖို့ နှစ်ယောက်စလုံး ကြိုးစားလာပါတော့တယ်..မှတ်ဥာဏ်ဖျက်ပေးတဲ့သိပံပညာရှင်ဆီမှာအကူအညီတောင်းတယ်. မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့အခါ ဝမ်းနည်းစရာ၊ ပြသနာဖြစ်ခဲ့တဲ့အချိန်ကာလတွေအပြင် ပျော်ရွှင်ရယ်မောခဲ့တဲ့အချိန်တွေကိုပါ ဖျက်ဆီးသွားမှာဖြစ်တဲ့အတွက် Joel တစ်ယောက် ...
8.3
IMDB: 8.3/10 742,597 votes
movie
Eternal Sunshine of the Spotless Mind(2004)
2004
Blu-Ray 720p
Shaun of the Dead (2004) 7.9
7.9
IMDB: 7.9/10 509,366 votes
movie
Shaun of the Dead (2004)
2004
Troy (2004) 7.2
Troy (2004) Troy (2004) IMDb - 7.2/10_____Rotten - 54%  Troy (2004)Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဘူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေ အကြောင်းကို ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေ လက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီး ဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျို းတို့ ၏ ထရွို င်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြု စိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။ လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ ထရွို င်နိုင်ငံအား ...
7.2
IMDB: 7.2/10 478,948 votes
movie
Troy (2004)
2004
Before Sunset (2004) 8.0
Before Sunset (2004) Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို့ နှစ်ဦးရဲ့ အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို့ လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ့ အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလိုက်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ့  စကားတွေများနေကြတာလဲ ဆိုပြီး … .အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ့ ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ ...
8.0
IMDB: 8.0/10 181,350 votes
movie
Before Sunset (2004)
2004