Channel Myanmar
2010
Insidious 6.8
Insidious အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ် အရမ်းချစ်ကြတဲ့ ဂျော့ခ်ျ တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့ တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက် အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီး ထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက် ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ် တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ် ပရလောက ကို မယုံတဲ့ ဂျော့ခ်ျ ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သော အဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ...   ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီး Thit San Khant မှ Encode ပေးထားပါတယ်
6.8
IMDB: 6.8/10 234,589 votes
movie
Insidious
2010
Liar Game: The Final Stage (2010) 7.3
Liar Game: The Final Stage (2010)   သင် လူတွေကို အလွယ်တကူယုံကြည်တတ်ပါသလား... ရိုးသားလွန်းတဲ့...ယုံကြည်လွယ်လွန်းတဲ့ လူတစ်ယောက်အဖို့ ယနေ့ခေတ်ကြီးမှာ ရှင်သန်နေထိုင်ရတာ အန္တရာယ်များလွန်းလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လိမ်ရတဲ့ကစားပွဲတစ်ခုမှာဆိုရင်တော့ ပိုဆိုးပြီပေါ့။ ဒီ Liar Game ဆိုတဲ့ဇာတ်ကားလေးက ဂျပန်ကားကြိုက်နှစ်သက်တဲ့လူတွေအတွက်တော့ ကြည့်ပျော်စေမယ့် ဇာတ်ကားလေးပါ။ လှည့်ကွက်များစွာနဲ့ တဖြေးဖြေးဆွဲဆောင်သွားတဲ့ ဒီဇာတ်ကားလေးဟာ IMDb Rating (7.3) ထိရရှိထားပါတယ်။ Liar Game ဆိုတဲ့ ဂျပန်စီးရီးကို အခြေပြုဖန်တီးတင်ဆက်ထားပြီး ကိုရီးယားစီးရီး Liar Game အဖြစ်လဲ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းပါ။ Liar Game ဇာတ်ကားအဆက် Liar Game 2:Reborn ဇာတ်ကားလဲ ၂၀၁၂ မှာထပ်မံထွက်ရှိခဲ့ပါတယ်...https://channelmyanmar.org/?s=liar+game  မှာရှာပါ။   File size…(999 MB) and (420MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:13:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by  Daniel Sharman  
7.3
IMDB: 7.3/10 699 votes
movie
Liar Game: The Final Stage (2010)
2010
The A-Team (2010) 6.8
The A-Team (2010) Non-stop Action ဇာတ်ကားတစ်ကားဖြစ်တဲ့ The A-Team ကို ဒါရိုက်တာ Joe Carnahan ရိုက်ကူးခဲ့ပြီး IMDb 6.8 ရရှိထားပါတယ် *ဆေးပြင်းလိပ်ခဲပြီး အစီအစဉ်ဆွဲရတာဝါသနာပါတဲ့ ကာနယ်ဟန်နီဘယ်စမစ်အဖြစ် Liam Neeson* မျက်နှာများတဲ့ စော်ကြည်ဘဲ Face အဖြစ် Bradley Cooper *ခွန်အားဗလကြီးသလောက် အသည်းငယ်တဲ့ ဘီအေဘရာကပ်စ် အဖြစ် Quinton*a *ဂေါက်ကြောင်စကားလုံးတွေကြောင့် ရယ်မောကြရမယ့် မားဒေါ့အဖြစ် Sharlto Copley* တို့က ဦးဆောင်ပါဝင်ထားပါတယ် ကာနယ်ဟန်နီဘယ်စမစ်ဦးဆောင်သော လူလေးဦးဖြင့်ဖွဲ့စည်းထားသည့် အယ်လ်ဖာတပ်ဖွဲ့ဝင် များဟာ စွန့်စားစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာ ပျော်မွေ့ကြသူများဖြစ်ကြပါတယ် ဒေါ်လာရိုက်နှိပ်ရာတွင် အသုံးပြုသော ပျောက်ဆုံးပုံနှိပ်တံဆိပ်ပြားများ ဘက္ကဒက်တွင် ရောက်ရှိနေသည်ဟုသတင်းရပြီး ကာနယ်စမစ်နှင့်အဖွဲ့က ပြန်လည်လုယူခဲ့ကြပါတယ် ထိုတံဆိပ်ပြားများကို ခိုးယူရောင်းချလိုသူများထဲတွင် ထိပ်ပိုင်းအရာရှိများလည်းပါဝင်ခဲ့ရာ....... စကားချပ်။ ။ ကျည်ဆံများဇာတ်ကားထဲမှထွက်လာပြီး ထိမှန်နိုင်သောကြောင့် ကျည်ကာဝတ်၍ ကြည့်ကြပါကုန်။ File Size : (956 MB) and (327 MB) Quality : BluRay 1080p Running Time : 1hr 57min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar ...
6.8
IMDB: 6.8/10 226,404 votes
movie
The A-Team (2010)
2010
The Next Three Days(2010) 7.4
The Next Three Days(2010) IMDb...7.4 ၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ...ကျွန်တော်တို့ဟာ  ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့ ပြောက်မြောက်တဲ့အမူအရာတွေကို  ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်... လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ .. ဘ၀ကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့...သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက် ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ. .ယောက်ျားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ  သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမ၀င်တော့ပါဘူး.... ဒီတော့ သာမန်ကျောင်းဆရာတစ်ယောက်အတွက် အတွေးတွေဟာ ရူးမတတ်ပဲ..လူသတ်မှုဟာ နှစ်ရှည်လများထောင်ကျနိုင်တော့ ပြိုကွဲတော့မယ့် မိသားစုအတွက် သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ... ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe  ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်.. သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ... ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်...ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်. .ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေ  မျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော ...
7.4
IMDB: 7.4/10 159,034 votes
movie
The Next Three Days(2010)
2010
The Last Song (2010) 5.9
The Last Song (2010) ကဲ ရိုမန်တစ်​ဆန်​ဆန်​ကား​လေး​တွေကြည့်​ချင်​သူ​တွေအတွက်​ ဇာတ်​ကား​ကောင်း​လေးလာပါပြီ The last song ဇာတ်​ကား​လေးဟာ 2010ခုနှစ်​ကထွက်​ရှိထားတဲ့ romance ရုပ်​ရှင်​ဇာတ်​ကားတစ်​ကားဖြစ်​ပြီး Imdb rating 5.9/10ရရှိထားပါတယ်​ သရုပ်​​ဆောင်​ထားသူ​တွေက​တော့ အဆို​တော်​ မိုင်​လီဆိုင်းရပ်​စ်​နဲ့ချစ်​သူမင်းသား​ချော Liam Hemsworthတို့ဖြစ်​ပါတယ်​... Liam ကိုအရမ်းချစ်​တဲ့မိုင်​လီတစ်​​ယောက်​ ဘယ်​လိုအသက်​ပါပါသရုပ်​​ဆောင်​သွားမလဲဆိုတာ စိတ်​၀င်​စားစိတ်​၀င်​စားစရာပါ ဇာတ်​လမ်းအကျဉ်းက​တော့ ဆယ်​​ကျော်​သက်​​ကောင်​မ​လေး Ronnie ဟာ မိခင်​ဖြစ်​သူနဲ့သာ​နေရတဲ့​ကောင်​မ​လေးဖြစ်​ပါတယ်​....​ ​နွေရာသီ​အားလပ်​ရက်​​ရောက်​တဲ့အခါ မိခင်​ဖြစ်​သူက Ronnie နဲ့​မောင်​ဖြစ်​သူကို ကွဲကွာ​နေတဲ့ဖခင်​ဆီ ပို့လိုက်​ပါ​တော့တယ်​... ဖခင်ကိုအြ​​မင်မ​ကြည်​တဲ့ Ronnie ကို ဖခင်​ဖြစ်​သူမှ ၂​ယောက်​စလုံးဝါသနာပါတဲ့သီချင်း​တွေနဲ့ Ronnie တစ်​​ယောက်​ စိတ်ေ​ပြသွားအောင်​ဆွဲ​ဆောင်​ပါ​တော့တယ်​..... Ronnie လည်း မြို့ခံနယ်​သား​လေး တစ်​​ယောက်​နဲ့ချစ်​ကြိုက်​မိပါ​တော့တယ်​.... Ronnie ဖခင်​နဲ့ပြန်​​ပြေလည်​သွားမလား.... အချစ်​​ရေးက​ရော​ဖြောင့်​ဖြူးမှာလားဆိုတာ ကြည့်​ရှုလိုက်​ပါဦး​နော်​   File Size : (900 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 47min Format : Mp4 Genre :Drama, Music, Romance Subtitle : Myanmar ...
5.9
IMDB: 5.9/10 67,880 votes
movie
The Last Song (2010)
2010
Blu-Ray 720p
Udaan(2010) 8.2
Udaan(2010) Udaan(2010) IMDb....8.2 တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်... ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တစ်အားချစ်မှန်းသိရင် ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်....မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့ အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်... အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ....ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလို အရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့  ပြုစုပျိုးထောင်ပုံသွင်းကြတယ်...တစ်ချို့သောကလေးတွေအတွက် အဆင်ပြေပေမယ့် ၀ါသနာနဲ့နှလုံးသားရဲ့မြတ်နိုးရာ လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာေ၀၀ါးသွားတတ်တယ်.. ..နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမယ့် အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်.. ..ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ..... အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး (၄၆)ကားစာရင်းထဲပါခဲ့သလို၊အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့အခြေားဆုပေါင်းများစွာရရှိထားပါတယ်. ...ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး.... ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်းခင်ဗျားဟာဒီကားကြည့်ပြီးသတိထားမိသွားလိမ့်မယ်. .အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာ Udaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်..... File Size…(900MB) and (400MB) Quality…BluRay 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant
8.2
IMDB: 8.2/10 35,715 votes
movie
Udaan(2010)
2010
Inception (2010) 8.8
Inception (2010) IMDb Rating (8.8/10) Rotten Tomatoes (86%) ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး - မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ - နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် - ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ - ဘာရယ်တော့ မဟုတ်ဘူး - သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ - ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် - မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် - လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ...
8.8
IMDB: 8.8/10 1,489,067 votes
movie
Inception (2010)
2010
Tucker and Dale vs Evil (2010) 7.6
Tucker and Dale vs Evil (2010) သရဲကားတွေ နဲ့ ဟာသကားတွေဟာ လူတွေကြားမှာ ရေပန်းစားပြီး လူတွေ ပိုကြိုက်တက်ကြပါတယ်။အဲ့လို ကြိုက်တက် ကြတဲ့ အတွက် လည်း အချင်းချင်း စနောက် ပြီး ချောက်တက်လှန့်တက် ကြပါတယ်။ အဲ့လို ချောက်လှန့် ရာကနေ မတော်တဆ ဖြစ်ရပ်တွေ ဖြစ်ဖူးတာတွေ ရှိသလို ရယ်စရာ အဖြစ်အပျက်တွေလည်း ကြုံရတာတွေ ရှိပါတယ်။ အခုကားလေးထဲမှာတော့ ကောလိပ်ကျောင်းသားလေးတစ်သိုက် အားလပ်ရပ် အပန်းဖြေ ခရီး ထွက်ရာမှာ မတော်တဆမှု့တွေနဲ့ ကြုံရတာကို ဟာသဆန်ဆန် နဲ့ရိုက်ကူးပြထားပါတယ်။ IMDB Rating 7.6 နဲ့ Rotten Tomato 86% အထိရရှိထားတဲ့ Horror Comedy ကားလေးပါ။ အနည်းငယ် မိတ်ဆက်ပေးရရင်တော့ အယ်လီဆန် တို့ ကျောင်းသားတစ်သိုက်က တောအုပ် ထဲမှာ အပန်းဖြေဖို့ ...
7.6
IMDB: 7.6/10 142,392 votes
movie
Tucker and Dale vs Evil (2010)
2010
Batman: Under the Red Hood (2010) 8.1
Batman: Under the Red Hood (2010) ဒီကားလေးကတော့ DC ရဲ့ နာမည် ကျော် Animation တွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Batman ရဲ့ နာမည်ကျော် ဗီလိန်တွေဖြစ်တဲ့ ဂျိုကာ ရာအယ်ဂူး Red Hood အစရှိတဲ့ သူတွေပါဝင်တဲ့ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းကို ပြောရရင်တော့ ဂျိုကာ ရဲ့ လက်ချက်နဲ့ Second Robin ဖြစ်တဲ့ Jason Todd သေဆုံးသွားပြီးနဲ့နောက်မှာ Batman ဟာ ဆိုရင် ဘယ်သူ့ အကူအညီမှ မယူပဲတစ်ယောက်ထဲ လှုပ်ရှား နေပါတော့တယ်။အဲ့အချိန်မှာပဲ Gotham မှာ Joker က Arkham Asylum ထဲမှာ အဖမ်းခံနေရပြီး ရာဇ၀တ်လုပ်ငန်းတွေကို Black Mask က ချုပ်ကိုင် နေတဲ့ အချိန်ပေါ့။ အဲ့အချိန်မှာပဲ Red Hood လို့အမည်ရတဲ့ အနီရောင် မျက်နှာဖုံးစွပ် ဗီလိန်တစ်ဦး ပေါ်ထွက်လာခဲ့ပါတယ်။သူကတော့ Black Mask တို့လို မူးယစ်ဆေး အရောင်း အ၀ယ်လုပ်ဖို့ ဆိုးသွမ်း ...
8.1
IMDB: 8.1/10 43,702 votes
movie
Batman: Under the Red Hood (2010)
2010
The Ward(2010) 5.6
The Ward(2010) .. Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်...ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်...Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်...ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ...ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်...Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်... Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ Iris ကို ရှာဖွေခဲ့ကြပါတယ်...ကံဆိုးချင်တော့ Sarah, Emily တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပါတယ်.... Kristen ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ပါတယ်... သူဟာ ကျန်ရှိနေတဲ့ သူငယ်ချင်း Zoey ...
5.6
IMDB: 5.6/10 36,160 votes
movie
The Ward(2010)
2010
Date Night(2010) 6.3
Date Night(2010) ဖီလ်ဖော်စတာနဲ့ကလျာဖော်စတာတို့ဟာနယူးဂျာစီပြည်နယ်မှာနေတဲ့အိမ်ထောင်သည်​လင်​မယား ၂ဦးပါ။ လင်​မယား ၂​ယောက်​ဟာ သားသမီး​တွေပြုစုရ ​ငွေရှာရ ဆို​တော့ တစ်​​ယောက်​ကိုတစ်​​ယောက်​ အချိန်​မ​ပေးနိုင်​ကြဘူး:။ ဒီ​​တော့ သူတို့ ၂​ယောက်​ ဟာ အလှည့်​အ​ပြောင်း​လေးဖြစ်​သွား​အောင်​ အိမ်​နဲ့ခပ်​လှမ်းလှမ်းမှာရှိတဲ့ မြိုတစ်​မြို့ရဲ့ ဆိုင်​ကြီးတစ်​ဆိုင်​မှာ ​ပျော်​စရာ​တွေပြန်​ဖန်​တီးဖို့ ညဘက်​မှာချိန်း​​တွေ့ကြတယ်​ ။ဆိုင်​က နာမည်​ကြီး လူကြိုက်​များတဲ့အပြင်​ အထင်​ကရ​တွေပဲလာတတ်​​လေ​တော့ ဘွတ်​ကင်​ကြိုမလုပ်​တဲ့သူတို့အဖို့ ​နေရာ မရရှာဘူး။သူတို့လင်​မယား ၂​ယောက်​ဟာ ဘွတ်​ကင်​လုပ်​ပြီးမလာတဲ့ သူရဲ့ဝိုင်းကိုခပ်​တည်​တည်​နဲ့ဝင်​ထိုင်​ကြတယ်​။။။အဲ့ဒီမှာပြသနာစ​တော့တာပဲ။။။ လူဆိုး​တွေက အဲ့စားပွဲကို လာထိုင်​တဲ့ သူကို​​စောင့်​​နေတာပါ ဘာလို့ဆို ဘွတ်​ကင်​လုပ်​ထားတဲ့နာမည်​နဲ့လူဟာ နိုင်​ငံအကြီးအကဲ ရဲ့ လျှို့ဝှက်​ အချက်​အလက်​​တွေခိုးယူထားတဲ့သူမို့ပါ။ ​ပျော်​ချင်​လို့ ​လာတဲ့လင်​မယား ၂​ယောက်​ ၆ပါးစ​မှောက်​​တော့တာပဲ။ ကိုင်းပြိတ်​သတ်​ကြီး​ရေ အလွဲအ​ချော်​တွေနဲ့ ဟာသကား​လေး​တွေကြည့်​ချင်​တယ်​ဆိုရင်​​တော့ ကိုင်း ........ ဒီကားထဲကအဓိကသရုပ်​​ဆောင်​ တလွဲမင်းသားကြီးကို​တော့သိကြမှာပါ​နော်​ File Size…(874 MB) and (355 MB) Quality…BluRay Rip 720p Format…mp4 Duration…01:27:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Saw Wunna
6.3
IMDB: 6.3/10 136,254 votes
movie
Date Night(2010)
2010
Shutter Island (2010) 8.1
Shutter Island (2010) ဒီmovieလေးမှာ Leonardoဟာ အင်ဒရူးအဖြစ် သရုပ်ဆောင်ထားပြီး ခန့်မှန်းနားလည်ရခက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ပရိသတ်တွေကို ဒီဇာတ်လမ်းမှာ စီးမျောစေမှာပါ… ဇာတ်လမ်းအစမှာတော့ အင်ဒရူး နဲ့ ဂျက် တို့သူငယ်ချင်းနှစ်ယောက် ကျွန်းတစ်ကျွန်းကို သွားနေကြပုံနဲ့ အစချီထားပါတယ်… ကျွန်းပေါ်မှာတည်ထားတဲ့ အကျဉ်းထောင်ပေါ်က အကျဉ်းသူတစ်ယောက် ပျောက်ဆုံးသွားမှုကိုစစ်ဆေးဖို့ အရောက်သွားနေကြတာပေါ့… ကျွန်းပေါ်ရောက်တော့အကျဉ်းသားတွေအားလုံးဟာ လူနာတွေလိုပဲ… သူတို့ကိုတောင် မင်းနားမလည်ပါဘူးကွာ ဆိုတဲ့အကြည့်နဲ့ဝိုင်းကြည့်လိုက်ကြသေး… ကဲ အမှုအကြောင်းစစ်ဆေးတော့လည်း အားလုံးက မသိဘူး ဆိုတာချည်း… ဒီလိုဆို ထွက်ပေါက်မရှိတဲ့ဒီအကျဉ်းခန်းက ဒီဂြိုဟ်သူမ ကဘယ်လိုများ လွတ်မြောက်သွားတာတုန်း ဆိုတာလည်းအဖြေမတွေ့ … ပိုဆိုးတာက အင်ဒရူးကိုယ်တိုင်က…ဝိညာဉ်လိုလို မသိစိတ်လိုလိုပုံရိပ်တွေ တွေ့လာရပြီး… သူကိုယ်တိုင်လည်း ဆေးတွေသောက်လိုသောက်နေတော့…သူပဲရူးသွားပြီလား ပုံရိပ်တွေကရော ဘာတွေလဲ… အကျဉ်းသူကလည်း ဘယ်ရောက်သွားလဲ…အစရှိသည်ဖြင့် ပဟေဠိ ဆန်လှတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကိုခံစားရမှာပါ… Rating ကလည်း8.1ဆိုတော့ကာ…တကယ်မိုက်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါကြောင်း…   File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 18min Format : Mp4 Genre :Mystery, Thriller Subtitle ...
8.1
IMDB: 8.1/10 889,831 votes
movie
Shutter Island (2010)
2010
Cyrano Agency(2010) 6.6
Cyrano Agency(2010) IMDb.....6.6 Cyrano လို့ခေါ်တဲ့ မြှားနတ်မောင်အေဂျင်စီတစ်ခု...... လူငယ်တွေနဲ့ဖွဲ့စည်းထားလေတော့ သူတို့ အိုင်ဒီယာလေး တွေက အတော်မိုက်တယ် သူတို့က အောင်သွယ်ပေးဖို့အလုပ်လာအပ်တဲ့သူကိုအကြံပေးရုံသက်သက်တင်မဟုတ်ဘူး...... အောင်သွယ်ပေးရမဲ့လူ (၂)ယောက်လုံးရဲ့ Biography ကို လေ့လာတယ် အသေးစိတ်ကအစပေါ့ ပြီးရင် Plan တွေ စနစ်တကျဆွဲတယ် နားကြတ်တပ်ပေးပြီးတော့ အနီးကပ်ညွှန်ကြားပေးတဲ့အပြင် သူတို့(၄)ယောက်ကလည်း လိုအပ်ရင် လိုအပ်သလို planထဲ ကွက်တိဝင်အောင် သရုပ်ဆောင်ပေးတယ်..... တစ်နေ့တော့ သူတို့အဖွဲ့ဆီကို ကောင်လေးတစ်ယောက်က အောင်သွယ်လုပ်ပေးဖို့အလုပ်အပ်တယ်... အလုပ်အပ်တဲ့ကောင်လေးနဲ့ အောင်သွယ်ပေးရမဲ့ကောင်မလေးရဲ့ အချက်အလက်တွေစုဆောင်းပြီးတဲ့ အချိန်မှာတော့ Cyrano အေဂျင်စီမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်ကုန်တယ်...ကောင်လေးတစ်ယောက်က မဖြစ်နိုင်ဘူး ဒီအလုပ်ဆက်မလုပ်ရဘူးလို့ကန့်ကွက်တယ် ကျန်တဲ့သူတွေက ဒီအလုပ်ကိုလက်ခံလိုက်တယ် ...... ဒီကားရဲ့သရုပ်ဆောင် Tae-woong Eom,Min-jung Lee, Daniel Choi စတဲ့ နာမည်ကြီး (၄)ယောက်ကိုအားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ....ကိုရီးယားကားတွေရဲ့ထုံးစံအတိုင်း Entertainment အတော်ဆန်လှတယ် Story တွေက သိပ်မဆန်းရင်တောင် ဇတ်ကွက်လေးတွေက အတော်ဆွဲဆောင်မှုရှိတယ် နောက်တစ်ခု ချီးကျူးစရာကောင်းတာက Lighting ပိုင်းပါ သရုပ်ဆောင်တွေရဲ့လှုပ်ရှားမှုတွေအမူအရာတွေကို အကောင်းဆုံးအထောက် အပံ့ပေးနိုင်တယ် သူတို့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကလည်း lightion ကြောင့်ကြွရွထွက်နေတယ်....ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ File Size…(869MB) and (518MB) Quality…BluRay ...
6.6
IMDB: 6.6/10 1,056 votes
movie
Cyrano Agency(2010)
2010
Percy Jackson & the Olympians: The Lightning Thief (2010) 5.9
Percy Jackson & the Olympians: The Lightning Thief (2010) ရှေး ဂရိဒဏ္ဍာရီထဲက နတ်ဘုရားတွေ… နတ်ဘုရားမတွေအကြောင်း …သူတို့ရဲ့စွမ်းအားတွေ… နတ်ဘုရားတွေနဲ့ လူသားတွေချစ်ကြိုက်မိရာမှမွေးဖွားလာတဲ့ သွေးနှောနတ်ဘုရားတွေ…ဂရိဒဏ္ဍာရီထဲက သတ္တဝါဆန်းတွေ…ဒါတွေဟာ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အဆန်းတကြယ် ဖြစ်မနေတဲ့အကြောင်းအရာတွေ အနည်းနဲ့အများ ရင်းနှီးပြီးသား အကြောင်းအရာတွေလို့ယူဆမိတယ်… ဘာလို့ဆို နတ်ဘုရားတွေပေါ်အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ပေါင်းလည်း နည်းမှမနည်းဘဲကိုး… အဲ့ဒီ နည်းမှမနည်းတဲ့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာထဲမှ…ဒီနေ့အတွက် ရေနတ်ဘုရားရဲ့သားတော် ဖြစ်တဲ့ ပါစီဂျက်ဆန်ရဲ့ စွန့်စားခန်း ဇာတ်လမ်းလေး၂ပုဒ် ကို တင်ဆက်ပေးချင်ပါတယ်… ဒီပါစီဂျက်ဆန် ကိုငယ်ငယ်က သိပ်နှစ်သက်ခဲ့ပြီး ခုတစ်ဖန်ပြန်လည်ကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်လည်း old but gold ဘာညာပေါ့နော်… ပထမဇာတ်ကားကတော့ Lighting Thiefပါ… ဒီ Lighting theifထဲမှာတော့ သူ့ကိုယ်သူ နတ်ဘုရားရဲ့သားတော်မှန်းမသိသေးတဲ့ပါစီဂျက်ဆန်တစ်ယောက်… ပထွေးကြောင့်ရယ် သူ့ရဲ့ စာဖတ်မရတဲ့ ရောဂါကြောင့်ရယ် ဒုက္ခပွေနေရပုံတွေ… နောက်ပိုင်း အဖြစ်မှန်သိတဲ့အခါ ကျပြန်တော့လည်း သူ့ကို မိုးကြိုး သူခိုးပါဆိုပြီး နတ်ဘုရားတစ်လောကလုံးက စွပ်စွဲနေတဲ့အတွက် ဒါကိုဖြေရှင်းဖို့အတွက်ရယ် မိခင်ကိုကယ်တင်ဖို့အတွက်ရယ် မြို့အနှံ့ရွာအနှံ့အပြင် မြေအောက်ကမ္ဘာထိသွားပြီး စွန့်စားခန်းဖွင့်ရပုံတွေ တွေ့ရမှာပါ… သူ့ရဲ့စွန့်စားခန်းတွေကို လိုက်ပြီးကူညီခဲ့တဲ့သူတွေကတော့ ဥာဏ်ပညာနတ်ဘုရားမရဲ့သမီး ...
5.9
IMDB: 5.9/10 152,497 votes
movie
Percy Jackson & the Olympians: The Lightning Thief (2010)
2010
Let the Bullets Fly (2010) 7.3
Let the Bullets Fly (2010) Let the Bullet Fly (2010) ရုပ်ရှင်ဟာ ၂၀၁၀ခုနှစ်ကစတင်ဖြန့် ချိခဲ့တဲ့တရုတ်အက်ရှင်ဇာတ်ကားဖြစ်ပါတယ် IMDB အနေနဲ့ 7.3/10 ကိုရယူထားပြီး Rotten Tomato မှာတော့ 72%ပါ အဓိကဇာတ်ကောင်တွေအဖြစ်နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့  Chow Yun-fat(ချောင်ယွန်ဖတ်) Jiang Wen(ကျန်းဝမ်)တိုပါဝင်သရုပ်ဆောင်အားပြိုင်ထားပါတယ် ဇာတ်လမ်းကြာချိန်ကတော့ ၂ နာရီပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀ပြည့်နှစ်အချိန်ကာလတရုတ်နိုင်ငံတွင်ကျာက်ပေါက်မာဓားပြကျန်းခေါင်းဆောင်တဲ့ဓားပြအဖွဲ့ ရှိခဲ့ပါတယ် တစ်နေ့ အရာရှိမင်းမာပန်းတယ်စီးနင်းလိုက်ပါလာသောရထားအားလုယက်မှုပြုရင်း ဓားပြဗိုလ်မှအရာရှိယောင်ဆောင်ကာအနီးနားရှိအယ်ချန်မြို့ လေးသို့ သွားရောက်ကာမြို့ ဝန်မင်းရာထူးရယူပြီးကြီးပွားချမ်းသာဖို့ ကြံစည်ပါတယ် သို့ သော်ထိုမြို့ တွင်ကြီးစိုးနေသော သူဌေးဟွမ်စစ်လန်နှင့်ရင်ဆိုင်ရပါတော့တယ် သူတို့ နှစ်ယောက်အပြန်အလှန် အကောက်ဥာဏ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း ဘယ်လိုတွေဖြစ်ပျက်လာမလဲ ဘယ်သူရှုံးနိမ့်ပြီးဘယ်သူနိုင်သွားမလဲဆိုတာ........ အက်ရှင် ဟာသ ဒရာမာပေါင်းစပ်ထားသောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်   (ဘာသာပြန်သူကတော့ Kuran ပါ)   File Size : (950 MB) and (480 MB) Quality : Bluray 720p Running Time : 2hr 12min Format ...
7.3
IMDB: 7.3/10 7,128 votes
movie
Let the Bullets Fly (2010)
2010
Secret Reunion (2010) 7.0
Secret Reunion (2010) ​ကိုးရီးယားနိုင်​ငံရဲ့​အောင်​မြင်​တဲ့ထုတ်​လုပ်​မှုတစ်​ခုဖြစ်​တဲ့ ဒီကား​လေးက ​ဆောင်းကန်​ဟိုနဲ့ ကင်​​ဒေါင်​ဝန်​တို့ main role အ​နေနဲ့ပါဝင်​ထားတဲ့ ​ဟောလိဝုဒ်​ကားဆန်​ဆန်​ spy,thriller ကား​လေးဖြစ်​ပါတယ်​။ ​အေးဂျင့်​ လီဟန်​ဂူဟာ နိုင်​ငံ​ရေးဌာနတစ်​ခုမှာတာဝန်​ထမ်း​ဆောင်​​နေပြီး မိသားစုကို​ကောင်း​ကောင်းမ​ထောက်​ပံ့နိုင်​တဲ့အတွက် အိ​မ်​​ထောင်​နဲ့ကွဲ​နေသူပါ။ သူ့ရဲ့ မစ်​ရှင်​က​တော့​မြောက်​ကိုရီးယား​ခေါင်း​ဆောင်​ကိုသစ္စာ​ဖောက်​တဲ့သူ​တွေကိုသတ်​ဖြတ်​​နေတဲ့ အရိပ်​ ဆိုတဲ့လူသတ်​သမားကိုလိုက်​လံဖမ်းဆီး​ရခြင်းပါ။ မစ်​ရှင်​ကျရှုံးခဲ့တဲ့အတွက်​အထက်​လူကြီးနဲ့က​တောက်​ကဆဖြစ်​ကာ လီဟန်​ဂူအလုပ်​ထွက်​ခဲ့ရပါတယ်​။ ကင်​​ဒေါင်​ဝမ်​က​တော့ ​မြောက်​ကိုရီးယားရဲ့သူလျှို ဂျီဝန်​အဖြစ်​သရုပ်​​ဆောင်​ထားပြီး အရိပ်​ရဲ့အမိန့်​ကိုလိုက်​နာရသူပါ။ နူးညံတဲ့နှလုံးသားပိုင်​ရှင်​ဂျီဝန်​ဟာ ရန်​သူ​ကိုညှာတာမိရာက​နေ တိုင်းပြည်​ရဲ့သစ္စာ​ဖောက်​ဖြစ်​ခဲ့ပါတယ်​။ ၆နှစ်​ကြာတဲ့အခါ ကိုယ်​ပိုင်​​အေဂျင်​စီ​ထောင်​ပြီး ထွက်​​ပြေး​နေတဲ့နိုင်​ငံခြားသူဇနီး​တွေကိုရှာ​ဖွေ​ပေး​နေသူ လီဟန်​ဂူဟာ ဆု​ငွေရလိုမှုနဲ့ရဲဌာနကအလိုရှိသူကိုဖမ်းဆီးရင်​ ​ဆောက်​လုပ်​​ရေးလုပ်​ငန်​တစ်​ခုမှာအလုပ်​လုပ်​​နေတဲ့ ဂျီဝန်​နဲ့ဆုံခဲ့ပါတယ်​။ ဇနီးသည်​နဲ့သမီး​လေးဆီပြန်​ဖို့​ငွေလို​နေတဲ့ဂျီဝန်​ဟာ လီဟန်​ဂူရဲ့​အေဂျင်​စီမှာအလုပ်​လုပ်​ရင်း လီဟန်​ဂူရဲ့တိုက်​ခန်းမှာပဲ​နေ​ထိုင်​ခဲ့ပါတယ်​ တစ်​​ယောက်​ကိုတစ်​​ယောက်​သတိထားရင်းနဲ့အ​နေကြာလာတဲ့အခါမှာ ညီအကိုသံ​ယောဇဉ်​တွယ်​လာခဲ့ပါတယ်​။ နျူးကလီးယားပြဿနာနဲ့နှစ်​နိုင်​ငံဆက်​ဆံ​ရေးတင်းမာလာပြီးလုပ်​ကြံသတ်​ဖြတ်​မှု​တွေပြန်​လည်​အစပြုလာချိန်​မှာ​တော့ သူတို့နှစ်​​ယောက်​ကြားဆက်​ဆံ​ရေး​တွေဘယ်​လိုဆက်​ဖြစ်​ကြမလဲ.. ဂျီဝန်​က​ရော သူ့မိသားစုနဲ့ပြန်​လည်​​ပေါင်းစည်းနိုင်​ပါ့မလား..ဆိုတာကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာပါ   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကြာဖြူလွင်ပါ)     File Size : (850 MB) and (400 MB) Quality : 720p Bluray Running Time : 1hr 57min Format : Mp4 Genre :Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
7.0
IMDB: 7.0/10 2,709 votes
movie
Secret Reunion (2010)
2010
Trust (2010) 6.9
6.9
IMDB: 6.9/10 36,616 votes
movie
Trust (2010)
2010
Genres