Channel Myanmar

2004

The Punisher (2004) 6.5
The Punisher (2004) အက်ရှင်ကားကောင်းတွေကိုကြိုက်တက်တဲ့ CM Fans တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကတော့ Marvel Superhero Fans တွေအကြိုက်တွေတဲ့ The Punisher ဇာတ်ကားဖြစ်ပါတယ်။ဒါပေမဲ့ Superhero တစ်ယောက်မဟုတ်ပဲ သာမန် စေတနာ့ဝန်ထမ်း မကောင်းသူပယ် ကောင်းသူကယ် ၀န်ထမ်း တစ်ယောက် သာမန် လူတစ်ယောက်သာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့... FBI ရဲ့ လျို့ဝှက်အေးဂျင့်တစ်ယောက်ဟာ သူ့မိသားစုကို ရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့ စီးပွားရေးသမားတစ်ယောက်ကို လက်စားချေရန် လိုက်ရှာရာမှ မကောင်းမှုတွေဖယ်ရှားသော စေသနာ့ဝန်ထမ်း သုတ်သင်ရှင်းလင်းရေးသမားတစ်ယောက် ဖြစ်လာခဲ့သည်။ သူရှာနေသော သူ့ရန်သူတော်ကို လက်စားချေနိုင်မလား၊ လမ်းကြုံလို့ အမြင်မတော်တာတွေ ဖြေရှင်းရင်းမှ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလားဆိုတာကို ကြည့်ရှုလိုက်ကြပါစို့လားဗျာ။ Tariq L WalkerFile Size : 1GB / 350 MB Quality : 720P Running Time : 2hr Format : Mp4 Genre : Action, Crime, Drama Translator : Moonlight777 Encoder :Tariq L Walker  Download ...
6.5
IMDB: 6.5/10 128,656 votes
movie

The Punisher (2004)

2004
Moving Targets (2004) 6.3
Moving Targets (2004) IMDb rating 6.3 ရထားပြီး ၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်အက်ရှင်ကာကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ကစ် ဟာ ကံကောင်းစွာနဲ့ပဲ ထူးချွန်တဲ့ ရဲအရာရှိမိသားစုမှာ မွေးဖွားလာခဲ့တဲ့သူတစ်ယောက်ပါ တစ်နေ့မှာ ကစ်ရဲ့ မိဘ ၂ ယောက်ဟာ သဘောထားခြင်းမတိုက်ဆိုင် တာကြောင့် မိသားစု ဟာပြိုကွဲဖို့ အကြောင်းဖန်လာပါတော့တယ် ကစ် တစ်ယောက်ကြီးပြင်းလာတဲ့ အခါမှာတော့ မိသားစု မျိုးရိုးအတိုင်းပဲ ထူးချွန်တဲ့ အရာရှိတစ်ယောက်ဖြစ်လာပါတော့တယ် ကဲ ကစ် တစ်ယောက်ထူးချွန်တဲ့ အရာရှိတစ်ယောက် ဖြစ်လာတဲ့အခါမှာ တော့ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြပါ တော့နော် သူ့အဖေနဲ့ ကော ဘယ်လိုတွေများ ဆက်ဖြစ်ကြအုံးမလဲ ဆိုတာ ကော ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ ။Download Large File From Pcloud Download Small File From Pcloud
6.3
IMDB: 6.3/10 225 votes
movie

Moving Targets (2004)

2004
Swades (2004) 8.3
Swades (2004) Bollywood ဇာတ်ကား တွေထဲမှာ Swades (We, the People) ဆိုတဲ့ဇာတ်ကား မကြည့်ရသေးသူတွေအတွက် မိတ်ဆက်ပေးချင်သဗျ။ ဒီဇာတ်ကားက Entertainment ထက်ပိုတဲ့ သက်ရောက်မှုရှိခဲ့တာ တစ်ကြောင်း၊ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်း ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တာက တစ်ကြောင်း၊ ဇာတ်ကား တစ်လျှောက်လုံး တကယ့် သရုပ်မှန် ရိုက်ထားတာကလည်း ထူးခြားတယ်ဗျ။ Swades ကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ "အမိတိုင်းပြည်" ပေါ့ဗျာ။ ကဲ "အမိတိုင်းပြည်" လို့ဆိုရင် နိုင်ငံခြားကိစ္စပါလာမယ်။ အဲ.. နိုင်ငံခြားကိစ္စပြောရင် ပြောင်းရွှေ့နေထိုင်မှု(migration) အကြောင်း ပါပြီ၊ အဲဒီ (migration) ဆိုတာကြီးကို မွေးထုတ်ပေးလိုက်တဲ့ လက်သည်တွေက အများကြီးကိုး... အဲ (migration) ကြောင့်ဘာဖြစ်လာသလဲ အဖြေက ဦးနှောက်ယိုစီးမှု (Brain Drain) ပေါ့ဗျာ .... ကဲ ဦးနှောက်ယိုစီးမှု ဖြစ်ရင် အဓိက နစ်နာတာက ...
8.3
IMDB: 8.3/10 62,994 votes
movie

Swades (2004)

2004
3 IRON (2004) 8.1
3 IRON (2004)   ဆိုက်ကို ဆန်ဆန် ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ထူခြားတာက ဒီဇာတ်ကားထဲမှာ မင်းသားက စကားတစ်ခွန်းမှပြောမသွားတာပဲ (ဘာသာပြန်ရတာသက်သာတာပေါ့????????) သူက ဆိုင်ကယ်တစ်စီးနဲ့ ပန်းဖလက်တွေကို အိမ်တွေရဲ့ သော့ပေါက်တွေမှာလိုက်ကပ်တယ် ပြီးတော့ ညကြမှလာပြန်ကြည့် ပန်းဖလက် မကွာသေးတဲ့ အိမ်တွေဆို သော့တုနဲ့ဖွင့်ပြီး အိမ်ထဲကိုဝင် စားစရာရှိတာချက်ပြုတ်စား၊ ရေချိုး၊ ရုပ်ရှင်ကြည့်၊ ပျက်နေတဲ့ ပစ္စည်းတွေတွေ့ရင်ပြင်၊ အမြင်မတော်တာတွေကောက်သိမ်း၊ အဝတ်တွေလျော် သူအိမ်လိုပဲနေတယ် ပြီးရင် ဘာပစ္စည်းမှမယူပဲ ဒီအတိုင်းပြန်ထွက်သွားတယ် တစ်ရက်ကျတော့ လူမရှိဘူးထင်ပြီး သူဖောက်ဝင်ခဲ့တဲ့ အိမ်ထဲမှာ အတင်းအကျပ်လက်ထပ်ယူထားပြီး နှိပ်စက်ခံထားရတဲ့ မိန်းမတစ်ယောက်နဲ့သွားဆုံတယ် ပြီးတော့ အဲ့မိန်းကလေးကို နှိက်စက်နေတဲ့သူကို ဂေါက်သီးနဲ့ တည်ရိုက်ပြီးတော့ ထွက်လာတော့ အဲ့မိန်းမကလဲ လိုက်လာတယ် ဒီလိုနဲ့ သူတို့နှစ်ယောက် တစ်အိမ်ပြီးတစ်အိမ် လိုက်ဖောက်ပြီးနေနေရင်းနဲ့မှ ကြိုက်သွားကြတယ်ပေါ့ဗျ တစ်နေ့ကြတော့ သူတို့ ဖောက်ဝင်တဲ့ အိမ်ထဲမှာ သေဆုံးနေတဲ့ အဖိုးကြီးတစ်ယောက်ကို တွေ့တဲ့အခါ သူတို့ ဘာတွေဆက်လုပ်ကြမလဲ....? ဒီဇာတ်ကားကတော့ ကျော်ကိုယ်တိုင် ကြည့်ဖူးသမျှ ကိုရီးယားကားတွေထဲက အကြိုက်ဆုံးဇာတ်ကားပါ ဇာတ်အိမ်က နားထောင်ကြည့်ရင် ပျင်းစရာကြီးဆိုပေမယ့် ဇာတ်ကားပြီးတြ့အထိ ကောင်းကောင်းဆွဲဆောင်သွားနိုင်တဲ့ ကားပါ 2004 တုန်းကထွက်ထားတာဖြစ်ပြီး IMDb 8.1 အထိရထားတဲ့ ဇာတ်ကားလေးပါ ဇာတ်ကားဆန်းဆန်းလေးတွေ ကြည့်ချင်တဲ့လူတွေ အကြိုက်တွေ့ကြမှာပါ ...
8.1
IMDB: 8.1/10 39,906 votes
movie

3 IRON (2004)

2004
Million Dollar Baby (2004) 8.1
Million Dollar Baby (2004) Million Dollar Baby (2004) IMDb - 8.1/10______Rotten - 91% Won 4 Oscars. Another 64 wins & 84 nominations.  ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့် နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့ လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊ လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့ အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။ သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့ အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ Happy Ending လေးနဲ့သိမ်းထားပေးပြီး ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။ ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊ လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့ စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့ အောက်ခြေကနေအဆင့်ဆင့် အကောင်အထည် ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက် သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။ သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား? အနိုင်ပိုင်းထွက်ခွာခြင်းလား? ဒီနှစ်ခုကြားက ...
8.1
IMDB: 8.1/10 616,589 votes
movie

Million Dollar Baby (2004)

2004
Hotel Rwanda (2004) 8.1
Hotel Rwanda (2004) Hotel Rwanda (2004) IMDb - 8.1/10______Rotten - 91%ဒီကားလေးက IMDB 8.1/10 ရရှိထားပြီး 1990 ကာလပိုင်းကရဝမ်ဒါနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အဆိုးရွားဆုံးလို့သတ်မှတ်ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးတစ်ခုကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန် Historical Dramaဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ စက်ဆုပ်ရွ့ံ့ရှာဖွယ်ကောင်းတဲ့ လူသားမဆန်မှုတွေကိုကြည့်ပြီးအသိတရား ရရှိစေမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းမကြည့်ခင်Rwanda နိုင်ငံရဲ့ Hutu နဲ့ Tusti တွေအကြောင်းနည်းနည်းသိထားမှ ကြည့်ရတာ ပိုအသက်ဝင်ပါလိမ့်မယ်။Rwanda နိုင်ငံကို ဘယ်လ်ဂျီယံတွေအုပ်ချုုပ်စဉ်က Rwanda နိုင်ငံသားတွေကိုလူမျိုးနှစ်စုခွဲခဲ့ပါတယ်။ နှာခေါင်းရှည်ရှည်နဲ့အသားဖြူဖြူ ရုပ်သန့်သန့်ကောင်တွေကို Tusti တွေအဖြစ် သတ်မှတ်ပြီးတော့အုပ်ချုပ်ရေးပိုင်းမှာ အလုပ်တွေခန့်ပြီး နေရာပေးခဲ့ပါတယ်။အဲဒီကတည်းကအခွဲခြားခံ Hutu တွေဟာ ဘယ်လ်ဂျီယံအစိုးရနဲ့တစ်ပါတည်း Tusti တွေကိုပါမုန်းတီးစိတ်ဝင်သွားကြတာပါ။ ဘယ်လ်ဂျီယံတွေ အာဏာပြန်လွှဲချိန်ကျတော့Hutu တွေဆီ အာဏာလွှဲအပ်လိုက်ရတာနဲ့ ခေတ်အဆက်ဆက်အဖိနှိပ်ခံ Hutu တွေဟာ Tusti တွေကို အခဲမကျေဘဲရက်ရက်စက်စက် လက်စားချေဖို့ လုပ်ကြတာဖြစ်ပါတယ်…1990 လို ...
8.1
IMDB: 8.1/10 326,422 votes
movie

Hotel Rwanda (2004)

2004
HD-Rip 720p
Two Brother (2004) 7.1
Two Brother (2004) ကဲ Old But Gold ကားတစ်ကားနဲ့ အခုတပတ် Monday ည အတွက် အပန်းဖြေကြည့်ရှူဖို့တင်ဆက်ပေးလိုက်ပါတယ် သင်က တိရိစ္ဆာန်ချစ်တတ်တဲ့လူတစ်ယောက်လား အထူးသဖြင့်မွေးဖို့မလွယ်တဲ့ကျားပေါက်လေးတွေကိုချစ်တတ်လား ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးရဲ့ အသည်းနှလုံးကို သိမ်းပိုက်သွားမှာ သေချာပေါက်ပါဘဲ ဒီကားလေးဟာဆိုရင် ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံစတင်တဲ့ တစ်ပတ်အတောတွင်းမှာတင် top 9 အထိရောက်ရှိခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဘဲဖြစ်ပါတယ် ၁၉၂၀ပြည့်နှစ် ကယ်လီဖိုးနီးယားပြည်နယ်ဘက်က အဖြစ်အပျက်လေးတစ်ခုနဲ့ ဇာတ်လမ်းကျောရိုးကိုယူထားပါတယ် အဓိကဇာတ်ဆောင်အနေနဲ့ကတော့ ဆွန်ဂါနဲ့ကူမာလို့ခေါ်တဲ့ ကျားလေး၂ကောင်အကြောင်း ဖြစ်ပြီးတော့ အရိုင်းသတ္တဝါ၂ကောင်နဲ့ လူသား၂ဦးကြားက ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြထားတဲ့အတွက်ကြောင့် ကြည့်ပြီးရင်း ထပ်ကြည့်ချင်ကို ဖြစ်နေတော့မှာပါ ပြင်သစ်နဲ့ ထိုင်းဘက်က ကျားအကောင် ၃၀လောက်ကို သုံးထားတာဖြစ်ပြီးတော့ အကယ်ဒမီရလောက်တဲ့ ကျားတို့ရဲ့မာယာ ( သရုပ်ဆောင်ချက် ) တွေကိုလည်း မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ကယ်လီဖိုးနီးယားတောအုပ် ထဲက ဘုရားကျောင်းအပျက်တွေကြားမှာနေကြတဲ့ ကျားမကြီးနဲ့သူ့ရဲ့ သားလေး၂ကောင်၊ မုဆိုးအလုပ်နဲ့ တွက်ချေမကိုက်လို့ ဘုရားဆင်းတုတော်ဟောင်းတွေမှောင်ခိုဖို့ စိတ်ကူးနဲ့ ရောက်ရှိ လာတဲ့ မတ်ခရော်နီနဲ့ ထိပ်တိုက်ကိုတွေ့ပါတော့တယ် ...
7.1
IMDB: 7.1/10 11,998 votes
movie

Two Brother (2004)

2004
Millions 2004 7.0
Millions 2004 ဒီ မီလီယမ် ဆိုတဲ့ကားလေးကတော့ 2004 ခုနှစ်က ထွက်ခဲ့တဲ့ IMBD rating 7 ထိ ရရှိထားတဲ့ ဒရာမာကားကောင်းလေးတစ်ကားပါ... ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဒမ်မီယမ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ.. ဇာတ်လမ်းအကျဉ်းကတော့.. တစ်ရက်မှာ ဒမ်မီယမ်ရယ် သူ့အဖေရယ် သူ့အစ်ကိုတို့ရယ်ဟာ အိမ်ပြောင်းလာခဲ့ကြပါတယ်.. ဒမ်မီယမ်လေးဟာ အရွယ်နဲ့မလိုက်အောင် ဘာသာရေးကို ယုံကြည်ပြီး အလှူအတန်းရက်ရောတတ်တဲ့ စိတ်ဓာတ်လေးရှိပါတယ်.. တစ်ရက်မှာ သူနေနေကျ မီးရထားလမ်းဘေးက နေရာလေးပေါ်ကို ငွေတွေ မီလီယံချီ ပါတဲ့ ငွေအိတ်ကြီးတစ်အိတ်ကျလာခဲ့တယ်.. ရိုးသားတဲ့ ဒမ်မီယမ်လေးဟာ ဘုရားသခင်က သူ လှူဒါန်းဖို့အတွက်ပေးခဲ့တာ လို့ပဲ ထင်နေခဲ့ပါတယ်.. ငွေအိတ်အကြောင်းကို သူ့အစ်ကိုကိုသာ ပြောပြခဲ့ပါတယ်.. နောက်ပိုင်းမှာ ဒမ်မီယမ်လေးဟာ ရောက်တဲ့နေရာတိုင်း ဆင်းရဲသားတွေကို ငွေတွေပုံအောပြီး ပေးနေခဲ့ပါတယ်.. ဒီလိုနဲ့.. တစ်နေ့မှာ ငွေအိတ်ကြီးက သူထင်သလို ဘုရားသခင်ကပေးခဲ့တာမဟုတ်ပဲ.. ဓားပြတစ်ယောက်ရဲ့ ခိုးရာပါအိတ်ဖြစ်နေတဲ့အခါမှာတော့... ...
7.0
IMDB: 7.0/10 21,949 votes
movie

Millions 2004

2004
Dhoom (2004) 6.7

Dhoom (2004)

2004
Mindhunters (2004) 6.4
Mindhunters (2004) IMDb 6.4/10 ထိ ရထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး သည်းထိတ်ရင်ဖို လျို့ဝှတ်ချက်တွေ အပြည့် နဲ့ ဇတ်လမ်း မျိုးဖြစ်ပါတယ်... 18+ အခန်း တစ်ချို့ နှင့် သွေးထွက်သံယို အခန်းများ ပါဝင်၍ ကလေးသူငယ်များ နှလုံးရောဂါ ရှိသူများ ကြောက်တက်သူများ ကြည့်ရှုရန် မသင့်တော်ပါ FBI မှ သူတို့ ဆီမှ အတော်ဆုံး လူ တစ်ချို့ကို စုစည်းပြီး လေ့ကျင့်ခန်း ဆင်းပေးဖို့အတွက် လူပုံတူ အရုပ်နှင့် အဆောက်အဦးများသာ ရှိသော မှုခင်း စမ်းသက်ကွင်း သဖွယ် ဖန်တီးထားသော အိုနေဂါ ကျွန်းပေါ်သို့ ပို့ထားမှာ ဖြစ်ပါတယ်... အသင်းအဖွဲ့ဖြင့် အလုပ်လုပ်တက်စေရန် မှုခင်း ဖော်ထုတ်မှု မြန်ဆန်စေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ပါတယ်.. FBI အေးဂျင့် တွေ အနေနဲ့ ထို တန်းဆင်း လေ့ကျင့်မှု အောင်မြင်မှာသာ ပြန်ရမှာ ဖြစ်ပေမယ့် ထို ကျွန်းက သူတို့အတွက် မပြန်လမ်း တစ်ခု အဖြေရှာမရသော ...
6.4
IMDB: 6.4/10 50,208 votes
movie

Mindhunters (2004)

2004
Alien vs. Predator (2004) 5.6
Alien vs. Predator (2004) ခုတစ်ပတ်မှာတော့ CM ပရိတ်သက်တွေကို ဂြိုလ်သားတွေဆီ ခေါ်သွားပါရစေ... Predator ဆိုတဲ့ ရုပ်ဆိုးဆိုး ဂြိုလ်သားတွေကိုတော့ ရင်းနှီးနေမှာပေါ့နော် သူတို့ တွေဟာ လူသားတွေထက် ခေတ်လွန်သိပ္ပံနည်းပညာ တွေ တက်မြောက်ထားပြီး ပိုပြီး ဉာဏ်ရည်မြင့်မားတဲ့ ဂြိုလ်သားတွေပါ... သူတို့ အမဲလိုက်တဲ့ ဂြိုလ်သား တွေ ရှိပါသေးတယ် အဲ့ဒီအကောင်တွေကိုတော့ Alien လို့ ခေါ်ပြီး ရိုင်းစိုင်း ဆိုးသွမ်းပြီး အမြဲတမ်း သက်ချင် ဖြတ်ချင်စိတ်ပဲ ရှိနေတဲ့ ကောင်တွေပါ... ဒီဇတ်လမ်းမှာတော့ Predator တွေနဲ့ Alien တွေကြား ဝင်ပါရမယ့် လူသားတွေအကြောင်း ကို ကြည့်ရမှာဖြစ်ပါတယ် ဇတ်လမ်း ပုံစံကတော့ သူဌေးကြီးတစ်ဦးဟာ သူမသေခင် နာမည် တစ်ခု ကျန်ရှိခဲ့ဖို့ အတွက် ကမ္ဘာ့ ပထမဦးဆုံး လူမျိုးတွေ တည်ဆောက်ခဲ့သော ပိရမစ် တစ်ခု ကို ရှာဖို့ အတော်ဆုံး လူတွေကို စုစည်းပြီး ရှာဖွေဖို့ ကြိုးပမ်းမှာပါ.. ဒါပေမယ့် ထို ပိရမစ် ကို ...
5.6
IMDB: 5.6/10 145,248 votes
movie

Alien vs. Predator (2004)

2004
[18+]Everybody Has a Little Secret (2004) 6.1
[18+]Everybody Has a Little Secret (2004) ကိုရီးယားမင်းသားတွေထဲမှာ သောက်ကျိုးနည်းရှားပါးလှတဲ့ ယောင်္ကျားပီပီသသသရုပ်ဆောင်မင်းသားကြီး လီဗျောင်ဟွန်းရဲ့ 18+ ဇာတ်ကားပါ။ညီအစ်မသုံးယောက်ကြား လျှို့ဝှက်ချက်တချို့နဲ့ လီဗျောင်ဟွန်းကို လတ်လတ်ဆတ်ဆတ်တွေ့ရမှာပါ။"အချစ်လား....ရှုပ်ထွေးတယ်"  ဆိုတဲ့စကားကို ဒီဇာတ်ကားနဲ့ အတော်သဘောပေါက်ပါပြီ။Comedy...Romance အမျိုးအစားဖြစ်ပြီး IMDB Rating (6/10) ရရှိထားပါတယ်။နှမြောစရာကောင်းတာက BluRay Quality မရနိုင်တော့တာပါပဲ....ဒါကြောင့် အကြည်ဆုံးအဖြစ် ကျန်ရှိနေတဲ့ DVDrip Quality နဲ့သာတင်ဆက်လိုက်ရပါတယ်။(Phyo Thu Hein မှ ခံစားတင်ဆက်ထားတာပါ။)  File size…(700MB) Quality…DVD-Rip Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
6.1
IMDB: 6.1/10 476 votes
movie


2004
Spider-Man 2 (2004) 7.3
Spider-Man 2 (2004) CM မှာ Spider Man 1 ကိုတင်ပေးပြီးတဲ့နောက် အခု 2 ကိုတင်ပေးလိုက်ပါပြီ..အရင်မင်းသားဇာတ်ကားပါ ကျွန်တော်ကတော့ အရင်မင်းသားနဲ့ဇာတ်လမ်းတွေကိုပိုသဘောကျမိပါတယ်..IMDb Rate လည်း 7.3 ရရှိထားပါတယ်..ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်.သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်း ၀မ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘ၀ကို ရာဇ၀တ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်း နေရပါတယ်..မေရီဂျိန်းဟာလည်း သူငှေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ ...သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုပေးမယ့် အန္တရာယ်အသစ်လည်းတိုးလာပါတယ်..ဒါတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဒေါင်းပြီးကြည့်ရှုနိုင်ပါပြီFilesize : 594 MB Quality : BrRip720p Format : mp4 Run Time : 2h 7min Subtitle : Myanmar Subtitle ( Hardsub ) Translated By Min Htet Oo Encoded By LK
7.3
IMDB: 7.3/10 votes
movie

Spider-Man 2 (2004)

2004
BluRay 720p
Tae Guk Gi: The Brotherhood of War (2004) 8.1
Tae Guk Gi: The Brotherhood of War (2004) Tae Guk Gi : The Brotherhood Of War (2004) IMDb - 8.1/10_____Rotten - 80%  လူကြိုက်များပြီးသားစစ်ကားတကားဖြစ်သလို မြန်မာစာတန်းထိုးနဲ့ ရသပြည့်ပြည့်၀၀ ခံစားရအောင်တင်ဆက်ပေးလိုက်ပါတယ် သမိုင်းနောက်ခံ Fatherland Liberation War လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ 25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ် ၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့် ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက် အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ် ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ ၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ် ၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ် ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီး သူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက် အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ် ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်.... ညီအကို၂ယောက်ကတော့  ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့ နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်...သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ..... အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့ အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်   ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့ သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်... ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကို မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ် အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေ ညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ် စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ... သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ... ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယား တပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ... စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလို အချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်း အပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကို ရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ် IMDb rating 8.2 ထိရထားပြီး အတော်လေးကိုကောင်းတဲ့စစ်ကားဖြစ်ကြောင်းညွှန်းပါရစေ မဖြစ်မနေကြည့်သင့်တဲ့စစ်ကားတကားဖြစ်တယ်လို့ပဲညွှန်းပါရစေ...  ဘာသာပြန်သူအညွှန်းရေးသူကတော့ " ...
8.1
IMDB: 8.1/10 37,343 votes
movie

Tae Guk Gi: The Brotherhood of War (2004)

2004
Blu-Ray 720p
Van Helsing (2004) 6.1
Van Helsing (2004) Van Helsing (2004)_____IMDb - 6.1/10    ဒီဇတ်ကားကတော့x -menမင်းသားရဲ့ အရမ်းကောင်းတဲ့ဇတ်ကားတစ်ကားပါဒီဇတ်ကားဟာ ကျွန်တော့်ရဲ့ပထမဆုံးဘာသာပြန်တဲ့ဇတ်ကားဆိုလည်းမမှားပါဘူး ဒီဇတ်ကားကိုpredatorရယ်the forbidden kingdomရယ မပြန်ခင်ကတည်းကကျွန်တော်ပြန်ထားတာ ပါဒါပေမဲ့အတွေ့အကြုံ မရှိသေးတာရယ်အထာမနပ်သေးတာ ရယ်ကြောင့်လိုအပ်ချက်တွေအများကြီးနဲ့မို့ကျွန်တော် နောက်တခါပြန်editလုပ်ခဲ့ရပါတယ်အရမ်းပင်ပန်းခဲ့ရ တဲ့ဇတ်ကားလေးပါပဲဒီကားလေးဘာသာပြန်ဖို့ကူညီ တဲ့ကျွန်တော်တို့channelmyanmatရဲ့ညီအစ်ကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ် အဓိကကပြည့်ဟိန်းစိုးရယကိုကျော်ကျော်ဇင်ဖြို းရယ်ကိုအဓိကထားကျေးဇူး တင်ပါတယ်ကျွန်တော်ရေးထားတာကိုဂရုတစိုက်ဖတ်ရှု ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် (အညွန်းကိုပြောရရင်တော့van helsingဆို တဲ့ဗင်ပိုင်းယားမုဆိုးတစ်ယောက်အကြောင်းပ နှစ်လေးရာသက်တမ်းရှိနေပြီဖြစ်တဲ့စွမ်းအားကြီးမား တဲ့ဗင်ပိုင်းယားတစ်ကောင်ကိုဘယ်လိုနှိမ်နင်းလဲဆိုတာကိုစိတ်ဝင်တစားကြည့်ကြရမှာပပီးတော့ သွေးစုပ်ဗင်ပိုင်းယားလင်းနို့တွေရယ် လူတစ်ပိုင်းဝံပုလွေတစ်ပိုင်းတွေရယ်အချစ်အလွမ်းရသပေါင်းစုံပါဝင်တာ ကြောင့်လက်မလွတ်သင့်တဲ့ဇတ်ကားကောင်းတစ်ကားလို့ပြောလိုက်ပါရစေ)   (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htweပဲ ဖြစ်ပါတယ်)    File Size         : 943 MB Quality           : Blu ray Rip 720P Running Time : 2hr 11 minute Format           : Mp4 Genre             : Action, Adventure, Fantasy Encoder         : Joker.phs
6.1
IMDB: 6.1/10 240,087 votes
movie

Van Helsing (2004)

2004
13 Going on 30 (2004) 6.2

13 Going on 30 (2004)

2004