Channel Myanmar

2011

The Crown Jewels (2011) 5.9
The Crown Jewels (2011) The Crown Jewels (2011) ==================ဖရာဂန်ဆီယာဆိုတဲ့ကောင်မလေးကို လူသတ်မှုကြောင့်စစ်ဆေးတာကနေ ဇာတ်လမ်းစထားပါတယ်။ အဲဒီမှာ ဖရာဂန်ဆီယာက အခင်းဖြစ်ပုံကိုစမပြောဘဲ သူမွေးတဲ့အချိန်ကနေ နောက်ကြောင်းပြန်ပါတော့တယ်။ ကျွန်တော်သာ သူ့ကို မေးနေတဲ့စုံထောက်ဆိုရင် စိတ်မရှည်ပါဘူး။ ဒါပေမဲ့ ကြည့်တဲ့သူနေရာကနေ ဆိုရင်တော့ ဇာတ်ကားကကြည့်လို့ကောင်းပါတယ်။ မိသားစုနှစ်ခုရဲ့ မတူညီတဲ့ အပြုအမူတွေရယ် ဖရာဂန်ဆီယာ၊ စက်ရုံပိုင်ရှင်သားနဲ့ နာမည်ကြီးဟောကီကစား သမားလေးတို့ရဲ့ သုံးပွင့်ဆိုင် (လေးပွင့်ဆိုင်လို့လည်းပြောလို့ရတဲ့) ဇာတ်လမ်းကို တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(2.11 GB) / (857 MB) / (494 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......EL Encoder..........Zin Phyo Aung
movie

The Crown Jewels (2011)

2011
Blu-Ray 1080p 5.1CH
Voir la mer (2011) 5.6
Voir la mer (2011) Voir la mer (2011) ==============ဒီတစ်ခေါက်မှာတော့ ပြင်သစ် သုံးပွင့်ဆိုင် ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နီကိုလာနဲ့ ကလီမန့်လို့ခေါ်တဲ့ ညီအစ်ကို နှစ်ယောက်က အားလပ်ရက်မှာ သူတို့အမေရှိတာ ပြင်သစ်ကို အလည်သွားဖို့ ခရီးထွက်လာခဲ့ပါတော့တယ်။ ခရီးမသွားခင်မှာပဲ ပရူဒန့်ဆိုတဲ့ ကောင်မလေးတစ်ယောက်က နီကိုလာနောက်လိုက်ပါပြီး သူမလည်း ခရီးစဥ်မှာအတူပါလာပါတော့တယ်။တကယ်တော့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါပါပဲ . ညီအကိုတွေ ခရီးထွက်တယ်၊ ကောင်မလေးက လမ်းကြုံလိုက်တယ်ပေါ့။ မရိုးတာ ကတော့ ကောင်မလေးနဲ့ ညီအကိုနှစ်ယောက်လုံးနဲ့ ညိတာပါပဲ။ ကျန်တာတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါ၊ တစ်ခုသတိ ပေးချင်တာက မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေ ပါဝင်တာမို့ သတိပြုကြည့်ရှုကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.8 GB) / (780 MB) / (449 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Parris Encoder..........SWM 
movie

Voir la mer (2011)

2011
Occupant (2011) 4.6
Occupant (2011) Occupant (2011) ============2011က ထွက်ရှိခဲ့တဲ့ Psychological thriller ကားကောင်းလေးနဲ့ မိတ်ဆက်လိုက်ပါရစေ။ တိုက်ခန်းကောင်းကြီးတစ်ခုမှာ ငှားခ သက် သာစွာ တစ်ဦးတည်းနေထိုင်နေတဲ့ အဘွားအိုကြီးတစ်ယောက် နှလုံး ဖောက်ပြီး သေဆုံးသွားတာနဲ့ စတင်ထားတယ်။သူ့မြေးဖြစ်တဲ့ ဒန်နီက သေဆုံးသူဟာ သူ့အဘွားဖြစ်ကြောင်း အတည် ပြုပေးဖို့ ရောက်လာခဲ့ပြီး၊ အဲဒီက တိုက်စောင့် ဂျိုးဟာ ဒန်နီကို အဘွားကြီး ရဲ့ ခံစားခွင့်တွေအတိုင်း ဆက်လက်ငှားရမ်းနိုင်မယ့် အကြံကောင်းတစ်ခု ပေးပါတယ်။ ဒေါ်လာတစ်သောင်းတန်တဲ့တိုက်ခန်းကို သက်သာစွာနဲ့ တစ် သက်တာနေထိုင်ခွင့်ကို သဘောကျသွားတဲ့ ဒန်နီဟာ အကြံကို လက်ခံလိုက် တာပေါ့။ ပြီးတော့ တံခါးစောင့်ပြောတဲ့အတိုင်း ရှေ့နေလည်းငှားရမ်းလိုက် ပါတယ်။သူ့ရဲ့ရှေ့နေက တိုက်ခန်းပိုင်ရှင် မောင်းမထုတ်နိုင်အောင် အိမ်ထဲမှာပဲ ၁၂ရက် တာ တရားဝင်အမိန့်စာ ကျတဲ့အထိ နေထိုင်ဖို့ပြောခဲ့တာမို့ သူနေရတော့တာပေါ့။ ဒန်နီလည်း အစပိုင်းတော့အဆင်ပြေပေမယ့် ရက်ကြာလာတာနဲ့အမျှ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို တစ်ခုပြီးတစ်ခု ကြုံလာရပါတယ်။ သူ့ဆီလာလည်တဲ့ သူငယ် ချင်းမကျ ဟိုမကျ ဒီမကျလေးလည်း ပျောက်ဆုံးသွားခဲ့ပြန်တယ်။ ဒီလိုနဲ့ပဲ ဒန်နီတစ်ယောက် မတော်လောဘစိတ်လေးနဲ့ ၁၂ရက်ပြည့်အောင် နေနိုင်မလား ထူးဆန်းတဲ့ ဖြစ်ရပ်တွေရဲ့ ...
movie

Occupant (2011)

2011
Aadukalam (2011) 8.1
Aadukalam (2011) Aadukalam (2011)~ IMDb - 8.1/10, Rotten Tomatoes - 93% ~အိန္ဒိယတောင်ပိုင်း တမီးလ်နန်ဒူးမှာ ရှေးအစဥ်အလာတည်းက ကြက်တိုက်ခြင်းဓလေ့တွေရှိခဲ့ပါတယ်။ သိမ်မွေ့တဲ့ကြက်တိုက်ပွဲဆိုတာ လူ့ဘဝတိုက်ပွဲတွေလိုပါပဲ။ သူတို့ရဲ့နယ်မြေကိုကာကွယ်ဖို့နဲ့ ကြက်အမတွေကိုရဖို့ တိုက်ခိုက်ကြရပါတယ်...မာဒူရိုင်နယ်မှာ ရိုးရာတိုက်ကြက်ဖတွေကိုလေ့ကျင့်ပေးတဲ့ ပက်တရာကာရန်နဲ့ စုံစမ်းရေးရဲအရာရှိ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲက ပြင်းထန်ပါတယ်။ ပက်တရာကာရန်ရဲ့ ကျွမ်းကျင်လိမ်မာမှုကြောင့် ရာသင်နာဆာမီက ဘယ်တုန်းကမှသူ့ကို ကြက်တိုက်ပွဲမှာမနိုင်ခဲ့ပါဘူး။ ရာသင်နာဆာမီက သူ့အမေမသေခင် ပက်တရာကာရန်ကိုအနိုင်ရချင်တဲ့အတွက် နည်းပေါင်းစုံနဲ့အနိုင်ရဖို့ကြိုးစားခဲ့ပါတယ်။ကာရူပူနဲ့ ဒူရေယန်က ပက်တရာရဲ့အုပ်စုမှာ ပက်တရာသဘောအကျဆုံးလူတွေပါ။ ကာရူပူက တိုက်ကြက်တွေကို မွေးမြူထိန်းကျောင်းတာမှာ ပါရမီထူးချွန်တဲ့သူပေါ့။ ကာရူပူက အီရာနီဆိုတဲ့မိန်းကလေးကိုချစ်မိသွားပြီး အီရာနီက သူ့ကိုတကယ်ချစ်တာမဟုတ်ဘဲ တခြားတစ်ယောက်ကိုရှင်းထုတ်ချင်လို့သာသူ့ကိုချစ်တယ်လို့ညာတဲ့အခါ...သူရင်ကွဲရမှာလား...နောက်ပိုင်း အီရာနီကရော သူ့ကိုတကယ်ချစ်သွားမလား... ပက်တရာကာရန်နဲ့ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲကရော ဘယ်လိုတွေဖြစ်လာမလဲ။ ရိုးရှင်းတဲ့ ကြက်တိုက်ပွဲကနေ ရှုပ်ထွေးပွေလီတဲ့ လူ့ဘ၀တိုက်ပွဲအကြောင်း ဘယ်လိုဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဝင်ရောက်စီးမြောလိုက်ကြပါဦး။Bollywood ဆိုရင် အက်ရှင်ကြမ်းကြမ်း ...
movie

Aadukalam (2011)

2011
1080p 5.1 CH
(18+) Love Actually… Sucks! (2011) 4.1
(18+) Love Actually… Sucks! (2011) Love Actually Sucks(2011) =======================လူရယ်လို့ဖြစ်လာရင် အချစ်ဆိုတာ တသက်လုံးကြုံတွေရမယ့် ခံစားချက်တခုဆိုရင် မမှားပါဘူး...လူတိုင်း ဆယ်ကျော်သက်ကနေ သေတဲ့အထိ အချစ်ဆိုတဲ့ခံစားချက်က တောက်လျှောက်အရိပ်တခုလို လိုက်နေပြီး အဲ့ဒီခံစားချက်ကနေပဲ အမုန်း အလွမ်း စိတ်ဒဏ်ရာ ပျော်ရွှင်မှု ၀မ်းနည်းမှုစတဲ့ ခံစားချက်တွေပါ ပါ၀င်လာမှာပါ ...အချစ်ကြောင့် ဘ၀တွေချိုသာပြီး ပျော်ရွှင်သွားရတဲ့လူတွေရှိသလို အချစ်ကြောင့်ပဲ ဘ၀က ကော်ဖီခါးခါးထဲ အခါးမှုန့်ထပ်ထည့်မိသလို ပိုခါးသွားတဲ့လူတွေ ရှိပါတယ် ဒီဇာတ်လမ်းကတော့ အချစ်ကြောင့်ဘဝပျက်သွားသူတွေ‌ပေါ့ ချိုလှလို့ မက်မောမိတဲ့အရာက အဆင်မပြေမှုတွေပေးတဲ့အခါ အချစ်ဟာခါးလှပါတယ်ဆိုပြီး အချစ်ကို ရွံစရာ မခင်တွယ်စရာခံစားချက်အဖြစ်ပစ်ပယ်သွားရတဲ့ သူတို့ဘ၀တွေကို အရှိတိုင်းဖွင့်ဟပြသသွားမှာပါ File size…1.1GB /554MB Quality…1080p WEBDL / 720p Format…mp4 Duration….1h 23m Subtitle….Myanmar  Subtitle (Hard Sub) Encoder…X Cross Translated by Dark
movie

(18+) Love Actually… Sucks! (2011)

2011
The Dancer (2011) 7.3
The Dancer (2011) The Dancer (2011) aka Sang Penari1960 ခုနှစ်များဝန်းကျင်က အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်တောရွာလေးက ရိုးရာကချေသည်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီးတော့ IMDb 7.3 ရထားတဲ့ ကားလေးပါ။ Nomination 7 ခုနဲ့ ဆု 4 ဆု ရထားတဲ့ ဇာတ်ကားပါ။ကချေသည်တစ်ယောက်ရဲ့ စွန့်လွှတ်ရပုံ၊ ကျေးလက်ဓလေ့ထုံးတမ်းတွေ၊ ပညာမတတ်၊ စာမဖတ်တတ်တဲ့ ရွာသားတွေရဲ့ မသိနားမလည်ပုံတွေ၊ ရွာသားတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူတတ်တဲ့သူတွေ အကြောင်းကို လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ Srintil နဲ့ Rasus က Dukuh Paruk ဆိုတဲ့ရွာလေးမှာ အတူတူကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူတွေပါ။ Srintil ရဲ့ အဖေရောင်းတဲ့ ပြောင်းဖူးခေါပုတ်ကို စားမိလို့ ရွာကလူတွေနဲ့ ရွာကတန်ဖိုးထားရတဲ့ ကချေသည် သေဆုံးသွားတဲ့အတွက် Srintil ဟာ သူ့မိသားစုအတွက် ပြန်ပေးဆပ်ဖို့ ကချေသည်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Rasus ကတော့ Sritil ကချေသည်လုပ်တာကို သဘောမတူပါဘူး။ သူ့ချစ်သူ အဲလိုဖြစ်သွားလို့ စိတ်နာပြီး စစ်ထဲဝင်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ...
movie

The Dancer (2011)

2011
Murder 2 (2011) 6.3
Murder 2 (2011) Murder 2 (2011) Action, Crime, Drama IMDb 6.3/10 (7.2K)ကဲ မင်းသားကြီး အင်မရန်းဟက်ရှမီရဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်လက်ရဲဇက်ရဲနိုင်တဲ့ အရ်ဂျွန်ဟာ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ကြောက်လေ့မရှိတဲ့ လောကဓံကိုအန်တုနေတဲ့ မိုက်ကန်းကန်းလူတစ်ယောက်ပါ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ရဲဌာနကို စိတ်ကုန်နေလို့ တရားဥပဒေဘောင်ပြင်ဘက်ထွက် ကြေးစားလုပ်နေသူတစ်ယောက်ပါတစ်ရက် သူ့ကိုအလုပ်တစ်ခုလာအပ်ပါတယ် ညဉ့်ငှက်လေးတွေ ပျောက်ပျောက်နေတဲ့အမှုပါ..ဖောက်သည်က ခေါ်သွားပြီးရင် ကောင်မလေးတွေက ပြန်ပေါ်မလာတော့ပါဘူး..ပျောက်သွားတာလား ထွက်ပြေးသွားတာလား ဝေခွဲမရလို့...အဆိုပါအမှုကိုလိုက်နေရင်းနဲ့ မြို့ထဲမှာလည်း လူတွေပျောက်ပျောက်နေတာကို သတိထားမိလာခဲ့ပါတယ်..ပျောက်ဆုံးနေသူတွေအားလုံးဟာလည်း မိန်းကလေးတွေချည်းပါပဲ...ဒီအမှုကိုလိုက်နေရင်းနဲ့ ထင်မှတ်မထားတဲ့ ကိစ္စတွေနဲ့ လှည့်ကွက်လေးတွေ ပေါ်လာတဲ့အခါမှာတော့ ဇာတ်ရှိန်တွေ ဘယ်လိုတက်လာမလဲဆိုတာကို ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါ...အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားဖြစ်တဲ့အတွက် အနုအရွခန်းလေးတွေ ပါသေးလို့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာဖြစ်တယ်လို့ ညွှန်းပေးလိုက်ပါတယ်နော် File size…1.8GB / 800MB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Murder 2 (2011)

2011
Water for Elephants (2011) 6.9
Water for Elephants (2011) Water for Elephants (2011) ===========================ဒီဇာတ်ကားက Twilight မင်းသား Robert Pattinson, Django Unchained, Inglorious Bastards ထဲက မင်းသားကြီး Christoph Waltz နဲ့ မင်းသမီး Reese Witherspoon တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance/ Drama ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်IMDb - 6.9/10, Rotten Tomatoes - 60% ရထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပိုလန်ကနေထွက်လာတဲ့ ကော့စကီးမိသားစုက သားဖြစ်သူ ‌ဂျေကော့ ဂျန်ကော့စကီးဟာ တိမွေးကု ဆရာဝန်ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကို ဖြေဆိုနေတုန်းမှာပဲ သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပြီး စီစဉ်ထားသမျှ အကုန်လွဲကာ လေလွင့်တဲ့ဘဝကို ရောက်သွားခဲ့ပါတယ် ဒီလိုနဲ့ လမ်းမတွေထက် ဦးတည်ရာမဲ့ သွားလာနေရင်း သူ ရထားတစ်စီးကိုမြင်တော့ ပြေးတက်သွားခဲ့ရာကနေ သူ့အတွက် ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ဘယ်လိုပြန်ရလာမလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဆပ်ကပ်အဖွဲ့သားတွေရဲ့ ဘဝတွေကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်တချို့နဲ့ Fiction ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်The Greatest Showman လို ...
movie

Water for Elephants (2011)

2011
The Mechanic (2011) 6.6
The Mechanic (2011) The Mechanic (2011) IMDb - 6.6/10_____Rotten - 53%မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Mechanic (2011)

2011
1080p HEVC
Sector 7 (2011) 4.6
Sector 7 (2011) Sector 7 (2011)ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ...
movie

Sector 7 (2011)

2011
Countdown (2011) 6.4
Countdown (2011) Countdown (2011) ============= IMDb Rating - 6.4/10ဒီဇာတ်လမ်းကတော့ မိဘနဲ့သားသမီးကြားမှာရှိတဲ့ သံယောဇဉ်ကို တခြားဇာတ်အိမ်တွေနဲ့မတူဘဲ ရသမြောက်မြောက် ရိုက်ကူးတင်ဆက် ထားတဲ့ဇာတ်လမ်းလေးတစ်ခုပါ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... သွေးအေးရက်စက်တတ်တဲ့ အကြွေးစုဆောင်းရေးအေးဂျင့် ဖြစ်သူ ထယ်ဂွန်းဟို တစ်ယောက်၊ တစ်နေ့မှာတော့ သူ့ဆီမှာ အရမ်းကိုပြင်းထန်နေပြီဖြစ်တဲ့ အသည်း ကင်ဆာရောဂါရှိနေပြီလို့ သိလိုက်ရပါတယ်။ အသက်ရှင်ဖို့ အချိန်သုံးလသာကျန် တော့တဲ့ သူ့အတွက် အစားထိုးခွဲစိတ်မှုလုပ်ဖို့ အသည်းအလှူရှင်တစ်ယောက်ကို ဆယ်ရက်အတွင်းရှာဖို့ လိုအပ်လာခဲ့ပါတယ်။‌ကြံရာမရတဲ့အဆုံးမှာတော့ သူ့သား‌လေး သေဆုံးချိန်တုန်းက ကိုယ်အင်္ဂါလှူဒါန်း ပေးထားတဲ့သူတွေကို ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကို အသည်းလှူပေးနိုင်‌လောက်မဲ့ ချာဟာယွန် ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ ချာဟာယွန်ဟာ နာမည်ကြီးလူလိမ် တစ်ယောက်ဖြစ်နေတာကြောင့် သူ့ပြစ်ဒဏ်တွေအတွက်အချုပ်ကျနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အချုပ်က လွတ်ဖို့ ရက်အနည်းငယ်သာကျန်တာ သိလိုက်ရတဲ့ အချိန်မှာတော့ ထယ်ဂွန်းဟိုတစ်ယေက် လူလိမ် ချာဟာယွန်ကို သူ့အသည်းကို အစားထိုးပေးဖို့ ဘယ်လိုစည်းရုံးမလဲ။ ချာဟာယွန် လုပ်ခဲ့တဲ့အရှုပ်အရှင်းတွေကို ဘယ်လို ဖြေရှင်းကြမလဲ။ သူအောင်အောင်မြင်မြင် ခွဲစိတ်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ကြည့်ရှူလို့ရ‌‌အောင် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.8 GB) / (810 MB) / ...
movie

Countdown (2011)

2011
Red Dog (2011) 7.4
Red Dog (2011) Red Dog (2011)~ IMDb - 7.4/10, Rotten Tomatoes - 83% ~လူသားတွေမှာ soul (ဝိညာဉ်) ဆိုတာ ရှိပါသတဲ့။ သူက ရုပ်လုံးရယ်လို့မရှိဘဲ အ‌ဖြူရောင်အလင်းလုံးသပ်သပ်ရယ်ပါ။ သူက ခန္ဓာစဲတဲ့အခါမှာ ကိုယ်ခန္ဓာကိုစွန့်ခွာလို့ ကောင်းကင်ဘုံကို ခိုဝင်ရောက်ရှိပါသတဲ့။ ဝမ်းနည်းစရာကောင်းတာကတော့ တိရစ္ဆာန်လေးတွေမှာ ဝိညာဉ်မရှိရှာပါဘူး။ သူတို့ဟာ သေဆုံးချိန်မှာ ဒီအတိုင်းပျောက်ကွယ်သွားကြပါသတဲ့။ဝိညာဉ်ရှိပါတယ်ဆိုတဲ့ လူသားတွေကြားမှာ၊ ခွင့်လွှတ်ခြင်းကိုခံရပြီး သုခဘုံမှာ ခိုဝင်ရမယ်ဆိုတဲ့ လူသားတွေကြားမှာ ခွေးတစ်ကောင်ဟာ မွန်မြတ်ခြင်းကို လမ်းပြသွားလေရဲ့။ သစ္စာတရား၊ မေတ္တာတရား၊ တွယ်တာမှု စတဲ့ ကောင်းခြင်းတရားတွေကို လူသားတွေသိအောင် သင်ကြားပေးခဲ့သူပေါ့။ သူဟာ တောရိုင်းခွေးတစ်ကောင်ရယ်ပါ။ ဩစတေးလျရဲ့ အနီသွေးလွှမ်းတဲ့မြေပေါ်က နီညိုရောင်ခွေးတစ်ကောင်ပါပဲ။ဒီဇာတ်ကားဟာ ခွေးချစ်သူတွေ မျက်ရည်မခိုင်ရင် မကြည့်သင့်ပါဘူး။ ဂျပန်ခွေးလေး ဟာချီကို ရဲ့ ဇာတ်လမ်းက ကမ္ဘာကို ကိုင်လှုပ်ပြီးနောက်ပိုင်း သူ့ဇာတ်လမ်းကိုမှီးလို့ ဇာတ်ကားတွေ ...
movie

Red Dog (2011)

2011
Arthur (2011) 5.7
Arthur (2011) Arthur (2011)ယခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ရိုမန့်ဟာသ ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Arthur ဆိုတဲ့ ဇာတ်ကားလေးပါ။ ဟာသဇာတ်ကားကြိုက်သူတွေအတွက် ဟာသကောင်းလေးတွေနဲ့ တွေးရင်း ရယ်မောနိုင်စေမှာ ဖြစ်ပါတယ်။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ အာသာဘာ့ခ် ဆိုတဲ့ လူတစ်ယောက်။ ချမ်းသာသည့် အလျှောက် သူ့ဘဝတစ်လျှောက်လုံးမှာ ဘာတာဝန်မှ မယူဘဲ ထင်ရာစိုင်းနေခဲ့ပါတယ်။ ပြဿနာတွေရှာလိုက် အရက်တွေသောက်လိုက်၊ ပိုက်ဆံတွေဖြုန်းလိုက်၊ မိန်မတွေ ရှုပ်လိုက်နဲ့ နေလာလို့ အမေဖြစ်သူဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဆူဆန်ဂျွန်ဆန် ဆိုတဲ့ မိန်းကလေးနဲ့ ပေးစားဖို့ စီစဥ်ပါတော့တယ်။ အကယ်၍ သူပေးစားတဲ့သူနဲ့ မယူရင် အမွေပြတ်စွန့်လွှတ်မယ်ပြောလို့ အာသာ ဟာ ရွေးချယ်စရာမရှိတော့တာနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ နေအိုမီ ဆိုတဲ့ ဧည့်လမ်းညွှန် ကောင်မလေးနဲ့တွေ့ဆုံဖြစ်ရာကနေ အာသာရဲ့ ဘဝ ပြောင်းလဲဖို့ အစပျိုးလာပါတော့တယ်။ အာသာ တစ်ယောက် ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာ ဟာသမြောက်စွာ ...
movie

Arthur (2011)

2011
Transformers: Dark of the Moon (2011) 6.3
Transformers: Dark of the Moon (2011) ဇာတ်လမ်းအကျဉ်းကတော့........ စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။~ Review Credit(Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(6.8 GB)/(4.3 ...
movie

Transformers: Dark of the Moon (2011)

2011
4K HEVC BluRayHDR
Bridesmaids (2011) 6.8
Bridesmaids (2011) Bridesmaids (2011)ရုပ်ရှင်သမိုင်းမှာ အမြတ်စွန်းအများဆုံး အမျိုးသမီး R- rated ဟာသရုပ်ရှင် ဖြစ်တဲ့Bridesmaids ဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် ဟောင်း မသွားမယ့် ရုပ်ရှင်မျိုးပါ။ကန်ဒေါ်လာ 32သန်းပဲ ရင်းပြီး 285သန်းကျော် ပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကို Empire မဂ္ဂဇင်းကြီးက2011 ခုနှစ်ကို သတ်မှတ်တဲ့ ရုပ်ရှင်အဖြစ် 30 years 30 filmsမှာ ဖော်ပြခဲ့ပါတယ်။ဒီလို R- rated comedy တွေ‌အတွက် အော်စကာဆုဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင်အဆင်ပြေလှတာမျိုး မဟုတ်ပေမယ့်၊ ဒီကားကတော့ ကိုင်တိုင် ဇာတ်ညွှန်းရေးသရုပ်ဆောင်တဲ့ မင်းသမီး Kristen Wig အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆု၊မင်းသမီးကြီး Melissa McCarthy အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေ ဆန်ကာတင်ဝင်ခဲ့တာပါ။ခပ်ကြမ်းကြမ်း 18+အခန်း နဲ့ စဖွင့်ထားပြီး၊ တစ်ကားလုံး လူကြီးဟာသတွေ ပြည့်နေတာတောင် ဇာတ်လမ်းကပေါမသွားပဲ တကယ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ...
movie

Bridesmaids (2011)

2011
Don’t Go Breaking My Heart (2011) 6.5
Don’t Go Breaking My Heart (2011) Don't Go Breaking My Heart (2011) =========================IMDb Rating - 6.5/102011 ခုနှစ်မှာထွက်ရှိခဲ့ပြီး 2011 Best Asian Award ရရှိထားပြီး Louis Koo၊ Gao Yuan Yuan နဲ့ Danial Wu စတဲ့နာမည်ကြီးတွေ အတွဲညီညီရိုက်ကူးထားတဲ့ အချစ်ဒရာမာကားလေး လာပါပြီ။♥ ကိုယ်တို့သုံးယောက်ဆက်ဆံရေးမှာ အဆုံးသတ်တော့ရှိရမှာပဲ။ တစ်ခုခုတော့ ရွေးချယ်ရမှာပဲဆိုတဲ့ အချစ်ကိုယုံကြည်ပြီး စောင့်ဆိုင်းနေတဲ့အချစ်ကြီးသူ ဖန်းချီဟုန်း ။♥ ယောက်ျားလေးဆယ်ယောက်မှာ ကိုးယောက်ကခြေရှုပ်ကြတယ်။ ကျန်တဲ့ တစ်ယောက် ကတော့ ခြေရှုပ်ဖို့ကြိုးစားနေကြတယ်ဆိုပြီး ဆင်ခြေအမြဲပြတတ်တဲ့ စော်ကြည်ဘဲ ကျန်းချန်ရန် ။♥ ကျွန်မ သူ့ကိုအရမ်းချစ်တယ်။ ဒါပေမဲ့ အခုတော့ရှင့်ကိုချစ်မိသွားပြီဆိုပြီးတော့ ခံစားချက်ခြယ်လှယ်ရာကို မျက်စိစုံမှတ်ပြီး နှစ်မြောနေတတ်တဲ့ ချန်ကျီရှင်း ။သူတို့သုံးယောက်ရဲ့ကံကြမ္မာကလည်း အချစ်ဆိုတဲ့ဝင်္ကပါထဲ တစ်ဝဲလည်လည်ပါပဲ။ ကြည့်နေရင်းနဲ့ကြည်နူးရမယ်။ တစ်ခါတစ်လေ အားမလိုအားမရဖြစ်လာမယ်။ ခံစားချက်နဲ့ တိုက်ဆိုင်ပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရှိသူဆိုရင်တော့ ချက်ချင်းဒေါင်းပြီးကြည့်လိုက်ပါတော့။ လုံးဝလက်မလွတ်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်သုံးယောက် ဘယ်လောက်တောင်ဓါတုဗေဒမိလဲဆိုရင် အတွဲ(၂) ဆက်ရိုက်ဖို့ တောင်းဆိုကြတဲ့အထိပဲဆိုတော့ မြန်မြန်လေးခံစားကြည့်လိုက်ပါဦးဗျာ....(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie

Don’t Go Breaking My Heart (2011)

2011
BluRay 1080p 5.1 CH
Harry Potter and The Deathly Hallows: Part 2 (2011) 8.1
Harry Potter and The Deathly Hallows: Part 2 (2011) Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Deathly Hallows: Part 2 (2011)

2011
4K HEVC BluRay