Channel Myanmar

2011

Friday Killer (2011) 6.4
Friday Killer (2011) Friday Killer (2011)2010တုန်းက ထွက်ခဲ့တဲ့ Saturday Killerရဲ့ ပြီးခါနီးနားမှာ Pae Uziအကြောင်း အရိပ်အမြွက်ပါခဲ့ပြီး ဒီ Friday Killer မှာတော့ Pae Uzi အကြောင်းကို အဓိကရိုက်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ ကျွမ်းကျင်သေနတ်သမားဖြစ်တဲ့ Pae Uzi ဟာ ထောင်ကထွက်ထွက်ချင်းမှာပဲ ဓားနဲ့ထိုးခံခဲ့ရပါတယ်။ ဓားဒဏ်ရာနဲ့ ဆေးရုံရောက်သွားချိန်မှာ Pae Uzi သိလိုက်ရတာက သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။သမီးဖြစ်သူ ရဲမေ Dao အရွယ်ရောက်တဲ့အထိ ကိုယ့်သမီးမှန်း မသိခဲ့ရတဲ့ Pae Uzi က သူ့သမီးအိမ်ကို သွားရောက်လေ့လာတဲ့အချိန် ကံဆိုးစွာပဲ Dao ရဲ့ ဖခင်ကို သတ်လိုက်မိပါတယ်။Dao ကတော့ Pae Uzi ကို အဖေရင်းမှန်းမသိဘဲ ဖခင်လို့ထင်ထားတဲ့သူ သေသွားရလို့ Pae Uzi ကို အငြှိုးကြီးကြီးနဲ့ လိုက်လံဖမ်းဆီးရင်း …သေနတ်သမားဖခင်နဲ့ ရဲဖြစ်သူသမီးကြားမှာ ...
movie

Friday Killer (2011)

2011
[21+] The Seduction Game (2011) 5.3
[21+] The Seduction Game (2011) ထိုင်းမလေးတွေရဲ့ တင်းတင်းရင်းရင်း ကျစ်ကျစ်လစ်လစ် အလှလေးတွေကို ခံစားကြည့်ရအောင်ဗျာ ထိုင်းမလေးတွေက အရမ်းချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုအားကောင်းတယ်ဆိုတာတော့ လက်မခံလို့ မရတဲ့အချက်တခုပဲဝဒ်က အရမ်းကိုကြိုးစားနေတဲ့ ဇာတ်ညွှန်းရေးဆရာတယောက် သူက သည်းထိတ်ရင်ဖိုဇာတ်ကားတွေ ဇာတ်ညွှန်းရေးတယ် သူ့မှာအရမ်းချစ်ဖို့ကောင်းတဲ့ ချစ်ဇနီးလေးတစ်ယောက် ဘန်ကောက်ကအိမ်ကိုရောင်းခဲ့ပြီး ဇနီးလေးကို သူအလုပ်လုပ်နေတဲ့ မြို့လေးဆီ ခေါ်လာခဲ့တယ် တနေ့ ဝဒ်အလုပ်သွားရာလမ်းမှာ လူတယောက်ကို အရှိန်ပြင်းပြင်းနဲ့ကားဝင်တိုက်မိပါတယ် သေလားရှင်လားမသိပဲ ပြစ်မှုရင်ဆိုင်ရမှာကြောက်တဲ့အတွက် အိမ်သယ်လာခဲ့ရာမှ....မိန်းမတယောက်ရဲ့ မူယာ ပိုက်ဆံနံ့ရတာနဲ့ မျက်ကလူးဆန်ပြာဖြစ်တက်တဲ့ မိန်းမတွေရဲ့ သဘောထား၊ အသည်းယားစရာမာယာတွေကို အဖေါ်ချွတ်ခန်းတွေဖောဖောသီသီ သုံးထားတာဖြစ်လို့ DS Fans တွေလက်ထဲ ထည့်ပေးလိုက်ပါတယ် File size…778MB Quality…720p WEB DL Format…mp4 Duration….1h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

[21+] The Seduction Game (2011)

2011
In the Name of Love (2011) 6.4
In the Name of Love (2011) In the name of love (2011)၂၀၁၁ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အကသမား အမ်မန်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့သားလေးပညာရေး အတွက် နိုင်ငံခြားမှာပိုက်ဆံရှာရင်းနဲ့ စီးဒီးစ် ဆိုတဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့အချစ်ခရီးလမ်းဟာ အိပ်မက်တွေနဲ့ အပြည့်ပေါ့။ ပြန်ရောက်ရင် လက်ထပ်ကြမယ် သူ့ရဲ့သားလေးကိုလဲ ကျောင်းကောင်းကောင်းမှာ ထားမယ်ဆိုပြီးပေါ့။ ဒီလိုနဲ့ ပျော်ရွှင်နေခဲ့ရတာကနေ လေဆိပ်မှာ အဖမ်းခံလိုက်ရတာကနေ သူ့ရဲ့ဘဝကြီး ပျက်စီးသွားခဲ့ရတယ်။ သူ့ရဲ့စွန့်ပစ်သွားတဲ့ ကောင်မလေးကို စိတ်နာရင်းနဲ့ပဲ ဖိလစ်ပိုင်ကို ပြန်ရောက်လာတဲ့အခါ ဇိမ်ခံကားကြီးပေါ်မှာ သူ့ကောင်မလေးကို ပြန်တွေ့လိုက်ရတော့ .... ။မင်းသမီးလေးကြည့်ရင်ကို ဇာတ်လမ်းက တန်နေပြီ လို့ ပြောလို့ရတယ်။ ဒီထက်ပိုကာကတော့ ဇာတ်လမ်းကလည်းကောင်း ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဖိလစ်ပိုင် ကားဆိုပေမဲ့ အနုပညာကတော့ အရှေ့တောင်အာရှမှာ မခေဘူးဆိုတဲ့အထဲကပါ။ "အချစ်ဟူသော အမည်နာမအားဖြင့်" ဇာတ်ကာလေးကို ကြည့်ရှု အားပေးလိုက်ကြပါဦး ....အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

In the Name of Love (2011)

2011
Battle: Los Angeles (2011) 5.8
Battle: Los Angeles (2011)  စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကိုဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး...ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်...အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ...စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး...ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File size…2.86GB / 1.13GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1hr 56min Genre .....  Action , Sci-Fi , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Battle: Los Angeles (2011)

2011
Margin Call (2011) 7.1
Margin Call (2011) Margin Call (2011)Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ‌ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်‌ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size        ...
movie

Margin Call (2011)

2011
The Help (2011) 8.1
The Help (2011)  IMDb Rating (8.1)အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ဒီဇာတ်လမ်းကို Kathryn Stockettရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားကာRatingအနေနဲ့ကတော့ 8.1အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။The Shawshank Redemption တို့လို Tom Hanksရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးပါ။ဒီဇာတ်လမ်းလေးကိုတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksonမြို့က၁၉၆၀ခုနှစ်လောက်ကဖြစ်ရပ် အပေါ်အခြေခံထားတဲ့ ဝတ္ထုအပေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။တစ်နည်းပြောရရင် လူဖြူလူမဲခွဲခြားဆက်ဆံတဲ့အချိန်လေးပေါ့။ဒါပေမဲ့ ဇာတ်လမ်းမှာ ပျင်းစရာနိုင်ငံရေးတွေ ကြွေးကြော်သံတွေပါတာမျိုးမရှိပါဘူး။လူတိုင်းကြည့် ထိုက်တဲ့ ဇာတ်ကားကောင်းလို့မြင်ပါတယ်....Review Crd File size…(3.9 GB)/(1.2 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:26:35 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie

The Help (2011)

2011
Real Steel (2011) 7.1
Real Steel (2011) IMDb Rating(7.1)မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ဇာတ်လမ်းကတော့... စက်ရုပ်‌တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ... ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။ သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။ စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ....နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ.....။Review Crd File size…(3 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:06:50 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie

Real Steel (2011)

2011
TEKKEN: Blood Vengeance (2011) 5.7
TEKKEN: Blood Vengeance (2011) Tekkenဆိုတာ Bandai Namcoက ထုတ်လုပ်ထားတဲ့ Fightinggameဖြစ်ပြီး Street fighters, KOFတို့နည်းတူ gameအတွဲ​တွေ၊ animations​တွေ များစွာထွက်ရှိထားတဲ့ နာမည်ကြီးfranchiseပါ။ ဒီ animation movieက​ ၂၀၁၁ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Final Fantasyစတိုင် animation​တွေ၊ တိုက်ခိုက်​ပုံတွေနဲ့ ခပ်ကြမ်းကြမ်း​ရိုက်ကူးထားတာပါ။ ငယ်ငယ်က ကြည့်ခဲ့ဖူး၊ကြိုက်ခဲ့ဖူးသူ​တွေ​ရော၊မကြည့်ဖူး​သေးတဲ့သူ​တွေပါ ခံစားကြည့်ရှုနိုင်​​​ဖို့ ပြန်လည်တင်ဆက်​ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းက Tekken-verseထဲက main character​တွေဖြစ်တဲ့ကာဇမ ဂျင်၊ ခဇုယနဲ့ မီရှီမာ ဟဲဟချိ ​သားအဖမြေးအဘိုး၃​ယောက်ရဲ့အားပြိုင်မှုကိုကြည့်ရမှာပါ။ ဟဲဟချိရဲ့မူတာရီစမ်းသပ်မှုမှာ မ​သေဘဲရှင်ကျန်ခဲ့တဲ့ ​ကျောင်းသားတစ်​ယောက်ကို ဂျင်နဲ့ ခဇုယတို့၂​ယောက်ရည်ရွယ်ချက်ကိုယ်စီနဲ့ သူလျှိုတွေလွှတ်ကာ ရှာ​ဖွေရင်း ကျိုတိုမြို့ရဲ့​ကျောင်းတစ်ခုမှာ ရှာ​​တွေ့ပြီး​နောက်ပိုင်း အနီးကပ်​ထောက်လှမ်းရင်းသူတို့မထင်ထားတဲ့ ကစားပွဲတစ်ခုထဲဝင်​မိပြီးသား ဖြစ်သွားပါတယ်။စမ်းသပ်ခံကျောင်းသားကို လိုချင်ရတဲ့အ​ကြောင်းရင်း​၊ မထင်ထားတဲ့လှည့်ကွက်​တွေ၊ အမိုက်စားbattleနဲ့ animation​တွေကို ကြည့်ရှုရင်းငယ်ဘဝကို တ​ကျော့ပြန်​​အောက်​မေ့လိုက်ကြတာ​ပေါ့။  File size…  1.8 GB /  940 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 40m Genre .....  Action , Sci-fi Subtitle…. Myanmar ...
movie

TEKKEN: Blood Vengeance (2011)

2011
Catatan (Harian) Si Boy (2011) 7.0
Catatan (Harian) Si Boy (2011) Catatan Harian Si Boy (2011)IMDb rating - 7ဇာတ်လမ်းအညွှန်းအမေဖြစ်သူ အသည်းအသန်နေမကောင်းဖြစ်လို့နာတာရှာဟာ လန်ဒန်ကနေ ပြန်လာခဲ့တယ်။ဆေးရုံရောက်တော့ သူ့အမေအမြဲကိုင်ထားတယ်ဆိုတဲ့စာအုပ်လေးကို ရတယ်။စာအုပ်ထဲက လူကိုသာ အမေ့ဆီ ရောက်အောင် ခေါ်ပေးနိုင်မယ်ဆိုအခြေအနေပြန်ကောင်းနိုင်မလားလို့ တွေးမိသွားတာပေါ့။အဲနောက် အိမ်အပြန်လမ်းမှာ သူ့ရည်းစားကောင်လေးရဲ့အကြွေးရှင်လူဆိုးတွေက ရိုက်နှက်လို့ ကားပါယူသွားတော့ရဲစခန်းရောက်လာကြတယ်။အဲ့ဒီမှာ ကားပြိုင်မောင်းရင်း အရှိန်လွန်ကားမောင်းလို့ရဲဖမ်းခံရတဲ့ ဆထရီယိုနဲ့ သူ့ကိုလာထုတ်ပေးတဲ့သူ့သူငယ်ချင်းတွေလည်း ရဲစခန်းရောက်နေကြတယ်။အဲ့လိုနဲ့ ဆထရီယိုတို့သူငယ်ချင်းတစ်စုနဲ့ နာတာရှာနဲ့တွေ့ဆုံမိသွားကြတယ်။ဆထရီယိုက နာတာရှာကို စိတ်ဝင်စားတာနဲ့ဒိုင်ယာရီစာအုပ်ထဲက ဘွိုင်း ကို ကူရှာပေးဖို့ အခြေအနေဖန်လိုက်တယ်။အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘွိုင်းကိုတွေ့ဖို့ခက်ခဲတော့ သူတို့ ဘယ်လိုကြိုးစားသွားကြမလဲ...နာတာရှာ့ကောင်လေးက သဝန်တို၊အူတိုတာနဲ့ပြဿနာတွေ ဖန်တီးလာတော့ သူတို့မိတ်ဆွေတွေကြားဘယ်လိုတွေဆက်ဖြစ်ကြမလဲ...လူငယ်တွေဆိုတာက ကိုယ်စတင်ထားတဲ့အရာတစ်ခုကိုပြီးမြောက်သည်အထိ လုပ်ဆောင်ကြရတယ်။စိတ်ဆန္ဒသာပြင်းပြနေပါစေ ဘယ်လောက်ခက်ခဲတဲ့ကိစ္စမဆိုအောင်မြင်အောင်လုပ်နိုင်ပါတယ်။ဆိုတော့ ဆထရီယိုတစ်ယောက် ဘွိုင်းကိုရောနာတာရှာ့အမေ့ဆီကို အရောက်ခေါ်လာပေးနိုင်ပါ့မလား။ချည်မျှင်လေးတွေ တစ်ခုချင်းကို ရက်မယ်၊ အထည်ဖြစ်လာရင်ဖြတ်မယ်ညှပ်မယ်ဆိုရင် အဝတ်စလေးတွေကို လှပတဲ့အဝတ်တစ်ထည်တစ်ခု ဖန်တီးနိုင်ပါတယ်။မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေချစ်သူရည်စားတွေဆိုတာလည်း ဒီလိုပဲ၊ အစပိုင်းမှာမတူညီတဲ့ တစ်နေရာဆီကနေ လာကြတာပါ။အတူတူပေါင်းစည်းလိုက်မယ်ဆိုရင်တော့လှပတဲ့လူ့ပတ်ဝန်းကျင်တစ်ခုအနေနဲ့ ဖန်တီးနိုင်မှာပါ။သွေးသားရင်းချာမဟုတ်ကျတဲ့ ...
movie

Catatan (Harian) Si Boy (2011)

2011
A Very Harold & Kumar Christmas (2011) 6.2
A Very Harold & Kumar Christmas (2011) A Very Harold and Kumar Christmas (2011) Genre - Comedy, Adventure IMDB - 6.2/10  ဟာရိုးနဲ့ ကူးမားတို့နှစ်ယောက် ပထမနှစ်ကားအပြီးဘာဂါတွေစား ထောင်တွေဖောက်ရ လုပ်ပြီးကြတဲ့နောက်ကိုယ်စီ ချစ်သူရပြီး ငြိမ်သက်သွားကြပါတယ်။ဒီလိုနဲ့ ၆ နှစ်ကြာလာတဲ့အခါမှာ ဟာရိုးတစ်ယောက်ကတော့အိမ်ထောင်သည်ဖြစ်နေပြီး အလုပ်ကြိုးစား မကောင်းတာတွေမလုပ်တော့ပဲရိုးသားတဲ့မိတ်ဆွေတစ်ယောက်နဲ့သာပေါင်းပြီးကလေးရအောင် ကြိုးပမ်းနေတဲ့အချိန် ဖြစ်ပါတယ်။ကူးမားဆိုတဲ့ကောင်ကတော့ သိတဲ့အတိုင်း ဆေးခြောက်ပဲ ဆက်သုံးနေပြီးချစ်သူနဲ့ လမ်းခွဲထားတာလည်း အချိန်ကြာတော့ပေပေတေတေနေနေတဲ့အချိန်ပေါ့။အဲဒီမှာပဲ ကိုယ်စီ ပြဿနာတစ်ခုစီ တက်ကြတယ်ဟာရိုးအတွက်ကျ ယောက္ခထီးအလိုကျ နေချင်တဲ့အတွက်ခရစ္စမတ်သစ်ပင်ကို အလှဆင်ဖို့ တာဝန်ကျတယ်ကူးမားကကျ ချစ်သူက ကိုယ်ဝန်ရှိနေလို့လာပြောတာကိုဆေးကွဲပြီး သေချာမဖြေရှင်းနိုင်တော့ ဟိုကစိတ်ပျက်ထွက်သွားပြန်ပါလေရော။ဒီလိုနဲ့ နှစ်ယောက်သား ပြန်ပေါင်းစည်းဖို့ ဖြစ်လာတာကကူးမားဆီကို ဟာရိုးနာမည်နဲ့ အထုပ်တစ်ထုပ်ရောက်လာလို့ ဟာရိုးအိမ်သွားပို့ရာကနေ ဟာရိုးကြောက်ရတဲ့ယောက္ခထီးရဲ့ ၈ နှစ်ကြာပျိုးထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးကူးမားကြောင့် မီးလောင်သွားခဲ့ချိန်မှာတော့…ညတွင်းချင်း အပင်ရှာဖို့ စွန့်စားခန်း ထွက်ရပါတော့တယ်အဲဒီမှာ ရိုးရာမပျက် အလွဲပေါင်းစုံနဲ့ လိုချင်တာကိုရဖို့ဘယ်လောက်သောက်တလွဲတွေ ဖြစ်ရမလဲဆိုတာကိုတစ်ခွီခွီနဲ့ ကြည့်ရှုခံစားရမှာပါ။ဒီကားမှာတော့ ...
movie

A Very Harold & Kumar Christmas (2011)

2011
Deck the Halls (2011) 5.3
Deck the Halls (2011) ဒီတခါမိတ်ဆက်ပေးချင်တာကတော့ခရစ်စမတ်အငွေ့အသက်တွေနဲ့ Hallmark movies‌တွေထဲကမိသားစုကားကောင်းလေးတကားပါ။ရေဂန် ရိုင်လေဆိုတာက နာမည်ကြီး အလွတ်တန်းစုံထောက်မလေး။မိခင်ကလည်းနာမည်ကြီးစာရေးဆရာမ နိုရာ ရိုင်လေဖြစ်သလို ဖခင်ဖြစ်သူကလည်း အသုဘအိမ်လုပ်ငန်းရဲ့သူ‌ဌေးကြီး လုခ်ရိုင်လေ။ခရစ်စမတ်အချိန်အခါမှာ သူမရဲ့‌ နွေးထွေးလှတဲ့မိသားစုနဲ့အချိန်ဖြတ်သန်းဖို့အိမ်ကိုရောက်နေခဲ့ချိန်မှာပဲ သူမရဲ့ဖခင်ကပြန်ပေးဆွဲခံလိုက်ရပါတယ်။သူမအမေရဲ့ပရိတ်သတ်ဖြစ်တဲ့ အရမ်းစပ်စုသလောက် တော်လည်းတော်တဲ့အပျော်တမ်းစုံထောက် အယ်ဗိုင်ရာနဲ့အတူသူမရဲ့ဖခင်ဖြစ်သူကိုဘယ်လိုရှာဖွေကြမလဲ။ပြန်ပေးဆွဲသူကဘယ်သူလဲဘာကြောင့်လုပ်ရတာလဲ။သူ့အမှုကို ကူညီဖို့အယ်ဗိုင်ရာခေါ်လိုက်တဲ့စုံထောက်လေး ဂျက်ခ်နဲ့ရောဘယ်လိုဇာတ်လမ်းလေးတွေဖြစ်မလဲ။ဒီခရစ်စမတ်မှာ ဒီမိသားစုတွေအတူတကွပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာကိုဒီ Deck the halls ဆိုတဲ့ မိသားစုခရစ်စမတ်ကားလေးမှာ ရှုစားအားပေးကြပါဦးFile size…  1.3 GB /  640 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Deck the Halls (2011)

2011
The Reunion (2011) 5.8
The Reunion (2011) The Reunion (2011) ============== IMDb Rating - 5.8/10ဒီဇာတ်ကားလေးကတော့ ဒိန်မတ်ဟာသဇာတ်ကား လေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၅ နှစ်ပြည့် အထက်တန်းကျောင်းတွေ့ဆုံပွဲကိုတက်ဖို့အတွက် တစ် တန်းလုံးကိုဖိတ်ကြားထားပါတယ်။အသက်လေးဆယ်ကျော် လူလတ်ပိုင်းများဖြစ်နေကြတာ ကြောင့် နယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသူတွေ ပေါ့၊ ဒီထဲမှာ နေးစ်ကတော့ တွေ့ဆုံပွဲကိုမသွားချင်ဘူး ၊မိန့် ခွန်းပြောရမှာဖြစ်တဲ့အတွက် တစ်ချိန်လုံးစိတ်ဖိစီးနေတယ်။ နေးစ်ရဲ့သူငယ်ချင်းအဆိုတော်သောမတ်စ်က သူနဲ့အတူသွားဖို့ စည်းရုံးနေတယ်။သူတို့သူငယ်ချင်း အန်ဒရေးအက်စ် အိမ်ထောင်အဆင်မပြေ တာကိုနှိမ့်သိမ့်အနေနဲ့ရော မစုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်း သုံးယောက်အတူတူ တွေ့ဆုံပွဲသွားမယ့်မတိုင်ခင်တစ်ရက်မှာ အတူတူခရီးထွက်ဖို့တိုင်ပင်လိုက်ကြပါတယ်၊ ဒီလိုနဲ့ သူငယ် ချင်းသုံးယောက် သောက်စားမူးယစ်ပြီးတလွဲတွေလုပ်ကြတဲ့ အခါမှာတော့.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.0 GB) / (800 MB) / (472 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Tin Myo Lwin Encoder..........SWM
movie

The Reunion (2011)

2011
Texas Killing Fields(2011) 5.7
Texas Killing Fields(2011) ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.69GB / 771MB Quality… Blu-Ray 1080p ...
movie

Texas Killing Fields(2011)

2011
Sharpay’s Fabulous Adventure (2011)
Sharpay’s Fabulous Adventure (2011) Sharpay's Fabulous Adventure (2011)~ Rotten Tomatoes - 60% ~Disney Musical Movie တွေ ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် 2011 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ နာမည်ကြီး Musical Movies တွေဖြစ်တဲ့ High School Musical တွေထဲက ကာရိုက်တာတစ်ယောက်ဖြစ်တဲ့ Sharpay Evans ကို မူလသရုပ်ဆောင်နဲ့ပဲ သက်သက်ခွဲထွက်ပြီး ရိုက်ကူးထားတာပါ။ရှာပေဟာ သူတို့နယ်မြို့လေးက Country Club မှာ ခွေးလေးဘွိုင်နဲ့အတူတကွ ဖျော်ဖြေတာကို Broadway က နာမည်ကြီးဒါရိုက်တာက တွေ့ပြီး သဘောကျတဲ့အတွက် လူရွေးပွဲ ၀င်ပါဖို့ ကမ်းလှမ်းခံရပါတယ်။ Musical အသစ်မှာ ပါ၀င်သရုပ်ဆောင်မယ့် Star က သူအရမ်းကြိုက်တဲ့ Idol အမ်ဘာလီအာဒမ်စ်ပါတဲ့။ ရှာပေက သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ...
movie

Sharpay’s Fabulous Adventure (2011)

2011
The Legend of Awesomest Maximus (2011) 4.8
The Legend of Awesomest Maximus (2011) The Legend of Awesomest Maximus (2011) ==============================(လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင် တာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ။)နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုကို ဟာသဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို ပရိသတ်တွေ ကြည့်ဖူးကြမှာ သေချာပါတယ်။ဒီဇာတ်ကားဟာလည်း လောကကြီးကို ဟာသအမြင်နဲ့ ရှုမြင် တတ်တဲ့ လူတွေရဲ့စိတ်ကူးတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ရုပ်ရှင်တစ်ခု လို့ ဆိုရပါလိမ့်မယ်။ နာမည်ကြီးရောမခေတ် ဇာတ်ကားတွေကို ရောသမမွှေထားပြီး ကိုယ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတစ်ခု ပေါ်လာတိုင်း Leonardo Pointing Meme လိုမျိုးပဲ “ဒါက ဟိုကားထဲက. ဟိုကားထဲက” ဆိုပြီး ထအော် နိုင်ဖို့ The Legend of Awesomest Maximus ဆိုတဲ့ ဇာတ် ကားကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေး လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်)File Size..........(1.9 GB) / (857 MB) / (500 MB) Quality............BLU-RAY 1080p / 720p ...
movie

The Legend of Awesomest Maximus (2011)

2011
Gooische vrouwen (2011) 6.2
Gooische vrouwen (2011) Gooische vrouwen (2011) =================== IMDb Rating - 6.2/10"Gooische Vrouwen"ဟာ ရုပ်ရှင်မထွက်ခင် အရင် ဟာသဒရမ်မာ ဇာတ်လမ်းတွဲအဖြစ်နဲ့ အောင်မြင်မှုရရှိထားပြီးပါပြီ 2011 မှာရုပ်ရှင် အဖြစ်ရိုက်ကူးထားတာတာပါ။နယ်သာလန်နိုင်ငံ လူကုန်ထံတွေရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ 'ဟတ်ဂွိုင်'တွင် နေထိုင်သော သတ်လတ်ပိုင်းသူငယ်ချင်း ၄ယောက် အပေါ်မှာဇာတ်အိမ် တည်ထားပါတယ်။ အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုမှ နှစ်သက် ပြီး ဘဝမှာလိုချင်တာတွေအကုန်ရနေပေမယ့်၊ နာမည်ကျော်အဆိုတော် ယောက်ျားဖြစ်သူရဲ့ အာရုံစိုက်မှုကိုမရတော့တဲ့ ရှရယ် ၊ အာဖရိက တော ခေါင်ရေရှားဒေသတွေမှာ ကူညီလုပ်အားပေးဖို့သွားတော့မယ့် သမီးနဲ့ မြေးလေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ကလယ်ရာ၊ ရည်းစားတွေရှုပ်လွန်း လို့သမီးလေးနဲ့ ကတောက်ကဆဖြစ်နေတဲ့ အနုပညာရှင် တစ်ခုလပ်အာနုနဲ့ ယနေ့ခေတ်လောကကြီးနဲ့လုံးဝအစေးမကပ်တဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ရိုလီယန်တို့ သူငယ်ချင်း(၄)ယောက်သား အလွဲလွဲ အချော်ချော်ဖြစ်နေတဲ့ဘဝကိုယ်စီကို ကိုင်တွယ်ဖြေရှင်းကြပုံအား ရယ် လိုက်ဆွေးလိုက်နဲ့ ကြည့်ရှုရမယ့် ဟာသဒရမ်မာရုပ်ရှင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်)File Size..........(2.0 GB) / (865 MB) / (530 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Kaung Paing Encoder..........SWM
movie

Gooische vrouwen (2011)

2011
[18+] Kiss Me (2011) 6.8
[18+] Kiss Me (2011) Kiss me (2011)~ IMDb rating - 6.8/10 ~(ဝတ်လစ်စလစ်အခန်း​တွေ ချစ်ရည်လူးခန်း​တွေ တပုံကြီးပါလို့ ၁၈ နှစ်ပြည့်မှ ကြည့်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ)2011 မှာ ထွက်ရှိထားတဲ့ ဆွီဒင်ကား​​​လေး Kiss Me ဟာ Rating ​​ကောင်း​ကောင်းရထားတဲ့ ဒရာမာ GL ကား​​လေးတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိဘချင်း​​စေ့စပ်ပွဲမှာ ​တွေ့ကြတဲ့ မီယာနဲ့ ဖရီဒါဆိုတဲ့ မိန်းက​လေးနှစ်​ယောက် အလုပ်ကိစ္စခရီးသွားကြရင်း တစ်​ယောက်ကိုတစ်​ယောက် ခံစားချက်​တွေတဆင့်ပိုလာတဲ့အခါ တစ်​ယောက်ကိုတစ်​​ယောက်မချစ်မိ​အောင် ကြိုးစားကြရတာကို မြင်ရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်း ​နောက် ၃ လ​နေရင် ​ကောင်​​လေးဖြစ်သူနဲ့ လက်ထပ်​တော့မယ့် မီယာနှလုံးသား​နေရာမှာ ဖရီဒါအစားထိုးလာတဲ့အခါ မီယာတစ်​ယောက် ဘယ်လို​တွေဖြတ်သန်းခဲ့ရလဲ... သူကိုယ်တိုင်‌ရော မိန်းက​လေးချင်းချစ်တာကို​ရော လက်ခံခဲ့လား...ဖရီဒါအ​နေနဲ့လည်း သူ့ဘဝမှာ ပိုင်ရှင်ရှိတဲ့သူနဲ့ဘယ်​တော့မှ ​မ​ဖောက်ပြန်ဘူးလို့ ​ကြွေး​ကြော်ရင်း မီယာကိုမှချစ်မိသွားတဲ့အခါ ဘယ်လိုခက်ခက်ခဲခဲ​တွေဖြတ်သန်းခဲ့ကြမလဲဆိုတာ​တွေကို ရိုမန်တစ်ဆန်ဆန် ဒရာမာဆန်ဆန် ရိုက်ပြထားပြီး ဒရာမာကြိုက်တဲ့သူ​တွေအတွက် ကြည့်လို့​ကောင်းမယ့်ကား​လေးတစ်ကားလည်းဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

[18+] Kiss Me (2011)

2011
Bloodlust Zombies (2011) 4.3
Bloodlust Zombies (2011) Bloodlust Zombies (2011) ===================ဆေးဝါးထုတ်လုပ်ရေး ဓာတ်ခွဲခန်း တစ်ခုမှာ အလုပ်လုပ်တဲ့ ဂျုဒီဆိုတဲ့ သိပ္ပံပညာရှင် အမျိုးသမီး တစ်ယောက်ဟာ စစ်ပွဲမှာ အသတ်ခံလိုက်ရတဲ့ သူ့ယောင်္ကျားအတွက် ပြန်ပြီးကလဲ့စား ချေပေးဖို့ပဲ အမြဲတမ်းတွေးနေခဲ့ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လူတွေကိုသွေးဆာတဲ့ မကောင်း ဆိုးရွား Zombie တွေအဖြစ်ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့ virus ကို စမ်းသပ် အောင်မြင်သွားပြီး အမှားအယွင်းတစ်ခုကြောင့် virus ကပြန့်နှံ့သွားပါတော့တယ်။ virus ကိုပြန်ပြီး ထိန်းချုပ် နိုင်မလား၊ အားလုံးပဲသေသွားမလား ဘယ်သူ​တွေလွတ်မြောက် သွားမလဲဆိုတာကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ ဟာသလေး တွေလဲပါလို့ ပေါ့ပေါ့ပါးပါးလေးကြည့်ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Momo ဖြစ်ပါတယ်)File Size..........(1.61 GB) / (615 MB) / (375 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Momo Encoder..........SWM
movie

Bloodlust Zombies (2011)

2011