Channel Myanmar
2013
Tales From The Dark 2 (2013) 5.6
Tales From The Dark 2 (2013) Tales From The Dark 2 (2013)____IMDb - 5.6/10    Tales From The Dark 2 ဇာတ်ကားတွေကတော့ Hong Kong horror writer Lilian Leeနှင့် စာရေးဆရာမ Pik Wah Lee ရဲ့ ကြောက်မက်ဖွယ် Horror ဝတ္ထုတိုများကို Director သုံးယောက်က ရိုက်ကူးထား ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။    ***(2)အညွှန်း*** ဒီဇာတ်ကားထဲမှာဆိုရင်တော့ Ching-Yi ဆိုသောအမျိုးသမီးက သူ့ယောကျာ်း က အရင်ငယ်ချစ်ဦးကို မမေ့နိုင်သေးသည်ကို သိရတာကြောင့် ရန်ဖြစ်ရင်း မတော်တဆ သူ့ယောကျ်ားကို သတ်မိလိုက်သော်လည်း ထောင်ထဲမဝင်ချင်သဖြင့် အလောင်းကို ပလတ်စတစ်အုပ်ပြီး လှောင်ပိတ်ပြီး ဖွက်ထားလိုက်ပြီးနောက် ဘာဖြစ်ဆက်ဖြစ်မလဲ.... (ဝတ္တုတိုများကို ရိုက်ကူးထားခြင်းဖြစ်တာကြောင့် မိနစ် ၄၀ အကြာတွင် ဇာတ်လမ်းတစ်ခုပြီးပြီး ဇာတ်လမ်းအသစ်စမည်ဖြစ်ပါသည်) -ကြောက်မက်ဖွယ် Horrorဇာတ်လမ်း ၃ ခု ပါမည်။ #အပေါ်မှအညွှန်းသည် တစ်ပိုင်းအတွက်သာဖြစ်သည်။    File size…(847 MB) Quality…BR-Rip 720p IMDb Rating... 5.6/10 Format…mp4 Duration….01:30:00 Type...Horror Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
movie
Tales From The Dark 2 (2013)
2013
Tales From The Dark 1 (2013) 5.6
Tales From The Dark 1 (2013) Tales From The Dark 1 (2013)_____IMDb - 5.6/10   Tales From The Dark 1 နဲ့ ဇာတ်ကားတွေကတော့ Hong Kong horror writer Lilian Leeနှင့် စာရေးဆရာမ Pik Wah Lee ရဲ့ ကြောက်မက်ဖွယ် Horror ဝတ္ထုတိုများကို Director သုံးယောက်က ရိုက်ကူးထား ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။   ***(1)အညွှန်း*** ဒီဇာတ်ကားထဲမှာဆိုရင် Kwan ဆိုသောသူက ပတ်ဝန်းကျင်မှာရှိသမျှ သရဲ၊တစ္တေ၊ဖုတ်၊ပြိတ္တာတို့ကို မြင်နေရပါတယ်။ သူကအလွန်ဆင်းရဲတာကြောင့် ထိုမကောင်းဆိုးရွားများကို အမျိုးမျိုးခိုင်းပြီး ပိုက်ဆံရအောင် ကြိုးစားနေရင်း တစ်နေ့မှာ အစိမ်းသေ သေပြီးသားသူ တစ်ယောက်ရဲ့အရိုးပြာအိုးကို မှားယူသွားမိရာမှ သူဘယ်လိုတွေကြုံတွေ့ရမလဲ... (ဝတ္တုတိုများကို ရိုက်ကူးထားခြင်းဖြစ်တာကြောင့် မိနစ် ၄၀ အကြာတွင် ဇာတ်လမ်းတစ်ခုပြီးပြီး ဇာတ်လမ်းအသစ်စမည်ဖြစ်ပါသည်) -ကြောက်မက်ဖွယ် Horrorဇာတ်လမ်း ၃ ခု ပါမည်။ #အပေါ်မှအညွှန်းသည် တစ်ပိုင်းအတွက်သာဖြစ်သည်။  File size…(952 MB) Quality…BR-Rip 720p IMDb Rating... 5.6/10 Format…mp4 Duration….01:52:46 Type...Horror Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
movie
Tales From The Dark 1 (2013)
2013
Prisoners (2013) 8.1
Prisoners (2013) Prisoners (2013)IMDb.... 8.1 Rotten Tomatoes.. 82% Cast..... Hugh Jackman, Jake Gyllanhaal" ကျွန်​​တော်​တို့တ​တွေရဲ့ ဘဝ အဓိပ္ပါယ်​ ကျွန်​​တော်​တို့ တန်​ဖိုးထားမြတ်​နိုးရတဲ့ လူ​တွေကို ဆုံးရှုံးရတဲ့အခါ ကျွန်​​တော်​တို့တကယ်​ပဲ မ​ကောင်​းဆိုးဝါး တစ်​ပိုင်​းဖြစ်​သွားကြသလား"ဒီကားရဲ့ Main cast ​တွေက​တော့ Hugh Jackman နဲ့ Jake Gyllanhaalပါ။ သူတို့ ပါ​နေတာနဲ့တင်​ ဘာမှဆက်​ ညွှန်​းဖို့ မလို​လောက်​​အောင်​ပါပဲ။အ​ဖေဇာတ်​ရုပ်​​တွေနဲ့ အ​တော်​စားတဲ့ Hug Jackmanဟာ Logan တို့ Greatest Showman တို့ တို့မှာ အ​တော်​​လေး စျာန်​ဝင်​ခဲ့သလို ဒီကားထဲမှာလည်​း သမီး​ပျောက်​လို့ ပူပန်​​နေရတဲ့ အ​ဖေတစ်​​ယောက်​အ​နေနဲ့ လုံးဝ Perfect ဖြစ်​ခဲ့ပါတယ်​။Jake Gyllanhaal ရဲ့ ဟန်​ကလည်​း အ​တော်​​လေး သ​ဘောကျစရာ​ကောင်​းတာကို ​တွေ့ရမှာပါ။မြို့က​လေးတစ်​မြို့မှာ ဖြစ်​လာမဲ့ အရာရာတိုင်​းအတွက်​ အသင်​့ပြင်​ထားရမယ်​ဆိုတဲ့ အ​တွေးအ​ခေါ်နဲ့ Keller(Hugh)ဆိုတဲ့ လူလတ်​တန်​းစားတစ်​​ယောက်​ ရှိ​ပါတယ်​။​ ​ကျေးဇူး​တော်​​နေ့မှာ တစ်​ဖက်​လမ်​းက အိမ်​ကို စား​သောက်​ပွဲတစ်​ခုသွားရင်​း အိမ်​ရှင်​ရဲ့ သမီး​လေးနဲ့ Kellerအိမ်​ကို ပြန်​သွားရင်​း Keller ရဲ့ သမီး​လေး ​ပျောက်​ဆုံးသွားပါတယ်​။လိုက်​သမျှ အမှု မ​အောင်​မြင်​တာ မရှိ​သေးတဲ့ စုံ​ထောက်​Loki (Jake) ဟာ ဒီအမှုကို ကိုင်​တွယ်​ဖို့ ဖြစ်​လာခဲ့တယ်​။ သမီးအတွက်​ ...
movie
Prisoners (2013)
2013
Hours (2013) 6.5
Hours (2013) Hours ဆိုတဲ့ ဇာတ်ကားကတော့ Director : Eric Heisserer ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ Drama , Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ IMDb Rating - 6.5/10 RottenTomatoes - 60% ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး PAUL WALKER က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဖခင်ဆိုသည်မှာ သူတစ်ယောက်တည်းဆိုရင် ကြောက်ချင်ကြောက်မယ် ရှောင်ပုန်းရင်ရှောင်ပုန်းမယ် ဒါပေမယ့် သူတို့ချစ်ရတဲ့သားသမီးတွေနဲ့ပတ်သက်လာတဲ့အခါမှာတော့ ဖခင်ဆိုသောသူတွေက လောကကြီးကိုတောင် ရင်ဆိုင်ပြီး ပြောင်းပြန်လှန်ပစ်ကြတတ်သူမျိုးတွေပါ.... ***ဇာတ်လမ်းအညွှန်း***ဇာတ်လမ်းကတော့ Nolan Hayes ဆိုသောအမျိုးသားတစ်ယောက်က သူ့မိန်းမ ကလေးမွေးဖွားခါနီးဖြစ်တာကြောင့် ဆေးရုံသို့အချိန်မှာ ပို့ဆောင်ခဲ့သော်လည်း ကလေးအသက်မှီပေမယ့် သူ့မိန်းမအသက်ကိုတော့ မမှီခဲ့ပေ။ ဒီ့ထက်ဆိုးတာကတော့ သူ့ရဲ့ကလေးဟာ မွေးရာပါ အသည်းပြဿနာကြောင့် ဆေးရုံမှာ အသက်ရှု အဟာရဖြည့်သွင်းစက်နဲ့ အသက်ဆက်နေရပါတယ်။တစ်နေ့မှာတော့ သူ့ကလေးဆေးရုံတင်ထားရာ New Orleansမြို့သို့ လေပြင်းမုန်တိုင်း Hurricane အပြင်းအထန်တိုက် ခတ်ပြီး လေကြီးမိုးကြီးဖြစ်တာကြောင့် လူတိုင်းက လူနာကိုယ်စီခေါ်ပြီး ထိုဆေးရုံရှိရာ New Orleans မြို့မှ ထွက်ခွာကြကုန်ပါတယ်။ဒါပေမယ့် Nolan Hayes တစ်ယောက် သူ့သမီးဖြစ်သူကလည်း ဆေးပိုက်သွင်းတာကို မိနစ်ပိုင်းတောင် ဖြုတ်ထားလို့မရတဲ့ အခါမှာဆိုရင်တော့ Nolan Hayes တစ်ယောက်ရွေးချယ်စရာနှစ်ခုသာရှိပါတော့တယ်... သူ့သမီးကို ထားခဲ့ပြီးထိုမြို့မှထွက်မလား.... သူ့သမီးနဲ့ထိုဆေးရုံမှာပဲနေပြီး သူ့သမီးအသက်ကိုကယ်ဖို့လုပ်မလား.... သူဘယ်လိုပဲရွေးချယ်ပါစေ Hurricane မုန်တိုင်းကတော့ သနားတတ်မည်မဟုတ်ပေ... ဘယ်လိုတွေ ရွေးချယ်ပြီးဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ File ...
movie
Hours (2013)
2013
Pee Mak Phrakanong ( 2013 ) 7.4
Pee Mak Phrakanong ( 2013 ) IMDb Rating(7.4/10) ထိရရှိထားပြီး အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့ ထိုင်းဇာတ်ကားဖြစ်ပါတယ်။အခု ပြန်လည်းခံစားလို့ရအောင် bluray 5.1 CH နဲ့ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ် ရုပ်ရှင်အညွှန်းကိုတော့ R Ker ရေးထားတာသဘောကျလို့ သူ့အမြင်ကို ညွှန်းလိုက်ပါတယ်။Pee Mak နဲ့Nak ရဲ့ အချစ်မှာ Pee Mak ရဲ့အချစ်က ပိုပြီး " အခရာ "ကျတယ် .. " ပိုပြီးအရေးပါအရာရောက်တယ် " လို့ကျွန်တော်ထင်တယ် ..ဒါကြောင့်ပဲ ဇာတ်လမ်းနာမည်ကိုက Nak မဟုတ်ပဲ " Pee Mak " ဖြစ်နေတာပေါ့ ..Pee Mak ကသာ Nak ကို တကယ်မချစ်ရင် သူတို့ နှစ်ယောက်ကို ခွဲနေကြတဲ့ သူငယ်ချင်းလေးယောက်နဲ့အတူ Pee Mak က ထွက်ပြေးမှာပေါ့ ..သို့တည်းမဟုတ် Pee Mak က Nak ကို " သရဲမကြီး !!!!! " လို့အော်ပြီး Nak နဲ့ဝေးရာကို ရှောင်ပြေးပုန်းရှောင်ဖို့ကြိုးစားမှာပေါ့ ...
movie
Pee Mak Phrakanong ( 2013 )
2013
Long Weekend (2013) 5.4
Long Weekend (2013) အစအနောက် သန်ကြတဲ့ သူငယ်ချင်းတစ်စု လှေစီးပြီးမှ သွားရတဲ့ ရွာငယ်လေးတစ်ခုကို ပျော်ပျော်ကြီး ခရီးထွက်ခဲ့ကြတယ်....အဲ့ဒီထဲမှာမှ ငယ်ငယ်တုန်းက သရဲဖမ်းစားခံရလို့ ၀ိဉာဉ် ပြန်ခေါ်ထားရတဲ့ ကောင်လေးလဲ ပါတယ် ကံဆိုးစွာပဲ အဲ့ဒီကောင်လေးကို ကျန်တဲ့သူငယ်ချင်းတွေကနတ်တင်တဲ့ ဂူထဲမှာ ပိတ်ပြီး စနောက်မိလိုက်ကြတယ်....အဲ့ဒီနောက်မှာတော့..... '' ဒီ ဖယောင်းတိုင် မငြိမ်းစေနဲ့ ငြိမ်းသွားရင်တော့ အားလုံး အသက်အပျောက်ပဲ "" ဟတ်ပီး ဘာ့ဒေးပါ သမီးလေး ဖယောင်းတိုင်ကို မှုတ်လိုက်တော့ "" ဟင့်အင်းမ် မေမေ က သမီး အတွက် မွေးနေ့ ဘယ်တုန်းကမှ မလုပ်ပေးခဲ့ဘူး ရှင် ဘယ်သူလဲ "အညွှန်းတွေ ဘာတွေ ထွေထွေထူးထူး မတင်ပေးတော့ပါဘူး တစ်စိမ့်စိမ့်ကြည့်ရင်း ကြောက်စေချင်လို့ပါကြည့်ပြီးရင် နောင်တ မရမယ့် ကားမျိုးထဲမှာပါပါတယ် ကြည့် ကြည့်ပါဒီရုပ်ရှင်ကားကို Hein Thet Naing မှဘာသာပြန်ပေးထားပြီးThit San ...
movie
Long Weekend (2013)
2013
Adore(2013) 6.2
Adore(2013) Adore(2013)IMDb....6.2ဒီဇာတ်ကားမှာတော့ မင်းသမီးချောကြီး (၂)လက်ဖြစ်တဲ့  Naomi Watts,နဲ့ Robin Wright  တို့ အဓိက ပါဝင်ထားကြပါတယ်....Lil နဲ့ Roz တို့ နှစ်​​ယောက်​က သာယာလှပတဲ့ ကမ်​း​ခြေမြို့​လေးတစ်​မြို့မှာ အိမ်​နီးချင်​း​တွေ အဖြစ်​ ​နေထိုင်​ကြတဲ့ အချစ်​ဆုံး သူငယ်​ချင်​း​နှစ်​​ယောက်​ပါ..ဘယ်လိုအခက်အခဲတွေပဲရှိရှိ သူတို့ဟာ ကမ်းခြေမှာ အပန်းဖြေလိုက်ရုံနဲ့ စိတ်အမောတွေပြေသွားကြပုံပါပဲ...တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ သူတို့ (၂)ယောက်ဟာ အားနည်းချက်တွေကိုအပြန်အလှန်နားလည်းပေးကြလို့ အသက်အရွယ်ရလာသည့်အထိ သိပ်ချစ်တဲ့သူငယ်ချင်းတွေအဖြစ်ရှိနေတုန်းပါပဲ....ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အိမ်ထောင်တွေကျလို့ သားတစ်ယောက်ဆီလည်းရလာတယ်...သူတို့သား​တွေကလည်​း အ​မေနှစ်​​ယောက်​ချစ်​ကြသလို ချစ်​ကြတဲ့ သူငယ်​ချင်​း​တွေ ဖြစ်​လာပါတယ်​...ဒီမိသားစု(၄)ယောက်ဟာ ခွဲမရဘူးလို့တောင်ပြောလို့ရပါတယ်...သို့ပေမယ့် သားတွေအရွယ်ရောက်လာတဲ့အခါမှာတော့ခံစားချက်တွေလည်းပြောင်းလဲကုန်တယ်ထင်ပါရဲ့...ခံစားချက်ဆိုတာမျိုးဟာ စည်းတွေဘောင်တွေနဲ့ကန့်သတ်လို့ရလား..သူတို့ဖြစ်နေတဲ့ဟာတွေရောမှန်ရဲ့လား....ဒါတွေကို ကျွန်တော်တော့မသိဘူး ...ခင်ဗျားတို့လည်း ဒီကားကိုကြည့်ပြီး ဘယ်လိုဆုံးဖြတ်မှာလဲ သိချင်မိတယ်...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...မှတ်ချက်...မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းတွေပါလို့ သတိချပ်စေချင်ပါတယ်...File Size : (900 MB) and (300 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard ...
movie
Adore(2013)
2013
Riddick (2013) 6.4
movie
Riddick (2013)
2013
[18+] Young Mother (2013) 6.7
[18+] Young Mother (2013) Dark Side Production မှ တင်ဆက်သည်။   18+ အသားပေး အိမ်ထောင်ရေးပညာပေး ဇာတ်ကားတစ်ကားကိုအနုအရွ မယာပရိယာယ် တွေနဲ့ထုံမွှန်းထားတဲ့ ဇာတ်ကားတစ်ကားလေးပါ။၁၈+ ကိုသဘောကျသူတိုင်းမသေခင်ကြည့်သ့င်တဲ့ ဇာတ်ကားထဲမှာ ပါဝင်ပါတယ်။ဘာလို့ပြောရတာလဲဆိုတော့ ကြည့်ကြည့်ရင် သိရပါလိမ့်မယ်(ပြောရင် ပိုတယ်ဆိုမှာစိုးလို့)။ဒီဇာတ်ကားက ထွက်တာကြာခဲ့ပါပြီ။ကိုရီးယား ၁၈+ မှာ ဟုန်းဟုန်းကျော်နေတဲ့ဇာတ်ကားတစ်ကားပါပဲ။အဆင်ပြေတဲ့ စာဖိုင်က ဒီနှစ်ထဲမှာပဲ ထွက်ရှိလာလို့ အနီးစပ်ဆုံး ဘာသာပြန်ဆိုထားပါတယ်။  ဇာတ်လမ်းအကျဉ်းကတော့----ချန်အွန်း တစ်ယောက် ကျောင်းမှာတွေ့ကရလူနဲ့ပျော်ပါးတက်တဲ့ ကောင်မလေးတစ်ယောက်နဲ့ငြိစွန်းမိပါတယ်။တစ်နေ့မှာတော့ သူတို့နှစ်ယောက် အချစ်နယ်လွန်ကြပြီး ကောင်မလေးမှာကိုယ်ဝန်ရှိသွားလို့မယူချင်ယူချင်နဲ့ ယောက္ခမ အလိုကျလက်ထပ်လိုက်ရပါတယ်။ယောက္ခဆိုလို့ အဖွားကြီးလို့ မမြင်လိုက်နဲ့နော်.. ယောကျာၤးမရှိတဲ့နောက်ပိုင်း ကိုယ်ပိုင်စီးပွါးရေးနဲ့ သမီးကိုထိန်းကျောင်းလာခဲ့တဲ့ အပျိုတွေအရှုံးပေးရလောက်တဲ့ မိန်းမလှတစ်ဦးပါပဲ။ခန္ဓာကိုယ်အနေထားက တစ်တစ်ရစ်ရစ် လုံးကြီးပေါက်လှပါ အသားရေအနေထားကဝင်းအိနေပြီး ပုသိသတွေမငြင်းလောက်နိုင်တဲ့ အနေထားပါ သို့ပေမဲ့ အိမ်ထောင်မပြုပဲ တစ်ကိုယ်ထီးပဲ သမီးနဲ့ပျော်ပျော်ရွှင်ရွှင် နေလာခဲ့သူပါ။ဒါပေမဲ့ အဲဒီအပျော်တွေက ကြာကြာမခံပါဘူးအမေလိုစိတ်မရှိတဲ့ သမီးက ကလေးမွေးပြီး ၅ လခန့်အကြာမှာပဲ နောက်မီးလင်းပါတော့တယ်။အဲဒီမှာ ပြဿတွေစတာပဲ အေးချမ်းသယောင်ရှိလှတဲ့ မိသားစုဘဝလေးပြိုကွဲသွားခဲ့ပါတယ်။  ယောက္ခမကြီးကတော့ ...
movie
[18+] Young Mother (2013)
2013
In Fear (2013) 5.5
In Fear (2013) In Fear ဇာတ်ကားကတော့ Director: Jeremy Lovering ရဲ့ ရိုက်ကွက်တွေကို သဲထိပ်ရင်ဖိုခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။>IMDb Rating 5.5/10 >Rotten Tomatoes Rating 83%ဒီထဲမှာဆိုရင် Iain De Casestecker , Alice Englert နဲ့ Alien Leechတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ Tomနဲ့ Lucy ဆိုတဲ့ ချစ်သူစုံတွဲတစ်တွဲကနေ ဇာတ်လမ်းစထားတာဖြစ်ပါတယ်။ သူတို့ချစ်သူစုံတွဲဟာဆိုရင် ချစ်သူသက်တမ်း ၂ပတ်ပြည့်တဲ့နေ့မှာ Tom က Lucyကို သူ့သူငယ်ချင်းတွေနဲ့ ညဘက်ပျော်ပွဲရွှင်ပွဲသွားဖို့ခေါ်ခဲ့ပါတယ်။ ဒါအပြင် Tom ဟာ Kilairneyဆိုတဲ့ Hotel မှာလည်း နှစ်ယောက်သားအတူတူအိပ်ဖို့ Online ကနေ ဘိုကင်လုပ်ထားလိုက်ပါတယ်။ အဲ့ဒီ့ Hotel ဟာဆိုရင်တော့ လူနေအိမ်တွေနဲ့တော်တော်ဝေးတဲ့ တောလမ်းတောက်လျောက်ရဲ့အစွန်တစ်နေရာမှာရှိနေတာဖြစ်ပါတယ်။ Tom နဲ့ Lucyတို့အတွဲ ထို Hotel ကို ကားဖြင့်သွားကြစဉ် လမ်းခရီးက တော်တော်ဝေးပြီးရှုပ်ထွေးလှပါတယ်။ သူတို့နှစ်ယောက် Hotel သို့ရောက်ရာတွင် Tom က အခန့်မသင့်ပဲ ထိုမှ ဒေသခံများနှင့်ရန်ဖြစ်သဖြင့် ထို Hotel တွင် အိပ်မရဘဲ လမ်းခရီးတောက်လျောက်ပြန်လာခဲ့ရပါတယ်။ သို့သော် ပြန်လာသည့်အချိန်မှာ ...
movie
In Fear (2013)
2013
Unbeatable(2013) 7.3
Unbeatable(2013) Unbeatable(2013)IMDb....7.2MMAဖိုက်တာတစ်ယောက်....အရွယ်ကောင်းအချိန်ကောင်းဆိုတော့ နိုင်ပွဲတွေဆက်နေတယ်...သို့ပေမယ့်သူက အနိုင်ဆိုတာထက် ငွေကြေးဘက်ကိုလိုက်ပြီး လုပ်ပွဲတွေကိုပဲ လုပ်မိနေတယ်...ဒါပေမယ့် ကြာကြာမခံပါဘူး..လုပ်ပွဲတွေကြောင့်အရေးယူခံရသလို သူလည်းဘဝပျက်သလိုဖြစ်သွားတယ်...နာမည်ဆိုးရှိနေတဲ့သူဟာ ဘဝကိုဖြစ်သလိုနေထိုင်နေတယ်...နောက်ပိုင်းသူဟာ အိမ်လေးတစ်အိမ်မှာငှါးနေတယ်...အဲ့ဒီမိသားစုကို ခင်တွယ်ခဲ့တယ်...လူငယ်လေးတစ်ယောက်ကလည်း သူ့ကိုနည်းပြပေးဖို့တောင်းဆိုလာတော့သူလက်ခံလိုက်တယ်....မိသားစုလေးကိုခင်တွယ်ပြီးနောက်မှာတော့ သူ့နာမည်ကိုဘယ်လိုအဖတ်ဆယ်မလဲ..သူ့တပည့်ကရော MMAပြိုင်ပွဲမှာချန်ပီယံဖြစ်မလား...အသက် ၄ဝကျော်ရှိပြီဖြစ်တဲ့သူကရော ကြိုးဝိုငး်ထဲကိုပြန်ဝင်ဦးမှာလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး....MMA  Fight Scence  တွေကြည့်ရတာ တော်တော်လန်းတယ်ဗျို့....File Size : (1GB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Unbeatable(2013)
2013
Bad Milo (2013) 5.7
Bad Milo (2013)   Bad Milo ဇာတ်ကားလေးကတော့ Director:Jocob Vaughan ရိုက်ကူးထားသမျှဇာတ်ကားတွေထဲမှ ထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။> IMDb Rating 5.7/10ဒီဇာတ်ကားထဲမှာဆိုရင်တော့ Duncan ဟာဆိုရင်တော့ အစာအိမ်ရောဂါကြောင့် အမြဲစိတ်ဖိစီးနေတတ်သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ရောဂါဟာပိုဆိုးလာတာကြောင့် Gastroenterologist နဲ့ပြသဖို့ ရက်ချိန်းယူခဲ့ပါတယ်။ ဆရာဝန်များက စမ်းသပ်ရှာဖွေစဉ်မှာဆိုရင်တော့ polyp လို့ခေါ်တဲ့ ကြီးမားတဲ့အရာကြီးကို သူ့အူလမ်းကြောင်းမှာ တွေ့ခဲ့ရပါတယ်။ ထိုသို့တွေ့သည့်နောက်မှာပဲ အရွယ်အစားနှစ်ပေလောက်ရှိသော အကောင်တစ်ကောင်က သူ့စအို မှထွက်လာကာ ဆရာဝန်ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့သတ္တဝါလေးဟာဆိုရင်တော့ သူ့ရဲ့ဗိုက်ထဲမှာ ထူးဆန်းစွာ ကပ်တွယ်နေတာဖြစ်ပါတယ်။ အဲ့သတ္တဝါလေးရဲ့နာမည်ကတော့ မိုင်လို ဖြစ်ပါတယ်။ အဲ့သတ္တဝါလေးက တစ်ကယ်ကော အန္တရာယ်ရှိတာလား ဒါမှမဟုတ် သနားဖို့ကောင်းလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ဒီဇာတ်ကားလေးကတော့ ၂၀၁၃မှာ ထွက်ရှိခဲ့တဲ့ Comedy, Horror ဇာတ်ကားလေးတစ်ကားဖြစ်သည့်အပြင် IMDb ကလည်း 5.7 ရရှိထားတာဆိုတော့ ကြည့်ရှု့သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(800 MB) and (350 MB) Quality…BR-Rip 720p IMDb Rating... 5.7/10 Format…mp4 Duration….01:24:09 Subtitle….Myanmar Subtitle (Hardsub) Encoded by Naing Aung Latt
movie
Bad Milo (2013)
2013
The Kings of Summer(2013) 7.2
The Kings of Summer(2013) The Kings of Summer(2013)IMDb....7.2မုဆိုးဖိုဖခင်ကြီး Frank နဲ့အတူတူနေရတဲ့ လူပျိုပေါက်အရွယ် Joe Toy တစ်ယောက်သူ့ရဲ့ဘဝကိုသူ့အဖေကလိုက်ပြီးစီမံနေတာကိုမနှစ်သက်သူ မြီးကောင်ပေါက်အရွယ်ပီပီ လွတ်လွတ်လပ်လပ်လုပ်ချင်ရာလုပ်နေချင်တဲ့ ကောင်လေးကသူ့ဖခင်ရဲ့လက်ကလွတ်ရင်ပြီးရော တာဝန်တွေဝတ္တရားတွေနဲ့ကင်းဝေးရင်ပြီးရောဆိုပြီး သူ့ရဲ့အခင်ဆုံးဘော်ဒါPatrick ရယ် ကြောင်တောင်တောင် Biaggio ဆိုတဲ့ကောင်လေးရယ်နဲ့ တောအုပ်ထဲကိုထွက်ပြေးကြတယ်...မိဘတွေရဲ့ချည်နှောင်မှုတွေ တာဝန်တွေနဲ့ကင်းဝေးအောင် အဲ့မှာသူတို့အိမ်ဆောင်နေကြမယ်ဆိုပြီးလုပ်ကြပါလေရောလူသူကင်းဝေးတဲ့တောအုပ်ထဲမှာ ကောင်လေး၃ယောက်က သူတို့ရဲ့နေရာထိုင်ခင်းတွေစီစဉ်ပြီးတဲ့အချိန်မှာသူတို့တွေကိုယ့်ကိုကိုယ်တွေး ဘယ်လိုတွေးမိကြလဲဆိုတော့...ငါသည်သာအရှင်သခင်...ငါသည်သာ အားလုံးရဲ့ဘုရင်ဆိုပြီး စိတ်ကြီးတွေဝင်ပြီးတဲ့နောက်မှာတော့....ကိုင်း ဒီလူရှုတ်လေးတွေ တောထဲမှာ ဘယ်လိုပေါက်ကရတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဟာသကားလေးမို့ခံစားကြည့်လိုက်ပါဦးဗျ...File Size : (900 MB) and (297 MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
The Kings of Summer(2013)
2013
Scary Movie 5 (2013) 3.5
Scary Movie 5 (2013)
2013
The Haunting in Connecticut 2: Ghosts of Georgia (2013) 5.3
The Haunting in Connecticut 2: Ghosts of Georgia (2013) The Haunting in Connecticut 2: Ghosts of Georgia (2013) IMDb - 5.3/10_____Rotten - 19%    The Haunting in Connecticut 2: Ghosts of Georgia ဇာတ်ကားကတော့ Director : Tom Elkins ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ သရုပ်ဆောင်တွေအနေနဲ့ Abigail Spencer,Morgana Shaw,Chad Michael Murray နဲ့ Emily Alyn Lind တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ စိတ်ဆိုတဲ့အရာက ထူးဆန်းလှပါတယ်။ တကယ်ရှိနေတာကို မရှိဘူးဆိုပြိးလုပ်လို့ရသလို တကယ်မရှိတာကိုလည်း အရှိလုပ်လို့ရပါသေးတယ်။ စိတ်ကိုဖိအားအရမ်းပေးတာမျိုး ၊ ကြောက်စိတ်တွေအရမ်းများနေခြင်းမျိုးတွေကလည်း လူတစ်ယောက်ရဲ့မသိစိတ်ကနေ ကြောက်နေတဲ့အရာတွေကို တကယ့်လက်တွေ့သကဲ့သို့ထင်မှတ်လာစေပါတယ်။ ဒါပေမယ့် တစ်ချို့သောအရာတွေကတော့ တကယ်မရှိဖူးလို့ထင်မှတ်ချင်ပေမယ့်လည်း.....   ဒီဇာတ်ကားထဲမှာဆိုရင်တော့ စူးစမ်းလေ့လာရတာကို သဘောကျတဲ့ မိသားတစ်စုက ဟိုးရှေးခေတ်ကသမိုင်းဝင်အိမ်ကြီးတစ်အိမ်ကို လေ့လာဖို့ပြောင်းလာကြတယ်။ သူတို့တွေလေ့လာမှု့တွေလုပ်ကြတယ်။ပျော်ရွှင်နေကြတယ်။ ဒါပေမယ့် မကြာခင်မှာ ဒီအိမ်ကြီးမှာဘာတွေဖြစ်နေလဲဆိုတာ သိရှိပြီးနောက် သူတို့ရဲ့ပျော်ရွှင်မှု့တွေ အဆုံးသတ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲ....ဘာလို့လဲဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ ဒီဇာတ်ကားကတော့ Drama,Horror,Mystery ဇာတ်ကားဖြစ်သည့်အပြင် IMDb rating 5.3 ရရှိထားတာကြောင့် မိသားစုနှင့်ဖြစ်ဖြစ် ချစ်သူနှင့်ဖြစ်ဖြစ် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။   File ...
movie
The Haunting in Connecticut 2: Ghosts of Georgia (2013)
2013
Ultralman Ginga (2013) 7.6
Ultralman Ginga (2013) Ultraman Ginga (အလ်ထရာမန်း) ======================== ကျွန်တော်တို့ ငယ်ငယ်က ကြည့်ပြီးအသေကြွေခဲ့ရတဲ့ အလ်ထရာမန်းကိုအခုတဖန် ပြန်လည်ပြီး CM ကနေ မြန်မာစာတန်းထိုး နဲ့ ဘာသာပြန် တင်ဆက်လိုက်ပါပြီ ဇတ်လမ်း ရဲ့ အစမှာတော့ ကမ္ဘာပေါ်မှာမကောင်းဆိုးဝါးတွေ ရော လူစွမ်းကောင်းတွေပါ အမှောင်စွမ်းအား တစ်ခုကြောင့် ပျောက်ကွယ်သွားခဲ့ချိန်တနည်းနည်းဖြင့် ကမ္ဘာကို ဖျက်မည့် မကောင်းဆိုးဝါးများပြန်လည်ရောက်ရှိလာဖို့ ကြိုးစားနေကြပါတယ်... အဲ့ဒီအချိန်မှာပဲ အလ်ထရာမန်း တွေ ရဲ့ အစဉ်အလာရဆင့်ခေါ်တဲ့ ဂင်ဂါ လက်နက် က သူနဲ့ ထိုက်တန်တဲ့ပိုင်ရှင်ကို ပြန်လည်ရှာဖွေရမှာဖြစ်ပြီး ကမ္ဘာဖျက် မိစ္ဆာများရောက်ရှိလာချိန် အလ်ထရာမန်း ကို ဆင့်ခေါ်နိုင်မယ့်သူဟာ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အနစ်နာခံသူ စွန့်လွှတ်နိုင်သူဖြစ်ရပါမယ်.... ဒီလို ထိုက်တန်တဲ့ ဆက်ခံသူက ဘယ်သူဖြစ်မလဲ အချိန်မှီ မိစ္ဆာများကို တားဆီး နိုင်မလား ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး......   Ep 01    Ep 02   Ep 03Ep 04Ep 05Ep 06   Ep 07 Ep 08 Ep 09   Ep 10Ep 11Ep ...
movie
Ultralman Ginga (2013)
2013
After the Dark (2013) 5.7
After the Dark (2013) After the Dark (2013) ဆိုတဲ့ရုပ်ရှင်ကားလေး အကြောင်းနည်းနည်းပြောပြမယ်ဒီကားကို နောက်နာမည် တစ်မျိုးနဲ့The Philosophers လို့လဲ ခေါ်တယ်တစ်ရက်သော နေ့မှာ ဘာမှ ကြည့်စရာမရှိလို့အဲ့ဒီကားလေးကို သည်းခံကြည့်နေတာအတော်ပျင်းဖို့ ကောင်းတာပါစာသင်ခန်းထဲက အကြောင်းလေးတွေ ဘာညာပေါ့ဒီလိုနဲ့ တကယ်ကောင်းတဲ့ အခန်းက သိပ်မကြာဘူးရောက်လာတယ်ကျောင်းသားတွေရဲ့ philosophy teacher ကကျောင်းသား တွေ အားလုံးကို စုပြီး Game တစ်ခု ကစားတယ်စိတ်ထဲကနေ ကစားရတာမျိုး အတွေးအခေါ် နဲ့ပေါ့ကျောင်းသားတွေ အားလုံးကို ကမ္ဘာစစ်ကြီး ဖြစ်ပြီးတဲ့အချိန်ကို ခေါ်သွားတယ် (စိတ်ထဲကနေ)ပြီးတော့ ကမ္ဘာပေါ်မှာ အဆိပ်ငွေ့နေတုန်းဖုံးလွမ်းနေတုန်း အချိန်မှာ အသက်ရှင်နိုင်တဲ့မြေအောက်ခန်း ရှိနေတယ်ဒါပေမယ့် အဆိပ်ငွေ့တွေ ကုန်တဲ့ အချိန်ထိ ဆိုရင်အသက်ရှင်ဖို့ စားဖို့ သောက်ဖို့ အောက်စီဂျင် နဲ့အစားအသောက်က ၁၀ ယောက် စာပဲ ရှိတယ်ဒီတော့ကာ ကျောင်းသားတွေကို မဲလိပ် နှိုက်ခိုင်းတယ်ပညာရှင်ရွေးတာမျိုး မဲလိပ်တွေထဲမှာကဗျာဆရာ ၊ ...
movie
After the Dark (2013)
2013
Inkaar(2013) 6.1
Inkaar(2013) ထိပ်တန်း ကြော်ငြာအေဂျင်စီတစ်ခုရဲ့ CEO ဖြစ်တဲ့ ရာဟူးဗာမာ ဟာအရည်အချင်းရှိတဲ့လူငယ်တွေကို ပျိုးထောင်ပေးရာမှာ အလွန်ကျော်ကြားသူပါ မာယာ ဆိုတဲ့ အမျိုးသမီးဟာလည်း သူ ပျိုးထောင်သင်ကြားပေးရင်းကနေမှလုပ်ငန်းပိုင်ဆိုင်ရာမှာ အတော်အတန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါတယ် သူတို့နှစ်ဦးဟာ တွဲဖက်ညီစွာ အလုပ်လုပ်ကိုင်ရင်း အောင်မြင်မှုတွေအတူတူရယူနိုင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း အခြေအနေအရပ်ရပ်ကြောင့် နှစ်ယောက်သားကြာမှာသဘောထားကွဲလွဲမှုတွေ ရှိလာတဲ့အခါမှာတော့ ရာဟူးက သူ့ကို မဖွယ်မရာပြုမူပါတယ်ဆိုပြီး မာယာက တိုင်တန်းပါတော့တယ် ကုမ္ပဏီဘက်ကတော့ ကော်မတီဖွဲ့ပြီး သူတို့အရေးကိစ္စကိုဖြေရှင်းဖို့ကြိုးစားပေးတဲ့အခါမှာ အမှန်တကယ်အပြစ်ရှိသူက ဘယ်သူဖြစ်မလဲဆိုတာကိုဇာတ်လမ်းကြည့်ရှုရင်း အဖြေဖော်ထုတ်ကြရအောင်ဗျာ
movie
Inkaar(2013)
2013
Cold Eyes (2013) 7.2
Cold Eyes (2013) ဇာတ်​ကားအစ​က​​နေအဆုံးအထိဇာတ်​ရှိန်​​ကောင်း​ကောင်းနဲ့​ခေါ်သွားမယ့်​ကားကိုကြည့်​ချင်​ပါသလားဒီကားကိုကြည့်​လိုက်​ပါ လုံးဝအာမခံပါတယ်​ IMDB rating 7.2ရထားတဲ့ကား​လေးပါအဓိကပါဝင်​သရုပ်​ထားတဲ့လူ​တွေက​တော့ ကိုရီးယားနိုင်​ငံရဲ့နာမည်​ကြီးသရုပ်​​ဆောင်​ woo sung jungဒီကားမှာ​တော့ဗီလိန်​​နေရာက​ပေါ့​နောက်​ထပ်​သရုပ်​​ဆောင်​မင်းသမီး​ချော​လေးက​တော့ Hyo Joo Han​နောက်​ထပ်​တစ်​​ယောက်​က​တော့ဝါရင့်​သရုပ်​​ဆောင်​Kyung gu Sol တို့ပါဝင်​သရုပ်​​ဆောင်​ထားပါဇာတ်​လမ်းအစမှာဘဏ်​​ကိုဓားပြတိုက်​တဲ့အခန်းကတဖြည်းဖြည်း​ဇာတ်​ရှိန်​မြှင့်​​အောင်​​ခေါ်သွားမှာပါဘဏ်​ကိုဓားပြတိုက်​​ထဲမှာပါတဲ့သူတစ်​​ယောက်​ကိုကင်​မရာက​တွေ့လိုက်​ပြီးမှုခင်းစုံစမ်းစစ်​​ဆေး​ရေး​ခေါင်းး​ဆောင်​ဝမ်​နဲ့သူ့လူ​တွေကမြို့ထဲမှာရက်​​တော်​​တော်​ကြာ​အောင်​လိုက်​ရှာပြီးတရားခံ​တွေ့သွားတယ်​​တွေ့သွား​တော့တရားခံရဲ့တိုက်​ခန်းမှာကင်​မရာ​တွေတပ်​ပြီး​စောင့်​ကြည့်​ပြီးတရားခံအားလုံးရဲ့​ခေါင်း​ဆောင်​ကိုအမိဖမ်းဖို့လိုက်​စုံးစမ်းပါ​တော့တယ်​​ခေါင်း​ဆောင်​ဝမ်​တို့က​ထောက်​လှမ်း​ရေးသာလုပ်​ရတဲ့အတွက်​ရန်​သူ​ခေါင်း​ဆောင်​ကို​တွေ့​ပေမယ်​ဖမ်းလို့မရဘူး​ပေါ့ရန်​သူဘက်​ကလဲတိကျ​စေ့စပ်​တာလဲပါတာ​ပေါ့တစ်​ဖက်​ကဦး​ဆောင်​တဲ့လူကလဲ​နောက်ဆုံးအလုပ်​ကိုလက်​ခံပြီးကိုရီးယားက​နေထွက်​​ပြေး​တော့မယ်​အချိန်​မှာကံမ​ကောင်းအ​ကြောင်းမလှဘဲသူ့အလုပ်​လာ​ပေါက်​ကြားပြီး​နောက်​ဆုံးမှာဖမ်းမိသွားပါ​တော့တယ်​ရန်​သူဘက်​ကဗျူဟာ​တွေနဲ့ရဲဘက်​​ထောက်​လှမ်း​ရေးဗျူဟာ​တွေကိုကြည့်​ရှုခံရမယ့်​ကား​ကောင်း​လေးတစ်​ကားမို့လို့တင်​​ပေးလိုက်​ပါတယ်​ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ) File Size : (900 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-WiKi Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie
Cold Eyes (2013)
2013