Channel Myanmar

2014

I Fine Thank You Love You (2014) 7.1
I Fine Thank You Love You (2014) မင်းသား Sunny နဲ့ မင်းသမီး Ice တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး...ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ...သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ကြည်နူးစရာ တင်ဆက်ထားတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ... လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ .......။ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး Ice Preechaya ခေါ် Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်...ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ.........။(Ye Kyaw Htet မှ အမှန်အကန်ခံစားတင်ဆက်ထားတာပါ။)( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ...
movie

I Fine Thank You Love You (2014)

2014
Kingsman : The Secret Service (2014) 7.7
Kingsman : The Secret Service (2014) Kingsman:The Secret Service ရုပ်ရှင်ဟာ 2014ခုနှစ်ကထွက်ရှိထားတဲ့ Action ကားကောင်းတစ်ခုဖြစ်ပါတယ်IMDB 7.7 နဲ့ Rotten Tomatoes 74%ရရှိထားပါတယ်သရုပ်ဆောင်တွေအနေနဲ့ မင်းသားကြီး Colin Firth,Samuel L.Jackson,Taron Egerton တို့ပါဝင်သရုပ်ဆောင်ထားတဲ့နာမည်ကြီး action ကားကောင်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ငယ်စဉ်ကတည်းက အဖေမရှိတော့တဲ့ အဂ်ဆီတစ်ယောက် မိခင်ဖြစ်သူပထွေးနှိပ်စက်ခံရတာကို လက်ပိုက်ကြည့်နေရပါတယ်တစ်ရက်မခံနိုင်လို့ ပြန်လုပ်ရင်း ရဲစခန်းရောက်သွားတဲ့အခါ.....လည်ပင်းမှာဆွဲထားတဲ့ အဖေ့ဂုဏ်ပြုတံဆိပ်က ဖုန်းနံပါတ်ခေါ် လာကယ်ဖို့တောင်းဆိုတဲ့အခါ......ဘယ်သူလာကယ်တင်မှာလဲ.....သူဘယ်လိုပြောင်းလဲသွားမှာလဲ....download ဆွဲကြည့်လိုက်ပါ(ဘာသာပြန်ပေးထားသူကတော့အိပပစံပါ) File Size : (2.16 GB) , (0.99 GB)  Quality : Uncut Blu-Ray (1080p 5.1,720p) Running Time : 2hr 09min Format : Mkv and Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : UNCUT.1080p.BluRay.x264-VETO Translated ...
movie

Kingsman : The Secret Service (2014)

2014
Race Gurram (2014) 7.3
Race Gurram (2014) Race Gurram (2014) ===================IMDB Rating 7.3 / 9.8k၂၀၁၄ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားအာလူးအာဂျွန်ရဲ့အက်ရှင်ဇာတ်လမ်းကောင်းတပုဒ်ပါ....အက်ရှင်ခန်းအလန်းတွေ မင်းသားအာလူးရဲ့သရုပ်ဆောင်မိုက်ချက်တွေကြောင့်CMကနေ တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းအားလူးနဲ့သူ့အကိုရမ်က ညီအကိုရင်းဆိုပေမယ့်အကျင့်စရိုက်က တစက်မှမတူတဲ့ညီအစ်ကိုနှစ်ယောက်ပေါ့အားလူးက ခေတ်ရှေ့ပြေး လူငယ်ဆန်တဲ့စရိုက်နဲ့ ကောင်လေးရမ်ကတော့ စည်းကမ်းကြီးပြီး စနစ်တကျနေတတ်တဲ့လူပေါ့...ညီအစ်ကိုနှစ်ယောက်လုံးရဲ့ စရိုက်ခြားနားမှုနဲ့ မင်းသမီးလေးရှရှုတီယာရဲ့ ချစ်စရာအမူအရာလေးတွေကြားဘောလိဝုဒ်ပရိတ်သတ်တို့အကြိုက်တွေ့စေမှာမို့တင်ဆက်ပေးလိုက်ပါတယ်...   File size…3.4GB / 1.4Gb  Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (hard sub) Encoder….X - Cross Translated by Chan Myae
movie

Race Gurram (2014)

2014
Predestination (2014) 7.5
Predestination (2014) Predestination (2014) IMDb - 7.5/10_____Rotten - 83% ## Bluray 1080p & 720p updated ##    ရုပ်ရှင်သမိုင်းတွင် အထူးခြားဆုံး ဇာတ်ကားတစ်ကားပါ။ ဘာကြောင့်ထူးခြားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်။ ကျွန်တော်ဘာကြောင့်ဆိုတာ မပြောလိုပါ။ ဒီဇာတ်ကားအကြောင်း မသိလေ ပိုကောင်းလေပါပဲ။ ထိုမှသာ ဒီကားဘာကြောင့် ဘယ်လို ကောင်းတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့သက်သေထူနိုင်မှာ ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ ကျွန်တော် ဦးနှောက်ကို စဉ်းစားစရာ အတွေးတွေနဲ့ အလုပ်လုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့နှလုံးသားကို အရည်ပျော်သွား စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို အတိုချုံးပီး ပြောရမယ်ဆိုရင်တော့ Fizzle Bomber ဆိုတဲ့ အကြမ်းဖက် Bomber တစ်ယောက်ကို Time Travelling လုပ်ပြီး လိုက်ဖမ်းဆီးဖို့ကြိုးစားတဲ့ စုံထောက်တစ်ယောက်အကြောင်းပါပဲ။ ဒီလောက်သိရင် လုံလောက်ပါပြီ။ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ သနားဖို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အဖြစ်မှန်ဟာ ...
movie

Predestination (2014)

2014
The Teacher’s Diary (2014) 7.9
The Teacher’s Diary (2014)  Teacher's Diary(2014)အချစ်ဆိုတာ ဒီလိုဖြစ်တယ် ဟိုလိုဖြစ်တယ်ဆိုပြီး တစ်ခုတ်တရပြောကြ၊ငြင်းကြရလောက်တဲ့အထိ ဝေခွဲမရနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတယ်လို့ထင်မှတ်ထားတယ်မလား။အမှန်တော့ အချစ်ထက်ဆန်းကြယ်ပြီး အချစ်ကိုတောင်ဦးဆောင်နိုင်တဲ့အရာဟာ "ဖူးစာ"ပါ။လူသားနှစ်ယောက်ဟာအမှတ်တမဲ့ကိစ္စလေးတွေကနေ ဘဝခရီးတစ်ခုကိုအတူတူလျှောက်လှမ်းဖို့အကြောင်းဖန်လာတယ်ဆိုရင် အချစ်ထက်ပိုစွမ်းအားကြီးတဲ့ "ဖူးစာ" ရဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဆိုတာကို သံသယမရှိပါနဲ့။ဒီလိုပေါ့ပါ့ပါးပါးကြည်နူးစရာဖြစ်ရပ်လေးတွေကို လေးလံတဲ့လူသားဒုက္ခတွေကြားမှာအကောင်းဆုံး ပုံဖော်ပြသသွားခဲ့တာ Teacher's Diary ဆိုတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်လမ်းလေးမှာပါ။Song ဆိုတဲ့ကောင်လေးဟာ ခက်ခဲတဲ့ဘဝပေးအခြေအနေတစ်ခုမှာ ဘာအလုပ်ဖြစ်ဖြစ်စပြီးရင် ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်ပိုင်ရှင်လူငယ်လေးတစ်ယောက်။သူ ရေပေါ်ကျောင်းကိုစရောက်တော့ ထွက်ပြေးချင်လောက်အောင်အဲ့ကျောင်းမှာလိုအပ်ချက်အရမ်းများတယ်။ဒါပေမယ့် သူကံကောင်းသွားတာက သူ့အရင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ Ann ဆိုတဲ့ဆရာမလေးရေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကြောင့်ပါ။Ann ဟာသူကြုံတဲ့အခက်အခဲတွေနဲ့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုဒိုင်ယာရီစာအုပ်ထဲမှာကောင်းကောင်းမှတ်တမ်းတင်ရေးထားခဲ့တယ်။ဒါတွေကိုဖတ်ပြီး Song တစ်ယောက်ပြဿနာတွေကိုဖြေရှင်းဖို့ အားအင်နဲ့နည်းလမ်းတွေရခဲ့တယ်။Ann ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးဖတ်ပြီးတဲ့နောက် Ann မြတ်နိုးခဲ့တဲ့ရေပေါ်ကျောင်းလေးနဲ့ ကလေးတွေကိုပါ Song တစ်ယောက်ချစ်ခင်တတ်ခဲ့ပြီ။Ann ရဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း အထီးကျန်ခြင်း ဝမ်းနည်းခြင်းတွေကိုသိရှိခံစားပြီးတဲ့နောက် Song ဟာ ဒိုင်ယာရီစာအုပ်ပိုင်ရှင် Ann ကိုအရမ်းတွေ့ချင်လာတယ်။Ann တစ်ယောက်သံယောဇဉ်ကြောင့်ကျောင်းလေးကိုပြန်လာတော့ သူ့ဒိုင်ယာရီစာအုပ်လေးမှာသူမရှိတုန်း သူမသိလိုက်တဲ့အကြောင်းအရာတွေဖြစ်ပျက်သွားတာတွေ့ခဲ့ရတယ်။အဲ့လိုဖြစ်ရပ်တွေကို ထပ်ပြီးဖြည့်စွက်ထားတဲ့ Song ဆိုတဲ့ကျောင်းဆရာလေးမှာလည်းရေပေါ်ကျောင်းနဲ့ကလေးတွေကို သူ့လိုပဲချစ်ခင်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဆိုတာသိရှိပြီးနောက် Ann ဟာလည်း ...
movie

The Teacher’s Diary (2014)

2014
A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014
Confession (2014) 6.7
Confession (2014) Confession (2014) ==================IMDb Rating - 6.7/10ယော်ရောဘွန်းတို့ "Confession" လို့ကြားလိုက်ရင် ဘာကိုပြေးမြင်လဲ "အချစ်ဝန်ခံချက်" လို့ပဲအရင်ဆုံးထင်လိုက်ကြတယ်မလားဒါပေမယ့်.....ဟျွန်းထယ် (Ji Sung) , အင်ချော (Ju Jihoon) နဲ့ မင်ဆူ(Lee Gwan Soo) တို့ကငယ်ငယ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတယ်။ ဟျွန်းထယ်က ဆွံ့အနားမကြားတဲ့ မိန်းမနဲ့ သမီးလေးတစ်ယောက်ရှိတယ် ကယ်ဆယ်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်တယ် သူက လူတွေကို ကယ်ဆယ်တဲ့အလုပ်လုပ်နေတော့ အရာအားလုံးကို တရားမျှတတာကိုကြိုက်တယ်။ အင်ချောက အာမခံလုပ်ငန်းမှာလုပ်ကိုင်ပြီး "ညစ်တတ်တယ် လိမ်တတ်တယ်" လို့ အသိများကြတယ်။ မင်ချောကတော့ စီးပွားရေးလုပ်ငန်းအသေးလေး လုပ်ကိုင်ပြီး သူ့သူငယ်ချင်းတွေအပေါ် မှီခိုနေတဲ့ ပျော်ပျော်နေတတ်တဲ့ လူရိုး‌လူလိမ္မာလေးပါ။ တစ်နေ့မှာ သူတို့ ၃ ယောက်ထဲက တချို့ကအားလုံး အတွက်ကောင်းမယ် ဆိုတဲ့ အလုပ်တစ်ခုကို လုပ်လိုက်မိတယ်၊ ဒါပေမယ့် အဲ့အလုပ်က သူတို့ကို ပြစ်မှုကျူးလွန်သူတွေ ဖြစ်လာစေပြီး အချင်းချင်းအထင်လွဲမှုတွေဖြစ်လာတယ်။ သူတို့ရဲ့ ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေးကိုပါ ထိခိုက်လာတယ်။ ဝမ်းနည်းစရာကောင်းလောက်အောင် "အားလုံး ကောင်းအောင် လုပ်ပေမယ့် အဆိုးဆုံး"တွေဖြစ်လာခဲ့တယ်။ ဒီကားလေးရဲ့ အင်္ဂလိပ်နာမည်က "Confession" ...
movie

Confession (2014)

2014
The Amazing Spider-Man 2 (2014) 6.7
The Amazing Spider-Man 2 (2014) ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie

The Amazing Spider-Man 2 (2014)

2014
4K HEVC
The Target (2014) 6.3
The Target (2014) ဒီကိုရီးယားကားကတော့ Action/Thriller ထဲမှာ တော်တော်ကောင်းတဲ့ကားမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်။မင်းသားမင်းသမီးတွေကလဲ Ryu Seung-ryong,Lee Jin-wook,Cho Yeo-jeong တို့လို တကယ့်နာမည်ကြီးဖိုက်တာတွေချည်းပါပဲ...ဇာတ်လမ်းကတော့မမျှော်လင့်တဲ့ ကိစ္စတစ်ခုကြောင့် ထွက်ပြေးလာရတဲ့ သူက ကားတိုက်မှုနဲ့ ဆေးရုံရောက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ထပ်ပြီးမမျှော်လင့်စရာကောင်းတာက ကုပေးရတဲ့ ဆရာဝန်ပါ။ သူ့ရဲ့ဇနီးကို အကြပ်ကိုင်မှုနဲ့အတူ ဆေးရုံကို ဘယ်ကနေဘယ်လို ဘယ်ကိစ္စကြောင့်ရောက်လာမှန်းမသိတဲ့သူကို ကယ်ထုတ်ရပါတယ်။ ဒီကြားထဲမှာလဲ ကိုရီးယားရဲတွေ၊ စုံထောက်တွေ၊ ထောက်လှမ်းရေးတွေက အဲဒီလူကို အသည်းအသန်လိုချင်နေကြတယ်။ အကြောင်းအရင်းကတော့ အဆောက်အဦးပိုင်ဆိုင်မှုကိစ္စအရှုပ်တော်ပုံမှာ လူသတ်တရားခံအဖြစ် သံသယရှိလို့ပါတဲ့။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး သနားဖို့လည်းကောင်း အက်ရှင်ခန်းတွေလည်းကောင်းပါတယ်လို့ ပြောရမယ်။ကိုရီးယားတို့ထုံးစံအတိုင်း ဇာတ်လမ်းလေးတော့ အနည်းငယ်ရှုပ်သယောင်ထင်ရပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ရနေတာကလည်း မမျှော်လင့်ရတာပါပဲ။ ဒါကြောင့် လူသတ်တရားခံအဖြစ် သံသယရှိသူနဲ့ ဆရာဝန်တို့ ဘယ်လို ၂ ပါးသွားကြမလဲ၊ သူတို့ကို ရဲတွေက ဘာကြောင့် အသည်းအသန်လိုချင်နေကြလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ File size…(1.3 ...
movie

The Target (2014)

2014
The Expendables 3 (2014) 6.1
The Expendables 3 (2014) The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာ​နေတဲ့ ဇာတ်ကွက်​တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p HEVC IMDb Rating__6.1/10 Format__mp4 Duration__1h43min Type__Action, Adventure, Triller Subtitle__Myanmar Subtitle (Hardsub) Encoded ...
movie

The Expendables 3 (2014)

2014
HEVC 1080p 5.1
Nightcrawler (2014) 7.9
Nightcrawler (2014) IMDb Rating (7.8) / Rotten Tomatoes (95%)အကြံအဖန်လုပ်တတ်တဲ့သူခိုး... အဲဒီလိုပြောလို့ ဒီ Nightcrawler ကို သူခိုးကားလို့မထင်ပါနဲ့။ ဒီကားဟာ တကယ်တော့ သတင်းထောက်ကားလို့တောင်ပြောလို့ရတယ်။ မင်းသားက Jake Gyllenhaal ဆိုတော့ သရုပ်ဆောင် လန်ထွက်ချက်က ၂ချက်​လောက် နားရင်းအုပ်ချင်လာမှာပါ...ဇာတ်လမ်းကတော့ မင်းသားက အလုပ်မရှိတဲ့ သူခိုးဂျပိုးပါ။ ဒါပေမယ့် ပညာတတ်သူခိုး​ပေါ့ လူပေါ်လူဇော်လုပ်တတ်တယ်။ အဲဒါနဲ့ တစ်ရက်ကျ အနေအစားချောင်ပြီး မျိုးမျိုးမြက်မြက်ရတဲ့ အလုပ်တစ်ခုကို သူတွေ့သွားတယ်။ အဲဒါက သတင်းရောင်းစားတဲ့အလုပ်... သတင်းရောင်းစားတယ်ဆိုလို့လည်း အထင်မကြီးပါနဲ့။ ကူလီကူမာ မျိုးစုံလုပ်ပြီး သတင်းတွေကို လီဆယ်ပြီး နေရာချ၊ တစ်ကိုယ်ကောင်းဆန်ပြီး အထာမထားတဲ့သူ။ သူ့အနေနဲ့ ပညာရေးအရ အတန်းပညာမတတ်ပေမယ့် လူတစ်ယောက်ကို ဘယ်လို ဆက်ဆံရမလဲ၊ ဘယ်အချိန်မှာ ကလိမ်ကကျစ်ကျရမလဲဆိုတာ မွေးရာပါတတ်နေသလိုမျိုး...မင်းသား Jake Gyllenhaal ကလည်း ဒီလိုမျိုး အကျင့်ယုတ်၊ ကလိမ်ကျတဲ့ ...
movie

Nightcrawler (2014)

2014
Maleficent (2014) 7.0
Maleficent (2014) Maleficent (2014) IMDb - 7.0/10_____Rotten - 54%  Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie

Maleficent (2014)

2014
Kill Me Three Times (2014) 5.9
Kill Me Three Times (2014) Kill Me Three Times (2014)====================IMDb Rating - 5.9/10နာမည်ဆန်းဆန်းနဲ့ ဒီဇာတ်ကားက Dark Comedy အမျိုးအစားရုပ်ရှင်တစ်ခုဖြစ်ပြီးနာမည်ကြီး comedy သရုပ်ဆောင် Simon Pegg က ကြေးစားလူသတ်သမား ချာလီအနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ ကြေးစားလူသတ်သမား ချာလီတစ်ယောက် လဲကျနေရာကနေ အစပြုထားပါတယ်။နောက်ပြီးတော့ တစ်စုံတစ်ခုကို ကြံစည်နေတဲ့ သွားဆေးခန်းက နေသန်နဲ့ လူစီတို့ လင်မယား  သွားဆေးခန်းနဲ့ချိန်းဆိုမှုလုပ်ထားတဲ့ အဲလစ်ဆိုတဲ့ ကောင်မလေးတစ်ယောက်၊ မိန်းမဖြစ်သူအပေါ် အချစ်ကြီးပြီး ခြုပ်ခြယ်လွန်းအားကြီးတဲ့ ဟိုတယ်ပိုင်ရှင် ဂျက်၊ စတိုးဆိုင်ဖွင့်ထားတဲ့ ဒေလန်ဆိုတဲ့ကောင်လေး၊ အဲ့‌ဒီဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ချင်းစီကို ပြသထားတယ်။ အဲ့ဒီ ဇာတ်လမ်းတွေ တစ်ခုနဲ့တစ်ခုကြား ဘယ်လိုချိတ်ဆက်မှုရှိမလဲဆိုတာခပ်ဆန်းဆန်းတင်ဆက်ထားတာကြောင့် ပရိတ်သတ်တွေကဒါကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။(သွေးထွက်သံယိုတွေ ဆဲဆိုခန်းတွေ ၀စ်လစ်စလစ်ခန်းတွေပါတာကြောင့် မိသားစုနှင့်ကြည့်ရှုရန်တော့ မသင့်တော်ပါကြောင်း)(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

Kill Me Three Times (2014)

2014
Monster (2014) 6.5
Monster (2014) Monster(2014) =========== IMDb. = 6.5/10ဒီရုပ်ရှင်ဟာ အလယ်အလတ်အဆင့် ကိုရီးယားရုပ်ရှင်ဆိုတော့ကာ အားနည်းချက်နဲ့ အားသာချက် အလီလီတော့ရှိနေတယ်။ သို့ပေမဲ့ Entertainmentတော့ အပြည့်အ၀ဖြစ်တဲ့ ရုပ်ရှင်ဆိုတာတော့ အာမခံလို့ရပါတယ်။ Thriller, Action အမျိုးအစားပေမဲ့ Thrillerနည်းပြီး Actionများတဲ့ကားလို့ ဆိုရမှာပဲ။ Psychopath လူသတ်သမားဖြစ်တဲ့ Lee Min Ki ရဲ့ သတ်ခန်း‌ဖြတ်ခန်းတွေကိုတော့ လူအတော်များများ အကြိုက်တွေ့ကြမှာပဲ။ရုပ်ရှင်ရဲ့အားသာချက်ကိုပြောရရင်တော့ အားအသာဆုံးအပိုင်းက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုပဲ။ ကလေးသရုပ်ဆောင်က အစအတော်လေး အသက်၀င်တယ်။ သရုပ်ဆောင်ကောင်းဆို cast တွေကလည်း ဆရာတွေကိုး။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ လီမင်ဂီကတော့ Beauty Inside series နဲ့ OH Master မှာ Sociopath ဆန်ဆန် ဇာတ်ရုပ်တွေနဲ့ အတော်လိုက်ဖက် သရုပ်ဆောင်ကောင်းခဲ့တဲ့လူ။ ဒီမှာလည်း Psychopathအနေနဲ့ အတော်လေး သရုပ်ဆောင်တာ ကောင်းတယ်။ နောက်... ပွဲဦးထွက် A Muse (2012)မှာကတည်းက အတော်လေးဂေါ်ခဲ့တဲ့ Goblin နဲ့နာမည်ကြီးတဲ့ ဂင်ဂိုအွန်းကလည်း ကျပ်မပြည့်တဲ့ ဇာတ်ကောင်နေရာမှာ ...
movie

Monster (2014)

2014
In the Name of the King III (2014) 3.1
In the Name of the King III (2014) In the Name of the King III==================== Hazen Kaine ဟာ ယနေ့ခေတ် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဖြစ်ပြီး စီးပွားရေးသမားတစ်ဦးရဲ့ သမီးကို ပြန်ပေးသမားတွေ လက်ကနေ ကယ်တင်ပေးဖို့ ငှားရမ်းခြင်းခံရပါတယ်။ ဒါပေမယ့် ကိစ္စတွေက သူထင်သလို ဖြစ်မလာဘဲ ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ပြီး ထူးဆန်းစွာနဲ့ အလယ်ခေတ်ကို ရောက်ရှိသွားပါတယ်။ အဲဒီကာလမှာ သူဟာ မီးနဂါးကြီးတွေ အလယ်ခေတ် စစ်သည်တွေရဲ့ ရင်ဆိုင်ရပါတယ်။ In the Name of the King III  မှာတော့ Dominic Purcell ကြီးက ‌Hazen Kaine အဖြစ်ပါဝင်ထားပါတယ်။ ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီး နန်းတွင်းဇာတ်ရှုပ်တွေ မှော်ဆရာတွေ၊ သတ္တဝါဆန်းတွေ နဂါးတွေနဲ့ ဖျော်ဖြေရေးမှု ဦးစားပေးတင်ဆက်ထားတာဖြစ်ပါတယ်။ In the name of the king ၃ ကားလုံးကို https://channelmyanmar.org/?s=In+the+name+of+the+king မှာကြည့်လို့ရပါတယ် Quality__1080pIMDb Rating__3.1/10Format__mp4Duration__1h 26minType__Action,Adventure,FantasySubtitle__Myanmar ...
movie

In the Name of the King III (2014)

2014
300: Rise of an Empire (2014) 6.2
300: Rise of an Empire (2014) 300: Rise of an Empire (2014) IMDb - 6.2/10_____Rotten - 44%  #ရုပ်ရှင်မိတ်ဆက်ဒီကားကတော့ 2006 ခုနှစ် တုန်းက ထွက်ခဲ့တဲ့ 300 ဇာတ်ကားရဲ့အဆက် အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက 300 လောက်သိပ်မကောင်းပါဘူး။ အထူးသဖြင့် ဒီကားမှာ စစ် ပွဲကောင်းကောင်းတွေ တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ကျွန်တော်အတွက်တော့ စိတ်ပျက်စရာဖြစ် ခဲ့ပါတယ်။ဇာတ်လမ်းကတော့ Themistokles ဆိုတဲ့ အေသင် မြို့က စစ်သူကြီး က ပထမဆုံးအကြိမ် Persian တွေ စစ်ချီလာကတည်းက ရင်ဆိုင်တွေ့ခဲ့ဖူးသလို၊ Xerxes ရဲ့ အဖေဖြစ်တဲ့ (အဲ့ဒီအချိန်တုန်းက စစ်ချီလာတဲ့ Persian ဘုရင်) Darius ကို ပါ မြှားနဲ့ပစ်ခွင်းပြီး သတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဘုရင့်သားတော် Xerxes ကိုတော့ မသတ်ပဲ လွှတ်ပေးမိရာကနေ Xerxes က နောက်တစ်ကြိမ် ပြန်ပြီး စစ်ချီလာတာဖြစ်ပါတယ်။၃၀၀ မှာတုန်းက Sparta ကို Messenger ...
movie

300: Rise of an Empire (2014)

2014
Rurouni Kenshin: The Legend Ends (2014) 7.6
Rurouni Kenshin: The Legend Ends (2014) Rurouni Kenshin: The Legend Ends (2014)_____IMDb - 7.6/10    2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက် ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက် တင်ဆက်ပေးလိုက်ပါတယ် ဗျ Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့် ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊ မင်းသား Satoh Takeru က Himura Kenshin အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊ အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့် ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့ Kyoto Arc ကို Kyoto Inferno နဲ့ The ...
movie

Rurouni Kenshin: The Legend Ends (2014)

2014