Channel Myanmar

2014

Tinker Bell and the Legend of the NeverBeast (2014) 7.1
Tinker Bell and the Legend of the NeverBeast (2014) Tinker Bell and the Legend of the NeverBeast (2014) ===================================== IMDb Rating - 7.1/10အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်။ ကာကွယ်ရေးအဖွဲ့တစ်ခု ရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ်။ အထူးသဖြင့်နတ်သူငယ်တွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာ ကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ။ ဒါက လည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်း အရာတွေကြောင့် လုပ်နေရတာပါပဲ။ ဒီထဲမှာတမူကွဲထွက်လာတာက FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ။ ရက်စက်တယ်လို့သတ်မှတ် ထားတဲ့အကောင် ကြီးတွေမှာလည်း သူတို့လိုနှလုံးသားရှိလေတော့ သိမ် မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ်။အဲ့ဒါကြောင့် ရှေးအစဉ် အလာသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး ရက်စက် ပါတယ်ဆိုတဲ့အကောင်တွေကိုလက်ပွန်းတနီးနေကြည့်တယ်။ အဲ့ဒါကြောင့် ကာကွယ်ရေးအဖွဲ့တွေရဲ့အမြင်စောင်းမှုခံရသလို ဘုရင်မ သတိထားမိစရာ လည်းဖြစ်လာတယ်။ ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး တစ်နေ့တော့ အလွန် တရာကြီးမားတဲ့ ခြေ၄ချောင်းနဲ့အကောင်ကြီးကို ဂူတစ်ဂူမှာတွေ့ခဲ့တယ်။ အဲ့ဒီအကောင်ကြီးရဲ့အခက်အခဲ ကိုဖြေရှင်းပေးတော့ သံယောဇဉ်တွေတွယ် မိကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအကောင်ကြီးဟာ ရှေးကရေးခဲ့တဲ့စာတွေအရ အန္တရယ်အရှိဆုံး အကောင်ကြီးဖြစ်နေတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သူတို့နတ်ဘုံလေးကိုဖျက်ဆီးမဲ့သူဖြစ်နေတယ်ဆိုပါတယ်။ ကာကွယ်ရေးအဖွဲ့ တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာ အကောင်ကြီးရယ် ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင် စားစရာပါ ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ။ ရှေးရိုး စွဲအယူအဆတွေကို တစ်ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ်၊ ဖြူစင် တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ၊ စူးစမ်းဆင် ...
movie

Tinker Bell and the Legend of the NeverBeast (2014)

2014
Tinker bell and The Pirate Fairy (2014) 6.5
Tinker bell and The Pirate Fairy (2014) Tinkerbell : Pirate Fairy (2014) ======================ဒီတစ်ခါဇာတ်လမ်းလေးကလည်း Legend of the Neverbeast လို Tinkerbell အပေါ်ကို Focus ထားတဲ့ ဇာတ်အိမ်မဟုတ်ဘဲ Pixie Hollow ရဲ့ မျက်နှာသစ် Character တစ်ခုအကြောင်း ရိုက်ကူးပြသ ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Pixie Hollow ရဲ့ ဝေယျာဝစ္စအဝဝကို အောက်ခြေသိမ်းလုပ်ရတဲ့ လက်သမားနတ်သူငယ်တွေနည်းတူ ရွှေမှုန်ထိန်းသိမ်းရေးနတ်သူ ငယ်တွေဟာလည်း အားလုံးရဲ့အသက်သွေးကြောကို ထိန်းသိမ်းကိုင် တွယ်နေရတဲ့သူတွေပါပဲ။ အရေးကြီးပြီး အမှားမခံတဲ့အလုပ်မို့လို့ လုပ်ငန်းခွင်ကို အပိုအလိုမရှိစေဘဲ တိတိကျကျ အထွန့်မတက်ရတဲ့ ရှေးရိုးစွဲနည်းနဲ့ပဲ လည်ပတ်စေတာပေါ့။ စိတ်ကူးစိတ်သန်းကောင်းပြီး ကိုယ်တတ်ထားတဲ့ပညာကိုပိုနားလည်အောင် လေ့လာစမ်းသပ်လို စိတ်ပြင်းပြတဲ့ Zarina ကတော့ ဒီလိုစာအုပ်ကြီးစနစ်အမြင်နဲ့ အများ ကြားမှာ ကြောင်တောင်ကျားပါပဲ။ပြဿနာအရှာကြမ်းပေမယ့် အထက်လူကြီးက ဆူရုံသာဆူပြီး အလျှော့ ပေးတာမို့ Zarina လည်း လက်ရဲဇက်ရဲရှိနေပါတယ်။ တစ်နေ့ .... လက် တည့်စမ်းမိရာကနေ အဆမတန်ကြီးထွက်လာတဲ့အပင်ကြောင့် တစ်ရွာ လုံးကုန်လုနီးနီးပြုန်းသွားတဲ့အခါ စေတနာကနေဝေဒနာဖြစ်သွားပြီး Zarina တစ်ယောက် Pixie Hollow ကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ တစ်နှစ် ကြာသွားပြီးတဲ့နောက် .... ...
movie

Tinker bell and The Pirate Fairy (2014)

2014
The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
Magical Girl (2014) 7.2
Magical Girl (2014) Magical Girl (2014)ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ပြုတ်သွားတဲ့ ကျောင်းဆရာပတ်ဒရိုဟာ သွေးကင်ဆာဖြစ်နေတဲ့ သူ့သမီးကိုကုနေရင်းနဲ့ တစ်ဖြည်းဖြည်း လုံးပါးပါးလာပါတယ်။ဆရာဝန်ရဲ့ ပြောပြချက်အရ သူ့သမီးရဲ့ အသက်ဟာ ထင်သလောက် မလွယ်ကူမှန်းသိသွားတဲ့အခါ သမီးဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။သမီးရဲ့ ဆန္ဒတွေထဲက တစ်ခုဖြစ်တဲ့ anime ထဲက အင်္ကျီကို ဝယ်ပေးချင်ပေမယ့် ဈေးကြီးလွန်းတာကြောင့် သူ့အသိမိတ်ဆွေတွေကို အကူအညီ တောင်းပေမယ့် အဆင်မပြေပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ရတနာပစ္စည်းဆိုင်ကို ဖောက်ဖို့ကြိုးစားတဲ့အခါ သံသယလွန်ကဲလွန်းတဲ့ ယောက်ျားရဲ့ ထိန်သိမ်းမှုအောက်မှာနေရတဲ့ ဘာဘာရာနဲ့မထင်မှတ်ဘဲ ဆုံခဲ့တယ်။ဘာဘရာရဲ့ယောက်ျားဟာ စိတ်ရောဂါဆရာဝန်ဖြစ်တဲ့အတွက် ငွေကြေးပြည်စုံပါတယ်။ အဲဒီညမှာပဲ ဘာဘရာဟာ ပတ်ဒရိုနဲ့ အိပ်ဖြစ်တယ်၊ အကြံကြီးတဲ့ပတ်ဒရိုဟာ အတူအိပ်ဖြစ်တဲ့အကြောင်းကို မှတ်တမ်းထင်ထားပြီး ဘာဘာရာဆီက ခြိမ်းခြောက်ငွေညစ်တဲ့အခါမှာတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 1.3GB, 380MB, 228MB Quality  ...
movie

Magical Girl (2014)

2014
A Most Violent Year (2014) 7
A Most Violent Year (2014) A Most Violent Year (2014)အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 923MB, 387MB, 240MB Quality  ...
movie

A Most Violent Year (2014)

2014
Buddha 2: The Endless Journey (2014) 6.2
Buddha 2: The Endless Journey (2014) Buddha 2 : The Endless Journey မြတ်ဗုဒ္ဓ ၂ - ဘဝသံသရာခရီး ........................................................IMDb 6.2/10 MyAnimeList 6.9/10ဒီကာတွန်း​လေးက​တော့ ၂၀၁၁ထွက် Buddha : the great departureရဲ့​နောက်ဆက်တွဲကာတွန်းပါ။ (ပထမကား Buddha : The Great Departureရဲ့ download linkပါ Click Hereပထမကား​အပြီး တောထွက်ရာက​နေ သဗ္ဗညုတဥာဏ်ဆိုက်​​ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ​ ဂင်္ဂါမြစ်စစ်ပွဲ၊ ​ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့​တွေ့ဆုံခန်း၊ သာကီဝင်​တွေကျဆုံးခန်း​တွေကို​ဝေ​​ဝေဆာဆာမြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ်။ဗုဒ္ဓဖြစ်စဥ်ကို​ကျောရိုး​လောက်ပဲယူထားတာမလို့ ​ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့​တော်​တော်ကိုကွဲပါတယ်။ တချို့ဇာတ်လမ်း​တွေဆိုရင် အသစ်ထည့်တာ​တွေ၊ အချိန်ကွဲတာ​တွေပါပါတယ်။ ဥပမာ ​ကောသလက သကျသာကီ​တွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်း​စော​နေတာတို့ပါ။ အပျင်း​ပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်​ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။မှတ်ချက် - နာမည်​တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ​​ရေး​ပေးထားပါတယ် File size…1.4GB/ 565MB Quality…1080p / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dr Nyan
movie

Buddha 2: The Endless Journey (2014)

2014
Sabotage (2014) 5.7
Sabotage (2014) မင်းသားကြီးအာနိုးခေါင်းဆောင် အဖြစ်ပါဝင်ထားပြီးအရန်အဖြစ်လဲ avatar မင်းသား Sam Worthingtonအပါအဝင် အရန်အင်အားတောင့်တောင့်နဲ့ အက်ရှင်ဇာတ်ကားလေးပါမူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဘရစ်ချာနဲ့ အဖွဲ့ဟာ မူးယစ်ဂိုဏ်းတခုရဲ့ စခန်းကိုဝင်ရောက်စီးနင်းရင်း ဖမ်းဆီးမိတဲ့ ငွေပုံကြီးထဲကနေဒေါ်လာ ဆယ်သန်းကို ခိုးယူပြီးဖွက်ထားခဲ့ကြတယ်လူဆိုးတွေနဲ့ တိုက်ခိုက်အပြီး ငွေတွေပြန်သွားရှာရာမှာဒေါ်လာဆယ်သန်း ပျောက်ချင်းမလှပျောက်သွားတဲ့အပြင်တဖွဲ့လုံး ခိုးမှုနဲ့ အစစ်ခံရတော့ပါတယ်ခြောက်လကြာစစ်ဆေးပြီး မသင်္ကာစရာ မတွေ့၍ပြန်လည်တာဝန်ထမ်းဆောင်ကြရင်း အဖွဲ့ဝင်တွေ တယောက်ပြီးတယောက်ရက်ရက်စက်စက်အသတ်ခံရပါတော့တယ်စစ်ဆေးရေးမှုးမလေးနဲ့ပူးပေါင်းပြီး တရားခံရှာကြရင်းသံသယရှိတဲ့ သူတွေ တွေ့လာရသလို အဖွဲ့ထဲမှာလဲတယောက်ပြီးတယောက် သေ‌နေတဲ့အတွက်ပြဿနာတွေတက်လာသည့်အပြင် ဘရစ်ချာရဲ့ဇနီးအသတ်ခံရတဲ့ အတိတ်တွေအပါအဝင် ပြဿနာပေါင်းစုံထဲကနေလူသတ်သမားကို ဘယ်လိုရှာကြမလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ် File size…   2.5 GB /  1.1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 49m Genre .....  Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Sabotage (2014)

2014
Pale Moon (2014) 6.9
Pale Moon (2014) Pale Moon (2014)လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် ...
movie

Pale Moon (2014)

2014
Mourning Grave (2014) 5.9
Mourning Grave (2014) Mourning Grave (2014)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ horror, thriller ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်... ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာ...ဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါ အဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေ တကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်...ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊ နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်Kang Ha Neul, Kim So Eun တို့အဓိကပါဝင်ထားပြီး horror ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမယ့် ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 895MB | 485MB | 248MB Format… mp4 Duration…. ...
movie

Mourning Grave (2014)

2014
(18+) Rape Zombie: Lust of the Dead 5 (2014) 3.5
(18+) Rape Zombie: Lust of the Dead 5 (2014) ဂျပန်ကိုနယူးကလီးယားဗုံးအကြဲခံလိုက်ရပြီးတော့ အမျိုးသမီးတွေကို လိင်စိတ်ဆာနေတဲ့ဇွန်ဘီးတွေက တိုက်ခိုက်ကြပါတယ်….အဲ့တိုက်ခိုက်တဲ့ ဇွန်ဘီးတွေကို အမျိုးသမီးတစ်စု ဘယ်လိုနှိမ်နှင်းပြီး လွတ်မြောက်သွားလဲဆိုတာကို ကြည့်ရမှာပါ ။ဒုတိယကားမှာတော့ ပုန်းအောင်းနေတဲ့လူနောက်တစ်စုက ပိုမိုဆိုးရွားလှတဲ့ ဇွန်ဘီးမျိုးစိတ်အသစ်ကို ရင်ဆိုင်ခဲ့ကြရပါတယ်။တတိယကားမှာတော့ မပြီးပြတ်သေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ နေရာအနှံ့ပျံ့နှံ့နေပြီဖြစ်တဲ့ လိင်စိတ်ဆာလောင်နေတဲ့ ဇွန်ဘီးတွေကို နောက်ဆုံးအသက်ရှင်ကျန်ဖို့အတွက် အားနွဲ့သောမိန်းမသားပေမယ့် ခက်ခက်ခဲခဲ ကြိုးစားရှင်သန်ပုံတွေကို ကြည့်ရှု့ရမှာပါ။စတုတ္ထကားမှာတော့ အရာအားလုံးပြန်အဆင်ပြေဖို့အတွက် အတိတ်ကိုအချိန်ခရီးသွားပြီး အကျိုးတရားကောင်းဖို့ အကြောင်းတရားတွေကို ပြင်ဆင်ဖို့ ကြိုးစားကြတာဖြစ်ပြီးယခုပဉ္စမကားဟာလည်း စတုတ္ထကားရဲ့ အဆက်အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ဒီကားလေးဟာ18+ ကားတကားဖြစ်ပေမဲ့လည်း တချို့လူသဘာဝတရားသီအိုရီတွေကိုပါ တခါတည်းထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားအမျိုးအစားလေးကတော့ Horror အပေါ်အခြေခံထားပြီးတဲ့ 18+ကား တကားပါ ။(မှတ်ချက်)ကလေးသူငယ်များကြည့်ရှု့ရန်မသင့်တော်ပါ ။ File size…2.34GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Sylvie
movie

(18+) Rape Zombie: Lust of the Dead 5 (2014)

2014
(18+) Rape Zombie: Lust of the Dead 4(2014) 3.4
(18+) Rape Zombie: Lust of the Dead 4(2014) ဂျပန်ကိုနယူးကလီးယားဗုံးအကြဲခံလိုက်ရပြီးတော့ အမျိုးသမီးတွေကို လိင်စိတ်ဆာနေတဲ့ဇွန်ဘီးတွေက တိုက်ခိုက်ကြပါတယ်…. အဲ့တိုက်ခိုက်တဲ့ ဇွန်ဘီးတွေကို အမျိုးသမီးတစ်စု ဘယ်လိုနှိမ်နှင်းပြီး လွတ်မြောက်သွားလဲဆိုတာကို ကြည့်ရမှာပါ ။ဒုတိယကားမှာတော့ ပုန်းအောင်းနေတဲ့လူနောက်တစ်စုက ပိုမိုဆိုးရွားလှတဲ့ ဇွန်ဘီးမျိုးစိတ်အသစ်ကို ရင်ဆိုင်ခဲ့ကြရပါတယ်။တတိယကားမှာတော့ မပြီးပြတ်သေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ နေရာအနှံ့ပျံ့နှံ့နေပြီဖြစ်တဲ့ လိင်စိတ်ဆာလောင်နေတဲ့ ဇွန်ဘီးတွေကို နောက်ဆုံးအသက်ရှင်ကျန်ဖို့အတွက် အားနွဲ့သောမိန်းမသားပေမယ့် ခက်ခက်ခဲခဲ ကြိုးစားရှင်သန်ပုံတွေကို ကြည့်ရှု့ရမှာပါ။ယခုစတုတ္ထကားမှာတော့ အရာအားလုံးပြန်အဆင်ပြေဖို့အတွက် အတိတ်ကိုအချိန်ခရီးသွားပြီး အကျိုးတရားကောင်းဖို့ အကြောင်းတရားတွေကို ပြင်ဆင်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ဒီကားလေးဟာ18+ ကားတကားဖြစ်ပေမဲ့လည်း တချို့လူသဘာဝတရားသီအိုရီတွေကိုပါ တခါတည်းထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားအမျိုးအစားလေးကတော့ Horror အပေါ်အခြေခံထားပြီးတဲ့ 18+ကား တကားပါ ။(မှတ်ချက်)ကလေးသူငယ်များကြည့်ရှု့ရန်မသင့်တော်ပါ ။ File size…1.68GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Sylvie
movie

(18+) Rape Zombie: Lust of the Dead 4(2014)

2014
Inbetween Worlds (2014) 6.5
Inbetween Worlds (2014) Inbetween Worlds (2014) =================== IMDb Rating - 6.5/10ဂျာမန်စစ်သားတဦးဖြစ်တဲ့ ဂျက်စ်ပါဟာရဲ့ ညီဖြစ်သူက အာဖဂန်နစ်စတန်မှာကျဆုံးထားပေမယ့် နောက်တကြိမ် ထပ်ပြီး အာဖဂန်မှာ တာဝန်ထမ်းဆောင်ရန်ထွက်ခဲ့ပါတယ်။ သူ့တာဝန်က တာလီဘန်တွေရဲ့ရန်ကနေရွာတရွာကို ဒေသခံ အာဘတ်ကီတပ်ဖွဲ့တွေနဲ့ အတူတူကာကွယ်ပေးရမှာဖြစ် ပါတယ်။အဲ့ဒီမှာဂျက်စ်ပါရဲ့ စကားပြန်ဖြစ်သူ တာရစ်နဲ့ သူ့ညီမလေး တို့ဟာ ဂျာမန်စစ်တပ်အတွက် စကားပြန်လုပ်ပေးနေလို့ တာလီဘန်တွေရဲ့ ခြိမ်းခြောက်ခံနေရပါတယ်။  တာရစ်နဲ့ ခင်မင်ရင်းနှီးသွားပြီးနောက် သနားစိတ်တွေပေါ်လာတဲ့ ဂျက်စ်ပါတယောက် တာရစ်ညီမလေးဒုက္ခကြုံလာတဲ့အခါ အထက်အမိန့်တွေလွန်ဆန်ပြီး ကယ်တင်နိုင်မလား ဆိုတာကို စစ်ပွဲနောက်ခံ ဒရာမာ လေးတွေကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.92 GB) / (831 MB) / (476 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 38Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......Chit Min Thu Encoder..........SWM
movie

Inbetween Worlds (2014)

2014
Margarita with a Straw (2014) 7.2
Margarita with a Straw (2014) Margarita with a Straw (2014) ===============================imdb 7.2 / 3.9kMargaritaလေးတခွက်ကို ပိုက်လုံးလေးနဲ့ စုပ်ပြီး သောက်တတ်တဲ့ မသန်စွမ်းမိန်းမပျိုလေးရဲ့ ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းတဲ့ပုံစံကို ဟာသရော ဒရာမာရော ရသနှစ်မျိုးကို အလှည့်ကျရောစပ်ပြီး ပျော်တလှည့်ဝမ်းနည်းတလှည့်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းလေးတပုဒ်ကို တင်ဆက်ပေးချင်ပါတယ်လိုင်လာဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းမသန်စွမ်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ဦးရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖူးဖူးမှုတ်ခြင်းခံထားရပြီး အနုပညာပိုင်းကိုလဲ ဝါသနာပါလှသူလေးပဲဖြစ်ပါတယ် အရွယ်ရောက်ပြီး သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ တခြာားရွယ်တူတွေလို အချစ်ကို စမ်းသပ်ရူးမိုက်ချင်သူလေးတဦးဖြစ်လာပါတော့တယ်... သူမဟာ တခြားသာမန်လူတွေလိုပဲ အချစ်ကိုခံစားရူးသွပ်နိုင်မှာလား ဒါမှမဟုတ် အချစ်ရေးမှာပဲ ကံခေမှာလားဆိုတာကို ပျော်ရွှင်စရာအခိုက်တန့်လေးတွေ ဝမ်းနည်းစရာအခိုက်တန့်လေးတွေနဲ့အတူ စီးမြောခံစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ် File size…1.03GB Quality…720p WEB DL  Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Margarita with a Straw (2014)

2014
Gooische Vrouwen 2 (2014) 5.9
Gooische Vrouwen 2 (2014) Gooische Vrouwen 2 (2014) ==================== IMDb Rating - 5.9/10(ဒီရုပ်ရှင်ကိုမကြည့်ခင် Gooische Vrouwen (2011) ကိုအရင် ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြား ဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကို သိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာ သင့်အတွက်ဖြစ်ပါလိမ့်မယ်)ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်း အရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။ အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီး ဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲ ရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရ ပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယော ဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်း အသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံ များကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်)File Size..........(1.74 GB) / (765 MB) / (452 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Kaung Paing Encoder..........SWM
movie

Gooische Vrouwen 2 (2014)

2014
The Divine Move(2014) 6.7
The Divine Move(2014) The Divine Move(2014) မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည....မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်...လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့  ဘယ်သူမှမသိအောင်  နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်....အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထယ်ဆုတ်ပါပဲ...သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး...သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံးအဖမ်းခံလိုက်ရတယ်... ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူမှာလည်းလည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်...ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင်မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့်အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်...ဒီနောက်ပိုင်းတော့  နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်...ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်...Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ...အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာCold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်..ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်...ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေမျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ  တကယ့် အမိုက်စားအက်ရှင်ခန်းတွေနဲ့.....ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းသလိုအက်ရှင်ခန်းတွေထိုးသတ်ခန်းတွေမှာဆိုလည်း ကြည့်ရင်းအူတွေပါယားလာသလိုလိုဖြစ်မိလိမ့်မယ်...ကိုင်းညွှန်းတာလည်း ...
movie

The Divine Move(2014)

2014
The Dead Lands (2014) 6.3
The Dead Lands (2014) The Dead Lands (2014)~ IMDb - 6.3/10, Rotten Tomatoes - 70% ~မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကို ပြန်ဖောက်မယ်ဆိုရင် ကမ္ဘာကြီးက မျက်ကန်းတို့ပျော်စံရာဖြစ်သွားမှာပေါ့လေ။ အိန္ဒိယလူထုခေါင်းဆောင်ကြီး ဂန္ဓီပြောခဲ့တဲ့စကားလေးပါ။ လက်စားချေခြင်းဟာ သတ်ဖြတ်ခြင်းသံသရာကိုပဲ ဆက်လည်ပတ်စေမှာဖြစ်လို့ စိတ်ဓာတ်အင်အားနဲ့ နှလုံးသားကြီးမြတ်သူတို့ကပဲ သံသရာစက်ကွင်းကို ခါးလယ်က ဖြတ်နိုင်ကြပါတယ်။သူ့မြေ ကိုယ့်မြေခွဲပြီး သူတစ်လူငါတစ်မင်း နေခဲ့ကြတုန်းက ကြီးကျယ်တဲ့စစ်ပွဲကြီးတွေ ခဏခဏ ဖြစ်ပွားခဲ့ဖူးတယ်။ နောက်တော့ ငြိမ်းချမ်းရေးအတွက် မျိုးနွယ်စုတွေအားလုံး အာဃာတတွေ သင်ပုန်းချေအပြီး တည့်တည့်ရှုရှုနေချိန်ရောက်တော့မှပဲ စစ်ပွဲနတ်ဘုရားက လူသားတွေကို လက်ဆောင်ပေးလိုက်တဲ့ တိုက်ပွဲတစ်ပွဲကို ဖော်ကျူးတဲ့ဇာတ်ကားပါ။ဘိုးဘွားတို့အမွေ၊ အစာနဲ့ရေကိုပေးတဲ့မြေ၊ ခိုလှုံရာအမိမြေက ကိုယ့်မျိုးနွယ်ကို သစ္စာဖောက် ကျောခိုင်းခဲ့သူ နတ်ဆိုးကြီးအမည်တွင် မကောင်းဆိုးဝါးကြီး...ငြိမ်းချမ်းရေးကြီးစိုးနေတဲ့မြေမှာ ယောက်ျားတို့ဂုဏ်သရေထွန်းပြောင်ချင်တဲ့ဆန္ဒသက်သက်နဲ့ စစ်ပွဲကို အတင်းခေါ်သွင်းလာသူ ဂုဏ်မက်သူကြီး ဝီရပါ...ရာသီဆယ့်ခြောက်ခါပြောင်းတာကို မျက်မြင်ကြုံရတဲ့အရွယ်ဆိုပေမယ့် ပုညှက်ညှက်လူ့ဖလံလေးပဲဖြစ်နေတဲ့ စစ်သည်တော်မဟုတ်သူကောင်ကလေး...သူတို့ကြားက မျိုးနွယ်စုရန်ငြိုးတွေ၊ ယောက်ျားတို့ရဲ့ ...
movie

The Dead Lands (2014)

2014
Turkey Shoot (2014) 4.7
Turkey Shoot (2014) Turkey Shoot (2014) ===============ရစ်ခ်တိုင်လာဟာ စစ်ပွဲအတွင်း အမျိုးသမီးတွေနဲ့ ကလေး အများအပြားကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကြောင့် ထောင် ဒဏ်ချမှတ်ခံထားရဲ့ Navy SEAL commander တစ်ဦးပါ။ တစ်နေ့မှာတော့ သူ့လွတ်မြောက်နိုင်ဖို့ အခွင့်အရေးတစ်ခု ရလာပါတယ်။အခွင့်အရေးကတော့ Turkey Shoot ဆိုတဲ့ survival အစီ အစဉ်မှာ ပါဝင်ရမှာပါ။ တစ်ကမ္ဘာလုံး အချိန်နဲ့ တစ်ပြေးညီ ထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကစားပွဲမှာ အဆင့် သုံးဆင့်ရှိပြီး တစ်ဆင့်မှာ မိနစ်(၉၀)တိတိ အချိန်ပေး ထားပါတယ်။ အဆင့်တစ်ဆင့်တိုင်းမှာ ကမ္ဘာအနှံ့က ကြည့်ရှု သူတွေ မဲပေးရွေးချယ်ထားတဲ့ ညှာတာမှု အလျဉ်းမရှိတဲ့ သေနတ်သမားတွေနဲ့ ရင်ဆိုင်ရမှာပါ။သေနတ်သမားတွေကို ကျော်ဖြတ်ပြီး ပေးထားတဲ့အချိန်အတွင်း သတ်မှတ်ထားတဲ့နေရာမှာ ပုံးတစ်ပုံးကို ရှာနိုင်ရင် နောက်တစ်ဆင့် တက်နိုင်ပါပြီ။ အဆင့်သုံးဆင့်လုံးကို မသေဘဲ ဖြတ်ကျော်နိုင်ရင် တော့ လွတ်လပ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထင်ထားသလောက် တော့ မလွယ်ကူပါဘူး။ တစ်ဖက်မှာလည်း သူ့ကို သတ်ဖို့ အခွင့် အရေးကို စောင့်နေကြသူတွေလည်း ရှိပါတယ်။ဘာလို့ ဒီလို သတ်ဖို့ ကြိုးစားနေတာလဲ အဲဒီအစုအပြုံလိုက် သတ် ဖြတ်မှုကို ...
movie

Turkey Shoot (2014)

2014
Mary Kom (2014) 6.8
Mary Kom (2014) Mary Kom (2014)IMDb Rating (6.8) / Rotten Tomatoes (88%)အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီးတော့ Bollywood ရဲ့နာမည်ကျော်မင်းသမီး ပရီရန်ကာချော်ပရာက သရုပ်ဆောင်ထားပါတယ်။ ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က Mary Kom လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။India ရဲ့ အိုလံပစ် လက်ဝှေ့ကျော်ဖြစ်လာခဲ့တဲ့ မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားပါတယ်။ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။ ကျောင်းက ယောက်ျားလေးတွေနဲ့ သူတင်ကိုတင် ထိုးကြိတ်ရန်ဖြစ်တတ်တဲ့ မေရီဟာ တစ်ရက်တော့ အဲဒီမြို့က ...
movie

Mary Kom (2014)

2014
1080p HEVC
(18+) Enthralled (2014)
(18+) Enthralled (2014) (18+) Enhtralled (2014)ငယ်ရွယ်စဥ်ကလေးဘဝမှာ လူတိုင်းဟာအိပ်မက်ကိုယ်စီရှိကြတယ်။ ဘာဖြစ်ရမယ် ၊ ဘာလုပ်မယ်၊ ဘယ်သွားမယ် ဆိုတာမျိုးတွေပေါ့။ဥပမာ- ငါ ပိုက်ဆံရှိရင် ကမ်းခြေသွားပစ်မယ်မျိုးပေါ့။ဒါပေမဲ့ လက်တွေ့ဘဝမှာ ဖြစ်မလာတဲ့အခါ စိတ်ပျက်အားငယ်သွားပြီး ဦးတည်ချက်ပျောက်သွားကြတယ်။ မဆုတ်မနစ်ကြိုးစားပြီး ရအောင်လုပ်ပြန်တော့လည်း ရလဒ်ကထင်သလိုမဟုတ်တဲ့အခါ အထင်နဲ့အမြင်လွဲနေတဲ့အခါ သေကြောင်းကြံတဲ့အထိဖြစ်သွားလေ့ရှိကြတယ်။ရချင်တာကိုရမလာတဲ့အခါ ကိုယ့်ဖြစ်တည်မှုလေးကို လက်သင့်ခံပြီး ကိုယ်ပျော်ရွှင်ရာကို ရအောင် ရှာသင့်ပါတယ်။ ဒီဇာတ်လမ်းလေးမှာ သူငယ်ချင်းသုံးယောက်ရဲ့ ဘဝနဲ့ယှဥ်ပြီး မြင်သာအောင် ရိုက်ပြပေးထားပါတယ်။ ၁၈ ယောက်စုပြိး ကြည့်ရမယ့် ချစ်ခန်းကြိုက်ခန်းတွေ ပါတာမို့ မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Adult, Drama Quality…. 1080p | 720p | 480p File size… 2GB | 973MB | 468MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Blank
movie

(18+) Enthralled (2014)

2014
Death Forest: Forbidden Forest (2014) N/A
Death Forest: Forbidden Forest (2014) Death Forest (2014)-------------------------------ဒီတစ်ခေါက်မှာတော့ သဲထိပ်ရင်ဖိုဇာတ်ကားတွေမှ ကြိုက်တတ်တဲ့ ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါပြီJapan နိုင်ငံရဲ့ အထင်ကရနေရာဖြစ်တဲ့ The Suicide Forest ထဲမှာ မကောင်းဆိုးဝါးရန်ကနေ Motorbike တစ်စီးနဲ့ လွတ်မြောက်အောင်ထွက်ပြေးရတဲ့ Death Forest Game ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Horror ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။Horror ကားတို့ထုံးစံအတိုင်း ဇာတ်လမ်းအစမှာ ကျောင်းသား လေးယောက် ခရီးထွက်ကြပါတယ်။ထုံးစံအတိုင်း ဖင်ယားကြမိတဲ့အခါ Death Forest ထဲကို ရောက်သွားတဲ့သူတို့ ဘယ်လိုတွေ စွန့်စွန့်စားစားပြန်ထွက်ကြမလဲဆိုတာ ခြောက်ခြားစွာကြည့်ရှုရမှာပါ။အကုန်လုံးကရော အသက်ရှင်ကျန်နိုင်ပါ့မလားဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားပေးကြပါဦး။ File size…1.1GB / 516MB Quality…1080p True WEB DL  / 720p Format…mp4 Duration….1h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Death Forest: Forbidden Forest (2014)

2014