Channel Myanmar

2013

Metro (2013) 6.4
Metro (2013) Metro (2013) ============ IMDb Rating - 6.4/10 Action, Drama, Thriller၂၀၁၃ လောက်ကထွက်ခဲ့တဲ့ မက်ထရိုဆိုတဲ့ ရုရှားကားကောင်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်လောက်ထဲက ဆောက်လုပ်ခဲ့တဲ့ မော်စကိုမြေအောက်ရထားလှိုင်ခေါင်းကြီး တစ်ခုရှိပါတယ်။ မော်စကိုမြစ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်ပြီး၊ စစ်တွင်းက ဘန်ကာတွေလည်းရှိနေပါတယ်။ရန်သူတွေကိုရေလွှမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ထား ခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာတော့ ပြည်သူသုံးရထားလမ်းအဖြစ်ပဲ ဆက်လက်သုံးစွဲနေပါတယ်။ ဒါပေမယ့် ငလျင်လှုပ်သွားတာကနေ တစ်ဆင့် မော်စကိုမြစ်ရေနဲ့ လှိုင်ခေါင်း ချိတ်ဆက်ထားတဲ့နေရာက ပျက်စီးသွားပြီး ရေတွေ ဝင်လာပါတယ်။ ရထားတွဲမှာပါသွားတဲ့ လူ တွေလည်းပိတ်မိကုန်ပြီး သူစိမ်းတွေဆိုပေမယ့် အချင်းချင်း ကူညီ ရိုင်းပင်းရင်း ရှင်သန်ရုန်းကန်ကြတာကိုကြည့်ရမယ့် ဇာတ်လမ်း ကောင်းတစ်ခုဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(2.66 GB) / (1.25 GB) Quality............BLU-RAY 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Thriller Translator......Thiha Yan Naing Encoder..........SWM
movie

Metro (2013)

2013
Cheap Thrills (2013) 6.7
Cheap Thrills (2013) IMDB 6.7/10 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့Craig Daniels (ခရေ့ဂ်ဒန်နီရယ်စ်) ဆိုတဲ့လူတစ်ယောက်ကအလုပ်ပြုတ်လို့ စိတ်ညစ်ပြီး ဘားမှာအရက်သွားသောက်တော့သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်သူ Vince (ဗင့်စ်) ရယ်ပိုက်ဆံအရမ်းချမ်းသာတဲ့ လင်မယားနှစ်ယောက်နဲ့ တွေ့မိတယ်။ထူးဆန်းတာက ယောကျာ်းဖြစ်တဲ့သူက အပျော်အဖြစ်နဲ့သူတို့နှစ်ယောက်ကို အရမ်းလွယ်တဲ့ challenge တွေလုပ်ခိုင်းပြီးငွေအများကြီးပေးတာပဲ။ဒါပေမဲ့ သူတို့မသိခဲ့တာကတော့ အဲဒီလင်မယားနှစ်ယောက်ဟာအကြံတစ်ခုနဲ့လုပ်နေတယ်ဆိုတာကိုပဲ။ဘယ်လိုမျိုးအကြံနဲ့ သူတို့ဒါကိုလုပ်နေတယ်ဆိုတာကိုတော့CM ပရိသတ်များ ကိုယ်တိုင်ကြည့်ရှုရင်းခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ File size…  1  GB /  458 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Cheap Thrills (2013)

2013
Walking with the Enemy (2013) 6.5
Walking with the Enemy (2013) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုကိုးကားပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ဂရမ်မီဆုရှင် မင်းသားကြီး Ben Kingsley ကဟန်ဂေရီနိုင်ငံခေါင်းဆောင်ရီဂျန့်ဟော်သီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒုတိယကမ္ဘာစစ်ကာလအပိုင်းအခြားကဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုးကောင်လေးတစ်ယောက်ဟာနာဇီတွေဝင်ရောက်လာပြီးနောက်အလုပ်သမားစခန်းကိုပို့ခံလိုက်ရပါတော့တယ်။အလုပ်သမားစခန်းမှ မိသားစုဝင်တွေဆီကိုသက်စွန့်ဆံဖျားစခန်းကနေ ခိုးထွက်ပြီးပြန်လာတဲ့အချိန်မှာမျှော်လင့်ထားသလို မိသားစုဝင်တွေကိုမတွေ့ရတော့သောအခါ မိသားစုဝင်တွေကို လိုက်ရှာရင်းရင်ဆိုင်ရတဲ့ အခက်အခဲတွေ။ရန်သူတွေကြားထဲကို အယောင်ဆောင်ဝင်ရောက်ပြီးမိမိလူမျိုးတွေကို တက်နိုင်သမျှကယ်တင်ပုံတွေ။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နာဇီတွေဂျူးတွေအပေါ်ရက်စက်ကြမ်းကြုတ်ပုံတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင်စစ်ပွဲရဲ့ ရက်စက်ပုံတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…  1.90 GB /  772 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 2h 4m Genre .....  Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Eunice
movie

Walking with the Enemy (2013)

2013
G.B.F. (2013) 5.9
G.B.F. (2013) G.B.F (2013) IMDb-5.9/10 ~Rotten tomatoes-80% 2013 တုန်းကထွက်ရှိခဲ့တဲ့ LGBTQA+++ လူငယ်ဆယ်ကျော်သက်အထက်တန်းကျောင်း ဟာသဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တန်နာကရုပ်ပြစာအုပ်ဂိတယောက်ဖြစ်ပြီး သူတက်နေတဲ့North Gateway အထက်တန်းကျောင်းမှာသူသိတဲ့ ဂေးဆိုလို့ သူနဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဘရန့်နှစ်ယောက်ပဲရှိပါတယ်။သူတို့နှစ်ယောက်က ဂေးနေကြောင်းကို ဖွင့်ချမပြရသေးပဲအချိန်တခုကိုစောင့်နေကြတာပါ။ဒီအချိန်မှာပဲ ဂျီဘီအက်ဖ် (Gay Best Friend) ဆိုတဲ့ဂေးတယောက်ကို အခင်ဆုံးသူငယ်ချင်းအဖြစ်ထားတဲ့ကိစ္စကရေပန်းစားလာနေခဲ့ပြီး ဂေးမရှိသလောက်ကိုဖြစ်နေတဲ့North Gateway ကျောင်းမှာ နာမည်ကြီး တဲ့အုပ်စုကြီးသုံးခုရဲ့ခေါင်းဆောင်သုံးယောက်ဆီကိုပါ ရောက်လာပါတော့တယ်။ဘရန့်ကတော့ သူကဂေးနေကြောင်းပွင့်ချလိုက်ပြီးကျောင်းကပွဲမှာသူတို့နဲ့အတူတက်ဖို့အတွက်ခေါင်းဆောင်မလေး သုံးယောက်ကဝိုင်းလုတာကိုခံဖို့ စီစဉ်ထားတာပါ။ဒါပေမဲ့ မထင်မှတ်ပဲ ဂိုင်ဒါဆိုတဲ့ ဂေးတွေအချင်းချင်းဆက်သွယ်ဖို့သုံးတဲ့အက်ပ်ကနေတဆင့် တန်နာက ဂေးဆိုတာကို သိသွားကြပြီး ကျောင်းကပွဲမှာကွင်းဖြစ်ဖို့အတွက် အုပ်စု သုံးခုရဲ့ ခေါင်းဆောင်သုံးယောက်လုံးကတန်နာကို ဂျီဘီအက်ဖ်အနေနဲ့ အတင်းထားလိုက်ပါတော့တယ်။ဒီလိုနဲ့ တန်နာနဲ့ ဘရန့်တို့ သူငယ်ချင်းနှစ်ယောက်ကြားမှာတင်းမာသွားခဲ့ကြပြီး ကျောင်းကပွဲညကိုမရောက်ခင်ဘယ်လိုတွေဖြစ်ကြမလည်း ဘယ်သူတွေရောကျောင်းကပွဲရဲ့ ကင်းနဲ့ ကွင်းဖြစ်သွားမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။လိင်ပိုင်းဆိုင်ရာအသုံးအနှုံးနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့်ကလေးသူငယ်တွေတော့မကြည့်ရှုသင့်ပါဘူးဗျ။ File size…  1.90 GB /  938 ...
movie

G.B.F. (2013)

2013
Pawn Shop Chronicles (2013) 5.9
Pawn Shop Chronicles (2013) Genre – Action, Comedy, Crime IMDB – 5.9/10Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်မထင်ပါနဲ့Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး(နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ်မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။ကဲ ဇာတ်လမ်းအကြောင်းပြောမယ်…ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီးထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများဟုတ်တယ် ဒီ ...
movie

Pawn Shop Chronicles (2013)

2013
Breaking at the Edge (2013)
Breaking at the Edge (2013) ဘီယန်ကာ ဝုဒ်ရဲ့နေ့စဉ်ဘ၀က အရမ်းခက်ခဲပင်ပန်းရတယ်။ပထမဆုံး ရင်‌သွေးကိုဆုံးရှုံးခဲ့ရပြီးတဲ့နောက် စိတ်ရောဂါရပြီးရူးမတတ်ဖြစ်ခဲ့ရတဲ့ ဘီယန်ကာကို ယောကျာ်းဖြစ်သူ အီယန် ဝုဒ်ကအနီးကပ်စောင့်ရှောက်ပေးနေတာပါ။ဒီလိုမျိုး တနေ့တနေ့ မရှိခြင်းနဲ့ရှိခြင်းကို ခက်ခက်ခဲခဲ ခွဲခြားနေရတဲ့ဘီယန်ကာရဲ့နောက်ကို အခုတလော လိုက်နေတာကထူးထူးဆန်းဆန်းကောင်မလေးတယောက်။ဘီယန်ကာတယောက်ကပဲ သူ့ကိုမြင်နိုင်သလို ဒီကောင်မလေးနဲ့ပတ်သက်ပြီး သူစုံစမ်းလို့ရသိလိုက်ရတဲ့အရာတိုင်းကထူးဆန်းပြီးရင်းထူးဆန်းနေတယ်။ယောကျာ်းဖြစ်သူအပါအ၀င် လူတိုင်းကတော့ ဘီယန်ကာတယောက်ကိုယ်၀န်ကြောင့် ဆေးသောက်တာရပ်လိုက်တဲ့အတွက် စိတ်ချောက်ချားပြီးမြင်ချင်ရာမြင် စိတ်ကူးတွေယဉ်နေတာလို့ပဲထင်ကြတယ်။ဒါပေမယ့် ဒီကောင်မလေးကြောင့် ဘီယန်ကာရဲ့မမွေးဖွားသေးတဲ့ဒုတိယ ရင်သွေးကိုပါ ထိခိုက်လာတဲ့အခါမှာတော့ ဘီယန်ကာတယောက်ဘယ်အရာက အမှန်တရားလဲ။သူကပဲရူးနေတာလား။ ဒီကောင်မလေးက ဘာဖြစ်လို့သူ့ကိုမှ ဒီလိုမျိုးလုပ်နေတာလဲ။တကယ့်အဖြစ်မှန်ကဘာလဲ။ အဆုံးမှာ ဘီယန်ကာနဲ့ သူ့ရဲ့ရင်သွေးလေးရောဘေးကင်းနိုင်ပါ့မလားဆိုတာကို ရှုစားအားပေးကြပါဦးခင်ဗျ File size…  1.58 GB /  682 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Breaking at the Edge (2013)

2013
The Last Days on Mars (2013) 5.5
The Last Days on Mars (2013) IMDb -5.5ဇာတ်လမ်းအညွှန်းမားစ်ဂြိုလ်ပေါ်မှာ ရေရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိပြီးပြီဆိုတော့သက်ရှိတွေရော ရှိနေလောက်မလားလို့ တွေးမိဖူးကြပါသလား…အာကာသစူးစမ်းလေ့လာရေးဇာတ်လမ်းမျိုး ကြည့်ချင်တဲ့သူတွေအတွက်အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းလေးကတော့ ဂြိုလ်နီကြီးလို့တင်စားခေါ်ကြတဲ့မားစ်ဂြိုလ်ပေါ်မှာ သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေး ၆လ မစ်ရှင်ပြီးတော့မယ့်အချိန်ကနေ အစပြုထားပါတယ်။သူတို့တွေက မားဂြိုလ်ပေါ်မှာ နမူနာတွေ ရယူ စူးစမ်းလေ့လာနေကြတာပါ။သူတို့ထဲက မာကိုဆိုတဲ့တစ်ယောက်က သူ့ရဲ့နမူနာစမ်းသပ်ချက်မှာသက်ရှိလို့ထင်ရတဲ့အရာကို တွေ့ရှိပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ မပြောဘဲနမူနာတွေ ထပ်ယူဖို့ သူ့ဘာသာ တိုးတိုးတိတ်တိတ် လုပ်နေပါတယ်။ဒါကို တစ်ခြားအဖွဲ့သားတွေ သိတဲ့အချိန်မှာ လူ့သမိုင်းမှာအကြီးအကျယ်ဆုံး ရှာဖွေ့တွေ့ရှိမှုကြီး ဖြစ်လာမယ့်အရေးမှာ သူတို့ကိုအသိမပေးတဲ့ မာကိုကို ဒေါသထွက်ကြတာပေါ့။ဒါပေမဲ့လည်း နမူနာထပ်ယူဖို့ တွင်းတူးရင်း မြေတွေပြို တွင်းနက်ထဲပြုတ်ကျပြီးမာကိုကတော့ မတော်တဆမှုဖြစ်သွားပါတယ်။အသက်ရှင်နိုင်သေးဖို့ မဖြစ်နိုင်တော့ပေမယ့် တွင်းထဲပြန်ဆင်းရှာတဲ့အချိန်မှာ သူ့ကို မတွေ့ရတော့ပါဘူး။ဒီအဖြစ်အပျက်ပြီးတော့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက်အသက်အန္တရာယ်ကြုံတွေ့လာရပါတော့တယ်။အိမ်ပြန်နိုင်မယ့် နောက်ဆုံးနေ့ရက်မှာ သူတို့ ဘာတွေကြုံတွေကြမလဲ၊အသက်ရှင်လျက် အိမ်ပြန်နိုင်မယ့်သူရော ရှိပါ့မလား၊စိတ်လှုပ်ရှားပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။X-men origins ထဲမှာကြည့်ဖူးပြီးသားဖြစ်မယ့်မင်းသားကြီး Liev Schreiberက ဗင်းစင့်ကမ်ဘဲလ်အဖြစ်ပါဝင်ထားပါတယ်။ဒါ့အပြင်Emma ဇာတ်လမ်းတို့လို atonement ၊ ...
movie

The Last Days on Mars (2013)

2013
Enemies Closer (2013) 5.1
Enemies Closer (2013) မင်းသားကြီး Van Damme ကိုယ်တိုင်ဗီလိန်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Enemies Closerဆိုတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ။ဟင်နရီကအမေရိကန်နဲ့ကနေဒါနယ်နမိတ်ကတောအုပ်အတွင်းမှာအလုပ်လုပ်နေတဲ့သူပါ။တစ်နေ့မှာတော့သူ့ရဲ့အတိတ်ကပြဿနာတစ်ခုကြောင့်သူ့ကိုသတ်ဖို့ကြိုးစားတဲ့ ကလေး ဆိုသူရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ကလေးရဲ့ဟင်နရီကိုလုပ်ကြံသတ်ဖြတ်မှုကမအောင်မြင်ခဲ့ပဲမူးယစ်ဆေးရောင်းဝယ်ရေးအဖွဲ့တစ်ခုကသူတို့ရှိနေတဲ့တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။ဟင်နရီတို့နှစ်ယောက်ရန်သူအဖြစ်ကနေပူးပေါင်းသွားကြပြီးမူးယစ်ရာဇာတွေကိုဘယ်လိုအနိုင်ယူတိုက်ခိုက်ကြမလဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ File size…  1.10 GB /  552 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Citrus
movie

Enemies Closer (2013)

2013
Sweetwater (2013) 6.2
Sweetwater (2013) Genre – Thriller, Western IMDB – 6.2/10အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာဇာတ်အိမ်တည်ထားပါတယ်။လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကိုနယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာကဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်းသတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကိုဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန်လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာကဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ်ဘုန်းတော်ကြီးနေရာမှာ ...
movie

Sweetwater (2013)

2013
Ain’t Them Bodies Saints (2013) 6.4
Ain’t Them Bodies Saints (2013) ဘော့ပ်နဲ့ ရုဆိုတဲ့ကောင်လေးနဲ့ ကောင်မလေးဟာတက္ကဆက်ပြည်နယ်က Bonnie & Clydeပေါ့.သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေကသူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့.တစ်နေ့မှာရဲတွေဝိုင်းထားတာခံရချိန် ရုပစ်လိုက်တဲ့ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ်ကပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ရုမှာကချစ်စရာသမီးလေးကိုကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲအဲ့အချိန်မှာပဲ သိခဲ့ရတယ်လေ. သူပြန်လာခဲ့ပ့ါမယ်စောင့်နေပေးပါဆိုတဲ့စကားအတိုင်း ရုကလဲသမီးလေး၄နှစ်ပြည့်တဲ့အထိကိုနေ့တိုင်းမျှော်နေခဲ့ပြီးရှင်သန်နေထိုင်ခဲ့တယ်။ဒါပေမယ့် တစ်ရက်တော့ ဘော့ပ်တစ်ယောက်ထောင်ဖောက်ပြေးပြီးရုတို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကိုထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အလုပ်လုပ်လဲဘယ်လောက်ထိတာရှည်ခံနိုင်မလဲ ?ဘော့ပ်နဲ့ရုတို့ရဲ့ ဒီကနေအဝေးဆုံးကိုထွက်သွားဖို့အတွက်အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလားရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ထောင်ထဲကပေးပို့တဲ့စာတွေကိုဖတ်ပြတဲ့အခန်းတွေကတကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ.ဒီလိုဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်တဲ့သူကလဲတခြားသူတော့မဟုတ်ပါဘူး. အော်စကာဆုရှင် Casey Affleckဖြစ်ပြီးအထင်ရှားဆုံးပြောရရင် Manchester By the Seaထဲက မင်းသားပါပဲ.ဆန်ကာတင်စာရင်းတွေထဲမှာလဲ ပါဝင်ခဲ့သလို IMDB scoreလဲကောင်းတဲ့ဇာတ်ကားမလို့ ကြွေကွဲရင်းနဲ့ ခံစားလိုက်ရအောင်။. File size…  1.7 GB /  430 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama, Crime Subtitle…. ...
movie

Ain’t Them Bodies Saints (2013)

2013
Borgman (2013) 6.7
Borgman (2013) ဒီဇာတ်ကားကတော့ ဟောလိဝုဒ်မဟုတ်တဲ့ဒတ်ချ်ကားတစ်ကားပါ။အိမ်ခြေရာမဲ့ လူတစ်ယောက်ဖြစ်တဲ့ ကာမီးလ်ဘော့ဂ်မန်းဆိုတဲ့လူတစ်ယောက်က ရဲတွေလက်ကလွတ်အောင်ပြေးရင်းအဆင့်အတန်းမြင့်အိမ်တစ်အိမ်ကို ရေချိုးဖို့တောင်းဆိုရင်းအိမ်ရှင်ဖြစ်တဲ့ ရစ်ချတ်က သူ့ကိုရိုက်မိရာကနေ စတဲ့ဇာတ်လမ်းပေါ့။အဲဒီအဖြစ်အပျက်ပြီးတော့ ရစ်ချတ်ရဲ့မိန်းမဖြစ်တဲ့မာရီနာက ယောကျာ်းဖြစ်သူရဲ့အပြုအမူကြောင့်အပြစ်ရှိတယ်လို့ခံစားရပြီး ကာမီးလ်ကိုသူ့အိမ်မှာရစ်ချတ်မသိအောင် ပေးနေလိုက်တယ်။ဒါပေမဲ့ သူမသိခဲ့တာက ကာမီးလ်ကသာမန်အိမ်ခြေရာမဲ့တစ်ယောက်မဟုတ်တာကိုပဲ။ကာမီးလ်က အကြံနဲ့သူတို့ရဲ့အိမ်ကို အပိုင်စီးဖို့လာခဲ့တာဆိုပေမဲ့ဝုန်းဒိုင်းကြဲပြီး အနုကြမ်းစီးတဲ့နည်းမျိုးနဲ့ မဟုတ်ဘဲဘယ်လိုနည်းမျိုးနဲ့ လုပ်မလဲဆိုတာကိုတော့ CM ပရိသတ်များကိုယ်တိုင်ကြည့်ရှူကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…  1.62 GB /  740 MB Quality…  BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre .....  Drama, Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Kasashi
movie

Borgman (2013)

2013
Haunter (2013) 5.9
Haunter (2013) CMပရိတ်ကြီးကို ဒီတခါ Coralineနဲ့Before I fall တို့လိုမျိုးHorror Thriller ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးပါရစေ။လီဆာ ဂျွန်ဆန်ရဲ့ ‌နေ့ရက်တွေက ထူးဆန်းနေတယ်။ သူတို့ပြောင်းလာတဲ့ ဒီအိမ်ကြီးမှာ နေ့ရက်တိုင်း နေ့ရက်တိုင်းက သူမရဲ့အသက် ၁၆နှစ်မပြည့်ခင်တရက်ကိုပဲ အမြဲသံသရာလည်နေသလို အပြင်ထွက်သွားလို့လည်းမရဘူး။ မိုးလင်းရင် မောင်ဖြစ်သူကလှမ်းနှိုး အ၀တ်လျှော်ဖို့လုပ် မနက်စာ ပန်ကိတ်တွေစား ညဘက်ဆို တီဗီကဇာတ်လမ်းကို တမိသားစုလုံးကြည့်ကြ ဒါမျိုးကိုပဲ တနေ့ပြီးတနေ့ ဖြတ်သန်းနေရတယ်။ ဒါကို သတိထားမိတာကလည်း သူတယောက်ထဲပဲရှိသလို သူ့မိသားစုကလည်း ဘယ်လိုရှင်းပြပြ မှတ်မိမနေဘူး။ တနေ့မှာတော့ သူမအခန်းထဲကနေ အိုလီဗီးယားဆိုတဲ့ ကောင်မလေးတယောက်ရဲ့အသံကို ကြားမိလာတာကနေ သူမရဲ့ဖြစ်နေကျနေ့ရက်တိုင်းက ထူးဆန်းပြီးရင်းထူးဆန်းလာပါတော့တယ်။ ဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်ကဘာတွေလဲ။ ဒီကောင်မလေးနဲ့ သူနဲ့က ဘယ်လိုမျိုးဆက်စပ်နေတာလဲ။ သူနဲ့သူ့မိသားစုကိုဘာတွေဖြစ်ပျက်ခဲ့တာလဲ။ အိုလီဗီးယားနဲ့ ဆက်သွယ်မိတိုင်း ပေါ်လာတတ်တဲ့ လူကြီးတယောက်ကရောဘယ်သူလဲ။ အိုလီဗီးယားပေါ် ကျလာမယ့် အန္တရာယ်ကိုရော သူမ တားဆီးပေးနိုင်ပါ့မလား။ ဒီနေ့ရက်တရက်တည်းကိုပဲ အမြဲသံသရာလည်နေတဲ့ ဒီအိမ်ကြီးထဲကရော လီဆာတို့မိသားစု နောက်ဆုံးမှာ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size…  1.40 GB /  610 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Horror Subtitle…. ...
movie

Haunter (2013)

2013
The English Teacher (2013)
The English Teacher (2013) IMDb- 5.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်ကကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမလင်ဒါစင်ကလဲရား ဖြစ်ပါတယ်။သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကိုသူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲနေထိုင်နေပါတယ်။ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်းမတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီးစာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်ကဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…  1.3 GB ...
movie

The English Teacher (2013)

2013
My Paparotti (2013) 7.1
My Paparotti (2013) My Paparotti (2013)ဒီကိုရီးယားရုပ်ရှင်ကိုတော့ Time to Huntတို့ Architecture 101 တို့လို ရုပ်ရှင်ကောင်းတွေနဲ့ Signal ,Taxi Driverဇာတ်လမ်းတွဲလို ဇာတ်လမ်းတွဲတွေရိုက်ခဲ့တဲ့ Lee Je-Hoon နဲ့ ရိုက်ထားသမျှ ရုပ်ရှင်၂၀လောက်အကုန်ကောင်းပြီး သရုပ်ဆောင်လည်းဂျွတ်တဲ့ Christmas in August တို့ Green Fish တို့ The Berlin Fileတို့မှာ သရုပ်ဆောင်ခဲ့တဲ့ Dr. Romantic , Tree With Deep Rootsတို့လို ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Han Suk-Kyuတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။Signalမင်းသားကြီး Cho Jin-Woongကလည်း အားဖြည့်ထားပါသေးတယ်။ Cho Jin-Woongနဲ့ Lee Je-Hoonတို့ Signalမတိုင်ခင် တွဲသရုပ်ဆောင်ခဲ့တဲ့ကားဆိုလည်း မမှားပါဘူး။ Strangers Againတို့ Doctor Strangerတို့ထဲက ဆက်စီကျတဲ့မမ Kang So-Raလည်းပါပါတယ်။ဇာတ်လမ်းကတော့ တောဘက်က အနုပညာကျောင်းတစ်ကျောင်းမှာ စာသင်တဲ့ ...
movie

My Paparotti (2013)

2013
Afflicted (2013) 6.2
Afflicted (2013) ဒဲရစ်ခ် နဲ့ ကလစ်ဖ် တို့က ကမ္ဘာတစ်ပတ်ခရီးထွက်လာကြသူတွေပါ။ ခရီးထွက်လာရင်းနဲ့ပဲရစ်ရောက်လာပြီးတဲ့အချိန် ညတစ်ညမှာ ဒဲရစ်ခ် က ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတဲ့နောက်သူကိုယ်တိုင်တောင်မမှတ်မိတဲ့ ထိခိုက်ဒဏ်ရာတွေရလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒဲရစ်ခ်မှာထူးဆန်းတဲ့ဝေဒနာတွေခံစားလာရသလို ထူးခြားတဲ့သဘာဝလွန်အစွမ်းတွေပါရလာခဲ့ပါတယ်။ဒဲရစ်ခ်ရဲ့သဘာဝလွန်အစွမ်းတွေက လူတွေရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာတဲ့အခါမှာဒဲရစ်ခ်တို့တွေဘယ်လိုအဖြေရှာကြမလဲဆိုတာကိုဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ File size…  1.62 GB /  800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre .....  Horror, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Citrus
movie

Afflicted (2013)

2013
Concrete Clouds (2013) 6.6
Concrete Clouds (2013) Concret Clouds (2013)လေထဲက အိမ် .....နှစ်ယောက်သား အိပ်မက်တွေကို အတူတူ မက်ခဲ့ဖူးကြတယ် လေထဲမှာ တိုက်အိမ်ဆောက်ခဲ့ဖူးကြတယ် အရာရာဟာ မျှော်လင့်ချက်တွေနဲ့ တည်ဆောက်ပေမဲ့ တစ်ခါတလေမှာ အနှစ်မဲ့နေတဲ့ တိမ်စိုင်တွေ အရောင်တောက်ခဲ့ကြချိန်ပေါ့။ဒီဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ ထိုင်းနိုင်ငံရေး စီးပွားရေးကပ်ဆိုက်ချိန်ကြောင့် လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေကို တိတ်တဆိတ်နဲ့ ဖြည်းဖြည်းချင်း ပြိုကွဲခဲ့ရတဲ့ အကြောင်းပါပဲ။Mutt ရဲ့အဖေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ Mutt က နယူးယော့ကို ပြောင်းလာခဲ့ပြီး ငွေကြေးရောင်းဝယ်ဖောက်ကားသူအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးပျက်ကပ် ဆိုက်ချိန်မှာ အမိနိုင်ငံကို ပြန်လာခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ ပြန်လာရင်း အထက်တန်းကျောင်းတုန်းက သူ စွဲလမ်းခဲ့ရတဲ့ ရည်းစားဟောင်းဖြစ်တဲ့ Sai နဲ့ ပြန်ပြီး ဆက်သွယ်ခဲ့ပါတယ်။ Sai ကတော့ လက်ရှိအချိန်မှာ သူ့ရဲ့ဈေးကွက်ဖြန့်ချိရေး အလုပ်မှာ ကျရှုံးမှုတွေနဲ့ ကြုံနေရတာပါ။ တစ်ချိန်တည်းမှာပဲ Mutt ရဲ့ ညီဖြစ်သူ Nic က ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်နေတဲ့ ...
movie

Concrete Clouds (2013)

2013
Fading Gigolo (2013) 6.6
Fading Gigolo (2013) Fading Gigolo (2013) Genre – Comedy, Romance IMDB – 6.2/10မူရီဆိုတဲ့လူကြီးဟာ မျိုးရိုးအလိုက် အမွေလက်ဆင့်ကမ်းရခဲ့တဲ့စာအုပ်ဆိုင်လေးကို ပိတ်လိုက်ရပါပြီ။သူ့ဆီမှာ ပိုက်ဆံလိုပြီး အလုပ်ပေါင်းစုံလုပ်ပြီး ရုပ်အဖြောင့်အတောင့်ကြီးမဟုတ်ပေမဲ့ လူကြီးလူကောင်းဆန်ပြီး မိန်းမကျောနပ်တဲ့ဖီရိုရာဗန်တေးဆိုတဲ့ မိတ်ဆွေလည်း ရှိပါတယ်။တစ်ရက်ကျ သူ ပြနေကြ အရေပြားဆရာဝန်မဆီကနေထူးခြားတဲ့ ဖိတ်ကြားချက်ကို သိလိုက်ရပါတယ်အဲဒါကတော့ သူ့ သူငယ်ချင်းမ တစ်ယောက်နဲ့ သုံးပါးသွားကဖို့မင်းသားတစ်ပါး လိုအပ်နေတာပါတဲ့။အဲဒါ မူရီဆိုတဲ့ ဘဲကြီးက အသိရှိတယ်ပေါ့ ဒီတိုင်းတော့ မရနိုင်ဘူးအခကြေးငွေတော့ ပေးရလောက်မယ်ဆိုပြီး ဖီရိုရာဗန်တေးကိုမင်းလုပ်ပါလား မင်းဆို ဖြစ်နိုင်တယ်ဆိုပြီးယောက်ျားဖျာသည်လိုင်းသွင်းပါတော့တယ်။အစပိုင်းတော့ ဆရာသမားလည်း ငြင်းတာပေါ့နောက်ကျ စမ်းကြည့်မယ်ဆိုပြီး လုပ်ရာကနေဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ဂျူးလူမျိုးတွေနဲ့ လူမျိုးရေး ဘာသာရေး စည်းကမ်းတင်းကြပ်ပုံတွေလည်းဗဟုသုတရပါတယ်။ မင်းသားနေရာကတော့ Transformer ကားတွေထဲကရယ်ရတဲ့ Agent Simmon ကြီး သရုပ်ဆောင်ပေးထားပြီး Sexy သိပ်ဆန်တဲ့မင်းသမီးကြီး Sharon Stone နဲ့ အကိတ်မင်းသမီး Sofia Vergara ...
movie

Fading Gigolo (2013)

2013
Joe (2013) 6.8
Joe (2013) IMDb - 6.8/10ဇာတ်လမ်းအညွှန်းသူ့ဖခင်က အရက်သမား၊ သူ့မိသားစုက စားရမဲ့သောက်ရမဲ့…ဟိုလေလွင့်ဒီလေလွင့်ဖြစ်နေတဲ့ မိသားစုအတွက်၁၅နှစ်သားလေး ဂယ်ရီဟာ ဂျိုးဆိုတဲ့ လူတစ်ယောက်ဆီမှာအလုပ်လာလုပ်ပါတယ်။ဂျိုးက ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒေါသထွက်တတ်တဲ့စိတ်ကိုဆေးလိပ်သောက်၊အရက်သောက်ရင်း မြိုသိပ်ချုပ်တည်းရင်းနေနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ ဂျိုးက အလုပ်ကြိုးစားလုပ်တဲ့သူတွေကို သဘောကျပြီးသူ့အလုပ်သမားတွေအပေါ်မှာတော့တကယ်ကောင်းပေးတဲ့ အလုပ်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ဂယ်ရီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားတတ်သူဖြစ်တာမို့ဂျိုးက သဘောကျပြီး သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်လာကြပါတယ်။ဂယ်ရီရဲ့ အဖေက ဂယ်ရီ့အပေါ်မှာ သည်းမခံနိုင်လောက်အောင်နှိပ်စက်ညှင်းပန်းတဲ့လုပ်ရက်တွေ လုပ်လာတဲ့အခါမှာဂျိုးတစ်ယောက် သူ့ရဲ့လူသားချင်းစာနာစိတ်တွေ နှိုးကြွလာပြီးဂယ်ရီ့အတွက် သူကိုယ်တိုင် ပါဝင်ဖြေရှင်းဖို့ ဖြစ်ပါတော့တယ်။အသုံးမကျတဲ့ ဖခင်လက်ထဲမှာ နေနေရပေမယ့်ကံကောင်းထောက်မစွာနဲ့ ဂျိုးလိုလူမျိုးနဲ့တွေ့ဆုံလိုက်ရတဲ့ဂယ်ရီနဲ့ လူကြမ်းကြီးပေမယ့် စာနာတတ်တဲ့စိတ်နှလုံးရှိတဲ့ဂျိုးတို့အကြောင်း ရိုက်ကူးပြသထားပါတယ်။ဂျိုး အဖြစ် Ghost rider မင်းသားကြီး Nicolas Cage ကသရုပ်ဆောင်ထားပါတယ်။ကဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကOrika ဖြစ်ပါတယ်။  File size…  1.9 GB /  790 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h ...
movie

Joe (2013)

2013
Anna (2013) 6.4
Anna (2013) Anna (2013)~ IMDb rating - 6.4/10 ~Mindscape ဆိုတဲ့ ထောက်လှမ်းရေးအေဂျင်စီက သာမန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမဟုတ်ဘဲ လူတွေရဲ့မှတ်ဥာဏ်တွေကိုဖတ်နိုင်တဲ့ စိတ်စွမ်းအင်ရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ အေဂျင်စီတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ လက်သည်မပေါ်တဲ့အမှုတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ဂျွန်ဝါရှင်တန်ကတော့ Mindscape လက်အောက်က နာမည်ကြီး မှတ်ဥာဏ်စုံထောက်တစ်ဦးပါ။ အထက်လူကြီးက သူ့ကို သာမန်ဆယ်ကျော်သက်တွေထက်ထူးခြားနေတဲ့ အန်နာဆိုတဲ့ကောင်မလေးကို မှတ်ဥာဏ်ဖတ်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။အန်နာက ကျောင်းတွင်းအကြမ်းဖက်မှုရဲ့တရားခံအဖြစ်နဲ့ကျောင်းထုတ်ခံထားရပြီး အခန်းပြင်ထွက်ခွင့်မရဘဲ အချိန်ပြည့်စောင့်ကြည့်ခံနေရပြီး ပထွေးဖြစ်သူက အန်နာကို စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပြင်နေပါတယ်။ ဂျွန်ရောက်လာတာဟာ အန်နာ့အတွက် အပြစ်ကင်းကြောင်းသက်သေပြဖို့ မျှော်လင့်ချက်ဖြစ်လာပါတယ်။အန်နာ့ကိုမှတ်ဥာဏ်ဖတ်ရင်း ဂျွန်ရဲ့ Career တလျှောက်မှာ တခါမှမကြုံဖူးတဲ့ ထူးထူးဆန်းဆန်းအရာတွေဖြစ်လာပါတော့တယ်။ ကျောင်း Hallway ကရပ်နေတဲ့နာရီ၊ အပြင်ကကျောင်းသူစာရင်းထဲမှာမရှိတဲ့နာမည်နဲ့ အန်နာ့ကျောင်းနေဖက်တစ်ယောက်ရဲ့လည်ပင်းကအမာရွတ်အပေါက်... ဘယ်အပိုင်းတွေကအမှန်ဖြစ်ပြီး ဘယ်အပိုင်းတွေက အန်နာလုပ်ကြံဖန်တီးထားတာလဲ...တကယ်ပဲအန်နာက Victim လား... လူသတ်သမားလား... ဆိုတာ ​​​ကြည့်ရှုသူတွေကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Anna (2013)

2013
World War Z (2013) 7.0
World War Z (2013) World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်...၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့....မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်..ရောဂါဟာ စက္ကန့်ပိုင်း ...
movie

World War Z (2013)

2013
4K HEVC