Channel Myanmar

2013

This Is the End ( 2013 ) 6.6
This Is the End ( 2013 ) Zawgyi ******* IMDb 6.6 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပြီး Dark Comedy/ Horror ကားပရိတ်သတ်တွေအတွက်ရည်ရွယ်ပါတယ် ဇာတ်ကားနာမည်နဲ့လိုက်ဖက်စွာပဲ ကမ္ဘာပျက်တဲ့အကြောင်းကိုရိုက်ကူးထားတာပါ ထူးခြားတာက တစ်ကားလုံးသရုပ်ဆောင်တွေဟာ သူတို့ရဲ့ နာမည်အရင်းတွေ career အစစ်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါပဲ Harry Potter မင်းသမီးလေး Emma Watson ရော Rihanna ရော ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကျော်မင်းသား James Franco ကသူ့ LA ကအိမ်သစ်ကြီးမှ အိမ်သစ်တက်ပွဲပါတီကျင်းပပါတယ် နာမည်ကျော်တို့ရဲ့ထုံးစံအတိုင်း ခမ်းခမ်းနားနားပါပဲ တခြားနာမည်ကြီးသရုပ်ဆောင်တွေအဆိုတော်တွေလည်း လာကြတာပေါ့ အဲ့အချိန်မှာမှ ကောင်းကင်ပေါ်ကအပြာရောင်အလင်းတန်းတွေ ကျလာပြီး လူတွေကိုခေါ်သွားတဲ့အခါမှာတော့...   Unicode ******* IMDb 6.6 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပြီး Dark Comedy/ Horror ကားပရိတ်သတ်တွေအတွက်ရည်ရွယ်ပါတယ် ဇာတ်ကားနာမည်နဲ့လိုက်ဖက်စွာပဲ ကမ္ဘာပျက်တဲ့အကြောင်းကိုရိုက်ကူးထားတာပါ ထူးခြားတာက တစ်ကားလုံးသရုပ်ဆောင်တွေဟာ သူတို့ရဲ့ နာမည်အရင်းတွေ career အစစ်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါပဲ Harry Potter မင်းသမီးလေး Emma Watson ရော Rihanna ရော ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကျော်မင်းသား James Franco ကသူ့ LA ကအိမ်သစ်ကြီးမှ အိမ်သစ်တက်ပွဲပါတီကျင်းပပါတယ် နာမည်ကျော်တို့ရဲ့ထုံးစံအတိုင်း ခမ်းခမ်းနားနားပါပဲ တခြားနာမည်ကြီးသရုပ်ဆောင်တွေအဆိုတော်တွေလည်း လာကြတာပေါ့ အဲ့အချိန်မှာမှ ကောင်းကင်ပေါ်ကအပြာရောင်အလင်းတန်းတွေ ကျလာပြီး လူတွေကိုခေါ်သွားတဲ့အခါမှာတော့...   Translated & Review By May Myat ...
6.6
IMDB: 6.6/10 363,918 votes
movie

This Is the End ( 2013 )

2013
After Earth (2013) 4.9
After Earth (2013) ၀ီလ် စမစ်တို့သားအဖ နှစ်ယောက်ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကားလေးကို ပြန်တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်လမ်းကို နောက်လာမဲ့ အနာဂတ် နှစ်ပေါင်း တစ်ထောင်မှာ ဇာတ်အိမ် တည်ထားပါတယ်။လူသားတွေဟာဆိုရင် ဂေဟစနစ် ပျက်စီး မှု့တွေကြောင့် အမိကမ္ဘာမြေ ကနေ ထွက်ခွာခဲ့ရပြီး Nova Prime လို့ခေါ်တဲ့ ဂြိုလ် တစ်ခုမှာ အခြေချနေထိုင်နေကျတဲ့ အချိန်ပေါ့ဗျာ။ အဲ့အချိန်မှာ လူသားတွေထပ်မံ သိခဲ့ ရတာက ဒီ စကြာဝဠာကြီးမှာ ကျွန်တော် တို့ချည်းမဟုတ်ပါဘူးဆိုတာပါပဲ Nova Prime ကို ပြောင်းရွှေ့လာတဲ့ လူသားတွေကို ဂြိုလ် သားတွေက တိုက်ခိုက် ပါတာတော့တယ်။အဲ့လို လူသားတွေ လည်းအသေအပျောက်များပြီး တစ်ဖြည်းဖြည်းနဲ့ မျိုးတုန်းမဲ့ အန္တရာယ် ကို ရင်ဆိုင်လာရပါပြီ။ အဲ့လို အခါမှာဆိုရင် လူသားတွေ ရဲ့ အားကိုးရာက ရိန်းဂျားလို့ခေါ်တဲ့ စစ်သားတွေအပေါ်မူတည်လာပါတယ်။ အဲ့ရိန်းဂျားတွေကြားထဲမှာမှ လက်မရွံ တက်တဲ့ ဆိုင်ဖာ(၀ီလ်စမစ်)က ထိပ်တန်းပေါ့။ဒီလိုနဲ့ လူသားတွေ ...
4.9
IMDB: 4.9/10 168,327 votes
movie

After Earth (2013)

2013
The White Storm ( 2013 ) 6.7
The White Storm ( 2013 ) Zawgyi ******* Line Walker 2 အကြည်မထွက်ခင် စောင့်ဆိုင်းရင်းနဲ့ Line Walker မင်းသားပါဝင်တဲ့ Nick Cheung ကားလေးကိုအရင်ကြည့်ထားရအောင် ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Ching Wan Lao,Louis Kooနဲ့ Nick Chengတို့ မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ... ဇာတ်လမ်းအကျဉ်းလောကတော့ ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ထဲကတစ်ယောက်ကိုသူလျိုအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ...ဘယ်လိုအခက်အခဲတွေနဲ့ အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ.. ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာ တင်ဆက်သွားမှာပဲဖြစ်ပါတယ်   Unicode ******** Line Walker 2 အကြည်မထွက်ခင် စောင့်ဆိုင်းရင်းနဲ့ Line Walker မင်းသားပါဝင်တဲ့ Nick Cheung ကားလေးကိုအရင်ကြည့်ထားရအောင် ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Ching Wan Lao,Louis Kooနဲ့ Nick Chengတို့ မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ... ဇာတ်လမ်းအကျဉ်းလောကတော့ ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ထဲကတစ်ယောက်ကိုသူလျိူအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ...ဘယ်လိုအခက်အခဲတွေနဲ့ အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ.. ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm ...
6.7
IMDB: 6.7/10 1,918 votes
movie

The White Storm ( 2013 )

2013
The Spy: Undercover Operation(2013) 6.3
The Spy: Undercover Operation(2013) The Spy: Undercover Operation(2013) Chul-Soo ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ထူးချွန်ထက်မြက်တဲ့အတွက် အရေးကြီးစစ်ဆင်ရေးတွေ တိတ်တဆိတ်သုတ်သင်ရေး ကိစ္စတွေမှာဆို အထူးတာဝန်ပေးအပ်ခြင်းခံရတယ်...... အေးဂျင့်တစ်ယောက်မှာရှိတဲ့ အရည်အချင်းအားလုံးရှိသလို စည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်သွေမတိမ်းလိုက်နာလေ့ရှိတယ်... အထူးအေးဂျင့်ဖြစ်နေတော့ သူ့အလုပ်ကို အိမ်သူသက်ထားကိုတော့ အသိပေးထားခြင်းမရှိဘူး..... သိပ်တော်တဲ့အေးဂျင့်ဖြစ်ပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ရှိတယ်... အိမ်က လေဒီကို မဟားတရား နင်းကန် ကြောက်ရပါတယ်.... ရန်သူတွေရဲ့ကျည်ဆန် မိုးသီးမိုးပေါက်တွေလိုကျနေတာတောင် ဖုန်းမကိုင်ဘဲ မနေရဲပါဘူး....................... ဒီလိုနဲ့ အထူးစစ်ဆင်ရေးတွေတာဝန်ထမ်းရင်း မိန်းမကလည်း အိမ်ထောင်ဦးစီးမပီသလိုဖြစ်နေတဲ့သူ့ကို ကြာတော့ စိတ်ပျက်လာဟန်တူပါတယ်.... ဒီလောက်အခြေအနေဆိုးတဲ့ကြားထဲ ကိုးရီးယားတစ်နိုင်ငံလုံးကိုဒုက္ခရောက်စေမယ့် အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းဖို့စုံစမ်းထောက်လှမ်းရတဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့ Chul-Soo တစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြတ်သန်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး... ဒီကားက မင်းသားကြီး Kyung-gu Sol အဓိကသရုပ်ဆောင်ထားပြီး အက်ရှင်ခန်းတွေလည်း မိုက်သလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်... ရယ်လည်းရယ်ရသလို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အက်ရှင်ခန်းပေါင်းများစွာလည်းပါလေတော့ ခံစားကြည့်လိုက်ဦးဗျို့.... File Size : (950 MB) and (370 MB) Quality : WEB-DL 720p, Format…mp4 Duration…02:01:00 Genre : Action , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae  
6.3
IMDB: 6.3/10 397 votes
movie


2013
WEB-DL 720p
The Grandmaster(2013) 6.6
The Grandmaster(2013) The Grandmaster(2013) IMDb....6.6 တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာ မသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။ Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှ မဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲ ခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ် ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီး သူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပ စက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။ ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင် သူ့ဘဝရဲ့ပထမနှစ်လေးဆယ်က နွေဦးလိုသာယာခဲ့တယ် ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်း ဆောင်းရာသီနေ့ရက်တွေအကြောင်းကို တင်ဆက်ပြသထားပါတယ်။ သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့် ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့ တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်း ဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့ တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။ တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာ အော်စကာနှစ်ဆု Nomineeဝင်ထားတဲ့ ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေ ထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့ သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။ File Size : (1.1GB) and (445 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Action, Drama, Biography Subtitle : Myanmar Subtitle (Hard ...
6.6
IMDB: 6.6/10 28,976 votes
movie

The Grandmaster(2013)

2013
The Hobbit: The Desolation of Smaug (2013) 7.8
The Hobbit: The Desolation of Smaug (2013) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
7.8
IMDB: 7.8/10 565,965 votes
movie

The Hobbit: The Desolation of Smaug (2013)

2013
Blu-Ray 1080p 5.1 CH
Murder 3 (2013) 4.9
Murder 3 (2013) ဗစ်ကရန် ဆိုတဲ့ နာမည်ကြီး ဓာတ်ပုံဆရာတစ်ဦးဟာ ရော်ရှနီ ဆိုတဲ့ သူ့ကောင်မလေးမှ သူ့ကို လမ်းခွဲစကားကို ဗွီဒီယိုရိုက်ပြီး ပြောကာ ထွက်သွားလို့ အသည်းကွဲ အရက်သမားကြီးလုံးလုံးဖြစ်နေတဲ့သူပါ။ နေ့တိုင်း ညတိုင်း မူးရူးနေတဲ့ ဗစ်ကရန် ကို နီရှာ လို့ ခေါ်တဲ့ စားသောက်ဆိုင်က ဝန်ထမ်းကောင်မလေးမှ သတိထားမိလာပါတယ်။ တစ်နေ့ ဗစ်ကရန် မူးပြီး ကားမမောင်းနိုင်ချိန် နီရှာ က အိမ်လိုက်ပို့ပေးဖို့ ကားမောင်းပေးပေမယ့် ဗစ်ကရန် က အိမ်လိပ်စာမပြောသဖြင့် နီရှာ က သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။ အဲ့လိုနဲ့ နီရှာ နဲ့ ဗစ်ကရန် ရင်းနှီးသွားကြပြီး အသည်းကွဲသမားကြီး ဗစ်ကရန်ရဲ့ အသည်းဟာ တဖြည်ဖြည်းပြန်ဆက်လာပါတော့တယ်။ ချစ်သူတွေဖြစ်သွားပြီးတဲ့နောက် နီရှာ ကို ဗစ်ကရန်က သူ နေထိုင်တဲ့ မြို့ရဲ့ဝေးက ဗြိတိသျှလက်ကျန် ခေတ်ဟောင်း စံအိမ်တော်ကြီးဆီကို ခေါ်လာခဲ့ပါတယ်။ နီရှာ ထိုစံအိမ်ကြီးကို ရောက်လာပြီးနောက်ပိုင်း ထူးဆန်းတဲ့အသံတွေ ခဏခဏ ကြားရပါတော့တယ်။ ထိုထူးဆန်းတဲ့အသံတွေက ဘာတွေဖြစ်မလဲ လမ်းခွဲစကားပြောပြီးထွက်သွားတဲ့ ရော်ရှနီ ဆိုတဲ့ကောင်မလေးက တကယ်ရော ထွက်သွားတာ ...
4.9
IMDB: 4.9/10 2,067 votes
movie

Murder 3 (2013)

2013
The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ပေးနိုင်တာမဟုတ်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ် ။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။ File Size : (2 GB,1.09 GB) Quality : Blu-ray 1080p,720p Running Time : 2h 26min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu
7.5
IMDB: 7.5/10 575,816 votes
movie

The Hunger Games: Catching Fire (2013)

2013
Blu-Ray 1080p/720p
Warm Bodies (2013) 6.9
Warm Bodies (2013) IMDb (6.9) / Rotten Tomatoes (81%) Vampire တစ်ကောင်ကိုချစ်နိုင်ပေမယ့် Zombieဆိုရင်ရော ချစ်နိုင်ပါ့မလား? အခုက စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် အလှည့်ပါ။ လူ့ဦးနှောက်တွေစားတဲ့ Zombieတစ်ကောင်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ Zombieတစ်ကောင်ဖြစ်တဲ့ Rဟာ သူရဲ့တစ်နေ့တာကို စွန့်ပစ်ခံမြို့က လေဆိပ်ပျက်ထဲမှာ ဟိုဟိုဒီဒီလျှောက်သွားရင် ကုန်ဆုံးလေ့ရှိပါတယ်။ သူ့မှာ Mဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ အဓိပ္ပါယ်မဲ့နေတဲ့ သူ့ဘဝထဲကို ဝင်လာတဲ့သူက Julie Julieနဲ့သူ့သူငယ်ချင်းတစ်စု Rတို့နေတဲ့ မြို့ပျက်ထဲမှာရှိတဲ့ ဆေးဝါးတွေကို ယူဖို့ အထက်ကအမိန့်ပေးခံရတယ်။ Julieတို့လည်း အဆောက်အအုံဟောင်းတစ်ခုက ဆေးဝါးတွေကို သယ်နေတုန်း Rတို့ Zombieအုပ်စုနဲ့တိုးတဲ့အခါ….... Zombieဖြစ်နေတဲ့ Rဟာ Julieရဲ့ချစ်သူကို သတ်ပစ်ပြီး သူ့ရဲ့ ဦးနှောက်ကို စားလိုက်တယ်။ ဒီနေရာမှာ လှည့်ကွက်တစ်ခုက သေသူရဲ့ ဦးနှောက်ကိုစားလိုက်တဲ့အခါ သေသူရဲ့မှတ်ဥာဏ်တွေကို zombieက ခံစားနိုင်တယ်ဆိုတာ။ Julieချစ်သူ့ရဲ့ မှတ်ဥာဏ်တွေကတစ်ဆင့် Rဟာ Julieအပေါ် ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားလိုက်ရတယ်။ ဒီလိုနဲ့ zombieတွေ လက်ထဲ ဒုက္ခရောက်နေတဲ့ Julieကို ...
6.9
IMDB: 6.9/10 208,237 votes
movie

Warm Bodies (2013)

2013
Blu-Ray 1080p 5.1 CH
The Conjuring (2013) 7.5
The Conjuring (2013) သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့ အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ။ ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာ Carolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လို ကြုံတွေရတာတွေကို ကူညီပေးရင်း ဘ၀တစ်ပါးသို့ မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဥာဏ် ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင်အားလုံးကို ဘယ်လို အနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံး အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာ သွားလာပြုမူနေတာကို ရှုစားရမှာပါ။ ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။ သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလို ၀ုန်းခနဲ ...
7.5
IMDB: 7.5/10 391,689 votes
movie

The Conjuring (2013)

2013
Blu-Ray 1080p
Naayak (2013) 5.6
Naayak (2013) Naayak (2013) ============= ဘောလီးဝုဒ် ဖိုက်တင်ကား ကြည့်ချင်သူတွေအတွက် Naayak ဆိုတဲ့ Imdb 5.6 ရထားတဲ့ကားလေးဖြစ်ပါတယ်..မင်းသားကလဲ နာမည်ကြီးဖိုက်တာမင်းသားဆိုတော့ လှပြီလေ။ Naayak ဆိုတာ မြန်မာလိုဆို ခေါင်းဆောင် လို့အဓိပ္ပါယ်ရပါတယ်။ နိုင်သူစားစတမ်း လူမိုက်တွေကြီးစိုးနေတဲ့မြို့ မှာ လူမိုက်တွေဟာ ဥပဒေလွတ် ဆင်းရဲသားလူတန်းစားတွေကို အနိုင်ကျင့်ဂုတ်သွေးစုပ်ပြီး ကျိကျိတက်ချမ်းသာ နေကြပါတယ် ။ ရဲတွေ အာဏာရှိသူတွေကလဲ သူတို့ဘက်တော်သားဆိုတော့ ဘယ်သူကမှ သူတို့ကို မတော်လှန်ဝင့်ကြပါဘူး အဲ့အချိန်မှာ ဒီကြားထဲကနေ သူတို့ကို ပြန်တွန်းလှန်မယ့် အင်အား ကြီးတဲ့ naayak ဆိုသူ ပေါ်လာချိန်မှာတော့………. ပေါ့ပေါ့ပါးပါးကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…(1.2 GB) and (600 MB) Quality….WEB-DL Rip 720p Format…mp4 Duration….02:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Ye Naing
5.6
IMDB: 5.6/10 2,518 votes
movie

Naayak (2013)

2013
Kill Your Darlings (2013) 6.5
Kill Your Darlings (2013) ၁၉၄၀ပြည့်နှစ်များဆီက ကဗျာဆရာလေးတစ်ဦးရဲ့ ဘဝဇာတ်ခုံပေါ်ကတစ်စိတ်တစ်ဒေသကိုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ။ အယ်လန်ဂင်းစဘတ်လို့ခေါ်တဲ့ကဗျာဆရာလေးတစ်ယောက် ကိုလမ်ဘီယာတက္ကသိုလ်မှာပညာသင်ကြားသင်ကြားခွင့်ရခဲ့ပါတယ် ။ ကျောင်းမှာ လူစီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ပတ်သက်ဆက်နွယ်မိရာကနေ ထူးခြားတဲ့ခံစားချက်များနဲ့အတူ ပြောင်းလဲမှုများစွာကိုကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။ လူစီယန်ရဲ့သူမတူတဲ့ပြောဆိုဆက်ဆံမှုတွေကြားမှာ အယ်လန်တစ်ယောက် နစ်မြောစီးဝင်ရင်းနဲ့ပဲ ဘယ်လိုအဆုံးသတ်ကိုရောက်ရှိလာမယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီမှာ ကြည့်ရှုသူအားလုံးကိုမေတ္တာရပ်ခံချင်တာကတော့ ကဗျာစာသားတွေပါဝင်တဲ့အခါမှာ ပြန်ဆိုထားသူအနေနဲ့ အနီးစပ်ဆုံးပြန်ဆိုထားတာဖြစ်တာကြောင့် ကဗျာရဲ့တန်ဖိုးကိုလျော့ကျမိသွားခဲ့သည်ရှိသော်တောင်းပန်ပါတယ်လို့ ကြိုတင်စကားခံထားပါရစေ။ ကိုယ်တိုင်ကလဲ ကဗျာများကိုကြိုက်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့် ကြည့်ရှုသူများထဲမှာ ပိုမိုကောင်းမွန်တဲ့ပြန်ဆိုမှုများလဲ ရှိနိုင်တာကြောင့် ဒီတစ်ခုတော့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ် ဟယ်ရီပေါ်တာမင်းသားလို့လူသိများတဲ့ Daniel Radcliffe ကခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းကကြိုက်နှစ်သက်ခဲ့ရတဲ့မင်းသားကို ကဗျာဆရာတစ်ဦးအဖြစ်ဒီဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားထွက်ရှိသည့်ခုနှစ် -October 16, 2013 ဇာတ်ကားကြာချိန် -104 mins ဇာတ်ကားအမျိုးအစား - Biography, Drama, Romance Translated by Aye Chansu Encoded by sithu
6.5
IMDB: 6.5/10 32,357 votes
movie

Kill Your Darlings (2013)

2013
480pBlu-Ray 1080p 5.1 CHBlu-Ray 720p
Secretly, Greatly ( 2013 ) 6.9
Secretly, Greatly ( 2013 ) IMDb 6.9 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါပဲ 5446လို့ခေါ်တဲ့မြောက်ကိုရီးယားလျှို့ဝှက်စပိုင်အဖွဲ့အစည်းတစ်ခု ငယ်ရွယ်တဲ့လူငယ်တွေကို တိုက်ရည် ခိုက်ရည် ဥာဏ်ရည်ပိုင်းတွေ အထူးလေ့ကျင့်ပေးထားတယ်ရည်ရွယ်ချက်ကတော့တောင်ကိုရီးယားကို စပိုင်တွေအဖြစ် စေလွှတ်ပြီး အသီးသီးဇတ်မြုတ်နေစေပြီး လျှို့ဝှက်တာဝန်တွေအသီးသီးထမ်းဆောင်ဖို့ပဲ ဒီထဲမှာ အတော်ဆုံးလို့ခေါ်ရမဲ့ လူငယ်လေးသုံးယောက် သူတို့က စရိုက်တစ်မျိုးစီနဲ့တောင်ကိုရီးယားထဲမှာ ဇတ်မြုတ်ပြီး အထက်ကအမိန့်တွေကိုစောင့်ရင်း စပိုင်အဖြစ်နေကြတယ် တစ်နေ့တော့ အထက်က သူတို့၅၄၄၆တပ်ကတပ်ဖွဲ့ဝင်တွေအားလုံးကို suside လုပ်ခိုင်းတယ် အဲ့ဒီအမိန့်ဟာ သူတို့ ၃ယောက်အတွက် ဘာမှ မခက်ခဲပေမယ့် မိသားစုအရေးတွေပါဝင်လာတဲ့အခါမှာတော့ ဆန့်ကျင်မှုတွေဖြစ်လာတယ် ဒွိဟပွားစရာတွေဖြစ်လာတယ် ဒီဇတ်ကားက တခြားစပိုင်ဇတ်လမ်းတွေနဲ့ ခပ်ဆန်းဆန်းကွဲထွက်လာတာက အရူးတစ်ယောက်အဖြစ်သရုပ်ဆောင်ပြီး စပိုင်လုပ်နေတဲ့သူပါလာတာပါပဲ အခြား ၂ယောက်က အနုပညာသမားတစ်ယောက် အထက်တန်းကျောင်းသားတယောက်ပါ သူတို့ ၃ယောက်လုံးကိုတော့ ပရိတ်သတ်ကြီးရင်းနှီးပြီးသားတွေဖြစ်မှာပါ အထူးသဖြင့် တည်ငြိမ်သူကွီးတယောက်လို့ လူသိများတဲ့ Kim soo hyun က ဒီဇတ်ကားလေးထဲမှာ အရူးဇတ်ရုပ်ကနေ ခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် နောက်ထပ်မင်းသားတွေဖြစ်တဲ့ Park ki woong နဲ့ lee woo hyun ကလည်း သူ့နေရာနဲ့သူ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ဒီဇတ်ကားကို အပိုင်း ၃ပိုင်းခွဲရမယ်ထင်ပါတယ် ပထမပိုင်းမှာရယ်စရာလေးတွေနဲ့စတင်ရင်းတစ်ယောက်စီရဲ့ မြှုပ်ကွက်လေးတွေကိုတဖြည်းဖြည်းပြ သွားတယ် ဒုတိယပိုင်းမှာတော့ပရိတ်သတ်တွေကို မိန်းမောသွားစေမဲ့ အက်ရှင်ခန်းတွေပါလာတယ် တတိယပိုင်းမှာတော့ messageလေးတွေ ပေးသွားလေရဲ့ ကိုင်း ဒီလောက်ဆိုတော်သင့်ပြီထင်ပါရဲ့ ခံစားကြည့်လိုက်ပါဦးလို့ This Movie Brought To You By ...
6.9
IMDB: 6.9/10 2,894 votes
movie

Secretly, Greatly ( 2013 )

2013
Bluray 720p 5.1CH
12 Years a Slave (2013) 8.1
12 Years a Slave (2013)   ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။ ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ အကျော်ကြားဆုံးကတော့ "Gone With the Wind " လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့ တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့ ၁၉ရာစုရဲ့အရောင်းရဆုံစာအုပ် " Uncle Tom's Cabeint" အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ ယခုကားရဲ့ မူလဘူတ " 12yearsAslave"ဆိုတဲ့ စာအုပ် စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve ကတော့ Biography တစ်ပုဒ်ပါတဲ့။ ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက် မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့ 12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။   ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့... ဟိုအရင်များဆီတုန်းက.... အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ Solomon Northupဆိုတဲ့ လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့ လှည့်ဖျားပြီး ဝါရှင်တန်ကို လူလိမ်နှစ်ယောက်က သူ့ကို လိမ်ခေါ်သွားပြီး ကျွန်ဈေးမှာ ရောင်းစားခဲ့ပါတယ်။ မိသားစု ဝါသနာ လွတ်လပ်မှုတွေ ပိုင်ဆိုင်ထားတဲ့ အပျော်ဆုံးဘဝတစ်ခုကနေ နေ့ချင်းညချင်းပဲ အောက်ဆုံးဘဝငရဲကို ထိုးဆင်းသွားရတဲ့ Solomonဟာ အသိညဏ်အရည်အချင်းတွေကို အသုံးချပြီး လွတ်မြောက်အောင် အခါခါကြိုးစားခဲ့ပေမဲ့ လူဖြူတွေဘက်ကသက်သက်ရှိနေတဲ့ ဥပဒေမျဉ်းတွေအောက်မှာ ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး။ မကွဲပြားကြတဲ့ အရေခွံဝတ်လူတွေကြားက ...
8.1
IMDB: 8.1/10 570,882 votes
movie

12 Years a Slave (2013)

2013
Blood and Ties ( 2013 ) 6.4
Blood and Ties ( 2013 ) Bluray 720p 5.1 CH အခုရက်ပိုင်းတောင်းဆိုမှုတွေများလွန်းနေတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ် ဟုတ်မဟုတ်တာကတော့ကိုယ့်ဟာကိုယ်သာဆုံးဖြတ်ကြပေါ့ အဖေတစ်ခု သမီးတစ်ခု ဘဝကိုပျော်ပျော်ရွှင်ရွှင်နေထိုင်နေခဲ့တဲ့ သားအဖ နှစ်ယောက်ရဲ့ ကံကြမ္မာဟာ" The Devil's Whisper " ဆိုတဲ့ရုပ်ရှင်လေး ထုတ်လွှင့်ပြသပြီးချိန်မှာတော့ ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတယ်ဘဝတစ်ခုလုံးမှာ ဖခင်ဖြစ်သူကလွဲပြီးအခြားဘယ်သူမှ မရှိတဲ့ ကောင်မလေးဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းထဲက ပြန်ပေးသမားရဲ့ အသံသူ့အဖေရဲ့ အသံနဲ့ ဆင်တူနေတဲ့အချိန်မှာတော့အဆိုပါပြန်ပေးဆွဲမှု နဲ့ သူ့အဖေရဲ့ နောက်ကြောင်းကို လိုက်လံစုံစမ်းရာမှ သူသိလိုက်ရတဲ့အမှန်တရား က ဘာလဲသူ့အဖေက ဘယ်လိုလူမျိုးလဲကံကြမ္မာ၊ သူသိထားတဲ့ အမှန်တရား၊ လက်တွေ့ဘဝနဲ့သူဖြစ်စေချင်တဲ့ ဆန္ဒတွေက ထပ်တူကြပါ့မလားဆက်လက်ကြည့်ရှုခံစားပါ Translated & Review By SCRN Encoded By LK
6.4
IMDB: 6.4/10 945 votes
movie

Blood and Ties ( 2013 )

2013
Bluray 720p 5.1CH
Special ID ( 2013 ) 5.6
Special ID ( 2013 ) အက်ရှင်ကား ဖိုက်တင်ကား ကြိုက်နှစ်သက်သူများအတွက် မင်းသား Donnie Yenရဲ့ ဇာတ်ကားလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်ဟောင်ကောင်မှာ တရားမ၀င် မှောင်ခိုဂိုဏ်းတွေသောင်းကျန်းနေတဲ့ ကာလမှာရဲတွေက အရေးယူဖို့သက်သေရှာဖွေတဲ့အနေနဲ့ ချန်ကျစ်လုံကို သူလျိုအဖြစ်စေလွှတ်ထားခဲ့တယ်. .ငယ်ငယ်ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ချန်ကျစ်လုံတစ်ယောက် သူလျိုဘ၀မှာ ဘယ်လိုမျိုးဒုက္ခတွေကြုံတွေ့ရမလဲမှောင်ခိုဂိုဏ်းကရော သူ့ရဲ့ဘ၀အမှန်ကိုသိရှိသွားမှာလားဒါ့အပြင် လူသတ်မှုကြီးတခုဖြစ်လာတဲ့အခါမှာတော့ ချန်ကျစ်လုံတစ်ယောက်ဘယ်လိုတွေဆက်လက် လုပ်ဆောင်မလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပါ ဟောင်ကောင်အက်ရှင်ကားတွေရဲ့ထုံးစံအတိုင်း အက်ရှင်အပိုင်းကတော့ အထွေအထူး ပြောစရာမရှိအောင်ကောင်းပြီးသားမို့ ဆက်လက်ခံစားကြည့်ရှုပါ Translated & Review By Ei Pyae Encoded By LK
5.6
IMDB: 5.6/10 3,571 votes
movie

Special ID ( 2013 )

2013
Oculus (2013) 6.5
Oculus (2013) Occulus (2013) လက်မလွှတ်သင့်တဲ့ Horror Movie ထဲမှာ Occulus က တစ်ကားအပါအ၀င် ဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲံ့ ကြောက်သထက်ကြောက်လာရမယ့် ဇာတ်လမ်းပါ။ ထင်ယောင်ထင်မှားဖြစ်တာလား? သရဲတကယ်ခြောက်တာလား? ဆိုတာကို ဇာတ်လမ်းကြည့်ရင်း အဖြေရှာရမယ့်ကားပါ။ ကြောက်စိတ်ဆိုတာ..... ထင်ယောင်ထင်မှားဖြစ်တာကနေ အစပြုတာများပါတယ်။ မှန်ထဲမှာရှိတဲ့ ပုံရိပ်ဟာ ပုံရိပ်ယောင်ပါ။ ပုံရိပ်ယောင်ကနေ မှန်ကြည့်နေတဲ့လူကို ပူးကပ်လာလေမလားလို့ စိတ်ကူးယဉ်ဖူးပါသလား? တကယ်ကို ပူးကပ်လာခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ? သရဲပူးကပ်နေတဲ့မှန်က လူကို ဘယ်လိုများခြောက်လှန့်မယ်လို့ ထင်ပါသလဲ? သရဲပူးကပ်နေတဲ့မှန်ကို သိပ္ပံနည်းကျနဲ့ ဖြေရှင်နိုင်မယ်လို့ ထင်ပါသလား? လူနဲ့သရဲနဲ့ အားပြိုင်ကြတဲ့အခါမှာ..... မှန်ကြည့်တိုင်း တစိမ့်စိမ့်တွေးပြီး ကြောက်ချင်ရင်တော့ ဒီဇာတ်လေးကို ကြည့်ကြည့်ပါဦး။ ရုပ်ရှင်ကားကို Myo Nyunt က ဘာသာပြန်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
6.5
IMDB: 6.5/10 105,510 votes
movie

Oculus (2013)

2013