Channel Myanmar
2012
Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
7.6
IMDB: 7.6/10 292,270 votes
movie
Les Misérables (2012)
2012
The Brass Teapot (2012) 6.4
The Brass Teapot (2012) ဒါကတော့ မကြည့်ဖူးရင်တောင် အစိမ်းသက်သက်ဖြစ်မှာမဟုတ်တဲ့ကားဟောင်းလေးတစ်ကားပါ။အဲ့လက်ဖက်ရည်အိုးနားမှာထိခိုက်နာကျင်ရင်အိုးထဲကနေပိုက်ဆံ‌တွေထွက်လာတဲ့ ဇာတ်လမ်းလေးပါ။ကြိုးစားပေမယ့် အလုပ်လက်မဲ့ဖြစ်နေတဲ့လင်မယားနှစ်ယောက်မှာအဲ့ရှေးဟောင်းလက်ဖက်ရည်အိုးရှိသွားပါတယ်။နာကျင်ရင်နာကျင်သလောက်ထိခိုက်ရင်ထိခိုက်သလောက်ပိုက်ဆံတွေအများကြီးထွက်လာတာကို သူတို့သိသွားတဲ့အခါအရာရာကို ထိခိုက်ဒဏ်ရာတွေနဲ့ ဖြေရှင်းဖို့ပဲဖြစ်လာပါတော့တယ်။ပထမတော့ ဒေါ်လာတစ်သန်းပဲရှာပြီးလွန်လာရင်ရပ်လိုက်မယ်ဆိုပေမယ့်လောဘတွေတက်လာတဲ့အခါမှာတော့.....လက်ဖက်ရည်အိုးသုံးပြီးပိုက်ဆံရှာကြပုံတွေ လောဘတွေတက်လာတဲ့အခါဖြစ်လာတဲ့လူ့သဘာဝတွေကိုဒီဇာတ်လမ်းကောင်းလေးမှာ ခံစားကြည့်ရှုလိုက်ပါအုံး။ File Size : ( 949 MB , 353 MB )Quality :  WEB-DL 720pRunning Time : 1 hr 41 minFormat : Mp4Genre :  Comedy , Family , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated ...
6.4
IMDB: 6.4/10 13,912 votes
movie
The Brass Teapot (2012)
2012
BluRay 720p
The Master(2012) 7.2
The Master(2012) The Master(2012)အညွှန်း********************IMDb...7.2,,,,,Rotten....85%အမိုက်စားကားမို့ (BLU-RAY 1080P 5.1CH,720P)တို့ဖြင့်တင်ဆက်ပေးထားပါသည်.....(unicode)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin Phoenix ရဲ့ သရုပ်ဆောင်ဟန်တွေကိုတော့ အားလုံးလိုလို ချီးကျူးခဲ့မိကြမယ်ထင်ပါရဲ့....ဒါ့ကြောင့် ဒီမင်းသားကြီးရဲ့ ဇာတ်ကားတွေထဲက အကောင်းဆုံးစာရင်း၀◌င်တဲ့ The Master ဆိုတဲ့ ကားကိုတင်ဆက်ပေးလိုက်ပါတယ်... ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် စိတ်ဝေဒနာရှင်မိခင်တစ်ယောက်ရဲ့ သားဖြစ်သူဟာ စစ်တပ်ကထွက်ပြီး အရပ်ဘက်အလုပ်တွေလုပ်ကိုင်ခဲ့တယ်... ကံဆိုးတာက သူကိုယ်တိုင်က အမေဘက်လိုက်တယ်လို့ ဆိုရမလား မသိ...သူ့မှာလည်း စိတ်ဝေဒနာအခံက ရှိနေပြန်တယ်... သူဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်....သူကိုယ်သူလည်း ဘာချို့ယွင်းချက်ရှိနေလဲဆိုတာသိတော့ စိတ်ပညာရှင် မာစတာနဲ့ တွေ့ပြီး တော့ သူ့ရဲ့ဖြစ်တည်မှုကို ပြင်ဖို့ကြိုးစားပါတော့တယ်... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ရသမျိုးစုံ ပေါင်းစုံခံစားရမှာဖြစ်လို့ လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..IMDb..7.2နဲ့ Rotten 85%တောင် ရထားတာဖြစ်လို့ ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....(zawgyi)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin ...
7.2
IMDB: 7.2/10 136,745 votes
movie
The Master(2012)
2012
Blu-Ray 1080p 5.1 CH
Agent Vinod ( 2012 ) 5.2
Agent Vinod ( 2012 ) Zawgyi*******2012 က ထွက်ရှိထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်းလေးပါပဲအညွန်းကတော့ Agent Vinod ဟာ အတော်တော်တဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရမှုအတွက်အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းကိုခံရပါတယ်Vinod ဟာတရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းကကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်အတိုက်အခိုက် အပစ်အခတ်ကြိုက်တဲ့သူတွေအတွက်တော့ကြည့်ကောင်းမယ့်ဇာတ်ကားမျိုးပါပဲ ဘာသာပြန်တဲ့သူကတော့H&Y ပဲဖြစ်ပါတယ် Unicode*******2012 က ထွက်ရှိထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်းလေးပါပဲအညွန်းကတော့ Agent Vinod ဟာ အတော်တော်တဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရမှုအတွက်အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းကိုခံရပါတယ်Vinod ဟာတရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းကကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်အတိုက်အခိုက် အပစ်အခတ်ကြိုက်တဲ့သူတွေအတွက်တော့ကြည့်ကောင်းမယ့်ဇာတ်ကားမျိုးပါပဲ ဘာသာပြန်တဲ့သူကတော့H&Y ပဲဖြစ်ပါတယ် Translated & Review By H&YEncoded By LK
5.2
IMDB: 5.2/10 6,619 votes
movie
Agent Vinod ( 2012 )
2012
Django Unchained ( 2012 ) 8.4
Django Unchained ( 2012 ) Zawgyi*******2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲလူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ...
8.4
IMDB: 8.4/10 1,229,099 votes
movie
Django Unchained ( 2012 )
2012
Silent Hill: Revelation ( 2012 ) 5.0
Silent Hill: Revelation ( 2012 ) Silent Hill: Revelation (2012) ကတော့ Silent Hill(2006) ရဲ့နောက်ဆက်တွဲဖြစ်ပြီးတော့ Konami ရဲ့ Silent Hill 3 ဗီဒီယိုဂိမ်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Sharonဆိတ်ငြိမ်တောင်ကုန်းကနေ ပြန်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့Rose ကတော့ ပိတ်မိနေခဲ့ပါတယ်။ Rose က ခင်ပွန်းဖြစ်သူChristopher ကို Sharon ဘယ်တော့မှ ဆိတ်ငြိမ်တောင်ကုန်းကိုပြန်မလာနိုင်အောင် ကာကွယ်ပေးပါလို့ ကတိတောင်းထားခဲ့ပါတယ်။တစ်ဖက်ကလည်း Order Of Valtiel ဆိုတဲ့ အဖွဲ့ Sharonဆိတ်ငြိမ်တောင်ကုန်းကို ပြန်လာအောင် အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။Order အဖွဲ့က သူ့ရဲ့အဖေကို ဖမ်းခေါ်သွားတဲ့အချိန်မှာတော့Sharon တစ်ယောက် ဆိတ်ငြိမ်တောင်ကုန်း ဆီကိုပြန်သွားခဲ့ပါတယ်။အဲဒီမှာ ဘာတွေကသူ့ကိုစောင့်ကြိုနေမလဲ။ သူကိုဘာဖြစ်လို့ Order ကအရမ်းလိုချင်နေကြတာလဲ။ သူရောက်လာတဲ့အချိန်ဆိတ်ငြိမ်တောင်ကုန်းမှာ ဘာတွေပြောင်းလဲသွားမလဲ။ ကြည့်လိုက်ကြပါဦး။ Translated & Review By d3monEncoded By LK
5.0
IMDB: 5.0/10 57,078 votes
movie
Silent Hill: Revelation ( 2012 )
2012
Seven Psychopaths (2012) 7.2
Seven Psychopaths (2012) Seven Psychopaths (2012) ဆိုတဲ့ Comedy, Crimeဇာတ်ကားလေးကတော့ ရယ်ရသလို ကြည့်လို့လဲကောင်းပါတယ်။နက်နက်နဲနဲတွေးချင်ရင်လည်း ရပါသေးတယ်။ ဒီဇာတ်ကားကိုကျွန်တော့်ဥာဏ်လေးမတောက် တခေါက်နဲ့ ညွှန်းလိုက်ရင်ပေါ့သွားမှာ ဆိုးလို့ကောင်းတယ်၊ရယ်ရတယ် ဒီလောက်ပဲညွှန်းပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့အရူး ၇ ယောက်အကြောင်းကို ဇာတ်လမ်းရေးမယ့် စာရေးဆရာအရက်သမားတစ်ယောက် ဇာတ်လမ်း စဉ်းစားရကြပ်နေပါတယ်။နောက်တော့ ခွေးကို ပြန်ပေးဆွဲနေတဲ့ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ အတူဇာတ်ရှုပ်တစ်ခုထဲကို ဝင်မိကြပါတယ်။ အဲဒီမှာ သူ့ဇာတ်လမ်းအတွက်အရူးတွေကို ထပ်တွေ့လာပြီး သူ့သူငယ်ချင်းနှစ်ယောက်က သူ့ဇာတ်လမ်းကိုဘယ်လိုကူရေးပေးကြမလဲ ကြည့်ရမှာပါ။ Rating တွေကလည်း ကောင်းပါတယ်။IMDB 7.2 ရှိပြီး Rotten Tomatoes 82% ရရှိထားပါတယ်။Translated & Review By D3monEncoded By LK
7.2
IMDB: 7.2/10 225,097 votes
movie
Seven Psychopaths (2012)
2012
Marrying the Mafia 5: Return of the Family ( 2012 ) 5.4
Marrying the Mafia 5: Return of the Family ( 2012 ) Marrying The Mafia ဇာတ်ကားတွေရဲ့နောက်ဆုံးကားဖြစ်ပါတယ်5 ကားလုံးကို ဒီမှာဒေါင်းကြည့်နိုင်ပါတယ်အရင်ကားတွေရဲ့အဆက်ပါပဲ..သရုပ်ဆောင်တွေတော့အပြောင်းအလဲရှိသွားပါတယ်သရုပ်ဆောင်တွေတော့ ပြောင်းသွားပေမယ့် ဘာမှန်းမသိတဲ့Mafia မိသားစုအရှုပ်တော်ပုံကတော့ အတူတူပါပဲ။ဒီတစ်ခေါက်တော့ ဘက်လိုက်တတ်တဲ့ အဖေကြီးကြောင့်ညီအစ်ကိုတွေကြား မတည့်ကြတဲ့ Mafia မိသားစုအကြောင်းပါ။ဒီတော့ အနှိမ်ခံ ညီအစ်ကို ၃ ယောက်က ဘယ်လိုတွေ သင်ခန်းစာပေးပြီးဘယ်လိုတွေ ပြဿနာရှာမယ်ဆိုတာရယ်... ဒီ သင်းကွဲမိသားစုကြီးပြန်လည်သင့်မြတ်မလားဆိုတာရယ်ကို ရယ်မောရင်း ဇာတ်လမ်းထဲမှာ အဖြေရှာလိုက်ပါ... Translated & Review By Chu ChuEncoded By LK
5.4
IMDB: 5.4/10 56 votes
movie
Marrying the Mafia 5: Return of the Family ( 2012 )
2012
Looper (2012) 7.4
Looper (2012) Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။အဲဒီအတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။အဲဒီခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီး ဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက အဲဒီနေရာတွေမှာစောင့်နေပြီး ပေါ်လာတဲ့ကောင်ကို ပစ်သတ်၊ အစဖျောက်ပစ်တယ်။နောက် သူတို့နဲ့ထည့်ပေးလိုက်တဲ့ ငွေပြား ရွှေပြားတွေကို payment အဖြစ်ယူတယ်။Future ကလည်း ...
7.4
IMDB: 7.4/10 501,743 votes
movie
Looper (2012)
2012
Blu-Ray 720p
Mac & Devin Go to High School (2012) 4.5
Mac & Devin Go to High School (2012) အားလုံးပဲ ခဏခဏ တောင်းဆိုနေကြတဲ့ Mac and Devin go to high school ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် …၂၀၁၂ ကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Snoop Dogg နဲ့Wiz Khalifa တို့ နှစ်ဦး အဓီက ပါဝင်သရုပ်ဆောင်ထားပါတယ် …ဒီကားက ဘာကားလဲဆိုတာမပြောဘဲနဲ့ ဒီကားအစမှာ ပြောထားတဲ့ စကားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်“၀ိ အကြာင်းရိုက်ထားတဲ့ ရုပ်ရှင်ကို ၀ိ မသောက်ဘဲ ဘယ်လိုကြည့်မလို့တုန်း”“ခင်ဗျားတို့ရဲ့ စက္ကူလိပ်တွေ အိုးတွေ ခွက်တွေ ယူပြီး အလိပ်ကြီးလိပ်ပြီး မီးပွင့်သွားအောင် ဖွာလိုက်စမ်းပါ”“ကံဆိုးစွာပဲ ခင်ဗျားတို့မှာ ၀ိ မရှိရင်တော့ စိတ်မကောင်းပါဘူး လို့ပဲပြောပါရစေ ဒါပေမယ့် ရုပ်ရှင်ကိုတော့ ဆက်မကြည့်လိုက်ပါနဲ့ အဆင်ပြေမှာမဟုတ်ဘူး”တချို့လူတွေက ရုပ်ရှင်ကြည့်ရင် ပေါက်ပေါက်ဆုပ်တွေ စားရင်းကြည့်ကြတယ်..ဒီဇာတ်ကားထဲမှာတော့ ဒီလိုပြောထားပါတယ်…ဘာကားလဲတော့မသိဘူးကိုယ်တိုင်ပဲ ကြည့်ရှူခံစားကြည့်လိုက်ပါ (ဘာသာပြန်ပေးထားသူကတော့ Zuel Khant Thwin ပါ) File ...
4.5
IMDB: 4.5/10 7,153 votes
movie
Mac & Devin Go to High School (2012)
2012
Blu-Ray 1080p 5.1 CH
The Hunger Games (2012) 7.2
The Hunger Games (2012) The Hunger Games ကတ်နစ်အဲဗားဒင်းတို့နေတဲ့နယ်မြေလေးမှ ာနှစ်စဉ်ပြုလုပ်နေကျ ပွဲတစ်ပွဲရှိပါတယ်။ နယ်မြေသေးသေးလေးက သိတက်တဲ့အရွယ်ရောက်လူတိုင်းရဲ့နာမည်တွေကို ဖန်ခွက်အကြီးတစ်ခုထဲထည့်ထားပြီး ပွဲစီစဉ်သူတစ်ဦးက လက်သင့်ရာကို နှိုက်လိုက်ပါတယ်။ နာမည်ကတ်နှိုက်ခံလိုက်ရတဲ့သူက မဲပေါက်သွားတာမဟုတ်သလို ဆုလက်ဆောင်ရသွားတာမျိုးတော့ မဟုတ်ပါဘူး။ စစ်မြေပြင်တစ်ခုလိုဖန်တီးထားတဲ့ နေရာတစ်ခုကိုသွားရောက်ပြီးတော့ သူသေကိုယ်သေယှဉ်ပြိုင်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ ကံဆိုးရင်တော့ အသက်ပေးရမယ် ကံကောင်းရင်တော့ သူရဲကောင်းဖြစ်မယ်ဆိုတဲ့ လူအများစောင့်ကြည့်နေတဲ့အစီအစဉ်တစ်ခုမှာ သူတို့ကသွားရောက်ပြီးတော့ ဖျော်ဖြေပေးရသလိုပါ။ ဒီနှစ်ရဲ့အမျိုးသမီးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမဲ့ညီမလေးအစား ကတ်နစ်တစ်ယောက်ကိုယ်စားယှဉ်ပြိုင်ပေးဖို့ တောင်းဆိုရာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ နယ်မြေ (၁၂)ခုကနေ တစ်နယ်မြေကို ၂ယောက်နှုန်းနဲ့ ၂၄ယောက်ကြားမှာ ကိုယ်တစ်ယောက်တည်းအသက်ရှင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြရတယ်ဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ် File Size : (2.18 GB,1.09 GB) Quality : Blu-ray 1080p,720p Running Time : 2h 22min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu
7.2
IMDB: 7.2/10 795,123 votes
movie
The Hunger Games (2012)
2012
Blu-Ray 1080p/720p
Act of Valor(2012) 6.5
Act of Valor(2012)   Act of Valor (2012) ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်...ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်....ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်...အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာတကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင်ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်...ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ...ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ....သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား...အောင်မြင်ကြပါ့မလား...CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား....ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား...ခံစားကြည့်လိုက်ပါဦးဗျို့...စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း.......  File Size : (1 GB) and (359 MB) Quality : Blu-Ray 720p, Format…mp4 Duration…01:41:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Apex(ZYL) Encoded by Phyo Pyae
6.5
IMDB: 6.5/10 63,831 votes
movie
Act of Valor(2012)
2012
Men in Black 3 (2012) 6.8
Men in Black 3 (2012) ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်... အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်... တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်... သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
6.8
IMDB: 6.8/10 311,513 votes
movie
Men in Black 3 (2012)
2012
Blu-Ray 1080p
Deranged (2012) 6.4
Deranged (2012) Deranged (2012) IMDB rating 6.4 ,,,,,Rotten Tomatoes 60% Google user 90%     ကိုရီးယားရဲ့သာယာလှတဲ့အခြေအနေတွေကို ရုပ်ဆိုးအကျဉ်းတန်စေတဲ့အပြင်တစ်နိုင်ငံလုံးကို ထိတ်လန့်ကြောက်ရွံစေတဲ့အဖြစ်ကိုစခဲ့တာကတော့ တစ်ခုသောမနက်ခင်းကအစပြုခဲ့တာပါ... အဲ့ဒီမနက်ခင်းမှာ အလောင်းတစ်လောင်းကိုချောင်းထဲကစတွေ့ခဲ့တာပါ...ဒီအလောင်းရဲ့ပုံစံဟာနှစ်ရှည်လများသေဆုံးပြီးမှပေါ်လာဟန်ပါပဲ..အရိုးပေါ်အရေတင်ပုံဖြစ်နေတဲ့အပြင်ကျားမတောင်ခွဲရခက်နေတယ်... သို့ပေမယ့်ရဲတွေနဲ့မှုခင်းဆရာဝန်တွေနဲ့ စစ်ဆေးချက်အရအလောင်းဟာကြာချိန်တစ်ရက်သာ ရှိသတဲ့... ဒီလိုနဲ့နောက်ရက်နောက်ရက်များမှာကိုရီးယားရဲ့မြစ်ချောင်းတွေမှာအလောင်းတွေကိုမမြင်ချင်မှအဆုံးဖြစ်ကုန်တယ်.... တစ်ဖြည်းဖြည်းရာချီလာလေတော့ကိုရီးယားတစ်နိုင်ငံလုံးထိပ်လန့်မှုကတော့ဆိုဖွယ်ရာမရှိ... ဆရာဝန်တွေအစိုးရထိပ်သီးပိုင်းလူကြီးတွေရဲတွေ အကုန်တိုင်ပတ်နေသလိုပြည်သူတွေလည်းဘာကြောင့်သေရမှန်းမသိလေတော့ကြောက်ရွံခြင်းတွေနဲ့သာဖြတ်သန်းနေလေရဲ့... ကိုင်းဘာကြောင့်သေကြတယ်... ဘယ်သူတွေကြောင့်ဖြစ်တာလဲ... သူတို့ ဘယ်လို ကာကွယ်ကြမလဲ... ဘယ်သူတွေကရအောင်စုံစမ်းကြမလဲ... ဒီကားကတော့... ဇာတ်လမ်းအစကနေအဆုံးအထိ လုံးဝဇာတ်ရှိန်မကျဆွဲခေါ်သွားမယ့်ဇာတ်ကားတစ်ကားပါ...တစ်ခုတော့ရှိတယ်ဒီကားကြည့်နေတုန်း အစားအစာတွေစားရင်းတော့မကြည့်ပါနဲ့... ဖွတ်ဥစားတာထက်အရသာရှိသွားနိုင်လို့ပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Tin Myo Lwin ပဲဖြစ်ပါတယ်....  File Size : (0.99GB) and (355MB) Quality : Blu-Ray 720p, Format…mp4 Duration…01:49:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
6.4
IMDB: 6.4/10 1,698 votes
movie
Deranged (2012)
2012
Don’t Click (2012) 4.8
Don’t Click (2012) Don't Click (2012)_____IMDb - 4.8/10    အခုမိတ်ဆက်ပေးမယ့် don't click ဆိုတဲ့ဇာတ်ကားလေးရဲ့ဇာတ်ဆောင်ကတော့ K drama fan တွေရဲ့အချစ်တော်မလေး Park Bo Yong ပဲဖြစ်ပါတယ် ချစ်ရာကောင်းတဲ့မင်းသမီးချောလေးက ဒီတစ်ခါတော့ ကြောက်တတ်သူများမကြည့်သင့်တဲ့ဒီဇာတ်ကားမှာ ဖခင်ဟာ အမေရိကားမှာအလုပ်သွားလုပ်နေပြီး ညီမလေးနဲ့ ၂ယောက်ထဲနေကာ အစ်မကြီးတစ်ယောက်ရဲ့တာဝန်ကိုထမ်းနေရတဲ့မိန်းမငယ်လေးအဖြစ် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းတော့ ရုန်းကန်နေရတဲ့ မိသားစုလေးဖြစ်တဲ့အလျောက် ညီမလေးဟာ YouTube ဗီဒီယို တင်ပြီး ကျော်ကြားမှုနဲ့ ဝင်ငွေရှာပါတယ် ဗီဒီယိုအဆန်းတွေကြည့်ရတာလဲခုံမင်တယ် ဒီလိုနဲ့ တားမြစ်ဗီဒီယိုတစ်ခုကိုကြည့်မိတာနေ ပြဿနာစတော့တာပါပဲ don't click ဆိုတဲ့အတိုင်းclick မိပြီဆိုတာနဲ့ အဆုံးထိကြည့်ရသတဲ့ ကြည့်မိတဲ့သူတိုင်းဟာလဲ အဖြစ်ဆိုးတွေနဲ့ ကြုံရပါတယ် အဲ့ဒီဗီဒီယိုရဲ့နောက်ကွယ်ကဇာတ်လမ်းဟာဘယ်လိုဖြစ်သလဲ သူတို့ညီအစ်မ၂ယောက်ကကောဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် ည ၁၂ နာရီလောက်အချိန်မျိုးမှာထိုင်ကြည့်တာတော့ပိုအရသာရှိတာပေါ့   Translated & Review By Nu Mon   Encoded By LK  
4.8
IMDB: 4.8/10 502 votes
movie
Don’t Click (2012)
2012
HDRip 720p
Prometheus (2012) 7.0
7.0
IMDB: 7.0/10 556,806 votes
movie
Prometheus (2012)
2012
Blu-Ray 720p
The Bullet Vanishes (2012) 6.6
The Bullet Vanishes (2012)  The Bullet Vanishes ( 2012) ထွက် ဇာတ်ကားလေးကတော့ IMDB Rating 6.6 နဲ့ Rotten Tomatoes 92% ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Plot Twist တွေကလည်း အလန်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်အလုပ်လုပ်ဖို့ရူးသွပ်နေတဲ့ ထောင်မှုး ဆောင်ဒုန်လူ နဲ့ ထျန်းချန်မြို့မှာ သေနတ်ပစ်လက်အမြန်ဆုံး စုံထောက် ကောင်းကျွေး တို့ ပူးပေါင်းပြီး တစ္ဆေကျည်ဆန်အမှုကိုလိုက်ကြတာပါ။ တစ္ဆေကျည်ဆန်လို့ခေါ်ရတဲ့အကြောင်းက လက်နက်စက်ရုံက အလုပ်သမလေး ယန် မတရားအသတ်ခံရချိန်မှာ ကျိန်စာတိုက် သွားခဲ့ပါတယ်။ နောက်တော့ လူတွေတစ်ယောက်ပြီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးကြပြီးတော့ ကျည်ဆန်ကိုရှာမတွေ့ပါဘူး။ တကယ့်ကျိန်စာကြောင့်ပဲလား။ ဒါမှမဟုတ် လူတစ်ယောက်ယောက်ကပဲ ဟန်ဆောင်ပြီး သတ်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ။ ပြီးတော့ ဇာတ်ကားကို ကြည့်ရင်း မေးမိနေမှာက ပြီးပြည့်စုံတဲ့ လူသတ်မှုဆိုတာ တကယ်ရှိလားဆိုတာပေါ့။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( ...
6.6
IMDB: 6.6/10 1,726 votes
movie
The Bullet Vanishes (2012)
2012
White Tiger(2012) 6.1
White Tiger(2012) ဒီတင့်ကတော့ ဂျာမန်တို့ရဲ့ White Tiger ဆိုတဲ့တင့်ပါ....[[[ ဒီ Tiger တင့်အမျိုးအစားဟာ FURY ဆိုတဲ့ကားမှာ ဘရက်ပစ်တို့M4 Sherman တွေကို အားပါတရဖျက်ဆီးပြသွားတာ ကြည့်ဖူးတဲ့သူတွေသိမှာပါ]]တစ်စီးထဲက ဖျက်ဆီးသွားတော့ ရုရှားတင့်တပ်က အကြီးအကဲတွေနဲ့နည်းပညာသမားတွေအတွက်တော့ တကယ့်သွေးပျက်စရာပါပဲ...ပျောက်ကျားစစ်ပုံစံဆင်နွဲနေတဲ့ ဒီ White Tiger ကြီးကြောင့်များစွာအထိနာနေတဲ့ရုရှားတွေဟာ တန်ပြန်တိုက်ခိုက်ဖို့ တင့်တပ်ဖွဲစီစဉ်ပါတော့တယ်..ဒီအထဲမှာတော့ အတွေ့အကြုံများစွာရှိနေတဲ့ တင့်ကား(၁၅)စီးတိုက်ခိုက်ခံရစဉ်မသေပဲကျန်ရစ်ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးကို ခေါင်းဆောင်ခန့်ပြီး တိုက်ခိုက်ဖို့ကြံရွယ်ကြတယ်...ကိုင်း သူတို့အောင်မြင်မလားဆိုတာကိုတော့.....ကိုင်း တင့်ကား စစ်ကားတွေမှ သဘောကြတဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်လို့ခံစားကြည့်လိုက်ပါဦး....File Size : (950 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:44:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
6.1
IMDB: 6.1/10 2,863 votes
movie
White Tiger(2012)
2012
Madagascar 3: Europe’s Most Wanted (2012) 6.8
Madagascar 3: Europe’s Most Wanted (2012) Madagascar 3: Europe's Most Wanted (2012) IMDb - 6.8/10_____Rotten - 79%   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့Animation ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်။Madagascar လို့ပြောလိုက်တာနဲ့ တလွဲတွေလုပ် ဟာသတွေဖြစ်နေတတ်တဲ့ ခြင်္သေ့ကြီး Alex နဲ့ သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့မြင်းကျား Marty သစ်ကုလားအုတ် Melman နဲ့ ရေမြင်းမကြီး Gloria တို့ကိုပြေးမြင်မိကြဦးမှာပါဒီနောက်ဆုံးထွက် Europe's Most Wanted မှာဆိုရင် Alex နဲ့သူ့သူငယ်ချင်းတွေဟာသူတို့ရဲ့အိမ်ဖြစ်တဲ့ New York's Central Park Zoo ကိုပြန်ဖို့ကြိုးစားနေကြတုန်းပါဒါပေမဲ့ Monte Carlo ကာစီနိုမှာဘဏ်ဖောက်ဖို့ကြိုးစားနေတဲ့ ပင်ဂွင်းနဲ့မျောက်တွေကို သွားခေါ်ရဖို့အကြောင်းဖန်လာပါတယ်အဲ့လိုနဲ့ ပြင်သစ်ကတိရစ္ဆာန်ထိန်းချုပ်ရေးအရာရှိမကြီး Dubois နဲ့တိုးတဲ့အခါမှာ Alex တို့မမျှော်လင့်တဲ့အခြေအနေတွေနဲ့ကြုံရပြန်ပါတယ်Alex တို့သူတို့ရဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား Dubois ကြီးကရော ဘယ်လိုတွေတားဆီးမလဲဆိုတာ အရှေ့က Madagascar 1 & ...
6.8
IMDB: 6.8/10 157,576 votes
movie
Madagascar 3: Europe’s Most Wanted (2012)
2012
Blu-Ray 720p
The Impossible (2012) 7.6
7.6
IMDB: 7.6/10 190,300 votes
movie
The Impossible (2012)
2012