Channel Myanmar

2008

Meet the Spartans (2008)
Meet the Spartans (2008) Meet the Spartans (2008)ဒီဇာတ်ကားကတော့ နာမည်ကျော် 300 ဇာတ်ကားကြီးရဲ့ Parody ဗားရှင်းပဲဖြစ်ပါတယ်။ Parody ဆိုတာကတော့ နာမည်ကျော်ဇာတ်ကားကြီးတွေကို ကျောရိုးတည်ပြီး ဟာသတွေလုပ်ပစ်တာမျိုးပါပဲ။ Horror ဟာသကားတွေအနေနဲ့ နာမည်ကြီးတဲ့ Scary Movie 1,2,3,4,5 ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါကနာမည်ကျော်ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေကို ရောသမမွှေပြီး ဟာသလုပ်ထားတဲ့ Parody ကားတွေပဲဖြစ်ပါတယ်။ဘီစီ ၄၈၀မှာ စပါတာဘုရင် လီယိုနိုင်းဒတ်စ်ဟာ အင်အားသုံးရာထဲနဲ့ ဇာဆီရဲ့အင်အားအဆမတန်ကြီးမားတဲ့ ပါရှန်တပ်ကိုရင်ဆိုင်ခဲ့ပါတယ်။ ဒီသမိုင်းဝင်စစ်ပွဲကို သာမိုပလေစစ်ပွဲလို့ခေါ်ကြပြီး ၂၀၀၆ ခုနှစ်မှာတော့ နာမည်ကျော်ဒါရိုက်တာကြီး Zack Snyder က ရုပ်ရှင်အဖြစ် ပြောင်မြောက်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။ အခုတင်ဆက်လိုက်တဲ့ Parody ဗားရှင်းကတော့ 2008 ခုနှစ်မှာထွက်ရှိလာတာဖြစ်ပြီး အဲဒီခေတ်က ရေပန်းစားနေတဲ့ အနုပညာရှင်တွေကစလို့ တီဗီအစီအစဥ်တွေ၊ ရုပ်ရှင်တွေအပြင် နိုင်ငံရေးသမားတွေအဆုံး တစ်ခုမကျန်သရော်ပြထားတာကိုမြင်ရမှာပါ။အခုခေတ်နဲ့ကြည့်ရင် အဲဒီတုန်းကနာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ်ဆယ်လီရပ်ကွက်သတင်းတွေဟာ ခေတ်နောက်ကျသွားပြီဆိုပေမယ့် အသက်အရမ်းမငယ်တော့ဘူးဆိုရင်တော့ ...
movie

Meet the Spartans (2008)

2008
(21+) Pirates II: Stagnetti’s Revenge (2008) 7.5
(21+) Pirates II: Stagnetti’s Revenge (2008) ဒါကတော့ 2005 ရဲ့ sequel ‌ဖြစ်ပါတယ် ဒီဇာတ်ကားက ပိုအောင်မြင်ပြီး Cast တွေက ပိုများပြီး လူကြိုက်ပိုများပါတယ် Idol sasha grey ပါဝင်လာပြီး တရုတ်ဘုရင်မ Katsuni ပါဝင်လာပါတယ် အကောင်းဆုံး အဖွဲ့လိုက် စကားပြောခန်း ဆုလဲရထားပါတယ်DS fans တွေအတွက်ဂုဏ်ယူစွာတင်ဆက်လိုက်ပါသည် Adult DVD တွေရဲ့စွန့်ဦးဇာတ်ကား Parody အမျိုးစား Adult DVD လောကကို ဟစ်ကြွေးခဲ့တဲ့ဇာတ်ကား ကမ္ဘာပေါ်မှာ ငွေကြေးအကုန်အကျအများဆုံး Adult ကား ဆုတွေ တပွေ့တပိုက်ကြီး သိမ်းကြုံးယူခဲ့တဲ့ကား Cast တွေက လျှမ်းလျှမ်းတောက်တွေ Asia , Europe ရောသမမွှေထားပြီး အပြည့်စုံဆုံး Adult ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် DS fans တွေလက်မလွှတ်တမ်းကြည့်သင့်သလို ပင်လယ်ဓားပြကားတွေ စွန့်စားခန်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းဇာတ်ကွက်ပီပီပြင် ကြည့်ရမှာဖြစ်ပါတယ်အဒ်ဝါ့တစ်ယောက် ဗစ်တာကိုနှိမ်နင်းနိုင်ခဲ့ပေမဲ့ နာမည်ကောင်းမရခဲ့ပါဘူး ဒါပေမဲ့သူ့ကိုယ်သူ သူရဲကောင်းကြီးဆိုတဲ့စကားကို တွင်တွင်ကြီး သုံးနေဆဲပါပဲဆရီနာဟာ ဗစ်တာဆီကနေထွက်ခဲ့ပေမဲ့ သူမကျူးလွန်ခဲ့တဲ့ အပြစ်တွေက များလွန်းတာကြောင့် ဘုရင်ကြီးရဲ့ အမိန့်အရ လစ်တဲတွန် မြို့ဝန်က ဖမ်းဝရမ်း ထုတ်ရပါတော့တယ် အဲဒါကို ဖြေဖို့အတွင် ကပ္ပတိန် အဒ်ဝါ့ ကြိုးစားရပါတော့တယ် အရင်းနှီးတော့ကြီးပါတယ် ...
movie

(21+) Pirates II: Stagnetti’s Revenge (2008)

2008
Superhero Movie (2008) 4.6
Superhero Movie (2008) Superhero Movie (2008) ================== ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ စူပါဟီးရိုးကားပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ စူပါဟီးရိုးတွေ အကုန်ပေါင်းထားတဲ့ ဇာတ်ကား လို့တောင်ပြောလို့ရတယ်။ ဘတ်မန်းမိဘတွေ သေတာကအစ စပိုက်ဒါမန်းရဲ့ အန်ကယ်ဘန် သေတာအဆုံး ပါပါသေးတယ်။ X-Men Universe က ချားစ် ဇေးဗီးယား ၊ ဝူဗာရင်းနဲ့ Fantastic 4 တောင်ပါလိုက်သေးတယ်။Spider-man No Way Home Crossover လုပ်တယ်ဆိုတာ ဒီကားကို ဘယ်မှီဦးမလဲ။ With great power comes with Hot Bitches ( ကြီးမားတဲ့ အစွမ်းတွေနဲ့အတူ စော်အလန်းတွေပါ ကပ်ပါလာလိမ့်မယ်) ဆိုတဲ့ စပိုက်ဒါ မန်းကားရဲ့ ဂန္တဝင် စကားလေးလည်း ပါလိုက်သေးတယ်ဗျာ။ Dragonfly ဆိုတဲ့ သဘာဝလွန်ပုစဉ်းတစ်ကောင် အကိုက်ခံလိုက်ရတဲ့ Rick Ricker ဟာ ပုစဉ်း လူသားဖြစ်လာပြီး ဘယ်လိုပေါက်ကရတွေလုပ်ပြီး အခက်ခဲတွေကို ကျော်ဖြတ် သွားမလဲဆိုတာကို အပျင်းပြေကြည့်ရှုရမှာဖြစ်ပါတယ်။ ပြောရရင်တော့ Superhero တွေကိုလှောင်ထား၊ ပြောင်ထားတဲ့ မူဗီလို့ဆိုရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Superhero Movie (2008)

2008
Forgetting Sarah Marshall (2008) 7.1
Forgetting Sarah Marshall (2008) Forgetting Sarah Marshall (2008)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့... လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ဒီအတိုင်းပါပဲ "ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း" ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ...
movie

Forgetting Sarah Marshall (2008)

2008
Tokyo! (2008) 7
Tokyo! (2008) Tokyo! ( 2008 )တိုကျိုလို့ နာမည်ပေးထားပြီး တိုကျိုမှာပဲ ဇာတ်အိမ်တည် ဂျပန်သရုပ်ဆောင်တွေချည်းသုံးထားတဲ့ ဒီရုပ်ရှင်ကို ဂျပန်မဟုတ်တဲ့ ဒါရိုက်တာသုံးယောက်က ရိုက်ကူးထားတယ်။ပထမဇာတ်လမ်းတို "Interior Design"ကို ရိုက်တဲ့သူက ပြင်သစ်ဒါရိုက်တာ Michel Gondry, သူ့ကိုနာမည်နဲ့ရုပ်ရှင် တွဲသိချင်သိမှာပေမဲ့ သူက Eternal Sunshine of the Spotless Mind လို မာစတာပိစ်ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ။ဒုတိယဇာတ်လမ်း " Merde"ကို ရိုက်တာက Leos Carax, သူလည်းပြင်သစ်ပဲ။ ကိန်းကနေ best directorဆုရဖူးတဲ့သူဆိုတော့ မခေတာသိသာပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ အောက်စကာမှာ သမိုင်းတွင်အောင်လုပ်ခဲ့သလို ကိန်းမှာလည်း အမြင့်ဆုံးဆုရခဲ့တဲ့ တောင်ကိုရီးယား ဒါရိုက်တာ ဘွန်းဂျွန်းဟို။ ဒိတ်ဒိတ်ကြဲ၃ယောက် စုထားတယ်ပေါ့။ သူတို့ဟန်တွေက မရိုးရှင်းသလို ဒီထဲက ဇာတ်လမ်းတို၃ပုဒ်ကလည်း တော်တော်ဆန်းတယ်။ဇာတ်လမ်းအရဆိုရင်တော့ "Interior Design"ဟာ တော်တော်လေးလှတယ်။ ဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့အတွက် အရာရာစွန့်ထားတဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့။ သူ့ကိုယ်သူတစ်ခါမှ အသုံးဝင်တယ်လို့ မခံစားရဖူးတဲ့ မိန်းမတစ်ယောက်ရဲ့အဖြစ်ပေါ့။ လူကနေ ခုံကြီးပြောင်းသွားတာလို အဆန်းကြီးတွေပြပေမဲ့ ...
movie

Tokyo! (2008)

2008
Rated R (2008)
Rated R (2008) Rated. R (2008) ============ဣတ္ထိယတွေဟာ နားလည်ဖို့ခက်လှတယ်ရယ်လို့ ကျွန်တော်တို့ပုရိသတွေဟာ အမြဲညည်းလေ့ရှိကြတယ်မလား။ တကယ်တော့ ဒီအမျိုးသမီးလေးတွေဟာ ကျွန်တော်ထင်ထားသ‌လောက် ရောရှုပ်ထွေးမှုတွေပြည့်နှက်နေတာဟုတ်ပါ့မလား။ ပုရိသတွေဟာ ခေတ်အဆက်ဆက်မှာ ဖိုဝါဒီကိုလက်ကိုင်ပြုပြီး ဣတ္ထိယတွေကို ဖိနှိပ်အနိုင်ကျင့် သူတို့ရဲ့ကိုယ်ကျိုးအတွက်သာအသုံးပြုနေခဲ့ခြင်းတွေဟာ မှန်ကန်မှု ရှိနေပါရဲ့လား။ယနေ့ခေတ်ထိ နောက်နှစ်ပေါင်းသန်းချီထိ အပေါ်ယံသကာရည်ဖုံးထားလည်း အမြဲမှန်ကန်နေမယ့် သဘောတရားတစ်ခုဖြစ်တဲ့ ခွန်အားကြီးသူသာ နိုင်စတမ်းနဲ့ ခွန်အားနည်းသူတွေကို အနိုင်ကျင့်ခြင်းတွေ၊ ယောက်ျားတွေရဲ့အနိုင်ကျင့်တာထက် အမျိုးသမီးအချင်းချင်းကိုပင် မနာလိုမရှု့စိမ့်၊နိုင်စားမှုတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားမျိုးနွယ်တွေ အဆုံးမသတ်ခင် ပျောက်သွားနိုင်ကောင်းပါရဲ့။ကျွန်တော်တို့ပုရိသတွေ စနောက်လေ့ရှိတဲ့ အမျိုးသမီးလေးတွေရဲ့ လိုအင်ဆန္ဒတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမျိုးသမီးရယ်လို့ဖြစ်လာတာနဲ့ ရရှိလာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ဟာ တစ်ခါလောက်တောင် ဝင်ရောက်စာနာ ပေးဖူးခဲ့ပါရဲ့လား(ကိုယ့်ဒုက္ခမဟုတ်လို့ မစာနာပေးနိုင်တာကိုတော့ လူတိုင်းပြောတတ် ပါတယ် မိတ်ဆွေ)။ ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်ဖြစ် ဒီအမျိုးသမီးလေးတွေရဲ့ ပဋိသန္ဓေလွယ်ပေးခြင်းတွေကနေ ဖြစ်လာတဲ့သူတွေပဲမလို့ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ ချစ်ရသူမိန်းကလေးရယ်ကိုမှ တန်ဖိုးထားလေးစားထိုက်တဲ့အမျိုးသမီးတွေ၊ ကျန်တဲ့ အမျိုးသမီး‌တွေကိုအသုံးချစရာသက်သက်တွေ စိတ်ရှုပ်စရာတွေလို့မမြင်စေဘဲ လေးစားတန်ဖိုးထားသင့်ကြောင်း ရိုက်ပြထားတဲ့ စပိန်ကားကောင်းလေးကတော့ ယခုရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကို ဇာတ်ဆောင်မင်းသမီးချောသုံးလက်ကဦး‌ဆောင်ရိုက်ကူးထားပြီး တစ်နယ်တစ်ရပ်ကျေးမှလာတဲ့သူတို့တွေရဲ့မက်ဒရစ်မြို့ကြီးမှာ တွေ့ဆုံကြပုံ၊ မည်သို့မည်ပုံ သံယောဇဉ်တွယ်ကြပုံ၊ ကြုံတွေလာရတဲ့ဒုက္ခသုက္ခတွေနဲ့ လောက ဓံတရားတွေ၊ ဘဝမှာ တစ်ခါတလေ အောင်မြင်ပြီထင်ထားတဲ့သူတွေဟာ ကျရှုံးခြင်း ဆိုက်ရောက်သွားရပုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန် ကြပုံတွေကို စုံလင်နေအောင်ကြည့်ရမယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ comedy/ ...
movie

Rated R (2008)

2008
Still Walking (2008) 7.9
Still Walking (2008) Still Walking (2008) =============== Directed By Hirokazu Koreeda IMDb Rating - 7.9/10ဇာတ်အဖွင့်မှာ Koreedaဟာ မိသားစုတစ်စုရဲ့ သေသူ၊ ရှင်ကျန်သူတွေ ပြန်ဆုံစည်းကြတဲ့ နေ့တစ်နေ့ကို ခေါ်သွားတယ်။ နှစ်ပေါင်းများစွာ မပျက် မကွက် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ဆီခေါ်သွားတယ်။ အဲဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲကို ခေါ်သွားတယ်။ သူတို့မိသားစုရဲ့မရှိတော့တဲ့ သူတို့အတွက်အဖိုးအတန်ဆုံး တစ်ယောက်ဆီ ခေါ်သွားတယ်။ သူတို့ရဲ့ဆန္ဒ တွေဆီ ခေါ်သွားတယ်။ ဒီလိုနဲ့နောက်တစ်နေ့ မိုးလင်းသွားတယ်။ တစ်ချို့ဆန္ဒ တွေက ဘယ်တော့မှမဖြစ်လာခဲ့ကြသလို တစ်ချို့က ဒီလမ်းကို ဆက်မလျှောက် နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျန်နေခဲ့သူတို့ကတော့ ဆက်လျှောက်နေရတုန်း။ Koreedaဟာ ကျွန်တော်တို့ကို ဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်အနေ အတိတ်တွေကို ပြတော့ပြတယ်။ ဒါပေမဲ့ ပေါ်လွင်အောင်တော့ မပြပါဘူး။ စကားတစ်ခွန်းနဲ့ အဲဒီစကားနောက်မှာ ဖြစ်သွားတဲ့ ဇာတ်ကောင်ရဲ့ အမူအရာနဲ့ကို ချိတ်ဆက်ပြီး ပြသွားတယ်။Koreedaရဲ့ Still walkingဟာ ဟဲမင်းဝေးရဲ့ ရေခဲတုံးကြီးလိုပါပဲ။ Koreedaဟာ ကျွန်တော်တို့ကို သူပြချင်တဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းနဲ့ ရေခဲတုံးကြီးရဲ့ ပေါ်နေတဲ့အစွန်းကလေးကိုပဲ ရိုက်ပြသွားပေမဲ့ ကြည့်ရှုသူကိုတော့ ...
movie

Still Walking (2008)

2008
Wild Child (2008) 6
Wild Child (2008) Wild Child (2008)မိတဆိုးမလေး ပေါ်ပီဟာ ဖခင်ဖြစ်သူကို အရွဲ့တိုက်ပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ မာလီဘူး သူတစ်ယောက်ပါ တစ်ရက်မှာတော့ အရွဲ့တိုက် သောင်းကျန်းတာ အရှိန်လွန်သွားတဲ့အတွက် သူ့အဖေက အင်္ဂလန်က အက်ဘီမောင့်ကျောင်းကို ကျောင်းအိပ်ကျောင်းစား ပို့လိုက်ပါတော့တယ်အက်ဘီမောင့်ကျောင်းကို ရောက်ပြီးတဲ့နောက် ပြစ်မှုပေါင်းစုံ ကျူးလွန်ပြီး ကျောင်းကနေ ထွက်ရဖို့အရေး အားကြိုးမာန်တက် ကြိုးပမ်းပေမဲ့ ဂရုဏာရှင်ကျောင်းအုပ်ကြီးက မိတဆိုးသမီးလေးဆိုပြီး ခွင့်လွှတ်ပေးနေတာကြောင့် နောက်ဆုံးမှာ အခန်းဖော်လေးယောက်ရဲ့ အကူအညီနဲ့ ကျောင်းအုပ်ကြီးရဲ့ သားဖရက်ဒီကို ဆွဲဆောင်ပြီး ကျောင်းထုတ်ခံရဖို့ ကြံစည်ပါတော့တယ်ပေါ်ပီတို့ရဲ့ အကြံအစည်အောင်မြင်သွားမလား? လူချောလေး ဖရက်ဒီနဲ့ ပေါ်ပီတို့ ဘာတွေဆက်ဖြစ်ကြမလဲ? ဖရက်ဒီကို တစ်ဖက်သတ်ကြိုက်နေတဲ့ ဟာရီရက်ဆိုတဲ့ ကျောင်းသူနဲ့ရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာတွေကို အခွီတလိုင်းနဲ့ ကြည့်ရှူကြရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality….1080p | 720p| 480p File size…2GB | 1.1GB | 286MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman ...
movie

Wild Child (2008)

2008
Rough Cut (2008) 7
Rough Cut (2008) Rough Cut (2008) အခုတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မင်းသားကြီး So Ji Sub ရဲ့ အက်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ဒီမင်းသားကြီး ဦးဆောင်ပါဝင်မဲ့ Doctor Lawyer ဆိုတဲ့ Series လည်း ထွက်လာဦးမှာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ဂန်ဖယ်ဆိုတာကတော့ အင်မတန်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုရဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလို ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ ဂန်ဖယ်ဟာ နူးညံ့တဲ့သဘောရှိပြီး အနုပညာကိုလည်း မြတ်နိုးသူ တစ်ယောက်ပါ။ဆူထာ ဆိုတာကတော့ အက်ရှင်မင်းသား ဖြစ်ပြီး ခပ်ကြမ်းကြမ်း သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့သူပါ။ ကြမ်းတမ်းမှု အဆင့်တွေ သတ်မှတ်လိုက်ရင် ဆူထာ နဲ့ ဂန်ဖယ်တို့က အတူတူလောက်ပါပဲ။မင်းသားဂျန်ဆူထာက ရိုက်ကွင်းမှာ အတူတူရိုက်ကူးတဲ့ တစ်ဖက်သရုပ်ဆောင်ကို အက်ရှင်ကား ရိုက်ကူးရင်း အမှန်တကယ် ချလိုက်တာကြောင့် ဆေးရုံတင်လိုက်ရလို့ သူနဲ့အတူ တွဲရိုက်ပေးမယ့် ...
movie

Rough Cut (2008)

2008
Adam Resurrected (2008) 6.1
Adam Resurrected (2008) Adam Resurrected (2008)===================IMDb Rating - 6.1/10ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်း​တွေနဲ့ နာဇီ​တွေရဲ့ စစ်သုံ့ပန်း​တွေအ​ပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စမ်းသပ်မှု​တွေ၊ ဖိနှိပ်ဆက်ဆံမှု​တွေဟာ အ​တော်​​လေး အရုပ်ဆိုးအကျည်းတန် ခဲ့သလို နာမည်ဆိုးလည်း တွင်ခဲ့ပါတယ်၊ သူတို့ဒဏ်ကို များစွာ ခံစားခဲ့ရတာက​တော့ ဂျူးလူမျိုး​တွေပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက​တော့ နာဇီစစ်စခန်း​တွေက​နေ အသက်ရှင်လျက် လွတ်​မြောက်လာသူ​တွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာ​တွေအ​ကြောင်း အဒမ်စတိုင်းဆိုတဲ့ ဂျူးလူမျိုးတစ်​ယောက်နေရာက​နေ ရိုက်ကူး ပြမှာဖြစ်ပါတယ်၊ Main Cast၂​ယောက်က​တော့ old school မင်းသားကြီး​တွေဖြစ်တဲ့ Jeff Goldblum နဲ့ William Dafoe တို့ပဲဖြစ်ပါတယ်။အဒမ်စတိုင်းဟာ စစ်ကြီးမတိုင်ခင်က ဆပ်ကပ်တစ်ခုပိုင်သလို ဂျာမနီရဲ့လူသိအများဆုံး လူပြက်clownတစ်​ယောက်ဆိုလည်း မမှားပါဘူး၊ ဒါ​ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နာဇီ​အင်အားစုကြီး တန်ခိုးထွားလာချိန်မှာ​တော့ ဂျူးလူမျိုးဖြစ်​နေတဲ့ အဒမ်လည်း နာဇီ​တွေလက်က​နေ မလွတ်နိုင်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးသွားသူ က​တော့ ကွန်မန်ဒါကလိုင်းဆိုတဲ့ ဂျာမန်ဗိုလ်ချုပ်တစ်ဦးပါ။ကွန်မန်ဒါကလိုင်းက သူ့ကို တခြားဂျူး​တွေလို နှိပ်စက်စမ်းသပ် တာမျိုးမလုပ်ဘဲ တစ်မူထူးတဲ့အရာတစ်ခုကို လုပ်ခိုင်းခဲ့ပါတယ်၊ အဲဒါက​တော့ သူ့ရဲ့လက်စွဲ​တော်​ခွေးရက်ဇ်အတိုင်း ​ခွေးလို​နေပြီး ​ခွေးလို ကျင့်ကြံခိုင်းတာပါ၊နှစ်​ပေါင်းများစွာ ​ခွေးတစ်​ကောင်လို ပုံစံသွင်းခံလာရတဲ့ အဒမ်ဟာ စစ်ပြီး​​ခေတ်မှာ​တော့ အပြင်ပိုင်း လူစိတ်ဆို​ပေမယ့် မသိစိတ်ထဲမှာ ​ခွေးဗီဇစွဲကပ်​နေခဲ့ပါပြီ။အဆိုပါဗီဇကို စစ်ပြီး​ခေတ် ...
movie

Adam Resurrected (2008)

2008
Pineapple Express (2008) 7.0
Pineapple Express (2008) IMDb Rating (7) / Rotten Tomatoes (68%)Peem Heaven ကွတ်ကီးစားလိုက်ရသလို ကွဲပြီးကောင်းနေတဲ့ ခံစားချက်မျိုးနဲ့ ဒီဇာတ်ကားက အပြဲကားပါ။Weed သောက်ရင်းကွဲတဲ့ဇာတ်ကားတွေထဲ တော်တော်မိုက်တဲ့ အက်ရှင်အခွီဇာတ်ကားဖြစ်ပါတယ်။မင်းသားတွေကလဲ ဟာသနဲ့ရှယ်လိုက်ဖက်တဲ့ James Franco နဲ့ Seth Rogen တို့ အတွဲပါ..မင်းသမီး Amber Heard လဲ ပါပါသေးတယ်။ဇာတ်လမ်းကတော့...Dale တစ်ယောက် Pineapple Express လို့နာမည်ရတဲ့ ရှားပါး Weed တစ်မျိုးကို  ဆေးခြောက်ရောင်းတဲ့ Saul ဆီကနေ ကြိုးစားပမ်းစား ဝယ်လာခဲ့ပါတယ်..ကံကဆိုးတော့ သူအလုပ်လုပ်နေတုန်းမှာ လူသတ်မှုတစ်ခုကို မြင်လိုက်ရပြီး အခင်းဖြစ်နေရာမှာ သူ့ရဲ့သောက်လက်စ လက်ကျန် မုန့်(Weed) ကိုပစ်ထားခဲ့မိပါတယ်။ဖြစ်ချင်တော့ အဲဒီလူသတ်သမားက တစ်မြို့လုံးကို ဒိုင်ခံပြီး ဆေးခြောက်ဖြန့်နေတဲ့ Ted ဖြစ်နေတော့ မျက်မြင်သက်သေဟာ Pineapple Express Weed နဲ့ဆက်စပ်တဲ့ကောင်မှန်း သိသွားပါတော့တယ်...Ted ...
movie

Pineapple Express (2008)

2008
The Good, the Bad, the Weird (2008) 7.3
The Good, the Bad, the Weird (2008) IMDb Rating (7.2) / Rotten Tomatoes (82%)ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်ကြတဲ့ လီဗျောင်ဟွန်း , Jung Woo-sung , Song Kang-Ho တို့ ပါဝင်ထားပြီးနာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားကြီး The Good,The Bad and The Ugly (1966) ကို အခြေခံရိုက်ကူးထားတာပါ။ထူးခြားတာကတော့ သာမန်ကောင်းဘွိုင်ကားတွေလိုမဟုတ်ဘဲ ခွီနေရမယ့် Comedy အမျိုးအစားလဲ ဖြစ်ပါတယ်။ရှုခင်းကောင်းကောင်းတွေမှာ အက်ရှင်စွန့်စားခန်းတွေနဲ့ ခွီနေရမယ့် အနောက်တိုင်းစတိုင်ကောင်းဘွိုင်အမျိုးအစား ကိုရီးယားရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာမည်နဲ့လိုက်အောင် စရိုက်စုံတဲ့ လူရှုပ် ၃ ယောက် ဂျပန်စစ်တပ် တရုတ်ဓားပြတွေကြားထဲက ရတနာမြေပုံကို လုကြမှာပါ။2008 ခုနှစ်ရဲ့ ဆုပေးပွဲတွေမှာလဲ အောင်ပွဲခံခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Rating တွေလဲ ကောင်းသလို သရုပ်ဆောင်တွေလဲ အလန်းတွေမို့BluRay 1080p Quality နဲ့ ပြန်လည်ခံစားဖို့ တင်ဆက်လိုက်ပါတယ်။ File size…(3.8 GB)/(1.5 GB) Quality….BluRay ...
movie

The Good, the Bad, the Weird (2008)

2008
Treeless Mountain (2008) 7.0
Treeless Mountain (2008) Treeless Mountain (2008) ဇာတ်လမ်းအညွှန်း************************************* "သစ်ပင်မရှိတဲ့ တောင်" ဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ အမေမရှိတဲ့ ကလေးတွေရဲ့ဘဝဟာ သစ်ပင်မရှိတဲ့ တောင်လို အကာအကွယ်မဲ့ဖြစ်ရတတ်ကြောင်းကို ဒီကားလေးထဲမှာ တင်ဆက်ပြသထားပါတယ်...ဂျင် နဲ့ ဘင် ဆိုတဲ့ ကလေးမလေးနှစ်ယောက်ဟာ အမေဖြစ်သူနဲ့အတူ ဟောင်းနွမ်းနေတဲ့တိုက်ခန်းကျဥ်းလေးထဲမှာ နေထိုင်ကြပါတယ်။တစ်ရက် ကလေးတွေရဲ့အမေဟာ အဝေးရောက်နေတဲ့ ခင်ပွန်းကိုသွားရှာဖို့အတွက် လူမမည်ကလေးနှစ်ယောက်ကို အဒေါ်ဖြစ်သူရဲ့အိမ်မှာ သွားအပ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်။ကလေးတွေအတွက် ဝက်ရုပ်စုဘူးလေးပေးခဲ့ပြီး အဲ့ဒီစုဘူးလေးပြည့်တဲ့နေ့ ပြန်လာခဲ့မယ်ကတိပေးပြီး ထွက်သွားပါတယ်။အဒေါ်ဖြစ်သူဟာ အရက်စွဲနေတဲ့သူဖြစ်ပြီး ကလေးတွေကို သေချာဂရုမစိုက်နိုင်လို့ ဂျင် နဲ့ ဘင် ဟာ သူတို့ဘာသာပဲ နှံကောင်လေးတွေလိုက်ဖမ်းလိုက်၊ ကင်ပြီးရောင်းလိုက်နဲ့ ရသမျှငွေလေးတွေကို စုဘူးလေးထဲဖြည့်ရင်း အမေပြန်အလာကို စောင့်မျှော်နေကြပါတယ်။တစ်ချိန် ဝက်ရုပ်စုဘူးလေးပြည့်သွားတဲ့နေ့ ကတိအတိုင်း အမေဖြစ်သူ ပြန်လာခေါ်ပါ့မလား...အမေပြန်မလာခဲ့ရင်ရော ကလေးနှစ်ယောက် ရှေ့ဆက်ဘာဖြစ်သွားကြမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ရအောင်နော်~ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Ei Phyu Khin ပါ) File Size    ...
movie

Treeless Mountain (2008)

2008
Camp Rock (2008) 5.3
Camp Rock (2008) Camp Rock (2008) ================သူ့ခေတ်သူ့အခါက ခေတ်ထခဲ့တဲ့ Disney Musical Movie ကောင်းကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုထိလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးတွေဖြစ်ကြတဲ့ Jonas Brothers ညီအစ်ကိုသုံးယောက်နဲ့ အဆိုတော် Demi Lovato တို့ အဓိက ပါ၀င် သရုပ်ဆောင်ထား ပါတယ်။ဇာတ်လမ်းအကျဉ်း . . . Camp Rock ဆိုတဲ့ နွေရာသီစခန်းက  ဂီတ ရူးသွပ်သူ လူငယ်တွေအတွက် မျှော်လင့်ချက်တွေ ယူဆောင်လာပေးပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ကမ့်တစ်ခုပါ။ မစ်ချီဆိုတဲ့ ကောင်မလေးဟာ ဂီတကို ခုံမင်သူ ပီပီ နွေရာသီ ကျောင်းပိတ်ရက်မှာ ဒီ ကမ့်ကို သွားဖို့ ဒုံးစိုင်းနေသူပေါ့။ ငွေရေးကြေးရေးအခြေအနေကြောင့် လိုက်မပို့နိုင်ကြောင်း မိခင်ဖြစ်သူက  ပြောလိုက်တဲ့အခါ ကျောင်းနောက်ဆုံးနေ့မှာ မစ်ချီ့ရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ မစ်ချီဟာ Camp Rock နဲ့ ကံပါလာသူ ဖြစ်တယ်ထင်ပါရဲ့ စားဖိုမှူးဖြစ်တဲ့ သူ့အမေကို ကမ့်က အစားအသောက် တာ၀န်ခံအဖြစ်လာငှားတဲ့ ...
movie

Camp Rock (2008)

2008
Changeling (2008) 7.7
Changeling (2008) Changeling (2008) ~ IMDb - 7.7/10, RT - 62%, Meta - 63% ~အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားဟာ ဒါရိုက်တာ​ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်​ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။​အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန...မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ...ဒုစရိုက်မှု​တွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်...Single Mother တစ်​ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ.....သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ...
movie

Changeling (2008)

2008
Superstars (2008) 6.8
Superstars (2008) Superstars (2008)“ဘုရားက မျှတပါတယ်လေ” ဆိုပြီး လူတွေပြောပြောနေကျ စကားရှိတယ်မလား။လောကမှာ အရာအားလုံးပြည့်စုံတဲ့သူရယ်လို့မရှိပါဘူး။ သေးသေးကြီးကြီး ချို့ယွင်းချက်တစ်ခုတော့ အနည်းဆုံးရှိကြစမြဲပါပဲ။ ဒီကားလေးရဲ့ ဇာတ်ဆောင်နှစ်ယောက်ကလည်း ဒီလိုပဲ။ငယ်ငယ်တည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ “တွမ်” နဲ့ “တင်” …“တွမ်” က ရုပ်ရည်ချောမောတယ်၊ အကတော်တယ်။ ဒါပေမယ့် သူ့ရဲ့အသံက ကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းလောက်အောင်ကို “ဘဲ” အသံလိုမျိုး ပြာနေတာ။ ချောမောတဲ့ရုပ်ရည်နဲ့ ကိုယ်နေဟန်ထားတော့ရှိပေမယ့် အသံပြာတဲ့ ချို့ယွင်းချက်ရှိနေတဲ့သူ ..။“တင်” က ရုပ်ရည်ပိုင်းဆိုင်ရာမှာ အရုပ်ပုပု ဝဝနဲ့ အားနည်းချက်ရှိပေမယ့် သူ့မှာ ဆည်းလည်းသံလိုသာယာတဲ့အသံနဲ့ သီချင်းအရေးကောင်းတဲ့ ပါရမီရှိတယ်။ဒီလို နှစ်ယောက်ပေါင်းမှ ဖိနပ်တစ်ရံလိုပြည့်စုံသွားတဲ့ သူငယ်ချင်းနှစ်ယောက်မှာ အမြဲစနောက်နေကျအကျင့်တစ်ခုရှိတယ်။“Lip-sync” လုပ်တာ ..“တွမ်” က ရှေ့ကနေ လူလုံးပြ “တင်” ကနောက်ကနေ ပြောချင်ရာပြော။ ဒီလိုနဲ့ တစ်နေ့မှာ “တင်” ရေးပြီးဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို ...
movie

Superstars (2008)

2008
The Children (2008) 6.0
The Children (2008) The Children (2008) ============================= ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲဖို့ Elaineတို့ မိသားစုဟာအမဖြစ်သူ Chloe ရဲ့ တသီးတခြားဖြစ်နေတဲ့ကျေးလက်အိမ်လေးကိုအလည်သွားခဲ့ကြပါတယ်..အဲ့ဒီအိမ်လေးမှာ ကလေးတွေဟာ ရောဂါပိုးကူးစက်ခံရပြီးရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်သမားလေးတွေ ဖြစ်သွားတဲ့အခါ...အချင်းချင်းသံသယတွေ ကိုယ်စီနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲ ..ပျော်ရွှင်စရာအားလပ်ရက်ခရီးလေး‌ကနေ ပြောင်းလဲသွားတဲ့ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီးကနေ ရှင်သန်နိုင်ကြမလား.......ဆိုတာကိုသည်းထိတ်ရင်ဖို စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အခုလို Christmas ကာလလေးကို Christmas horror, thrillerဇာတ်ကားကောင်း‌လေး ကြည့်ရင်း ကျော်ဖြတ်လိုက်ကြရအောင် File size…1.8Gb /  880MB Quality… 1080p Blu Rayx264 AAC 5.1CH /   720p  Format…Mp4 Duration….1h 24mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khaing Su Su Htun
movie

The Children (2008)

2008
Babylon A.D. (2008) 5.6
Babylon A.D. (2008) Babylon A.D. (2008)မင်းသားကြီး Vin Diesel ရယ်၊ တရုတ်မင်းသမီး Michelle Yeoh ရယ်၊ 20th Century Fox production ရယ်နဲ့တင် ဒီဇာတ်ကားက ကြည့်ဖို့ ထိုက်တန်နေပါပြီ။ rating နည်းပေမယ့်လို့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရင်ဘတ်နဲ့ rating နဲ့ သိပ်မကိုက်ညီတာမျိုးတွေလည်း ရှိတတ်ပါတယ်။ခေတ်လွန်နှောင်းပိုင်းအခြေ‌အနေတွေမှာ လူတွေရဲ့ ရှင်သန်ရပ်တည်ပုံတွေ နည်းပညာတွေကို ခပ်ပါးပါးလေး ပြထားတဲ့ဇာတ်ကားပါ။ 2008 ခုနှစ်က ထွက်ခဲ့ပြီး ကားဟောင်းတစ်ကားဖြစ်ပေမယ်လို့ ပြန်ကြည့်ထိုက်တဲ့ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားမှာ ကြေးစားစစ်သားတစ်ယောက်ရဲ့ ရုန်းကန်ရှင်သန်ရပ်တည်မှု၊ ဘာသာရေးခုတုံးလုပ်ပြီး အကျိုးရှာချင်တဲ့ ခေါင်းဆောင်တစ်ယောက်၊ ဓာတ်ခွဲခန်းထဲက ဘဝစခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ စတေးခံရမှုတွေအကြောင်း ထူထူမပုတ်ဘဲ ပါးပါးလျပ်လျပ်ပဲ ပြသွားတာမလို့ သေချာအာရုံစိုက် ဆွဲထုတ်ဖို့တော့ လိုမယ်ထင်ပါတယ်။မင်းသားကြီး Vin Diesel ဒီဇာတ်ကားထဲမှာ ကြမ်းပြ ရမ်းပြနေရတာထက် မျက်လုံးတစ်ပေါက်နဲ့ ...
movie

Babylon A.D. (2008)

2008
Inkheart (2008) 6.1
Inkheart (2008) Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie

Inkheart (2008)

2008