Channel Myanmar
2015
Mr. X (2015) 3.8
Mr. X (2015)  Action ကားလန်းလန်းလေးတွေကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် အက်ရှင်ကားကောင်းလေးတစ်ကားမိတ်ဆက်ပေးလိုက်ပါတယ်။ Mr X (2015) ဆိုတဲ့ ကုလားကားလေးပါ။ဒီကားလေးရဲ့ အကျဉ်းချုပ်ကတော့ ကိုယ်ပျောက်စွမ်းအင်ကို အမှတ်မထင်ပိုင်ဆိုင်သွားတဲ့လူတစ်ယောက်။သူဟာ သူ့အပေါ်မှာ မတရားစော်ကားခဲ့သူတွေ၊ရဲတွေအရေးမယူနိုင်ခဲ့တဲ့၊ အရေးမယူခဲ့တဲ့ ရာဇဝတ်သားတွေကိုလိုက်လံအပြစ်ပေးတဲ့ တရားမျှတတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။အချစ်နဲ့လက်စားချေမှုရောပြွမ်းနေတဲ့ ဒီကားလေးက ကြာမြင့်ချိန်၁၃၃မိနစ်အတွင်းတော်တော်လေးကြည့်ကောင်းတဲ့ ကားလေးလို့ပဲဆိုရမှာပါ။ကုလားကားပရိသတ်တွေကြည့်ရှုခံစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။  Qty - 720p Bluray Duration - 2hr 13min Gern - Action Review - Aye Mon Kyaw Encoder - Kyaw Ye Aung    
movie
Mr. X (2015)
2015
Strangerland(2015) 5.2
Strangerland(2015) ဒီ StrangerLandဆိုတဲ့ ဇာတ်ကားဟာ 5.2IMDbရထားပါတယ်။ နစ်ကိုးကစ်ဒ်မန်း ပရိတ်သတ်တွေ ကြည့်သင့်တဲ့ကားလေးပါ ဇာတ်လမ်းအညွှန်းကတော့ သူမတို့မိသားစုဟာ နိုင်ဂါရီက ဝေးလံခေါင်သီတဲ့ သြစတြေးလျသဲကန္တာရမြို့ကို ပြောင်းရွှေ့နေထိုင်သူတွေဖြစ်ပါတယ်။ သူမတို့ မိသားစုဟာ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ကြပါတယ်...တစ်နေ့မှာ သူတို့ ကလေးနှစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။လင်မယား ၂ယောက်ဟာ ကလေးပျောက်သွားတဲ့အတွက် နည်းမျိုးစုံသုံးပြီးရှာဖွေကြပါတယ်..ဒါပေမဲ့ လိုက်လံရှာဖွေဖို့က အတော်ခက်ခဲနေပါတယ် .. ကလေးရှာဖွေနေတုန်းမှာ တွေ့ကြုံရတဲ့ အနေအထားတွေဟာ သူတို့မမျှောလင့်ထားတဲ့ အံဩစရာအနေအထားမျိုးတွေကြုံတွေ့နေရတယ်.. ထူးဆန်းတဲ့အနေအထားတွေမှာ ကလေးတွေပြန်တွေ့မလား အခက်အခဲတွေကိုရှင်ဆိုင်းဖြေရှင်းနိုင်မလားဆိုတာကိုတော့ ကလေးနှစ်ယောက်လုံးကို ရှာတွေ့နိုင်မလားဆိုတာကိုတော့ ......ကိုင်း ရင်တထိတ်ထိတ်နဲ့ခံစားကြည့်လိုက်ပါဦး  File Size…(831MB) and (301MB) Quality… 720p Format…mp4 Duration…01:54:00 Subtitle by khuppi09 Encoder...Phyo Pyae
movie
Strangerland(2015)
2015
Badlapur (2015) 7.5
movie
Badlapur (2015)
2015
Tarot (2015) 7.5
Tarot (2015)  IMdb 7.5 ရထားတဲ့ ၂၀၁၅ ခုနှစ်ထွက် အင်ဒိုနီးရှား သရဲကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ ကံကြမ္မာရဲ့ ထူးခြားဆန်းကြယ်မှုတွေ တားရော့ ကတ်လေးတွေရဲ့ မယုံနိုင်စရာ ဆန်းကြယ်မှုတွေနဲ့ချစ်သူနှစ်ယောက်ရဲ့ တဲရော့ကတ်တွေနဲ့ ပတ်သတ်ပြီး လှည့်စားမှုတွေတွေ့ကြုံခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ အကြောင်းတွေကိုပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျူလီ နဲ့ ထွိုင်စတန် တို့ ချစ်သူနှစ်ယောက်ဟာ မကြာခင်မှာလက်ထပ်ကြတော့မှာဖြစ်ပြီး သူတို့ ရဲ့ အနာဂတ်ဟာလည်း သာယာလှပမယ်လို့ယုံကြည်ထားပါတယ် ဒီလိုနဲ့ တစ်နေ့မှာ တဲရော့ကတ်တွေနဲ့ ဟောတဲ့ ဗေဒင်ကို သွားကြည့်တဲ့အခါမှာ သူတို့ဖောက်လိုက်တဲ့ ကတ်လေးတွေ သူတို့ ၂ယောက်ရွေးချယ်လိုက်တဲ့ သူတို့ရဲ့ ကံကြမ္မာက ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ Qty - 720p Web dlDuration - 1hr 55minGern - Drama/ Mystery/ HorrorSubtitle - Myanmar HardsubTranslator - Saw WunnaEncoder - ...
movie
Tarot (2015)
2015
The Fits(2015) 6.7
The Fits(2015) The Fits(2015) ဇာတ်လမ်းလေးမှာ တိုနီဆိုတဲ့ ၁၁နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ လက်ဝှေ့အားကစား သင်ယူလေ့ လာနေတဲ့သူတစ်ယောက်ပါ...ဒါပေမဲ့ ဘေးခန်းမရဲ့ အကသင်တန်းကိုကြည့်နေရင်း သူမစိတ်ပြောင်းသွားတယ်။သူမဟာ အကအဖွဲ့နဲ့ပူးပေါင်းခဲ့တယ်.. နောက်ပိုင်းမှာ ၎င်းမိန်းကလေး လေ့ကျင့်တဲ့ အားကစားခန်းမက မိန်းကလေးများအား ထူးဆန်းတဲ့ရောဂါတွေ တစ်ယောက်ပြီးတစ်ယောက် ခံစားရလာတာကို တွေ့ရှိရပါတယ်။ ထူးဆန်းတာက ဒီရောဂါဟာ ယောင်္ကျားလေးတွေမှာမဖြစ်ဘဲ မိန်းကလေးတွေမှာပဲဖြစ်တတ်တာပါ။ ခေါင်းဆောင်မိန်းကလေး တိုနီတစ်ယောက်ရော ရောဂါဖြစ်သွားမှာလား။ ဘယ်လိုတွေဆက်ဖြစ်မလဲ။ နောက်ဆုံးတွေးစရာတစ်ခုခုကျန်နေခဲ့စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ရောဂါရဲ့ဇစ်မြစ်ကိုရှာဖွေရင်း ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ကားလေးပါ...   File Size…(675MB) and (212MB) Quality…HD-Rip 720p Format…mp4 Duration…01:12:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by Yae Yint May 
movie
The Fits(2015)
2015
Thani Oruvan(2015) 8.6
Thani Oruvan(2015)  ဒီတစ်ခါတော့IDM8.6အထိရရှိထားတဲ့ဘောလိဝုဒ်ကားတစ်ကားနဲ့မိတ်ဆတ်ပေးချင်ပါတယ်။ဇာတ်ကားလေးက၂၀၁၅မှာထွက်ရှိထားတဲ့THANI ORUVAN ကားလေးပါ။ ဇာတ်ကားလေးကအက်ရှင်ကားတစ်ကားဖြစ်ပြီးရဲတစ်ယောက်ရဲ့လှုပ်ရှားပုံတွေကိုဖော်ညွန်းထားလို့လို့စုံထောက်ကားတွေကြိုက်တဲ့သူတွေအတွတ်ကြည့်သင့်တဲ့ကားလေးပါ။မီးလ်သရမ်ဆိုတဲ့IPS အရာရှိရဲတစ်ယောက်ဟာရာဇဝတ်မှုတွေကိုသူ့ရဲ့သူငယ်ချင်းရဲအရာရှိတွေနဲ့အတူတူလျို့ဝှက်ဖော်ထုတ်ပေးနေတာပါ။တစ်ရက်မှာအမှုတစ်ခုကိုလိုက်ရင်းနဲ့မထင်မှတ်ဘဲသူလျို့ဝှက်စုံစမ်းထားတဲ့ အမှုတွေနဲ့ဆက်စပ်တဲ့ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကိုသိရှိသွားပါတယ်။အဲ့ဂိုဏ်းကိုချူပ်ကိုင်နေတဲ့သူတွေဟာလည်းနှယ်နှယ်ရရလူတွေမဟုတ်ဘဲစီးပွားရေးလုပ်ငန်းရှင်တွေအစိုးရဌာနအကြီးအကဲတွေကိုယ်တိုင်ဖြစ်နေပါတယ်။ အဲ့ဂိုဏ်းရဲ့ခေါင်းဆောင်လို့ယူဆရတဲ့ဆီဒါက်ရှ်ဆိုတဲ့သိပွံပညာရှင်တစ်ယောက်ဟာဆေးဝါးတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့သူ့လက်အောက်ငယ်သားကိုရှင်းပစ်ခဲ့ပြီးအဲ့ဆေးဝါးကိုလက်ဝါးကြီးအုပ်ဖို့ကြံစည်ခဲ့ပါတယ်။ဆီဒါက်ရှ်ဟာအဲ့ဆေးဝါးကိုခလေးငယ်တွေနဲ့စမ်းသပ်ခဲ့ပြီးခလေးငယ်တွေသေဆုံးမှုတွေလည်းဖြစ်လာပါတယ်။မီးလ်သရမ်ကလည်းနောက်ဆုံးသူလိုက်ခဲ့တဲ့အမှုနဲ့ဆက်စပ်ပြီးအဲ့ခလေးငယ်တွေသေဆုံးမှုရဲ့နောက်ကွယ်မှာရှိနေတဲ့ဆီဒါက်ရှ်ကိုဖမ်းဆီးဖို့ကြိုးစားလာပါတယ်။ဆီဒါက်ရှ်ရဲ့နောက်မှာလည်းဝန်ကြီးတွေပါတီခေါင်းဆောင်တွေရှိနေတဲ့အတွတ်သူ့အနေနဲ့ဘယ်လိုဖမ်းဆီးနိုင်မှာလဲ။ဒါမှမဟုတ်ဆီဒါက်ရှ်ကဘဲ မီးလ်သရမ်ဆိုတဲ့IPSအရာရှိကိုဒုက္ခရောက်အောင်ပေးနိုင်မလားဆိုတာဇာတ်လမ်းပြီးတဲ့အထိရင်ခုန်စွာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကို Crystal Light ပါFile Size…(849MB) Quality…HD-Rip 720p Format…mp4 Duration…02:41:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by Crystal Light 
movie
Thani Oruvan(2015)
2015
One Night in Taipei(2015) 4.1
One Night in Taipei(2015) Dark Side Production ================= One night in Taipei  (2015) မြန်မာစာတန်းထိုး Dark Side Production မှတင်ဆက်သည်။ ဒီကားလေးကတော့ ခပ်ဟော့ဟော့မိန်းမချောလေးတွေ အများစုအသုံးပြုရိုက်ထားပါတယ် အချစ်ကို ကိုးကွယ်တဲ့သူ အချစ်လို့ခေါင်းစဉ်တပ်ပြီး စီးပွားရှာနေသူ .... အချစ်ကိုတန်ဘိုးထားပေမဲ့လည်း ကောင်းမွန်တဲ့ ဘ၀တစ်ခုရှာဖွေဖို့ ယေကျာ်းတွေနဲ့ဆက်ဆံနေရတဲ့သူ..စတဲ့ မိန်းကလေးတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်.... ကလပ်တစ်ခုအခြေပြုထားလေတွော အချိန်တော်တော်များများ အဖော်အချွတ်နဲ့ 18+ senceတစ်ချို့ပါလေတော့ မိသားစုနဲ့မကြည့်သင့်ပါဘူး  File Size…(736MB) and (375MB) Quality…HD-Rip 720p Format…mp4 Duration…01:21:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by JUNEဒေါင်းလုတ်လင့်ကို Comment မှာယူကြပါ။#DarkSide  
movie
One Night in Taipei(2015)
2015
Mr. Six (2015) 7.1
Mr. Six (2015) EXO-M အဖွဲ့ဝင် Kris Wu ,မင်းသား Li Yifeng နဲ့မင်းသားကြီး Feng Xiaogang တို့အဓိကပါဝင်ထားတဲ့ ဒီတရုတ်ဇာတ်ကားဟာ Crime/Drama အမျိုးအစားဖြစ်ပြီး IMDb Rating (7.1) ,Rotten Tomatoes (80%) ထိရရှိထားပါတယ်။ဇာတ်လမ်းကတော့.....တစ်ချိန်က အရှိန်အ၀ါရှိခဲ့ တဲ့၊ လူဆိုးလူတေတစ်ယောက်ဖြစ် ခဲ့တဲ့ လျူယဲ့ခေါ်လောင်ပေါင်အာ (မစ္စတာဆစ်)ဟာ အသက် (၅၀) အရွယ်လောက်ရောက်လာတဲ့ အခါမှာတော့ အထီးကျန်ဆန်စွာ နေခဲ့ရပါတယ်။ ဓားရေးကျွမ်းကျင် လှတဲ့၊ မာဖီးယားဂိုဏ်းသားတစ်ဦး ဖြစ်တဲ့ မစ္စတာ ဆစ်မှာရှောင်ဘို (ဘော်ဘီ)ဆိုတဲ့ သားတစ်ယောက် ရှိပေမယ့် သိပ်အစေးမကပ်လှပါ ဘူး။ တစ်ရက်မှာတော့ အစိုးရ အကြီးအကဲတစ်ယောက်ရဲ့ သား ပိုင်တဲ့ အဖိုးတန်ပြိုင်ကားကို ပျက် စီးစေမှုတစ်ခုနဲ့ ဘော်ဘီပြန်ပေး ဆွဲခံခဲ့ရပါတယ်။ ဘော်ဘီကို ဖမ်း သွားတဲ့လူဆိုးအဖွဲ့ခေါင်းဆောင် ရဲ့ မိသားစုဟာ နောက်ခံအခြေအ နေကောင်းတာကြောင့် ကိုမာဖြစ် ...
movie
Mr. Six (2015)
2015
[18+] Love Clinic (2015) 6.0
[18+] Love Clinic (2015)    တစ်ညလုံးနှစ်ယောက်တည်း အတူရှိနေတဲ့ ယောင်္ကျားလေးနဲ့မိန်းကလေး နောက်နေ့မနက်အထိ…ဘာမှောက်မှားမှုမှ မဖြစ်တာဘာကြောင့်ပါလဲ...     မိန်းကလေးကိုယ်တိုင် Sexy dance နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် မာယာအပြည့်နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် ခန္ဓာအလှနဲ့ဆွဲဆောင်တယ်… အဲ့ဒါတောင်…ယောင်္ကျားလေးဖြစ်သူက တုံ့ပြန်မှုတစ်စုံတစ်ရာမပေးတာ ဘာကြောင့်ပါလဲ… ဘာကြောင့်လဲဆိုတာကို ဖန်တီးရိုက်ကူးထားတဲ့ Love Clinic ဆိုတဲ့ ကိုရီးယားဇာတ်ကားဟာ IMDb Rating (6.0) ရရှိထားပါတယ်။ ဇာတ်လမ်းလေးက ချစ်မှုရေးရာဖွဲ့ဇာတ်လမ်းလေးပါ။ မိသားစုနဲ့ကြည့်ဖို့မသင့်တော်လို့သာ 18+ ခေါင်းစဉ်တပ်ထားပေမယ့် Comedy,Drama ဇာတ်လမ်းလေးပါပဲ။    ဇာတ်လမ်းအကျဉ်းကတော့... Wang Seong-ki (မင်းသားOh Ji-ho) က အမျိုးသမီး သားဖွားဆရာဝန် / မီးယပ်သားဖွားပညာရှင်ပါ။ Gil Sin-seol (မင်းသမီးKang Ye-won) ကတော့ ဆီးရောဂါပါရဂူပါ။ Gil Sin-seol (Kang Ye-won) က သူ့ဖခင်ဆရာဝန်အပေါ်မခံချင်စိတ်နဲ့ အမျိုးသားမျိုးပွားအင်္ဂါအထူးပြုပညာရှင်ဖြစ်ဖို့ကြိုးစားနေသူပါ။ Wang Seong-ki ရော Gil Sin-seol မှာပါ လျှိုု့ဝှက်ချက်တွေကိုယ်စီရှိလို့ချစ်သူတွေမထားကြပါဘူး။ သူတို့နှစ်ယောက်မမျှော်လင့်ဘဲ အဆောက်အအုံတစ်ခုအတွင်းမှာ ကပ်လျှက်ဆေးခန်းဖွင့်မိတဲ့အခါမှာတော့.. တစ်ယောက်နဲ့တစ်ယောက်အမြင်စောင်းမှု၊အဆင်မပြေမှု၊အလွဲလွဲအမှားမှားတွေကြားက ချစ်ခရီးလမ်းလေး လျှောက်မိတဲ့အခါ…. ။ ဒီဇာတ်ကားကိုကြည့်ပြီး သိလာရတာက... ချစ်တယ်ဆိုတာ စိတ်နဲ့တင်ချစ်နေလို့မရပါဘူး… ချစ်တာကို ချစ်နေမှန်းသိအောင်ပြသဖို့လည်း လိုပါတယ်။ #AYK (ရုပ်ရှင်အညွှန်းကို myanmarload.com မှကူးယူဖော်ပြပါသည်။)   File Size…(900 MB)Quality…HD-Rip ...
movie
[18+] Love Clinic (2015)
2015
Nil Battey Sannata(2015) 8.5
Nil Battey Sannata(2015) IMDb....8.5,,,,,,Rotten....87% အောက်ခြေလူတန်းစားအမျိုးအစားကိုယေဘုယျအနေနဲ့ ဆိုက္ကားသမား အငှားယာဉ်မောင်း တောင်သူလယ်သမား အိမ်ဖော် လက်လုပ်လက်စားနေ့စားသမားများလို့ သတ်မှတ်ရမလား ကျွန်တော်လည်း မကွဲပြားဘူး ဒါပေမဲ့ အိမ်ဖော်တစ်ယောက်ရဲ့သားသမီး လယ်သမားတစ်ယောက်ရဲ့သားသမီးတွေဟာ ဆရာဝန် အင်ဂျင်နီယာ အောင်မြင်တဲ့စီပွားရေးလုပ်ငန်းရှင် စတဲ့ အနေအထားမျိုးတွေကိုကူးပြောင်းဖို့ဆိုတာတော့ ရုပ်ရှင်မဆန်လှဘူး....ဘာလို့ဆို သူတို့နေတဲ့အသိုင်းအ၀န်း မိဘရဲ့ထောက်ပံ့ပေးနိုင်မှု ခံယူချက်စတာတွေဟာ အပေါ်ကကျွန်တော်ပြောခဲ့တဲ့အနေအထားတွေကို အကောင်အထည်ဖော်ဖို့ သီးခြားဆန်နေတယ်....ကြာပန်းဆိုတာ ရွှံနွံတွေပေါ်မှာပေါက်တယ်တို့ ပတ္တမြားမှန်လျှင် နွံမနစ်ဘူးဆိုတဲ့ အဆိုတွေရှိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ ဒီလိုမျိုးဖြစ်ပျက်တာတွေက ၁ ကနေ ၁၀ အထိရေတွက်တတ်တဲ့ကလေးကိုရေခိုင်းရင်တောင် ရနိုင်ပါတယ် ဒီအိန္ဒိယကားလေးထဲမှာ အိမ်အကူအမေတစ်ယောက်နဲ့ ၁၀တန်းကျောင်းတက်နေတဲ့ သူ့သမီးလေးအကြောင်း ရိုက်ပြထားတာပါ......အမေက အိမ်အကူဖြစ်ပေမဲ့ သူ့သမီးလေးကို ၁၀တန်းအောင်မြင်ပြီး ပညာတတ် အမျိုးသမီး လေးဖြစ်ချင်တယ် ဒါကြောင့် သူအမျိုးမျိုးကြိုးစားတယ် သမီးလေးရဲ့ခံယူချက်ကိုပြောင်းလဲဖို့ရယ် ငွေတွေရသလောက်ရှာဖို့ရယ် သူဘယ်လောက်ကြိုးစား ကြိုးစား သမီးလေးရဲ့စိတ်ထဲမှာ ၁၀တန်းအောင်လည်း ကျောင်းထားဖို့ပိုက်ဆံမတတ်နိုင်တဲ့ အမေရဲ့အဖြစ် ၊ အိမ်အကူ သမီးက အိမ်အကူပဲဖြစ်မယ်ဆိုတဲ့ သမီးရဲ့ခံယူချက် ယုံကြည်ချက်ကို ရိုက်မချိုးနိုင်ခဲ့ဘူး .......ဒါပေမဲ့သူလက်မလျှော့ဘူး. ကျွန်တော်ပြောတာတွေက ဒီကားကိုပေါ့ပျက်စေလို့ ဆက်မပြောတော့ဘူး . ဒီကားက လူတိုင်းကြည့်သင့်တယ်လို့ကျွန်တော်ထင်တယ် ဇတ်လမ်းရဲ့ ...
movie
2015
Wolf Warrior (2015) 5.4
Wolf Warrior (2015) ဒီနေ့ အတွက်တော့ အတိုက် အခိုက်၊ အပစ်အခတ်နဲ့ ခပ်သွက် သွက် အက်ရှင်ကားကြည့် ပရိ သတ်အတွက် တရုတ်အက်ရှင် ကားလေးဖြစ်ပါတယ်။အထူး ရဲတပ်ဖွဲ့က တပ်ကြပ် ကြီး လန်ဖန် ဟာ လက်ဖြောင့်သေနတ် သမား တစ်ဦးဖြစ်ပြီး တစ်ရက် မှာ သူတို့ တပ်ဖွဲ့တရားမဝင် ဘိန်း ထုတ်တဲ့ စက်ရုံကို ဝင်ရောက်နှိမ်နင်းရင်း ဘိန်းရာဇာ တစ်ယောက် နဲ့ ထိပ်တိုက် ဆုံခဲ့ပါတယ်။ဘိန်းရာဇာက ဓားစာခံ တစ်ယောက်ကို အကာအကွယ် ယူရင်း အထူးတပ် ဖွဲ့ဝင်တစ်ယောက်ကို သေနတ် နဲ့ ပစ်ခဲ့တာကြောင့် လန်ဖန် က အထက် အမိန့် ကို မစောင့်ဘဲ ကိုယ့် သဘော နဲ့ ကိုယ် ဘိန်းရာဇာကို သေနတ်မှန်အောင်လုပ်ခဲ့ပါတယ်။အမိန့် မနာခံမှု နဲ့ လန်ဖန် တစ်ယောက် အထူးရဲ တပ်ဖွဲ့က ...
movie
Wolf Warrior (2015)
2015
Batman vs. Robin (2015) 7.1
Batman vs. Robin (2015)   Bruce Wayne ရဲ့သား Damian Wayne က သူ့အဖေရဲ့လူမသတ်ရစည်းမျဉ်းကို သဘောမကျဖြစ်နေချိန်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူ့ကိုကမ်းလှမ်းခဲ့ပါတယ်။ သူ့ရဲ့အနာဂတ်ကို အဲ့ဒီလျှို့ဝှက်အဖွဲ့အစည်းထဲမှာ နှစ်မြုပ်လို့ရပြီလို့ထင်မိတဲ့အခါမှာ ...... (အိမ်း ကွကိုကြိကြပါ) Gotham မြို့မှာပျောက်ဆုံးနေတဲ့ကလေးတွေနဲ့ပတ်သက်ပြီး Damian က Doll Maker ကိုရှာခဲ့ပါတယ်။ Damian က သူ့ရဲ့ပင်ကိုဗီဇအတိုင်း Doll Maker ကိုသတ်ဖို့အထိစဉ်းစားခဲ့ပေမဲ့ သူ့အဖေ Batman ရဲ့ လူမသတ်ရတဲ့ စည်းမျဉ်းကိုတော့ မတွန်းလှန်နိုင်ခဲ့ပါဘူး။ အဲ့အချိန်မှာ Damian ကိုအမြဲစောင့်ကြည့်နေတဲ့ Talon က Damian ကို လူမသတ်ရစည်းမျဉ်းကိုကျော်လွန်နိုင်ဖို့နဲ့ ပင်ကိုဗီဇကိုသာ အလေးပေးဖို့ပြောကြားခဲ့တယ်။ ပြီးတော့ Talon က Damian ကို ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ် ....... ?Gotham မြို့ရဲ့ အခမ်းနားဆုံးမိသားစုနှစ်ခုဖြစ်တဲ့ Wayne family နဲ့ Vanaver family ရဲ့ မျိုးဆက်ဖြစ်တဲ့ Bruce Wayne နဲ့ ...
movie
Batman vs. Robin (2015)
2015
The Piper (2015) 6.3
The Piper (2015) The Piper (2015) ________IMDB - 6.3/10IMDb  Rating 6.3 ရထားတဲ့ ကိုးရီးယား  Horror/Mystery ဇာတ်ကားလေးပါ၊ နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိပါမှာ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးပါ၊ ဇာတ်လမ်းလေးကတော့ ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲပြီးခါစအချိန်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲအတွင်းမှာ ဇနီးဆုံးသွားတဲ့အတွက် “ကင်ဝူကျုံး” ဟာ ကလေးကိုတစ်ယောက်တည်း ပြုစုခဲ့ရတဲ့ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာတစ်ဦးပါ။ သူ့သားလေးမှာ TB ရောဂါဖြစ်နေတဲ့အတွက်ဆေးကုဖို့ ဆိုးလ်ကို သားအဖနှစ်ယောက် ခြေလျင်ခရီးဆက်လာခဲ့တယ်။ စာမတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်  နိုင်ငံခြားသားတစ်ယောက်က အမြင်ကပ်ကပ်နဲ့ “Kiss your ass Monkey” လို့ရေးပေးလိုက်တာကိုဆိုးလ်မှာဆေးကုလို့ရမယ့်နေရာလိပ်စာထင်ပြီး ဒါလေးကိုကိုင်ပြီး ဆိုးလ်ကိုတက်လာခဲ့တယ်။ လမ်းခုလတ်မှာ လေကြောင့် ရွာတစ်ရွာကချက်နေတဲ့ဟင်းနံ့လေးရပြီး လူသူမသိတဲ့တောနက်လေးထဲကရွာကို ရောက်သွားခဲ့တယ်။ ရွာက လူတွေက ...
movie
The Piper (2015)
2015
No Escape (2015) 6.8
No Escape (2015) သရဲကားတွေ ဟာသကားတွေ ရိုမတ်တစ်ကားတွေ ကြည့်ပြီး ပျင်းနေကြပြီလားဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ မပျင်းရဘူး အသည်းတထိတ်ထိတ် နဲ့ ကြည့်ရမယ့် အက်ရှင်ဇာတ်ကားပါဇာတ်လမ်းနာမည်ကတော့ "No Escape" ပါအညွှန်းလေးဖတ်ကြည့်ဦးနော်..ဇာတ်လမ်းအကြောင်းအရာကတော့ အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံ ကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်... အဲ့နိုင်ငံ လဲ ရောက်ရော အမေရိကန် လူမျိုးတွေ အပေါ်မကျေမနပ် ဖြစ်နေတဲ့ လူအုပ်စုရဲ့ တိုက်ခိုက်မှုကို ဂျက်တို့ မိသားစု ပတ်ပင်းတိုးခဲ့ပါတယ် ဂျက် နဲ့ သူ့မိသားစု ဟာ escape မရနိုင်ဘဲ သူများနိုင်ငံမှာ အတော် ဒုက္ခရောက်ခဲ့ပါတယ် ဇာတ်လမ်းခေါင်းစဉ် No escape ဆိုတဲ့ အတိုင်းဘဲ လွတ်မြောက်ဖို့ တကယ် ခက်တာပါ အသတ်ခံရမယ့် ဘေးကနေ လွတ်အောင် ကြိုးစားတာတွေကို ရင်တထိတ်ထိတ် နဲ့ကြည့်ရှူရမယ့် အက်ရှင်ဇာတ်လမ်းပါ ဒီဇာတ်ကားကို ကမ္ဘောဒီးယားနိုင်ငံ ...
movie
No Escape (2015)
2015
The DUFF (2015) 6.5
The DUFF (2015)   ဒီတစ်ခါတော့ comedy ကြိုက်တဲ့သူတွေအတွက် ဇာတ်မြူးလေးပါ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ The Duff ဆိုတဲ့ movie လေးပါ ဒီဇာတ်ကားထဲမှာတော့ ဘီယမ်ကာဆိုတဲ့ စာကြမ်းပိုးမလေးနဲ့ အရမ်းလန်းအရမ်းဟော့တဲ့ ဂျက်စ်နဲ့ကေဆီတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပါ ဘီယမ်ကာဟာ သူ့သူငယ်ချင်းနှစ်ယောက်ရဲ့ duff ဖြစ်မှန်းမသိဖြစ်နေခဲ့ပါတယ် ဘီယမ်ကာရဲ့ငယ်သူငယ်ချင်း ခပ်ဟော့ဟော့ဘောလုံးအသင်းခေါင်းဆောင် ဝက်စလေက သူ့ကိုပြောပြတဲ့အခါ ဘီယမ်ကာတစ်ယောက် အတော်စိတ်အနှောက်အယှက်ဖြစ်ပြီး သူ့သူငယ်ချင်းတွေရဲ့ duff အဖြစ်မနေနိုင်တော့ဘဲ သူကြိတ် crush နေတဲ့ကောင်လေး တိုဘီကိုဖွင့်ပြောရဲဖို့ကြိုးစားပါတော့တယ် ဒါကို ဝက်စလေကကူညီပေးခဲ့ပါတယ် အဲဒီအတောတွင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်ဆိုတာကို ဟာသနှောပြီးရိုက်ထားတာပါ နောက်ဆုံးမှာတော့ စာကြမ်းပိုးလေးဘီယမ်ကာတစ်ယောက် လှလာပြီးသူ့ crush ရဲ့ အချစ်ကိုတကယ်ပဲရမလားဆိုတာကိုတော့ စောင့်ကြည့်ကြပါလို့   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်) File Size : (750 MB) and (300 MB) Quality : 720p Bluray Running ...
movie
The DUFF (2015)
2015