Channel Myanmar

2008

Swing Vote (2008) 6.1
Swing Vote (2008) ဒီဇာတ်လမ်းဟာလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.1 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း၂ယောက် မဲအရေအတွက်ဟာ အံ့သြစရာ တူညီနေတဲ့အချိန်မှာ အဲဒီနေ့က နိုင်ငံရေးကို လုံးဝစိတ်မ၀င်စားတဲ့ သာမန်လူတစ်ယောက်ရဲ့ မဲဟာ မထင်မှတ်ပဲ error ဖြစ်ပြီး မဲပြန်ပေးရမယ့်အခြေအနေဖြစ်လာခဲ့ပါတယ်။ သမ္မတကို ရွေးချယ်ဖို့ လူတစ်ယောက်ထဲရဲ့မဲပဲလိုအပ်တော့တဲ့ အခြေအနေမှာ ရှိသမျှ သတင်းထောက်တွေ နိုင်ငံရေးသမားတွေ ပါတီတွေ အားလုံး သူနေထိုင်ရာ မြို့ငယ်လေးဆီကို အလုံးအရင်းနဲ့ ဆင်းချလာပါတော့တယ်။ ဒီဇာတ်ကားမှာ အာဏာရဖို့အတွက် ကိုယ့်ယုံကြည်မှုတွေကို မေ့ပစ်ပြီး လူတစ်ယောက်ရဲ့ သဘောဆန္ဒနောက်ကို လိုက်မိတဲ့ သမ္မတလောင်း ၂ ယောက်၊ နာမည်ကျော်ကြားဖို့ အခွင့်အရေးရလာတဲ့ အချိန်မှာ မီဒီယာ ကျင့်ဝတ်တွေကို ဖောက်ဖျက်မိတော့မယ့် သတင်းထောက်မလေး နဲ့ ဒီလို အခြေအနေမျိုးမှာ အရေးပေးခံရတာကို ပျော်တာကလွဲပြီး တစ်နိုင်ငံလုံးရဲ့ မျှော်လင့်နေတဲ့ ...
6.1
IMDB: 6.1/10 15,074 votes
movie

Swing Vote (2008)

2008
Art of the Devil 3 (2008) 5.6
Art of the Devil 3 (2008) မှော်နက်ဆိုတာကို အယုံအကြည်ရှိပါသလား ဒါမှမဟုတ် တစိမ့်စိမ့်နဲ့ ထိန်းမရလောက်အောင်ကြောက်ဖို့ အဆင်သင့်ဖြစ်ပါပြီလား ဆံပင်တွေတောင် ထောင်ထပြီး ခေါင်းနားပန်းကြီးသွားစေမယ်လို့ ပြောသင့် သတိပေးသင့်ပေမယ့်လည်းပဲ ဒီ သုံးကားမြောက်ကားဟာတော့ တကယ်လန့်ဖို့ ကောင်းလွန်းနေခဲ့တယ် ပထမနှစ်ကားရဲ့ ဇာတ်လမ်းကြောင်းနဲ့ ဆက်စပ်နေသလိုပဲ Global Hit လို့တောင် ဆိုလို့ရလောက်တဲ့ ပထမနှစ်ကားဟာ တော်တော်လေး လန့်ဖို့ ကောင်းလွန်းနေခဲ့တယ် ကြောက်တတ်တဲ့သူတွေအတွက်ဆိုရင်လည်း တော်တော်လေး ကြောက်ဖို့ကောင်းနေခဲ့တယ် ပထမနှစ်ကားရဲ့ဒါရိုက်တာဟာ ဒီကားအတွက်ပါ ဆက်လက် လက်တွဲခဲ့ပြီး အကြောက်တရားတွေကို ဆက်လက်သယ်ဆောင်လာနိုင်ခဲ့တယ် IMDbမှာ 5.6/10 နဲ့ Rotten Tomatoesမှာ 54% ပဲ ရခဲ့တယ် အာရှ Horrorကား တွေရဲ့ ထုံးစံပါပဲလေ ဒါကလည်း အမြင်တွေကွဲပြားတာပေါ့ သူများတွေ မကြိုက်လည်း ကိုယ်ကြိုက်ဖို့ပဲ လိုပါတယ်လေ ဆရာမလေး ပန်ဆီကနေ မျက်လုံးသုံးလုံးမိစ္ဆာကို ခိုးဖို့ ကြိုးစားတဲ့ စစ်သားဟောင်းတစ်ယောက်က ကြိုးစားတော့ မအောင်မြင်ခဲ့ပဲ ဆရာမလေးပန်က ပြန်လည် တိုက်ခိုက်ခဲ့တဲ့အခါ... ဘယ်လိုများ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြုံရပြီး သွေးပျက် ထိတ်လန့်စရာတွေ ဘယ်လောက်များ ရှိနေမလဲဆိုတာတော့... ဟောလိုးဝင်းနေ့မှာ ရင်ခုန်စွာ တုန်လှုပ်လိုက်ကြရအောင်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ ငတုံးမျိုးကို ဖြစ်ပြီး အညွှန်းကိုတော့ ရဲခန့်မင်း မှ ...
5.6
IMDB: 5.6/10 308 votes
movie

Art of the Devil 3 (2008)

2008
Program na winyan akat (2008) 6.1
Program na winyan akat (2008) ဒီရုပ်ရှင် အညွှန်းလေး မပြောပြခင် ရုပ်ရှင်ကို ဘာသာပြန်ပေးတာကတော့ CM Team ရဲ့ ဘာသာပြန်သူ Wut Mhone ဖြစ်ပါတယ် ဒီကားကို ဘာသာပြန်နေရင်း ကြောက်လာလို့ ရပ်ထားလိုက် အကြောက်ပြေရင် ဆက်လုပ်လိုက်နဲ့ ရက်ပေါင်းတော်တော်ကြာမှ ပြီးသွားပါတယ် သရဲ ရုပ်ရှင်ဆိုရင် ဘာကိုမှ မကြောက်တက်တဲ့ ကျနော်တောင် ဘာမှမဟုတ်ပါဘူး ဆိုပြီး ကျတ်သီး ထလာလို့ ကြည့်နေရင်း ပိတ်လိုက်မိတဲ့အထိ ဖြစ်ခဲ့ပါတယ်... :D ဒီရုပ်ရှင် ရဲ့ ပုံစံ ကတော့ ဖြစ်ရပ်မှန် လူသတ်မှု တစ်ခုကို အခြေခံ ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ ရုံတင်ပြသဖို့ ရုပ်ရှင်ရုံ တစ်ခုကိုရောက်ရှိလာပါတယ် ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာမို့ အလွန်နာမည်ကြီးနေပါတယ် ခိုးကူးတွေကလဲ ဖလင်အခန်း က ၀န်ထမ်းဖြစ်တဲ့ ရှန်း ကို ပိုက်ဆံပေး ခိုင်းစေပါတယ် ရှန်း ဟာ မကြာသေးခင်ကမှ လောင်းကစား များ ဆေးသုံးမှု များနဲ့ အကြွေးတင်နေသူ ...
6.1
IMDB: 6.1/10 1,649 votes
movie

Program na winyan akat (2008)

2008
Valkyrie ( 2008) 7.1
Valkyrie ( 2008)  CM ပရိတ်သတ်ကြီးရေ.... "သူတော်ကောင်း နတ်ကောင်းမ" ဆိုတဲ့ စကားပုံကို ယုံကြည်ကြပါသလား....ဒီစကားပုံကို အပြည့် အဝမမှန်ကြောင်း သက်သေပြနိုင်တဲ့ Valkyrie ဆိုတဲ့ ဒုတိယကမ္ဘာစစ်က ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခု အကြောင်း ကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်....ဇာတ်လမ်းအကျဉ်း ........................... ကာနယ် Claus von Stauffenberg (Tom Cruise) ဟာ ဂျာမဏီအတွက် သစ္စာစောင့်သိပြီး သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေတဲ့၊ ဟစ်တလာကိုယ်တိုင်က ချီးကျူးဂုဏ်ပြုရတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဟစ်တလာရဲ့ လုပ်ဆောင်မှုတွေကြောင့် တစ်နေ့မှာ သူချစ်တဲ့ ဂျာမဏီနိုင်ငံကြီးပျက်သုဉ်းသွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ စိုးရိမ်နေတဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်ပဲ သူဟာ သူနဲ့ စိတ်သဘောထားတူညီပြီး ဟစ်တလာရဲ့ နာဇီအစိုးရကို ဖြုတ်ချချင်နေတဲ့ ဂျာမဏီရဲ့ ထိပ်တန်းအရာရှိတစ်စုနဲ့ ပူးပေါင်းကာ ဟစ်တလာကို လုပ်ကြံဖို့ကြိုးပမ်းပါတော့တယ်။ဒီအကြံအစည်ကို ခက်ခက်ခဲခဲ အကောင်အထည်ဖော်ဖို့ကြိုးစားရင်း ကာနယ် Claus von Stauffenberg ...
7.1
IMDB: 7.1/10 184,503 votes
movie

Valkyrie ( 2008)

2008
4bia (Phobia) 2008 6.7
4bia (Phobia) 2008 4bia (Phobia) 2008_____IMDb - 6.7/10  Horrorကားကြိုက်တဲ့ပရိတ်သတ်တွေအတွက်ခပ်လန်းလန်းလေးတစ်ကားလာပါပြီး အညွန်းမရေးခင်ဇတ်လမ်းတည်ဆောက်ထားပုံကိုအရင်ရှင်းပါရစေ..ဒီကားမှာကMovieတစ်ကားထဲမှာကိုဇတ်အိမ်လေးခုနဲ့တည်ထားပါတယ် ခပ်ရှင်းရှင်းပြောရရင် ဇတ်ကားတစ်ခုထဲမှာအပိုင်းလေးပိုင်းခွဲထားတာပါ အညွန်းကိုစပြီးတော့မောင်းရမယ်ဆိုရင်တော့ အထီးကျန်ခြင်းတွေနဲ့ရပ်တည်နေရတဲ့ကောင်မလေးတစ်ယောက်ဆီကိုတစ်ညမှာတော့ မက်ဆေ့တစ်ခုဝင်လာပါတယ်...''ခင်လို့ရမလားပေါ့''ကောင်မလေးကလဲအထီးကျန်ခြင်းတွေနဲ့လုံးထွေးနေရတဲ့အတွက်အဲဒီမက်ဆေ့လေးကိုReplyပြန်ရင်း..ရင်းနှီးသွားကြပြီးတဲ့နောက်မှာတော့ တစ်ညမှာကောင်မလေးဓာတ်ပုံကိုပို့ခိုင်းပါတယ် ပုံပို့ပေးပြီးလိုက်တာတဲ့ တစ်ဘက်က စာပြန်လာပါတယ် ကောင်မလေးကိုပြောလိုက်တဲ့စကားက ''ဓာတ်ပုံကိုသေချာပြန်ကြည့်ပါငါမင်းဘေးမှာတဲ့'' အဲဒီညကိုကောင်မလေးဘယ်လိုဖြတ်သန်းမလဲဆိုတာကြောက်စိတ်တွေတစ်မြည့်မြည့်နဲ့ကြည့်ကြရဦးမှာပါ....ကျန် အပိုင်း၃ပိုင်းမှာလည်းအဲဒီလိုပါပဲ...မလုပ်သင့်တာကိုလုပ်မိလို့ဂလဲ့စားချေခံရတာတွေ အိမ်ထောင်ရှိယောကျာ်းကိုပြစ်မှားလို့ ဇက်ကျိုးလျက်ကန်တော့တောင်းပန်ရတာတွေကိုကြောက်စိတ်တွေတဝကြီးနဲ့ကြည့်ကြရဦးမှာပါ ဒါကPhobia ၁ပါ 2ကိုလည်းမကြာခင်တင်ဆက်ပေးမှာပါ အညွန်းရှည်သွားတာကိုသည်းခံပေးပါ ၁ နဲ့၂ကအဆက် ဆက်ရှိပြီး ၁မှာတည်းကအခုလိုရှင်းထားမှ ၂ကိုကြည့်ရတာအဆင်ပြေမှာမို့ပါ.. (အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ John La Yaung ပဲဖြစ်ပါတယ်...)  File Size   :   925 MB Quality     :   Dvdrip Duratioin : 1 : 50 : 28 Translator :   John La Yaung Encoder   :   Moe ...
6.7
IMDB: 6.7/10 2,900 votes
movie

4bia (Phobia) 2008

2008